သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္ကာလ လူေတြခြာခြာေနဖို႔ အထူးအေရးႀကီး


ရန္ကုန္ၿမိဳ႕ရွိ လမ္းတလမ္းတြင္ ပိုးသတ္ေဆး ပက္ဖ်န္းေနသည့္ ၿမိဳ႕ေတာ္စည္ပင္ ဝန္ထမ္းတဦး။ (မတ္ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔ကပ္ေရာဂါ COVID-19 လူတခ်ိဳ႕မွာ စတင္ကူးစက္ေနၿပီ ျဖစ္တဲ့ ျမန္မာႏုိင္ငံတြင္းမွာ လူမႈဝန္းက်င္အတြင္းက‌ေန တဆင့္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ျမန္မာျပည္က ျမန္မာျပည္သူေတြအေနနဲ႔ Social Distancing လို႔ေခၚတဲ့ လူတဦးနဲ႔တဦးၾကား သတ္မွတ္အကြာအေဝးၾကား ခပ္ခြာခြာေနၾကဖို႔ အလြန္အေရးႀကီးတဲ့အခ်ိန္ ေရာက္ေနၿပီလို႔ ျမန္မာအေမရိကန္ ေဆးသိပၸံပညာရွင္က အႀကံေပးေျပာဆိုလိုက္ပါတယ္။ ျမန္မာျပည္သူေတြေရာ အေမရိကန္ေရာက္ ျမန္မာေတြအေနနဲ႔ မိမိတို႔ ေရာဂါကူးစက္ခံေနရတယ္လို႔ သံသယရွိရင္ သက္ဆုိင္ရာ ျပည္နယ္ေတြက က်န္းမာေရးဌာနေတြကို အျမန္ဆံုး ဆက္သြယ္စစ္ေဆးၾကဖို႔ Georgia ျပည္နယ္ Atlanta ၿမိဳ႕ေတာ္က ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြ လုပ္ေနတဲ့ အေမရိကန္ ေဆးသိပၸံပညာရွင္ ေဒါက္တာမင္းမင္းစိုးက တိုက္တြန္းပါတယ္။ ေဒါက္တာမင္းမင္းစုိးကုိ မဆုမြန္က ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလို စေျပာပါတယ္။

social distancing, quarantine, isolation
social distancing, quarantine, isolation

ေဒါက္တာမင္းမင္းစိုး - “ေရာဂါကူးစက္ခံရတယ္လို႔ သံသယရွိတယ္ဆိုရင္ အေမရိကားမွာရွိတဲ့ ျပည္နယ္တုိင္းမွာဆိုရင္ သက္ဆုိင္ရာ ၿမိဳ႕နယ္တုိင္းမွာ County တိုင္းမွာ သက္ဆိုင္ရာ HOTLINE ‌ေတြရွိတယ္။ အဲ့ဒီ့ HOTLINE ေတြကို ဆက္ၿပီးေတာ့ စမ္းသပ္စစ္ေဆးဖို႔ အကူအညီေတာင္းလို႔ ရပါတယ္။ အဲ့ဒီ့က်ရင္ သူတို႔က ဘယ္ေနရာမွာသြားစစ္ဆိုၿပီး သူတို႔ကေျပာတယ္။ တကယ္လို႔မ်ား ပိုးကူးစက္ခံရၿပီ၊ ေပါ့စတစ္ျဖစ္တယ္ဆိုခဲ့ရင္ေတာ့ လိုအပ္တဲ့ ေဆးကုသမႈ ေဆး႐ုံ သို႔မဟုတ္ ေနအိမ္မွာပဲ ေစာင့္ၾကည့္ကုသမႈေတြ ခံယူၾကရမွာ ျဖစ္ပါတယ္။”

မဆုမြန္ - ဒီမွာ တခုေမးခ်င္တာက ဒီကေဆး႐ုံေတြမွာ အခု ႐ုိး႐ုိး သာမန္လူနာေတြကိုေတာ့ ရက္ခ်ိန္းေတြကို ဖ်က္လိုက္တာမ်ိဳး၊ ေဆးေပးတဲ့ ေနရာေတြကလည္း အိမ္အထိ အေရာက္ပို႔တဲ့စနစ္ေတြ လုပ္လိုက္တာမ်ိဳး ေျပာင္းလဲလိုက္တာ သတိထားမိေတာ့ Social Distancing လို႔ေခၚတဲ့ လူတဦးနဲ႔တဦးၾကား သတ္မွတ္အကြာအေဝးၾကား ခပ္ခြာခြာေနၾကဖို႔ စည္းကမ္းထုတ္လိုက္တာလား၊ ဒါက ဘာအတြက္မ်ား ေဆာင္ရြက္ေနတယ္လို႔ ဆရာသိထားပါလဲရွင့္။

ေဒါက္တာမင္းမင္းစိုး - “ေကာင္းတယ္ ဒီအခ်က္ေလးကိုေမးတာ။ အဲ့ေတာ့ ဟုတ္ပါတယ္။ Social Distancing လုပ္လိုက္တဲ့သေဘာလည္း ပါတာေပါ့။ တတ္ႏုိင္သမွ် အိမ္မွာပဲ ေနဖို႔ျပဳဖို႔ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီဗိုင္းရပ္စ္ဟာ NOVEL ဗိုင္းရပ္စ္ပိုးအသစ္ ျဖစ္တယ္။ လူေတြမွာ တခါမွ မႀကံဳဘူးတဲ့အတြက္ တကယ္ကူးၿပီဆိုရင္ စပြားၿပီး ကူးတယ္ဆိုတာမ်ိဳး ၂ ဆ၊ ၃ ဆ ကူးတာမ်ိဳးဆိုေတာ့ တတ္ႏုိင္သမွ် ေဆး႐ံုေဆးခန္းကို မလာဘဲနဲ႔ ေနႏုိင္ရင္ေတာ့ အေကာင္းဆံုးေပါ့။ တကယ္လို႔ ဒီလူနာေတြ အေရးတႀကီး ကုသစရာမလိုဘူး၊ ေရာဂါလကၡဏာလည္း မဆုိးဝါးဘူးဆို တတ္ႏုိင္သမွ် မလာခိုင္းဘူး။ အဲ့သလို မလာျခင္းအားျဖင့္ လူနာေတြလည္း ကူးစက္ခံရမႈ အခြင့္အလမ္း နည္းသြားတာေပါ့။ Social Distancing လုပ္လိုက္တဲ့သေဘာေပါ့။

“ေနာက္တခုက ဒီ ေဆး႐ုံေဆးခန္းေတြမွာလည္းပဲ COVID-19 က ေရာဂါအသစ္ ျဖစ္တဲ့အတြက္ ကုသဖို႔ရာကလည္း ခက္ၿပီး အရမ္းအေရးႀကီးတယ္။ ဒီေရာဂါကို ကုႏုိင္ဖို႔ ေဆးလည္း မရွိေသးတဲ့အတြက္ ေဆး႐ုံေတြက ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ ေဆးဝန္ထမ္းေတြမွာ လက္အိတ္ကအစ အကုန္ အေရးတႀကီး လိုအပ္တယ္။ ေဆး႐ုံ ေဆးခန္းေတြက ေဆးပစၥည္းေတြကို သံုးလိုက္ရရင္ တကယ္တမ္း လိုအပ္တဲ့ေနရာေတြမွာ COVID-19 အတြက္ လံုေလာက္မႈမရွိဘူး ျဖစ္သြားမစိုးလို႔ အခုအခ်ိန္မွာ အေရးႀကီးတာကို ဦးစားေပးေနၾကတဲ့ သေဘာနဲ႔ Physical Checkup ပံုမွန္စစ္ေဆးမႈေတြ Appointment သာမန္ျပန္ေတြ႔ဖို႔ ခ်ိန္းဆိုတာေတြကို ေပးမလုပ္ေတာ့တာပါ။”

မဆုမြန္ - ဟုတ္ကဲ့ပါရွင္၊ အဲ့ဒီ့ေတာ့ ျမန္မာျပည္အေနနဲ႔ ေမးခ်င္ပါတယ္။ မေန႔ကအထိဆို COVID-19 ငါးေယာက္ ေတြ႔ထားၿပီေပါ့ေနာ္။ အခု ေဆး႐ုံေတြမွာဆိုလည္း ေစာင့္ၾကည့္ဖို႔ Hospital Quarantine Room ထားထားတာေတြလည္း ရွိလာေတာ့ ဒါကေတာ့ ေဆး႐ုံတခုေပါ့၊ ေနာက္ ျမန္မာျပည္မွာဆိုရင္ ေတာ္ေတာ္မ်ားမ်ား ေနထိုင္မေကာင္း ျဖစ္တယ္ဆိုရင္ ေဆး႐ုံေျပးတာ ပုဂၢလိကေဆးခန္းေလးေတြကို သြားၾကတာေတြရွိတယ္။ ဆိုေတာ့ ခုနက ဆရာေျပာသလို မလိုအပ္ဘဲနဲ႔ သာမန္ျဖစ္တယ္ဆိုရင္ ေဆး႐ုံေဆးခန္းေတြ မသြားၾကဖို႔၊ ေနာက္ လူတဦးနဲ႔တဦးၾကား Social Distancing လုပ္ႏိုင္ဖို႔အေရး ဆရာ ဘာမ်ားပညာေပးခ်င္တာ ရွိပါသလဲရွင့္။

ေဒါက္တာမင္းမင္းစိုး - ဟုတ္ကဲ့ တတ္ႏုိင္ရင္ေတာ့ အခုအခ်ိန္ေပါ့ေနာ္ အခုအခ်ိန္ကို အဓိကေျပာခ်င္ပါတယ္။ မိမိတို႔ေနအိမ္မွာပဲ ေနၾကဖို႔ ေျပာခ်င္ပါတယ္။ အထူးသျဖင့္ ကိုယ္ခံစြမ္းအား ေလ်ာ့နည္းေနတဲ့သူေတြ၊ အသက္ႀကီးတဲ့သူေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ ေနာက္ ဥပမာ ႏွလံုး၊ ေသြးတိုး၊ ေက်ာက္ကပ္ရွိတဲ့သူေတြဟာ မလိုအပ္ရင္ အျပင္မထြက္သင့္ဘူး။ တကယ္ကို ေဆးကုသဖို႔ အေရးတႀကီးကို လိုမွပဲ ထြက္ၿပီး ကုတာေကာင္းပါတယ္။ အဲ့နည္းနဲ႔ပဲ Social Distancing ကို လုပ္လိုက္ႏုိင္တဲ့သေဘာ ရွိပါတယ္။”

မဆုမြန္ - အဲ့ေတာ့ ေနာက္ဆံုးအေနနဲ႔ပါ ျမန္မာျပည္သူေတြဟာ ဒီ COVID-19 မေတြ႔ခင္တုန္းကလည္းပဲ သူတို႔ စိတ္ပူပင္ၾကတာရွိတယ္၊ အခု ပိုးေတြ႔ၿပီဆိုေတာ့လည္း ေတာ္ေတာ္မ်ားမ်ား စိုးရိမ္မႈေတြရွိပါတယ္။ အဲ့ဒီ့အေပၚ ျမန္မာျပည္မွာရွိတဲ့ ျမန္မာျပည္သူေတြကို ဘာမ်ား သတင္းစကားပါးခ်င္တာ ပညာေပးစကား ေျပာခ်င္တာ ရွိပါလဲရွင္။

ေဒါက္တာမင္းမင္းစိုး - “ဟုတ္ပါတယ္။ ဒီဗိုင္းရပ္စ္ဟာ တကယ္တမ္း ကူးစက္ပ်ံ႕ႏွံ႔သြားၿပီဆိုရင္ ထိန္းသိမ္းရ ကာကြယ္ရ ကုသရ တကယ္ကို ခက္ခဲပါတယ္။ ေျပာရရင္ တိုးတက္ပါတယ္ဆိုတဲ့ အေမရိကန္လို ႏုိင္ငံမွာေတာင္ အရမ္းကို က်ေနာ္တို႔ မႏိုင္မနင္း ျဖစ္ရပါတယ္။ ဒါ အမွန္အတိုင္းေျပာတာပါ။ အဲ့ဒီ့ေတာ့ ဆင္းရဲတဲ့ႏုိင္ငံေတြမွာ တကယ္ျဖစ္လာၿပီ၊ ရပ္ကြက္ေတြထဲအထိ တကယ္ျပန္႔သြားၿပီဆိုရင္ Community Transmission ေပါ့ အဲ့လိုျပန္႔သြားၿပီဆိုရင္ အရမ္းကို အႏၱရာယ္ႀကီးတယ္။ က်ေနာ္တို႔ ေဆး႐ုံေဆးခန္းေတြမွာလည္း ကုသႏိုင္တဲ့ ဦးေရက အတိုင္းအတာ တခုအထိပဲရွိတာ၊ အဲ့ဒါထက္ေက်ာ္သြားၿပီး ကပ္ေရာဂါတခုအထိ ျဖစ္သြားၿပီဆိုရင္ ေဆး႐ုံေဆးခန္းေတြလည္း မႏုိင္ဘူး။ ဆိုေတာ့ အေကာင္းဆံုး၊ အေကာင္းဆံုးကို ေျပာပါဆိုရင္ ဒါေၾကာင့္ ဒီေရာဂါကို ကာကြယ္နုိင္ဖို႔ဆိုရင္ လူတိုင္းမွာ တာဝန္ရွိတယ္။ လူတိုင္းဟာ တတ္ႏုိင္သမွ် Social Distancing ျဖစ္ႏုိင္ရင္ ေျခာက္ေပေလာက္အထိကို ခပ္ခြာခြာေနရမယ္။ ဥပမာ ေခ်ာင္းဆိုး ႏွာေခ်တယ္ဆိုရင္ အကြာအေဝးတခုအထိ ေရာက္တယ္၊ ဒါေၾကာင့္ တတ္ႏုိင္သမွ် အကြာေဝးဆံုးေနၾကဖို႔လိုတယ္။ ေနာက္ သက္ဆိုင္ရာ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ပညာေပးညႊန္ၾကားခ်က္ေတြကို အတိအက်ကို လိုက္နာဖို႔။ အဓိက အေရးႀကီးဆံုးကေတာ့ လက္ေဆးဖို႔ပဲ။ ဒီ လက္ေဆးတာဟာ ဒီ COVID-19 တင္မကဘူး တျခားေရာဂါပိုးေတြကိုပါ ကာကြယ္ႏိုင္တာပါ။

“ေနာက္တခုက ျပည္သူေတြအေနနဲ႔လည္း အစိုးရကို ဝိုင္းကူၾကဖို႔နဲ႔ ငါတို႔မွာ လူတုိင္းမွာ ကိုယ္စီတာဝန္ရွိတယ္ဆိုရင္ ဒီေရာဂါႀကီးကို က်ေနာ္တို႔ ကာကြယ္ႏုိင္ ေက်ာ္လႊားႏိုင္မွာပါခင္ဗ်။”

Georgia ျပည္နယ္ Atlanta ၿမိဳ႕ေတာ္က အေမရိကန္ ေဆးသိပၸံပညာရွင္ ေဒါက္တာမင္းမင္းစိုးကို မဆုမြန္ ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ကိုဗစ်ကူးစက်ကာလ လူတွေခွာခွာနေဖို့ အထူးအရေးကြီး

ကမ္ဘာ့ကပ်ရောဂါ COVID-19 လူတချို့မှာ စတင်ကူးစက်နေပြီ ဖြစ်တဲ့ မြန်မာနိုင်ငံတွင်းမှာ လူမှုဝန်းကျင်အတွင်းက‌နေ တဆင့် ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြန်မာပြည်က မြန်မာပြည်သူတွေအနေနဲ့ Social Distancing လို့ခေါ်တဲ့ လူတဦးနဲ့တဦးကြား သတ်မှတ်အကွာအဝေးကြား ခပ်ခွာခွာနေကြဖို့ အလွန်အရေးကြီးတဲ့အချိန် ရောက်နေပြီလို့ မြန်မာအမေရိကန် ဆေးသိပ္ပံပညာရှင်က အကြံပေးပြောဆိုလိုက်ပါတယ်။ မြန်မာပြည်သူတွေရော အမေရိကန်ရောက် မြန်မာတွေအနေနဲ့ မိမိတို့ ရောဂါကူးစက်ခံနေရတယ်လို့ သံသယရှိရင် သက်ဆိုင်ရာ ပြည်နယ်တွေက ကျန်းမာရေးဌာနတွေကို အမြန်ဆုံး ဆက်သွယ်စစ်ဆေးကြဖို့ Georgia ပြည်နယ် Atlanta မြို့တော်က ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ အမေရိကန် ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုးက တိုက်တွန်းပါတယ်။ ဒေါက်တာမင်းမင်းစိုးကို မဆုမွန်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ဒေါက်တာမင်းမင်းစိုး - “ရောဂါကူးစက်ခံရတယ်လို့ သံသယရှိတယ်ဆိုရင် အမေရိကားမှာရှိတဲ့ ပြည်နယ်တိုင်းမှာဆိုရင် သက်ဆိုင်ရာ မြို့နယ်တိုင်းမှာ County တိုင်းမှာ သက်ဆိုင်ရာ HOTLINE ‌တွေရှိတယ်။ အဲ့ဒီ့ HOTLINE တွေကို ဆက်ပြီးတော့ စမ်းသပ်စစ်ဆေးဖို့ အကူအညီတောင်းလို့ ရပါတယ်။ အဲ့ဒီ့ကျရင် သူတို့က ဘယ်နေရာမှာသွားစစ်ဆိုပြီး သူတို့ကပြောတယ်။ တကယ်လို့များ ပိုးကူးစက်ခံရပြီ၊ ပေါ့စတစ်ဖြစ်တယ်ဆိုခဲ့ရင်တော့ လိုအပ်တဲ့ ဆေးကုသမှု ဆေးရုံ သို့မဟုတ် နေအိမ်မှာပဲ စောင့်ကြည့်ကုသမှုတွေ ခံယူကြရမှာ ဖြစ်ပါတယ်။”

မဆုမွန် - ဒီမှာ တခုမေးချင်တာက ဒီကဆေးရုံတွေမှာ အခု ရိုးရိုး သာမန်လူနာတွေကိုတော့ ရက်ချိန်းတွေကို ဖျက်လိုက်တာမျိုး၊ ဆေးပေးတဲ့ နေရာတွေကလည်း အိမ်အထိ အရောက်ပို့တဲ့စနစ်တွေ လုပ်လိုက်တာမျိုး ပြောင်းလဲလိုက်တာ သတိထားမိတော့ Social Distancing လို့ခေါ်တဲ့ လူတဦးနဲ့တဦးကြား သတ်မှတ်အကွာအဝေးကြား ခပ်ခွာခွာနေကြဖို့ စည်းကမ်းထုတ်လိုက်တာလား၊ ဒါက ဘာအတွက်များ ဆောင်ရွက်နေတယ်လို့ ဆရာသိထားပါလဲရှင့်။

ဒေါက်တာမင်းမင်းစိုး - “ကောင်းတယ် ဒီအချက်လေးကိုမေးတာ။ အဲ့တော့ ဟုတ်ပါတယ်။ Social Distancing လုပ်လိုက်တဲ့သဘောလည်း ပါတာပေါ့။ တတ်နိုင်သမျှ အိမ်မှာပဲ နေဖို့ပြုဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဗိုင်းရပ်စ်ဟာ NOVEL ဗိုင်းရပ်စ်ပိုးအသစ် ဖြစ်တယ်။ လူတွေမှာ တခါမှ မကြုံဘူးတဲ့အတွက် တကယ်ကူးပြီဆိုရင် စပွားပြီး ကူးတယ်ဆိုတာမျိုး ၂ ဆ၊ ၃ ဆ ကူးတာမျိုးဆိုတော့ တတ်နိုင်သမျှ ဆေးရုံဆေးခန်းကို မလာဘဲနဲ့ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ ဒီလူနာတွေ အရေးတကြီး ကုသစရာမလိုဘူး၊ ရောဂါလက္ခဏာလည်း မဆိုးဝါးဘူးဆို တတ်နိုင်သမျှ မလာခိုင်းဘူး။ အဲ့သလို မလာခြင်းအားဖြင့် လူနာတွေလည်း ကူးစက်ခံရမှု အခွင့်အလမ်း နည်းသွားတာပေါ့။ Social Distancing လုပ်လိုက်တဲ့သဘောပေါ့။

“နောက်တခုက ဒီ ဆေးရုံဆေးခန်းတွေမှာလည်းပဲ COVID-19 က ရောဂါအသစ် ဖြစ်တဲ့အတွက် ကုသဖို့ရာကလည်း ခက်ပြီး အရမ်းအရေးကြီးတယ်။ ဒီရောဂါကို ကုနိုင်ဖို့ ဆေးလည်း မရှိသေးတဲ့အတွက် ဆေးရုံတွေက ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝန်ထမ်းတွေမှာ လက်အိတ်ကအစ အကုန် အရေးတကြီး လိုအပ်တယ်။ ဆေးရုံ ဆေးခန်းတွေက ဆေးပစ္စည်းတွေကို သုံးလိုက်ရရင် တကယ်တမ်း လိုအပ်တဲ့နေရာတွေမှာ COVID-19 အတွက်လုံလောက်မှုမရှိဘူး ဖြစ်သွားမစိုးလို့ အခုအချိန်မှာ အရေးကြီးတာကို ဦးစားပေးနေကြတဲ့ သဘောနဲ့ Physical Checkup ပုံမှန်စစ်ဆေးမှုတွေ Appointment သာမန်ပြန်တွေ့ဖို့ ချိန်းဆိုတာတွေကို ပေးမလုပ်တော့တာပါ။”

မဆုမွန် - ဟုတ်ကဲ့ပါရှင်၊ အဲ့ဒီ့တော့ မြန်မာပြည်အနေနဲ့ မေးချင်ပါတယ်။ မနေ့ကအထိဆို COVID-19 ငါးယောက် တွေ့ထားပြီပေါ့နော်။ အခု ဆေးရုံတွေမှာဆိုလည်း စောင့်ကြည့်ဖို့ Hospital Quarantine Room ထားထားတာတွေလည်း ရှိလာတော့ ဒါကတော့ ဆေးရုံတခုပေါ့၊ နောက် မြန်မာပြည်မှာဆိုရင် တော်တော်များများ နေထိုင်မကောင်း ဖြစ်တယ်ဆိုရင် ဆေးရုံပြေးတာ ပုဂ္ဂလိကဆေးခန်းလေးတွေကို သွားကြတာတွေရှိတယ်။ ဆိုတော့ ခုနက ဆရာပြောသလို မလိုအပ်ဘဲနဲ့ သာမန်ဖြစ်တယ်ဆိုရင် ဆေးရုံဆေးခန်းတွေ မသွားကြဖို့၊ နောက် လူတဦးနဲ့တဦးကြား Social Distancing လုပ်နိုင်ဖို့အရေး ဆရာ ဘာများပညာပေးချင်တာ ရှိပါသလဲရှင့်။

ဒေါက်တာမင်းမင်းစိုး - ဟုတ်ကဲ့ တတ်နိုင်ရင်တော့ အခုအချိန်ပေါ့နော် အခုအချိန်ကို အဓိကပြောချင်ပါတယ်။ မိမိတို့နေအိမ်မှာပဲ နေကြဖို့ ပြောချင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအား လျော့နည်းနေတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ နောက် ဥပမာ နှလုံး၊ သွေးတိုး၊ ကျောက်ကပ်ရှိတဲ့သူတွေဟာ မလိုအပ်ရင် အပြင်မထွက်သင့်ဘူး။ တကယ်ကို ဆေးကုသဖို့ အရေးတကြီးကို လိုမှပဲ ထွက်ပြီး ကုတာကောင်းပါတယ်။ အဲ့နည်းနဲ့ပဲ Social Distancing ကို လုပ်လိုက်နိုင်တဲ့သဘော ရှိပါတယ်။”

မဆုမွန် - အဲ့တော့ နောက်ဆုံးအနေနဲ့ပါ မြန်မာပြည်သူတွေဟာ ဒီ COVID-19 မတွေ့ခင်တုန်းကလည်းပဲ သူတို့ စိတ်ပူပင်ကြတာရှိတယ်၊ အခု ပိုးတွေ့ပြီဆိုတော့လည်း တော်တော်များများ စိုးရိမ်မှုတွေရှိပါတယ်။ အဲ့ဒီ့အပေါ် မြန်မာပြည်မှာရှိတဲ့ မြန်မာပြည်သူတွေကို ဘာများ သတင်းစကားပါးချင်တာ ပညာပေးစကား ပြောချင်တာ ရှိပါလဲရှင်။

ဒေါက်တာမင်းမင်းစိုး - “ဟုတ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ တကယ်တမ်း ကူးစက်ပျံ့နှံ့သွားပြီဆိုရင် ထိန်းသိမ်းရ ကာကွယ်ရ ကုသရ တကယ်ကို ခက်ခဲပါတယ်။ ပြောရရင် တိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်လို နိုင်ငံမှာတောင် အရမ်းကို ကျနော်တို့ မနိုင်မနင်း ဖြစ်ရပါတယ်။ ဒါ အမှန်အတိုင်းပြောတာပါ။ အဲ့ဒီ့တော့ ဆင်းရဲတဲ့နိုင်ငံတွေမှာ တကယ်ဖြစ်လာပြီ၊ ရပ်ကွက်တွေထဲအထိ တကယ်ပြန့်သွားပြီဆိုရင် Community Transmission ပေါ့ အဲ့လိုပြန့်သွားပြီဆိုရင် အရမ်းကို အန္တရာယ်ကြီးတယ်။ ကျနော်တို့ ဆေးရုံဆေးခန်းတွေမှာလည်း ကုသနိုင်တဲ့ ဦးရေက အတိုင်းအတာ တခုအထိပဲရှိတာ၊ အဲ့ဒါထက်ကျော်သွားပြီး ကပ်ရောဂါတခုအထိ ဖြစ်သွားပြီဆိုရင် ဆေးရုံဆေးခန်းတွေလည်း မနိုင်ဘူး။ ဆိုတော့ အကောင်းဆုံး၊ အကောင်းဆုံးကို ပြောပါဆိုရင် ဒါကြောင့် ဒီရောဂါကို ကာကွယ်နိုင်ဖို့ဆိုရင် လူတိုင်းမှာ တာဝန်ရှိတယ်။ လူတိုင်းဟာ တတ်နိုင်သမျှ Social Distancing ဖြစ်နိုင်ရင် ခြောက်ပေလောက်အထိကို ခပ်ခွာခွာနေရမယ်။ ဥပမာ ချောင်းဆိုး နှာချေတယ်ဆိုရင် အကွာအဝေးတခုအထိ ရောက်တယ်၊ ဒါကြောင့် တတ်နိုင်သမျှ အကွာဝေးဆုံးနေကြဖို့လိုတယ်။ နောက် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပညာပေးညွှန်ကြားချက်တွေကို အတိအကျကို လိုက်နာဖို့။ အဓိက အရေးကြီးဆုံးကတော့ လက်ဆေးဖို့ပဲ။ ဒီ လက်ဆေးတာဟာ ဒီ COVID-19 တင်မကဘူး တခြားရောဂါပိုးတွေကိုပါ ကာကွယ်နိုင်တာပါ။

“နောက်တခုက ပြည်သူတွေအနေနဲ့လည်း အစိုးရကို ဝိုင်းကူကြဖို့နဲ့ ငါတို့မှာ လူတိုင်းမှာ ကိုယ်စီတာဝန်ရှိတယ်ဆိုရင် ဒီရောဂါကြီးကို ကျနော်တို့ ကာကွယ်နိုင် ကျော်လွှားနိုင်မှာပါခင်ဗျ။”

Georgia ပြည်နယ် Atlanta မြို့တော်က အမေရိကန် ဆေးသိပ္ပံပညာရှင် ဒေါက်တာမင်းမင်းစိုးကို မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG