သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ COVID-19 ကပ်ရောဂါကြီး အသွင်ဖြစ်လာဖို့ အလားအလာရှိကြောင်း ဝန်ကြီးဌာန ထုတ်ပြန်


ရန်ကုန်က လမ်းတွေကို ပိုးသတ်ဆေးဖြန်း။ (Photo by Sai Aung Main / AFP)
ရန်ကုန်က လမ်းတွေကို ပိုးသတ်ဆေးဖြန်း။ (Photo by Sai Aung Main / AFP)

(Zawgyi/ Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကပ်ရောဂါကြီးအသွင်ဖြစ်လာဖို့ အလားအလာ အလွန်များနေပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေနေ့နေ့ ညက ကြေညာလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ကိုလည်း တနင်္ဂနွေနေ့ည ကြေညာချက်မှာ အစိုးရက တိုက်တွန်းထားပါတယ်။ တနင်္ဂနွေနေ့ညပိုင်းမှာ COVID-19 ကူးစက်ခံ လူနာ ၂ ဦး ထပ်မံ အတည်ပြုတဲ့အထဲမှာ တဦးက ထိုင်းနိုင်ငံကနေ ပြန်လည် ရောက်ရှိလာသူ ဖြစ်ပါတယ်။

မြဝတီ - မဲဆောက် တံတားကနေ တဆင့် မတ်လ ၁၉ ရက်ကနေ ၂၈ ရက်နေ့ အထိ တရားဝင် ဝင်ရောက်လာသူက ၂၃,၀၀၀ ကျော်ရှိပြီး ဒီလူတွေက နိုင်ငံ အနှံ့အပြားကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဒီလူတွေမှာ COVID-19 ကူးစက်ခံထားရသူများ ပါဝင်နိုင်ခြေ များတယ်လို့ အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

ထိုင်းက ပြန်လာသူတွေရဲ့ စာရင်းတွေကို ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေထံ ပို့ပြီး အသွားအလာ ကန့်သတ်မှု၊ ရောဂါ စောင့်ကြည့်ကြည့်ရှုမှုတွေ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ အသွားအလာ ကန့်သတ်ခံထားရသူတွေ အနေနဲ့ အသေအချာ လိုက်နာဖို့၊ အာဏာပိုင်တွေဘက်က အသေအချာ စည်းကြပ်ဖို့လည်း ညွှန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)






XS
SM
MD
LG