သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္တိုက္ပဲြ အရပ္သားထိခိုက္မႈ တိုးလာ


ရခိုင္စစ္ေရွာင္ ဒုကၡသည္မ်ား (မွတ္တမ္းဓာတ္ပံု - Khine Murn Chun (Citizen Journalist)

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းမွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ မေန႔ကအထိ တိုက္ပြဲေတြ ျပင္းထန္ေနသလို အရပ္သားေတြ ထိခိုက္မႈေတြလည္း မ်ားျပားေနပါတယ္။ မေန႔ကလည္း စစ္ေတြၿမိဳ႕အနီး ေက်ာက္တန္းႀကီး စစ္ေဆးေရးဂိတ္မွာ ပုဏၰားကြ်န္းၿမိဳ႕နယ္မွာ တာဝန္က်ေနတဲ့ ပညာေရးဝန္ထမ္း တဦး ေသနတ္နဲ႔ ပစ္ခတ္ခံခဲရပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။

စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းက ပုဏၰား ကြ်န္းၿမိဳ႕နယ္မွာ တာဝန္က်ေနတဲ့ ပညာေရးဝန္ထမ္း တဦးဟာ မေန႔က စစ္ေတြၿမိဳ႕အနီး ေက်ာက္တန္းႀကီး ေက်းရြာ စစ္ေဆးေရးဂိတ္ကို ဆိုင္ကယ္နဲ႔ ျဖတ္စဥ္ စစ္ေဆးေရးဂိတ္က ေသနတ္နဲ႔ ပစ္ခတ္လိုက္တာေၾကာင့္ ေဆးရံုတင္ထားရတယ္လို႔ ပစ္ခတ္ခံရသူရဲ႕ ဖခင္ ဦးေမာင္ေမာင္လွက ေျပာပါတယ္။

"သူက အရင္လိုလာေနၾကအတိုင္း လာေနတာေပါ့။ ၿပီးေတာ့ သူအဲဒီေနရာကိုလည္း အၿမဲတမ္းျဖတ္ေနတာ။ သူတို႔ကေတာ့ လက္တားတယ္လို႔ ေျပာတယ္။ဒါေပမဲ့ ဆိုင္ကယ္သမားတေယာက္ဟာ လက္တားတာကို ျမင္ခ်င္မွလည္း ျမင္မယ္။ မျမင္လို႔ ေက်ာ္လာေတာ့ ေနာက္က လွမ္းပစ္တယ္လို႔ သိရပါတယ္။ ဘယ္ေၾကာင့္ ပစ္တယ္ ဆိုတာကုိေတာ့ မေမးလိုက္ဘူး။ ဘာျဖစ္လို႔လည္း ဆိုေတာ့ သားက ေသလုနီးပါးျဖစ္ေနေတာ့။ က်ည္ဆန္က ညာဖက္ရင္အုပ္ကို ေနာက္က ဝင္ၿပီးေတာ့ ေရွ႕က ေဖာက္ထြက္သြားတယ္။

လက္ရွိအခ်ိန္မွာ ဒဏ္ရာရရွိသူကို စစ္ေတြျပည္သူ႕ေဆးရံုကို ပို႔ေဆာင္ထားၿပီး ဒဏ္ရာအေျခအေနနဲ႔ သတ္ၿပီး ေတာ့ ဦးေမာင္ေမာင္လွက အခုလိုဆက္ေျပာပါတယ္။
"ဆရာဝန္ကေတာ့ ေျပာပါတယ္။ အရိုးလည္းလြတ္တယ္ အူလည္း လြတ္တယ္၊ အဆုပ္လည္း လြတ္တယ၊္ ေနာက္ သရက္ရြက္မွာ နည္းနည္းေလာက္ပဲ ထိသြားတယ္လို႔ ေျပာပါတယ္။ အဲဒီေတာ့ လူနာကလည္း စကားလည္း ေျပာႏိုင္ၿပီ ခြဲစိတ္စရာ မလိုဘူး ဒါကုိ ျပန္ပိတ္လိုက္ရင္ ရၿပီလို႔ ေျပာတယ္။

ၿပီးခဲ့တဲ့ မတ္လ ၆ရက္ေန႔ကလည္း စစ္ေတြၿမိဳ႕ေပၚကို အလုပ္လာရွာတဲ့ ပုဏၰားကြ်န္းၿမိဳ႕နယ္ အိုင္တင္ ေက်းရြာ က လူငယ္ႏွစ္ဦးကို စစ္ေတြၿမိဳ႕အနီး ေက်ာက္တန္းႀကီး စစ္ေဆးေရးဂိတ္မွာရဲတပ္ဖြဲ႔နဲ႔ တပ္မေတာ္သားေတြက ဖမ္းစီးခဲ့တာျဖစ္တယ္လို႔ ဖမ္းဆီးခံရသူေတြရဲ႕ မိသားစုဝင္ေတြက ေျပာဆိုထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက ေျမာက္ဦး မင္းျပားနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ မေန႔ကအထိ တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားေနတယ္လို႔ AAအဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"ေျမာက္ဦးနဲ႔ မင္းျပားၿမိဳ႕နယ္ အစပ္ ေျမာင္းေဗြေခ် ေက်းရြာနဲ႔ ဟာရပိုင္ေက်းရြာအၾကားမွာ မနက္ ၃ နာရီ ၅၀မွာ ျမန္မာ စစ္တပ္ရဲ႕ တပ္မ ၅၅ လက္ေအာက္ခံ စစ္ေၾကာင္းတစ္ခုကို က်ေနာ္တို႔ ပိတ္ဆို႔တိုက္ခိုက္ခဲ့တာ ရွိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔စစ္ေၾကာင္းဟာ က်ေနာ္တို႔ စစ္ေၾကာင္းရွိတဲ့ ေနရာကို ဝင္ေရာက္လာတာမို႔လို႔ မိနစ္ ၄၀ ေလာက္ၾကာေအာင္ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့တာ ရွိတယ္။ အဲဒီတိုက္ပြဲမွာ ရန္သူကိုေတာ့ က်ေနာ္တို႔ဘက္က အျပတ္အသတ္ေခ်မႈန္း ႏိုင္ခဲ့တာ ရွိတယ္။ အဲဒီမွာ ရန္သူ႔ဘက္က ၃၀ ေလာက္ထိခိုက္က်ဆံုးမႈ ရွိတယ္ဗ်ာ။ ေနာက္ၿပီးေတာ့ ရေသ့ေတာင္ ၿမိဳ႕နယ္ ထီးစြဲရြာနဲ႔ ေအာင္သာစည္ေက်းရြာၾကားမွာလည္း မိနစ္အနည္းငယ္ ထိေတြ႔မႈ ျဖစ္ပြားခဲ့တာ ရွိတယ္။"

ရခိုင္ေျမာက္ပိုင္း တိုက္ပြဲအေျခအေနေတြ အရပ္သားေတြ ပစ္ခတ္ခံေနရတာနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔နဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးတို႔ ဆက္သြယ္ခဲ့ေပမဲ့လည္း ဖုန္းလက္ခံ ေျဖဆိုခဲ့ျခင္းမရွိပါဘူး။

ရခိုင္ေျမာက္ပိုင္းမွာ ဒီကေန႔အထိ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး တိုက္ပြဲအတြင္း အရပ္ သား ထိခိုက္ေသဆံုး ဒဏ္ရာရတာေတြ မ်ားျပားလာသလို ေဒသခံေတြ၊ စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ ဌာနဆိုင္ရာဝန္ထမ္းေတြ ဟာလည္း မၾကာခဏဆိုသလို တပ္နဲ႔ AA ႏွစ္ဘက္စလံုးရဲ႕ ဖမ္းဆီး စစ္ေဆးမႈ ေတြကို ခံေနၾကရတာလည္း ျဖစ္ပါတယ္။

တိုက္ပြဲအတြင္း အရပ္သားေတြ ထိခိုက္ေသဆံုးတိုင္းမွာလည္း တပ္နဲ႔ AA အဖြဲ႔တို႔ဟာ တဘက္နဲ႔ တဘက္ အျပန္ အလွန္ စြပ္စြဲဲျငင္းဆိုေနၾကတာ ျဖစ္ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်တိုက်ပွဲ အရပ်သားထိခိုက်မှု တိုးလာ

ရခိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ မနေ့ကအထိ တိုက်ပွဲတွေ ပြင်းထန်နေသလို အရပ်သားတွေ ထိခိုက်မှုတွေလည်း များပြားနေပါတယ်။ မနေ့ကလည်း စစ်တွေမြို့အနီး ကျောက်တန်းကြီး စစ်ဆေးရေးဂိတ်မှာ ပုဏ္ဏားကျွန်းမြို့နယ်မှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်း တဦး သေနတ်နဲ့ ပစ်ခတ်ခံခဲရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက ပုဏ္ဏား ကျွန်းမြို့နယ်မှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်း တဦးဟာ မနေ့က စစ်တွေမြို့အနီး ကျောက်တန်းကြီး ကျေးရွာ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်နဲ့ ဖြတ်စဉ် စစ်ဆေးရေးဂိတ်က သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ဆေးရုံတင်ထားရတယ်လို့ ပစ်ခတ်ခံရသူရဲ့ ဖခင် ဦးမောင်မောင်လှက ပြောပါတယ်။

"သူက အရင်လိုလာနေကြအတိုင်း လာနေတာပေါ့။ ပြီးတော့ သူအဲဒီနေရာကိုလည်း အမြဲတမ်းဖြတ်နေတာ။ သူတို့ကတော့ လက်တားတယ်လို့ ပြောတယ်။ဒါပေမဲ့ ဆိုင်ကယ်သမားတယောက်ဟာ လက်တားတာကို မြင်ချင်မှလည်း မြင်မယ်။ မမြင်လို့ ကျော်လာတော့ နောက်က လှမ်းပစ်တယ်လို့ သိရပါတယ်။ ဘယ်ကြောင့် ပစ်တယ် ဆိုတာကိုတော့ မမေးလိုက်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သားက သေလုနီးပါးဖြစ်နေတော့။ ကျည်ဆန်က ညာဖက်ရင်အုပ်ကို နောက်က ဝင်ပြီးတော့ ရှေ့က ဖောက်ထွက်သွားတယ်။

လက်ရှိအချိန်မှာ ဒဏ်ရာရရှိသူကို စစ်တွေပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာအခြေအနေနဲ့ သတ်ပြီး တော့ ဦးမောင်မောင်လှက အခုလိုဆက်ပြောပါတယ်။
"ဆရာဝန်ကတော့ ပြောပါတယ်။ အရိုးလည်းလွတ်တယ် အူလည်း လွတ်တယ်၊ အဆုပ်လည်း လွတ်တယ၊် နောက် သရက်ရွက်မှာ နည်းနည်းလောက်ပဲ ထိသွားတယ်လို့ ပြောပါတယ်။ အဲဒီတော့ လူနာကလည်း စကားလည်း ပြောနိုင်ပြီ ခွဲစိတ်စရာ မလိုဘူး ဒါကို ပြန်ပိတ်လိုက်ရင် ရပြီလို့ ပြောတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့ကလည်း စစ်တွေမြို့ပေါ်ကို အလုပ်လာရှာတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အိုင်တင် ကျေးရွာ က လူငယ်နှစ်ဦးကို စစ်တွေမြို့အနီး ကျောက်တန်းကြီး စစ်ဆေးရေးဂိတ်မှာရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေက ဖမ်းစီးခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုထားပါတယ်။

ရခိုင်မြောက်ပိုင်းက မြောက်ဦး မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ မနေ့ကအထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ AAအဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မြောက်ဦးနဲ့ မင်းပြားမြို့နယ် အစပ် မြောင်းဗွေချေ ကျေးရွာနဲ့ ဟာရပိုင်ကျေးရွာအကြားမှာ မနက် ၃ နာရီ ၅၀မှာ မြန်မာ စစ်တပ်ရဲ့ တပ်မ ၅၅ လက်အောက်ခံ စစ်ကြောင်းတစ်ခုကို ကျနော်တို့ ပိတ်ဆို့တိုက်ခိုက်ခဲ့တာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့စစ်ကြောင်းဟာ ကျနော်တို့ စစ်ကြောင်းရှိတဲ့ နေရာကို ဝင်ရောက်လာတာမို့လို့ မိနစ် ၄၀ လောက်ကြာအောင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီတိုက်ပွဲမှာ ရန်သူကိုတော့ ကျနော်တို့ဘက်က အပြတ်အသတ်ချေမှုန်း နိုင်ခဲ့တာ ရှိတယ်။ အဲဒီမှာ ရန်သူ့ဘက်က ၃၀ လောက်ထိခိုက်ကျဆုံးမှု ရှိတယ်ဗျာ။ နောက်ပြီးတော့ ရသေ့တောင် မြို့နယ် ထီးစွဲရွာနဲ့ အောင်သာစည်ကျေးရွာကြားမှာလည်း မိနစ်အနည်းငယ် ထိတွေ့မှု ဖြစ်ပွားခဲ့တာ ရှိတယ်။"

ရခိုင်မြောက်ပိုင်း တိုက်ပွဲအခြေအနေတွေ အရပ်သားတွေ ပစ်ခတ်ခံနေရတာနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။

ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့အထိ အစိုးရတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း အရပ် သား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ များပြားလာသလို ဒေသခံတွေ၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဟာလည်း မကြာခဏဆိုသလို တပ်နဲ့ AA နှစ်ဘက်စလုံးရဲ့ ဖမ်းဆီး စစ်ဆေးမှု တွေကို ခံနေကြရတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတိုင်းမှာလည်း တပ်နဲ့ AA အဖွဲ့တို့ဟာ တဘက်နဲ့ တဘက် အပြန် အလှန် စွပ်စွဲငြင်းဆိုနေကြတာ ဖြစ်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG