သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာက်န္းမာေရး၀န္ထမ္းေတြအတြက္ COVID -19 ကာကြယ္ေရး၀တ္စုံေတြ တရုတ္လွဴဒါန္း


ျမန္မာက်န္းမာေရး၀န္ထမ္းေတြအတြက္ COVID -19 ကာကြယ္ေရး၀တ္စုံေတြ တရုတ္လွဴဒါန္း (Chinese Embassy in Myanmar)

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈတိုက္ဖ်က္ေရး အတြက္လို အပ္တဲ့ အကာအကြယ္ေဆးပစၥည္းေတြကို တ႐ုတ္နိုင္ငံက လွဴဒါန္းခဲ့ပါတယ္။

ကာကြယ္ေရး ဝတ္စုံ အစုံ ၅၀၀၀ ၊ N95ေဆး႐ုံသုံး ႏွာေခါင္းစည္း မ်က္ႏွာဖုံး အခု ၅၀၀၀ နဲ႔ႏွာေခါင္းစည္း အခု ၂ သိန္းတို႔ကိုျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Chen Hai က ေဆးသုေတသန ဉီးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဉီးေဇာ္သန္းထြန္း ကို ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာ ၾကာသပေတးေန႔က ေပးအပ္ခဲ့ပါတယ္။

ျမန္မာနိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈတိုက္ဖ်က္ေရး အတြက္ တ႐ုတ္ႏိုင္ငံက ဆက္လက္ပံ့ပိုး ကူညီသြားမွာ ျဖစ္ေၾကာင္းလည္း သံအမတ္ႀကီး Chen Hai က ေျပာပါတယ္။ ၿပီးခဲ့တဲ့ မတ္လ ၁၈ရက္ေန႔တုန္းကလည္း ျမန္မာႏိုင္ငံအတြက္ ဓါတ္ခြဲခန္းသုံး ပစၥည္းေတြကို တ႐ုတ္ကေပးလွဴခဲ့တဲ့အတြက္ အခုက ဒုတိယ အသုတ္လွဴဒါန္းတာ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံက လိုအပ္ခ်က္အေျခအေနေတြကို ေစာင့္ၾကည့္ၿပီး ေရွ႕ဆက္လည္း လွဴဒါန္းသြားဖို႔ အစီအစဥ္ရွိတယ္လို႔ တ႐ုတ္ဘက္က ေျပာပါတယ္။

အခုလက္ရွိျမန္မာနိုင္ငံမွာ COVID-19 ေရာဂါပိုးကူးစက္ခံထားရသူ စုစုေပါင္း ၈ ဦးရွိၿပီေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

မြန်မာကျန်းမာရေးဝန်ထမ်းတွေအတွက် COVID -19 ကာကွယ်ရေးဝတ်စုံတွေ တရုတ်လှူဒါန်း

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေး အတွက်လို အပ်တဲ့ အကာအကွယ်ဆေးပစ္စည်းတွေကို တရုတ်နိုင်ငံက လှူဒါန်းခဲ့ပါတယ်။ ကာကွယ်ရေး ဝတ်စုံ အစုံ ၅၀၀၀ ၊ N95ဆေးရုံသုံး နှာခေါင်းစည်း မျက်နှာဖုံး အခု ၅၀၀၀ နဲ့နှာခေါင်းစည်း အခု ၂ သိန်းတို့ကိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က ဆေးသုတေသန ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးဇော်သန်းထွန်း ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြာသပတေးနေ့က ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုး ကူညီသွားမှာ ဖြစ်ကြောင်းလည်း သံအမတ်ကြီး Chen Hai က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံအတွက် ဓါတ်ခွဲခန်းသုံး ပစ္စည်းတွေကို တရုတ်ကပေးလှူခဲ့တဲ့အတွက် အခုက ဒုတိယ အသုတ်လှူဒါန်းတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လိုအပ်ချက်အခြေအနေတွေကို စောင့်ကြည့်ပြီး ရှေ့ဆက်လည်း လှူဒါန်းသွားဖို့ အစီအစဉ်ရှိတယ်လို့ တရုတ်ဘက်က ပြောပါတယ်။

အခုလက်ရှိမြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း ၈ ဦးရှိပြီကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG