သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ႏုိင္ငံျခားသားေတြ ျမန္မာျပည္၀င္ခြင့္ ယာယီပိတ္


COVID-19 အေရးေၾကာင့္ အသြားအလာ ကင္းရွင္းေနသည့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ ျမင္ကြင္း။ (မတ္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံကို လာေရာက္မယ့္ ႏိုင္ငံျခားသားေတြကို ျပည္ဝင္ခြင့္ဗီဇာ ထုတ္ေပးတာ ယာယီရပ္ဆိုင္းထားမယ္လို႔ ျမန္မာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၂၈ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ျပန္႔ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္တဲ့ အစီအစဥ္ေတြကို ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏိုင္ဖို႔ ရည္ရြယ္ၿပီး ျမန္မာႏိုင္ငံကို တျခားႏိုင္ငံအသီးသီးက လာေရာက္မယ့္ ႏိုင္ငံျခားသားအားလုံး အေပၚ ျပည္ဝင္မႈဆိုင္ရာ ယာယီကန႔္သတ္ခ်က္ေတြ ခ်မွတ္လိုက္တာလို႔ ဆိုပါတယ္။

ေၾကညာခ်က္အရ မတ္လ ၂၉ ရက္ေန႔ ညသန္းေခါင္အခ်ိန္က စလို႔ ျပည္ဝင္ခြင့္ဗီဇာ ထုတ္ေပးတာကို ယာယီရပ္ဆိုင္းမွာ ျဖစ္ပါတယ္။

ဒီကန႔္သတ္ခ်က္အရ ျမန္မာႏိုင္ငံဆိုင္ရာ သံတမန္ေတြ၊ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢ လက္ေအာက္ခံဝန္ထမ္းေတြ၊ ျမန္မာႏိုင္ငံနဲ႔ အျပန္အလွန္ ေျပးဆြဲေနတဲ့ သေဘၤာနဲ႔ ေလယာဥ္ဝန္ထမ္းေတြက လြဲၿပီး တျခား ဘယ္ျပည္ဝင္ဗီဇာ အမ်ဳိးအစားကိုမွ ထုတ္မေပးဘူးလို႔ ေဖာ္ျပထားပါတယ္။

သံတမန္ ႏိုင္ငံကူးလက္မွတ္နဲ႔ အထူးႏုိင္ငံကူးလက္မွတ္ ကုိင္ေဆာင္သူေတြကလြဲၿပီး တျခားဗီဇာေတြ ထုတ္ေပးမွာမဟုတ္ဘဲ ဗီဇာကင္းလြတ္ခြင့္ျပဳထားတဲ့ ႏိုင္ငံေတြက ဗီဇာကင္းလြတ္ခြင့္ေတြကိုလည္း ယာယီရပ္ဆိုင္းထားပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ သံတမန္ေတြ၊ ျမန္မာႏုိင္ငံအေျခစိုက္ ကုလသမဂၢ လက္ေအာက္ခံ ဝန္ထမ္းေတြအေနနဲ႔ ျပည္ပႏိုင္ငံေတြက သက္ဆိုင္ရာ ျမန္မာသံ႐ုံး၊ အဖြဲ႔႐ုံး၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးေတြက တဆင့္ ျပည္ဝင္ခြင့္ဗီဇာ ေလွ်ာက္ထားရမွာ ျဖစ္ၿပီး ျမန္မာႏိုင္ငံလာမယ့္ေန႔ မတိုင္မီနဲ႔ ေလယာဥ္ေပၚမတက္ခင္ ၇၂ နာရီအတြင္း ရရွိထားတဲ့ COVID-19 ေရာဂါကင္းရွင္းေၾကာင္း ေဆးစစ္ခ်က္ အေထာက္အထား ျပသဖို႔ လိုအပ္ပါတယ္။

ျမန္မာႏိုင္ငံနဲ႔ အျပန္အလွန္ ေျပးဆြဲေနတဲ့ ေလယာဥ္၊ သေဘၤာေတြက ေလယာဥ္မွဴးေတြ၊ သေဘၤာအရာရွိေတြနဲ႔ တာဝန္ရွိဝန္ထမ္းေတြ အေနနဲ႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာနက ေနာက္ဆုံးထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္၊ ၫႊန္ၾကားခ်က္ေတြကို တိတိက်က် လိုက္နာေဆာင္႐ြက္ၾကဖို႔ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံကို မလႊဲမေရွာင္သာ ကိစၥ ဒါမွမဟုတ္ အေရးေပၚတာဝန္နဲ႔ လာေရာက္ရမယ့္ ျပည္ပခရီးသြားေတြ အေနနဲ႔ေတာ့ ဗီဇာကန္႔သတ္ခ်က္ေတြကေန ကင္းလြတ္ခြင့္ရဖို႔အတြက္ နီးစပ္ရာ ျမန္မာသံ႐ုံး၊ အဖြဲ႔႐ုံး၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးေတြကို ဆက္သြယ္ အကူအညီေတာင္းၾကဖို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ ႏုိင္ငံတကာ ခရီးသည္တင္ ေလယာဥ္ေတြ ဆင္းသက္ခြင့္ကုိလည္း သီတင္း ၂ ပတ္ၾကာ ယာယီရပ္ဆုိင္းလုိက္ေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက တနဂၤေႏြေန႔မွာပဲ ေၾကညာလုိက္ပါတယ္။

COVID-19 ေရာဂါ ကူးစက္မႈကုိ ဟန္႔တားဖုိ႔ ယာယီအစီအမံအျဖစ္ မတ္လ ၃၀ ရက္ တနလၤာေန႔ကစၿပီး ဧၿပီလ ၁၃ ရက္ေန႔အထိ ႏုိင္ငံတကာ ခရီးသည္တင္ ေလယာဥ္ေတြ ဆင္းသက္ခြင့္ျပဳမွာ မဟုတ္သလုိ အေစာပုိင္း ခြင့္္ျပဳခ်က္ ေပးထားတာေတြကုိလည္း ပယ္ဖ်က္လုိက္ေၾကာင္း တနဂၤေႏြေန႔ ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

COVID-19 ကြောင့် နိုင်ငံခြားသားတွေ မြန်မာပြည်ဝင်ခွင့် ယာယီပိတ်

မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာ ယာယီရပ်ဆိုင်းထားမယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးမြန်မာနိုင်ငံကို တခြားနိုင်ငံအသီးသီးက လာရောက်မယ့် နိုင်ငံခြားသားအားလုံး အပေါ် ပြည်ဝင်မှုဆိုင်ရာ ယာယီကန့်သတ်ချက်တွေ ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ကြေညာချက်အရ မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်အချိန်က စလို့ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာကို ယာယီရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်အရ မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံဝန်ထမ်းတွေ၊ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ သင်္ဘောနဲ့ လေယာဉ်ဝန်ထမ်းတွေက လွဲပြီး တခြား ဘယ်ပြည်ဝင်ဗီဇာ အမျိုးအစားကိုမှ ထုတ်မပေးဘူးလို့ ဖော်ပြထားပါတယ်။

သံတမန် နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကလွဲပြီး တခြားဗီဇာတွေ ထုတ်ပေးမှာမဟုတ်ဘဲ ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ နိုင်ငံတွေက ဗီဇာကင်းလွတ်ခွင့်တွေကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ပြည်ပနိုင်ငံတွေက သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေက တဆင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရမှာ ဖြစ်ပြီး မြန်မာနိုင်ငံလာမယ့်နေ့ မတိုင်မီနဲ့ လေယာဉ်ပေါ်မတက်ခင် ၇၂ နာရီအတွင်း ရရှိထားတဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထား ပြသဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံနဲ့ အပြန်အလှန် ပြေးဆွဲနေတဲ့ လေယာဉ်၊ သင်္ဘောတွေက လေယာဉ်မှူးတွေ၊ သင်္ဘောအရာရှိတွေနဲ့ တာဝန်ရှိဝန်ထမ်းတွေ အနေနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ကြဖို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို မလွှဲမရှောင်သာ ကိစ္စ ဒါမှမဟုတ် အရေးပေါ်တာဝန်နဲ့ လာရောက်ရမယ့် ပြည်ပခရီးသွားတွေ အနေနဲ့တော့ ဗီဇာကန့်သတ်ချက်တွေကနေ ကင်းလွတ်ခွင့်ရဖို့အတွက် နီးစပ်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကို ဆက်သွယ် အကူအညီတောင်းကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေ ဆင်းသက်ခွင့်ကိုလည်း သီတင်း ၂ ပတ်ကြာ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာပဲ ကြေညာလိုက်ပါတယ်။

COVID-19 ရောဂါ ကူးစက်မှုကို ဟန့်တားဖို့ ယာယီအစီအမံအဖြစ် မတ်လ ၃၀ ရက် တနင်္လာနေ့ကစပြီး ဧပြီလ ၁၃ ရက်နေ့အထိ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်တွေ ဆင်းသက်ခွင့်ပြုမှာ မဟုတ်သလို အစောပိုင်း ခွင့်ပြုချက် ပေးထားတာတွေကိုလည်း ပယ်ဖျက်လိုက်ကြောင်း တနင်္ဂနွေနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG