သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ပြဲေတြရပ္ၿပီး COVID အေရး အားစိုက္လုပ္ဖို႔ အရပ္ဘက္အဖြဲ႔မ်ား ေတာင္းဆို


ရခိုင္ျပည္နယ္တြင္း နွစ္ဘက္တိုက္ပဲြေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရေသာ စစ္ေဘးဒုကၡသည္ ၿမိဳတိုင္းရင္းသား မိသားစု (ဇန္န၀ါရီ ၂၅၊ ၂၀၁၉)

(Zawgyi/Unicode)

ျမန္မာမွာလည္း COVID-19 စိုးရိမ္ရတဲ႔ အေျခအေနမွာ စစ္ပဲြေတြရပ္ျပီး ကပ္ေရာဂါထိန္းခ်ဳပ္ေရးကို အားစိုက္လုပ္ၾကဖို႔ ျပည္တြင္းအရပ္ဘက္အဖြဲ႔အစည္း ၂၆၀ ေက်ာ္က အစိုးရကို တိုက္တြန္းလိုက္ပါတယ္။

တိုက္ပြဲေတြ၊ ပဋိပကၡျဖစ္လို႔ ေနရပ္စြန္႔ခြာေနရသူ ၃၅၀,၀၀၀ ၾကားမွာ COVID-19 ကပ္ေဘးအႏၱရာယ္ စိုးရိမ္ဖြယ္ရွိတာမို႔ ဒီျပႆနာကို ျမန္မာအစိုးရက ျမန္ျမန္ဆန္ဆန္ တံု႔ျပန္သင့္ေၾကာင္း လူ႔အခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႔ HRW က တိုက္တြန္းလိုက္သလို ကုလ အတြင္းေရးမွဴးခ်ဳပ္ကလည္း ကပ္ေရာဂါကာလအတြင္း လူ႔အခြင့္အေရးကို အေလးထားျပီး စစ္ပြဲေတြရပ္ေပးဖို႔ အာဆီယံအစိုးရေတြကို ပန္ၾကားထားပါတယ္။

ဒီလို ႏုိင္ငံတကာအဖြဲ႔ေတြက တိုက္တြန္းျပီးရက္ပိုင္းအတြင္း ျပည္တြင္းအရပ္ဘက္အဖြဲ႔ ၂၆၀ ေက်ာ္ကလည္း ပဋိပကၡအေတာအတြင္း ေနရပ္စြန္႔ခြာသူေတြ၊ မသန္စြမ္းေတြ၊ သက္ၾကီးရြယ္အိုေတြ၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြက ပိုျပီး ထိခိုက္ႏုိင္တယ္ဆိုတာ သေဘာထား ပူးတြဲထုတ္ျပန္ခဲ႔တာပါ။

အေရးၾကီး အေျခအေနကို ေရာက္ေနတဲ႔အတြက္ ပဋိပကၡေတြရပ္တန္႔ဖို႔၊ သတင္းအခ်က္အလက္ျမန္ျမန္ရဖို႔ အေရးၾကီးေၾကာင္း ရန္ကုန္တိုင္းအရပ္ဘက္အဖြဲ႔ ကြန္ရက္က ေဒၚသက္သက္ေအာင္က ေျပာပါတယ္။

“က်မတို႔ ဒီ COVID-19 ကို ကာကြယ္ႏိုင္ဖို႔အတြက္ အခုလက္ရွိ တိုင္းရင္းသား ေဒသေတြမွာ ရွိေနတဲ႔ စစ္မက္ေတြ အျမန္ဆံုး ရပ္တန္႔ေပးဖို႔ လိုအပ္တယ္။ ဒီဘက္ က်မတို႔ ျမိဳ႕ၾကီးေတြမွာေတာင္မွ COVID-19 အတြက္ လံုလံုေလာက္ေလာက္ အကာအကြယ္ရဖို႔ ခက္ခဲေနတဲ႔ အေျခအေနမ်ိဳးမွာ ကမာၻ႔ကပ္ေရာဂါ ျဖစ္တယ္ဆိုတဲ႔ သတင္းအခ်က္အလက္မ်ိဳးေတြ ျပည္တြင္းစစ္ျဖစ္တဲ႔ေဒသေတြမွာ ရရွိေနဖို႔လိုအပ္တယ္။ ရခိုင္ဘက္မွာ အင္တာနက္ ျဖတ္ေတာက္ထားမႈေတြ ရွိတယ္၊ က်မတို႔အေနနဲ႔ ဒါေၾကာင့္ စိတ္ပူတဲ႔အတြက္ ဒီပူးတြဲေၾကညာခ်က္ကို ထုတ္ျခင္းျဖစ္ပါတယ္။”

ကခ်င္နဲ႔ ရွမ္းေျမာက္မွာ တိုက္ပြဲေတြ ၾကိဳၾကား ရွိေနေပမဲ႔ ရခိုင္ေျမာက္ပိုင္းမွာေတာ႔ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA ႏွစ္ဘက္တိုက္ပြဲေတြ ရွိေနပါတယ္။ အခ်ိန္ၾကာလာတဲ႔ ဒီတိုက္ပြဲေၾကာင့္ ထြက္ေျပးခဲ႔ရတဲ႔ စစ္ေရွာင္က ၁၅၀,၀၀၀ ေက်ာ္ျပီလို႔ ရခိုင္အရပ္ဘက္အဖြဲ႔ REC က သတင္းထုတ္ျပန္ပါတယ္။

စစ္ပြဲေတြက ပိုျပီးေတာ႔ ပလက္ဝမွာျဖစ္တယ္။ ေနာက္ျပီး မင္းျပားတို႔ ဘာတို႔မွာ စစ္ပြဲေတြက ပိုျဖစ္လာတာ ရွိတယ္။ အခုရွိေနတဲ႔ပံုက သူတုိ႔ စစ္ပြဲေတြကို ရပ္မယ့္ပံုေတာ႔ မေပၚဘူး။ လူေတြက ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ attention ေတြ ေရာက္ေနတဲ႔အခ်ိန္မွာ စစ္ပြဲေတြကို ပိုလုပ္မယ္ဆိုတဲ႔ သေဘာ သဘာဝ ေဆာင္ေနေတာ႔ေလ။ စစ္ပြဲေတြကို ေလ်ွာ့ခ်ျပီး ကိုရိုနာဗိုင္းရပ္စ္နဲ႔ အတူတူေပါင္းျပီး လုပ္ရမယ့္အခ်ိန္ကို ေရာက္ေနျပီ။ ဒါေပမဲ႔ အဲဒီအခ်ိန္ကို အစိုးရေရာ၊ စစ္တပ္ေရာ၊ ျမန္မာစစ္တပ္ကပါ လုပ္တဲ႔ဟာ မေတြ႔ဘူး။”

ရခိုင္လူသားခ်င္းစာနာေရးအဖြဲ႔ AHCT က ကိုေက်ာ္ဆန္းလႈိင္ေျပာသြားတာပါ။

တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကိုင္ AA ပလက္ဝျမိဳ႕နယ္အတြင္း တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးခဲ႔တဲ႔ ခ်င္းလူမ်ိဳးဟာ မတ္လအတြင္းမွာ ၄,၀၀၀ ေလာက္ ရွိေၾကာင္း ခ်င္းစည္ပင္ဝန္ၾကီး ဦးစိုးထက္က ေျပာပါတယ္။

“ဆိုေတာ႔ ဟိုတေန႔ကလည္း ေနာက္ထပ္ အဲဒီလို တိုက္ပြဲျဖစ္ျပီးေတာ႔ အိမ္ေတြရြာေတြ မီးေလာင္တဲ႔ဟာ ျဖစ္တဲ႔အတြက္ အခုလည္း ေျပးဖို႔ ျပင္ေနတာေတြ ရွိတယ္။ ဘယ္ႏွေယာက္ တိုးလာမလဲေတာ႔ မသိဘူးေပါ႔။ ပလက္ဝျမိဳ႕ေပၚ ေျပးလာဖို႔ရွိတယ္။”

ရခိုင္၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ကယား ဒီေဒသေတြမွာ အင္တာနက္ျဖတ္ေတာက္တာ၊ လူသားခ်င္းစာနာတဲ႔အကူအညီေတြ၊ အရပ္ဘက္လႈပ္ရွားမႈေတြကို ပိတ္ပင္တာက ေရာဂါတားဆီးေရးမွာ ပိုဆိုးရြားႏိုင္တယ္လို႔ HRW ကေထာက္ျပပါတယ္။

ျမန္မာႏို္င္ငံဆိုင္ရာ အေမရိကန္သံအမတ္ၾကီးအပါအဝင္ ျဗိတိန္၊ ေနာ္ေဝ၊ ကေနဒါ စတဲ႔ ႏုိင္ငံေပါင္း ၁၇ ခုက သံအမတ္ၾကီးေတြဟာ ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ သေဘာထားထုတ္ျပန္ခ်က္အေပၚ ေထာက္ခံျပီး စစ္ပြဲေတြရပ္တန္႔ဖို႔၊ ေဆြးေႏြးအေျဖရွာၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ပွဲတွေရပ်ပြီး COVID အရေး အားစိုက်လုပ်ဖို့ အရပ်ဘက်အဖွဲ့များ တောင်းဆို

မြန်မာမှာလည်း COVID-19 စိုးရိမ်ရတဲ့ အခြေအနေမှာ စစ်ပွဲတွေရပ်ပြီး ကပ်ရောဂါထိန်းချုပ်ရေးကို အားစိုက်လုပ်ကြဖို့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

တိုက်ပွဲတွေ၊ ပဋိပက္ခဖြစ်လို့ နေရပ်စွန့်ခွာနေရသူ ၃၅၀,၀၀၀ ကြားမှာ COVID-19 ကပ်ဘေးအန္တရာယ် စိုးရိမ်ဖွယ်ရှိတာမို့ ဒီပြဿနာကို မြန်မာအစိုးရက မြန်မြန်ဆန်ဆန် တုံ့ပြန်သင့်ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းလိုက်သလို ကုလ အတွင်းရေးမှူးချုပ်ကလည်း ကပ်ရောဂါကာလအတွင်း လူ့အခွင့်အရေးကို အလေးထားပြီး စစ်ပွဲတွေရပ်ပေးဖို့ အာဆီယံအစိုးရတွေကို ပန်ကြားထားပါတယ်။

ဒီလို နိုင်ငံတကာအဖွဲ့တွေက တိုက်တွန်းပြီးရက်ပိုင်းအတွင်း ပြည်တွင်းအရပ်ဘက်အဖွဲ့ ၂၆၀ ကျော်ကလည်း ပဋိပက္ခအတောအတွင်း နေရပ်စွန့်ခွာသူတွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုပြီး ထိခိုက်နိုင်တယ်ဆိုတာ သဘောထား ပူးတွဲထုတ်ပြန်ခဲ့တာပါ။

အရေးကြီး အခြေအနေကို ရောက်နေတဲ့အတွက် ပဋိပက္ခတွေရပ်တန့်ဖို့၊ သတင်းအချက်အလက်မြန်မြန်ရဖို့ အရေးကြီးကြောင်း ရန်ကုန်တိုင်းအရပ်ဘက်အဖွဲ့ ကွန်ရက်က ဒေါ်သက်သက်အောင်က ပြောပါတယ်။

“ကျမတို့ ဒီ COVID-19 ကို ကာကွယ်နိုင်ဖို့အတွက် အခုလက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ရှိနေတဲ့ စစ်မက်တွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ လိုအပ်တယ်။ ဒီဘက် ကျမတို့ မြို့ကြီးတွေမှာတောင်မှ COVID-19 အတွက် လုံလုံလောက်လောက် အကာအကွယ်ရဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်တယ်ဆိုတဲ့ သတင်းအချက်အလက်မျိုးတွေ ပြည်တွင်းစစ်ဖြစ်တဲ့ဒေသတွေမှာ ရရှိနေဖို့လိုအပ်တယ်။ ရခိုင်ဘက်မှာ အင်တာနက် ဖြတ်တောက်ထားမှုတွေ ရှိတယ်၊ ကျမတို့အနေနဲ့ ဒါကြောင့် စိတ်ပူတဲ့အတွက် ဒီပူးတွဲကြေညာချက်ကို ထုတ်ခြင်းဖြစ်ပါတယ်။”

ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ကြိုကြား ရှိနေပေမဲ့ ရခိုင်မြောက်ပိုင်းမှာတော့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA နှစ်ဘက်တိုက်ပွဲတွေ ရှိနေပါတယ်။ အချိန်ကြာလာတဲ့ ဒီတိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ရှောင်က ၁၅၀,၀၀၀ ကျော်ပြီလို့ ရခိုင်အရပ်ဘက်အဖွဲ့ REC က သတင်းထုတ်ပြန်ပါတယ်။

စစ်ပွဲတွေက ပိုပြီးတော့ ပလက်ဝမှာဖြစ်တယ်။ နောက်ပြီး မင်းပြားတို့ ဘာတို့မှာ စစ်ပွဲတွေက ပိုဖြစ်လာတာ ရှိတယ်။ အခုရှိနေတဲ့ပုံက သူတို့ စစ်ပွဲတွေကို ရပ်မယ့်ပုံတော့ မပေါ်ဘူး။ လူတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် attention တွေ ရောက်နေတဲ့အချိန်မှာ စစ်ပွဲတွေကို ပိုလုပ်မယ်ဆိုတဲ့ သဘော သဘာဝ ဆောင်နေတော့လေ။ စစ်ပွဲတွေကို လျှော့ချပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ အတူတူပေါင်းပြီး လုပ်ရမယ့်အချိန်ကို ရောက်နေပြီ။ ဒါပေမဲ့ အဲဒီအချိန်ကို အစိုးရရော၊ စစ်တပ်ရော၊ မြန်မာစစ်တပ်ကပါ လုပ်တဲ့ဟာ မတွေ့ဘူး။”

ရခိုင်လူသားချင်းစာနာရေးအဖွဲ့ AHCT က ကိုကျော်ဆန်းလှိုင်ပြောသွားတာပါ။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ချင်းလူမျိုးဟာ မတ်လအတွင်းမှာ ၄,၀၀၀ လောက် ရှိကြောင်း ချင်းစည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

“ဆိုတော့ ဟိုတနေ့ကလည်း နောက်ထပ် အဲဒီလို တိုက်ပွဲဖြစ်ပြီးတော့ အိမ်တွေရွာတွေ မီးလောင်တဲ့ဟာ ဖြစ်တဲ့အတွက် အခုလည်း ပြေးဖို့ ပြင်နေတာတွေ ရှိတယ်။ ဘယ်နှယောက် တိုးလာမလဲတော့ မသိဘူးပေါ့။ ပလက်ဝမြို့ပေါ် ပြေးလာဖို့ရှိတယ်။”

ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား ဒီဒေသတွေမှာ အင်တာနက်ဖြတ်တောက်တာ၊ လူသားချင်းစာနာတဲ့အကူအညီတွေ၊ အရပ်ဘက်လှုပ်ရှားမှုတွေကို ပိတ်ပင်တာက ရောဂါတားဆီးရေးမှာ ပိုဆိုးရွားနိုင်တယ်လို့ HRW ကထောက်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအပါအဝင် ဗြိတိန်၊ နော်ဝေ၊ ကနေဒါ စတဲ့ နိုင်ငံပေါင်း ၁၇ ခုက သံအမတ်ကြီးတွေဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် ထောက်ခံပြီး စစ်ပွဲတွေရပ်တန့်ဖို့၊ ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG