သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ျမန္မာႏုိင္ငံမွာ ပထမဆုံးလူ ၁ ဦး ေသဆုံး


ေဝဘာဂီအထူးကုေဆးရံု

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ခံစားေနရသူေတြထဲက တဦး ေသဆံုးသြားတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန က မတ္လ ၃၁ ရက္၊ အဂၤါေန႔မွာ ထုတ္ျပန္ပါတယ္။

ဒါဟာျဖင့္ ျမန္မာနုိ္င္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံထားရတယ္လို႔ စမ္းသပ္သိရွိထားသူေတြထဲက ပထမဆံုး ေသဆံုးသူျဖစ္ပါ တယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း COVID-19 ေရာဂါ ကူးစက္ခံထားရသူေပါင္း ၁၄ ဦးရွိတဲ့ထဲမွာ အခုကြယ္လြန္သြားသူဟာ ႏွာေခါင္းကင္ဆာေရာဂါ ခံစားေနရသူ အသက္ ၆၉ ႏွစ္အရြယ္ အမ်ဳိးသားျဖစ္ပါတယ္။

သူဟာ က်န္းမာေရးစစ္ေဆးဖို႔ ၾသစေၾတးလ်ႏုိင္ငံကို ေဖေဖာ္ဝါရီလကသြားခဲ့ၿပီး မတ္လ ၁၀ ရက္ေန႔မွာ ၾသစေၾတးလ်ကေန စကၤာပူ၊ အဲဒီကေန မတ္လ ၁၄ ရက္ေန႔မွာ ျမန္မာႏုိင္ငံကို ျပန္ေရာက္လာတာပါ။

မတ္လ ၁၈ ရက္ေန႔မွာေတာ့ ဖ်ားတာ၊ ေခ်ာင္းဆိုးတာ၊ လည္ေခ်ာင္းနာတာ စတဲ့ COVID-19 ေရာဂါလကၡဏာေတြ ခံစားရတဲ့ အတြက္ မတ္လ ၂၅ ရက္ေန႔မွာ ရန္ကုန္ေဆး႐ံုႀကီးမွာ တက္ေရာက္ၿပီး အဲဒီေနာက္ အထူးၾကပ္မတ္ကုသေဆာင္မွာ ေဆးကုသမႈ ခံယူေနခဲ့တာပါ။

မတ္လ ၂၆ ရက္ေန႔မွာ ဓာတ္ခြဲစစ္ေဆးၿပီး မတ္လ ၂၇ ရက္ေန႔မွာ COVID-19 ေရာဂါပိုး ရွိေနတယ္ဆိုတာ ေတြ႔ရွိခဲ့ၿပီးတဲ့ေနာက္ ေဝဘာဂီေဆး႐ံုကို လႊဲေျပာင္းကုသေပးေနရာကေန ဒီကေန႔မွာပဲ ကြယ္လြန္သြားတာပါ။

ဒီအေတာအတြင္းမွာပဲ တစ္ႏုိင္ငံလံုးအက်ဳိးအတြက္ လိုအပ္ရင္ တခ်ဳိ႕ေနရာေတြမွာ အသြားအလာ ကန္႔သတ္တဲ့အစီအစဥ္ Community Quarantine လို ကန္႔သတ္မႈမ်ဳိးေတြ ေဆာင္ရြက္ေကာင္း ေဆာင္ရြက္မွာျဖစ္တယ္လို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္
ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္

အဲဒီလိုေဆာင္ရြက္ရၿပီဆိုရင္လည္း စားနပ္ရိကၡာ၊ ေဆးဝါး စတာေတြ မျပတ္လပ္ေစဖို႔၊ တည္ၿငိမ္းေအးခ်မ္းေရး စနစ္တက် ေဆာင္ရြက္ဖို႔တို႔အတြက္ ဒုတိယသမၼတ (၁) ဦးစီးတဲ့ေကာ္မတီကို ဖြဲ႔စည္းထားၿပီးျဖစ္တယ္လုိ႔ ေဒၚေအာင္ဆန္းစုၾကည္ကေျပာၿပီး ျပည္သူေတြ ပူးေပါင္းေဆာင္ရြက္ဖို႔ ဒီကေန႔ ႐ုပ္သံကထုတ္လႊင့္တဲ့ ျပည္သူလူထုကို အစီရင္ခံတင္ျပတဲ့ မိန္႔ခြန္းထဲမွာ တိုက္တြန္းသြားပါတယ္။

ေနာက္ထပ္ အမ်ဳိးသမီးတဦးမွာလည္း ကိုို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတယ္ဆိုတာ ဓာတ္ခြဲ စမ္းသပ္အေျဖ ထြက္လာတဲ့ အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔မွာပဲ ထုတ္ျပန္ပါတယ္။

အဲဒီအမ်ဳိးသမီးဟာ ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအတြင္း ႏုိင္ငံျခားသားေတြကို က်န္းမာေရးဝန္ေဆာင္မႈေပးေနတဲ့ ပုဂၢလိကေဆးခန္းတခုမွာ လုပ္ကိုင္ေနသူျဖစ္တယ္လုိ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သူ႔ကို ရန္ကုန္အေနာက္ပိုင္းေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာအျဖစ္ သီးသန္႔ထားၿပီး ေဆးကုသေပးေနၿပီးေတာ့ လတ္တေလာမွာ က်န္းမာေရးအေျခအေန ေကာင္းမြန္တယ္လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။

အခုဆိုရင္ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္ခံရသူေပါင္း ၁၅ ေယာက္အထိ ရွိသြားၿပီျဖစ္ပါတယ္။

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှာ ပထမဆုံးလူ ၁ ဦး သေဆုံး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ခံစားနေရသူတွေထဲက တဦး သေဆုံးသွားတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က မတ်လ ၃၁ ရက်၊ အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

ဒါဟာဖြင့် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ စမ်းသပ်သိရှိထားသူတွေထဲက ပထမဆုံး သေဆုံးသူဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း COVID-19 ရောဂါ ကူးစက်ခံထားရသူပေါင်း ၁၄ ဦးရှိတဲ့ထဲမှာ အခုကွယ်လွန်သွားသူဟာ နှာခေါင်းကင်ဆာရောဂါ ခံစားနေရသူ အသက် ၆၉ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။

သူဟာ ကျန်းမာရေးစစ်ဆေးဖို့ သြစတြေးလျနိုင်ငံကို ဖေဖော်ဝါရီလကသွားခဲ့ပြီး မတ်လ ၁၀ ရက်နေ့မှာ သြစတြေးလျကနေ စင်္ကာပူ၊ အဲဒီကနေ မတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာတာပါ။

မတ်လ ၁၈ ရက်နေ့မှာတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ စတဲ့ COVID-19 ရောဂါလက္ခဏာတွေ ခံစားရတဲ့ အတွက် မတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ပြီး အဲဒီနောက် အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူနေခဲ့တာပါ။

မတ်လ ၂၆ ရက်နေ့မှာ ဓာတ်ခွဲစစ်ဆေးပြီး မတ်လ ၂၇ ရက်နေ့မှာ COVID-19 ရောဂါပိုး ရှိနေတယ်ဆိုတာ တွေ့ရှိခဲ့ပြီးတဲ့နောက် ဝေဘာဂီဆေးရုံကို လွှဲပြောင်းကုသပေးနေရာကနေ ဒီကနေ့မှာပဲ ကွယ်လွန်သွားတာပါ။

ဒီအတောအတွင်းမှာပဲ တစ်နိုင်ငံလုံးအကျိုးအတွက် လိုအပ်ရင် တချို့နေရာတွေမှာ အသွားအလာ ကန့်သတ်တဲ့အစီအစဉ် Community Quarantine လို ကန့်သတ်မှုမျိုးတွေ ဆောင်ရွက်ကောင်း ဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီလိုဆောင်ရွက်ရပြီဆိုရင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေ မပြတ်လပ်စေဖို့၊ တည်ငြိမ်းအေးချမ်းရေး စနစ်တကျ ဆောင်ရွက်ဖို့တို့အတွက် ဒုတိယသမ္မတ (၁) ဦးစီးတဲ့ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပြီး ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဒီကနေ့ ရုပ်သံကထုတ်လွှင့်တဲ့ ပြည်သူလူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းထဲမှာ တိုက်တွန်းသွားပါတယ်။

နောက်ထပ် အမျိုးသမီးတဦးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်ဆိုတာ ဓာတ်ခွဲ စမ်းသပ်အဖြေ ထွက်လာတဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့မှာပဲ ထုတ်ပြန်ပါတယ်။

အဲဒီအမျိုးသမီးဟာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကဆေးခန်းတခုမှာ လုပ်ကိုင်နေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူ့ကို ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားပြီး ဆေးကုသပေးနေပြီးတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူပေါင်း ၁၅ ယောက်အထိ ရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG