သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းျပားဘက္ တိုက္ခုိက္မႈ အရပ္သား ေသဆံုး ဒဏ္ရာရ


ရခိုင္တိုက္ပဲြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကေသာ ရခိုင္စစ္ေျပးဒုကၡသည္မ်ား (သတင္းဓာတ္ပံု - ဇန္န၀ါရီ၊ ၀၄၊ ၂၀၁၉)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္တြင္းမွာ တပ္မေတာ္ ေရယာဥ္ကို ရခိုင္လက္နက္ကိုင္အဖြဲ႔ AA က ဒီကေန႔ မနက္ပိုင္း ပစ္ခတ္တိုက္ခိုက္ခဲ့တယ္ဆိုတာ ႏွစ္ဘက္လံုးက အတည္ျပဳ ေျပာဆိုပါတယ္။ ဒီတိုက္ပြဲေၾကာင့္ မင္းျပားၿမိဳ႕ခံ အမ်ဳိးသားတဦး ေသဆံုးၿပီး ကေလးငယ္ ႏွစ္ဦးအပါအဝင္ ေနာက္ထပ္ အရပ္သား ငါးဦးလည္း ဒဏ္ရာရသြားပါတယ္။ ဘူးသီးေတာင္နဲ႔ ေက်ာက္ေတာ္ဘက္မွာလည္း တိုက္ပြဲျဖစ္တာေတြ ရွိခဲ့ၿပီး ေဒသခံေတြ တိမ္းေရွာင္ေနရသလို တပ္မေတာ္က ဖမ္းဆီးတာေတြ လည္းရွိပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ႏုိင္ကြန္းအိမ္က သတင္းေပးပို႔ထားပါတယ္။

မင္းျပားၿမိဳ႕ ၾကပ္စင္တံတားအနီး ျမန္မာစစ္တပ္ေရတပ္သေဘၤာကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ဒီကေန႔မနက္ပိုင္းမွာ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း AA ေျပာခြင့္ရခိုင္သုခက ေျပာပါတယ္။

“ဒီေန႔ ေဖေဖၚ၀ါရီ ၂၈ ရက္ေန႔ မနက္ ၂ နာရီေလာက္မွာ စစ္သားေတြ လက္နက္ခဲယမ္းေတြ အျပည့္သယ္ေဆာင္ၿပီးေတာ့ စစ္ကူလာပို႔တဲ့ ျမန္မာေရတပ္ဇက္သေဘၤာ ၃ စီးကို မင္းျပားၿမိဳ႕နယ္ ၾကပ္စင္တံတားအနီးမွာ က်ေနာ္တို႕ ရခိုင္ တပ္ေတာ္ဘက္ကေန ဟန္႔တား ပစ္ခတ္တိုက္ခိုက္ခဲ့တာရွိတယ္။ အဲဒီအခ်ိန္တို တိုက္ခိုက္မႈအတြင္းမွာ ျမန္မာစစ္တပ္ဘက္က အထိခိုက္အက်ဆုံးေတြေတာ့ မ်ားတယ္ဗ်။”

ဒီလိုပစ္ခတ္မႈျဖစ္စဥ္အတြင္း မင္းျပားၿမိဳ႕ အစြန္ဘက္က မင္းဘာႀကီးရပ္ကြက္မွာ လက္နက္က်ေရာက္ခဲ့လို႔ ျမိဳ႕ခံအမ်ိဳးသမီး တဦး ေသဆုံးၿပီး ၅ ဦး ထိခိုက္ဒဏ္ရာ ရရွိသြားတယ္လို႔ၿမိဳ႕ခံ ကိုစံေရႊက ေျပာပါတယ္။

“ညႏွစ္နာရီေက်ာ္ေက်ာ္ေလာက္ တိုက္ပြဲျဖစ္ေတာ့ အဲဒီကေနၿပီးေတာ့ ဆုတ္လာတဲ့ တပ္ကေနၿပီးေတာ့ ၿမိဳ႕ထဲမွာ အဲဒီမင္းဘာႀကီးရပ္ကြက္မွာ ေနၿပီးေတာ့ ပစ္ခတ္မႈေတြ ျဖစ္တယ္။ ပစ္ေတာ့ အမ်ိဳးသမီး တေယာက္ ေသသြားတယ္တယ္။ ေနာက္ လူ ၅ ေယာက္ေလာက္ ဒဏ္ရာရတယ္လို႔ ေျပာတယ္။ ေဆးရံုမွာလို႔ ေျပာတယ္။ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြအေျခအေနကေတာ့ အခုအခ်ိန္ကေတာ့ ေတာ္ေတာ္ေလး ေၾကာက္လန္႔ေနၾကတယ္ေပါ့။ ၾကပ္စင္တံတားပိုင္း ေျမပုံဘက္ထြက္ေပါက္ ေနာက္ၿပီး ေပါက္ေတာဘက္ ထြက္ေပါက္ေတြမွာကေတာ့ အခုလုံျခံဳေရးခ်ၿပီးေတာ့ တပ္က စစ္ေဆးမႈေတြ လုပ္ေနတယ္။”

ဒဏ္ရာရသူ ၅ ဦးထဲမွာ ၁၁ ႏွစ္နဲ႔ ၁၄ ႏွစ္အရြယ္ ကေလးႏွစ္ဦးပါၿပီး ကိုယ္၀န္ေဆာင္အမ်ိဳးသမီး တဦးကို စစ္ေတြေဆးရံုကိုပို႕ေဆာင္ရမယ့္ အေျခအေနရွိေနသလို က်န္ ၄ ဦးကေတာ့ မင္းျပားေဆးရံုမွာ ေဆးကုသ ခံယူေနရပါတယ္။

မင္းျပားၿမိဳ႕အတြင္း တိုက္ပြဲျဖစ္ပြားမႈနဲ႔ ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး ၀င္းေဇာ္ဦးက အခုလိုေျပာပါတယ္။

“မင္းျပားမွာ ညတုန္းက ကမ္းထိုးယာဥ္ကိုပစ္တာ ဒါပဲရွိတယ္။ က်န္တာျဖစ္တာ ဘာမွမရွိဘူး။ က်ေနာ္တို႔ ညတုန္းက ကမ္းထိုးယာဥ္နဲ႔အုပ္ခ်ဳပ္မႈကိစၥလုပ္တဲ့အခ်ိန္ ဒါကိုအေ၀းက လွမ္းပစ္တာ ဘာမွထိခိုက္ဒဏ္ရာ မရွိတဲ့အတြက္ေၾကာင့္မို႕ ဘာမွေတာ့ ျပန္မပစ္ဘူး။ ဒီအတိုင္းပဲ ေနေနတယ္။”

ပစ္ခတ္မႈအတြင္း မင္းျပားၿမိဳ႕ခံေတြ ေသဆုံး ထိခိုက္ဒဏ္ရာရတဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး မသိရွိေၾကာင္း ေျပာပါတယ္။

ျပီးခဲ့တဲ့ရက္ေတြတုန္းကလည္း မင္းျပားၿမိဳ႕ ရာေမာင္တံတားအနီးမွာ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေတြ ရန္ကုန္ကားလမ္း ပိတ္ဆို႔သြားျပီး ကားအသြားအလာ ယာယီရပ္ဆိုင္းခဲ့ပါတယ္။

ဒီေန႔မနက္မွာလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ ေက်ာက္ရန္ေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ပြားခဲ့လို႔ရြာသားေတြတိမ္းေရွာင္ထြက္ ေျပးေနရတယ္ဆိုျပီး ေက်ာက္ရန္ရြာသား တဦးက ေျပာပါတယ္။

“ေမယုျမစ္ရဲ႕ အေရွ႕ဘက္ျခမ္းမွာ တိုက္ပြဲျဖစ္တယ္။ ေရစိုးေခ်ာင္းဗ်ဴဟာကေန ေက်ာက္ရန္ဆိုတဲ့ ရြာကိုဆင္းတဲ့အခ်ိန္မွာ တိုက္ပြဲျဖစ္တယ္ မနက္က။ အဲဒီအနားမွာေတာ့ ထိေတြ႕တိုက္ပြဲ တနာရီခြဲေလာက္ၾကာတယ္။ တိုက္ပြဲျပင္းေနတယ္ ေျပာရမွာေပါ့။ ရေသ့ေတာင္ၿမိဳ႕ေပၚကေနတပ္ေတြကလည္း လက္နက္ၾကီးေတြနဲ႔ပစ္တာ။ ၁၁ နာရီေလာက္မွရပ္သြားတာ။ ရြာကလူေတြကေတာ့ တိုက္ပြဲျဖစ္ကတည္းက ထြက္ေျပးၾကတယ္။”

မေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ တိုက္ပြဲျပင္းထန္ျဖစ္ပြားခဲ့ပါတယ္။

ဒီတိုက္ပြဲအတြင္း ကုလားတန္ျမစ္ေပၚ ေျပးဆြဲေနတဲ့ စက္ေလွ တစီး လက္နက္က်ည္ထိမွန္ခဲ့ျပီး ခရီးသည္ အမ်ိဳးသား သံုးဦးနဲ႔အမ်ိဳး သမီး တဦး အေပါင္း၄ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ သူတို႕ကိုလက္ရွိတြင္ ေက်ာက္ေတာ္ေဆးရုံကို ပို႔ေဆာင္ထားရပါတယ္။

ဒါ့အျပင္ေက်ာက္ေတာ္ ပလက္၀ေရေၾကာင္းသြား စက္ေလွ၅ စီးကို ေက်ာက္ေတာ္ၿမိဳ႕အနီး တပ္မေတာ္က တားဆီးၿပီး စစ္ေဆးခဲ့ရာမွာ ပလက္ဝၿမိဳ႕နယ္က ရခိုင္လူငယ္ညီလာခံ AYCကိုယ္စားလွယ္ ကိုေက်ာ္လွနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္က အမ်ိဳးသားတစ္ဦးကို တပ္မေတာ္က ဖမ္းဆီးသြားတယ္လို႔ ရခိုင္လူငယ္ညီလာခံ AYC တာ၀န္ရွိသူ တဦးျဖစ္တဲ့ ကို၀င္းေဇာ္က ေျပာပါတယ္။

“မေန႔က ကိုေက်ာ္လွတို႕က ေက်ာက္ေတာ္ကို သူတို႔သြားတယ္ေပါ့ေနာ္။ အဲဒီအခ်ိန္မွာ တင္းမရြာထဲမွာ ပစ္ခတ္ မႈျဖစ္ၿပီးေတာ့ အဲဒီစက္ေလွကို ရပ္ခိုင္းတယ္။ ရပ္ထိုင္းၿပီးေတာ့သူတို႔ဟာ တခ်ိဳ႕အမ်ိဳးသမီးေတြက် က်န္တဲ့ခရီးသည္ေတြက် လႊတ္လိုက္တယ္။ ကိုေက်ာ္လွရယ္ ေနာက္ ဘူးသီးေတာင္က လူငယ္ တေယာက္ကိုေတာ့ ဖမ္းဆီးသြားတယ္ေပါ့ေနာ္။ သူတို႔ ေက်ာက္ေတာ္တပ္ဘက္ကို ဖမ္းဆီးသြားတယ္။ အဲဒီလိုသတင္းရတယ္ခင္ဗ်။”

ျပီးခဲ့တဲ့ေဖေဖၚ၀ါရီ ၂၆ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေရႊျပည္ေက်းရြာကေန ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ကို ေျပးဆြဲေနတဲ့ စက္ေလွ တစီးကို တင္းမေက်းရြာအနီး စခန္းခ်ထားတဲ့ ျမန္မာစစ္တပ္က တားဆီးျပီး စက္ေလွေပၚ ပါလာတဲ့ လူ ၆ ဦးကို ဖမ္းဆီးထားျပီး ယေန႔တိုင္လြတ္ေျမာက္တာ မရွိေသးဘူးလို႔ မိသားစု၀င္တဦးကေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်းရြာမွာ ခရီးသည္ေတြကို ျမန္မာစစ္တပ္ကေန စစ္ေဆးျပီး မသကၤာသူေတြကိုဖမ္းဆီး ထိန္းသိမ္းထားတာနဲ႔ ပတ္သက္လို႔ ဗိုလ္မွဴးၾကီး ၀င္းေဇာ္ဦးက မသိရွိေသးေၾကာင္း ေျပာပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသအတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ တိုက္ပြဲျဖစ္ပြားေနတာ တႏွစ္ ေက်ာ္ၾကာျမင့္လာသလို တိုက္ပြဲရဲ႕ေနာက္ဆက္တြဲအျဖစ္ ထိခိုက္ဒဏ္ရာရသူအရပ္သား ၂၃၀ ေက်ာ္ ေသဆုံးသူ၁၂၀ ေက်ာ္နဲ႔ သံသယနဲ႔ အဖမ္းဆီးခံရသူ ၃၀၀ ေက်ာ္ ရွိမယ္လို႔ ရခိုင္အရပ္ဘက္အဖြဲ႕အစည္းေတြက ဒီႏွစ္ဆန္းမွာ စရင္းေကာက္ယူထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မင်းပြားဘက် တိုက်ခိုက်မှု အရပ်သား သေဆုံး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်းမှာ တပ်မတော် ရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဒီကနေ့ မနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာ နှစ်ဘက်လုံးက အတည်ပြု ပြောဆိုပါတယ်။ ဒီတိုက်ပွဲကြောင့် မင်းပြားမြို့ခံ အမျိုးသားတဦး သေဆုံးပြီး ကလေးငယ် နှစ်ဦးအပါအဝင် နောက်ထပ် အရပ်သားငါးဦးလည်း ဒဏ်ရာရသွားပါတယ်။ ဘူးသီးတောင်နဲ့ ကျောက်တော်ဘက်မှာလည်း တိုက်ပွဲဖြစ်တာတွေ ရှိခဲ့ပြီး ဒေသခံတွေ တိမ်းရှောင်နေရသလို တပ်မတော်က ဖမ်းဆီးတာတွေ လည်းရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

မင်းပြားမြို့ ကြပ်စင်တံတားအနီး မြန်မာစစ်တပ်ရေတပ်သင်္ဘောကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။

“ဒီနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ မနက် ၂ နာရီလောက်မှာ စစ်သားတွေ လက်နက်ခဲယမ်းတွေ အပြည့်သယ်ဆောင်ပြီးတော့ စစ်ကူလာပို့တဲ့ မြန်မာရေတပ်ဇက်သင်္ဘော၃ စီးကို မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးမှာ ကျနော်တို့ ရခိုင် တပ်တော်ဘက်ကနေ ဟန့်တား ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီအချိန်တို တိုက်ခိုက်မှုအတွင်းမှာ မြန်မာစစ်တပ်ဘက်က အထိခိုက်အကျဆုံးတွေတော့ များတယ်ဗျ။”

ဒီလိုပစ်ခတ်မှုဖြစ်စဉ်အတွင်း မင်းပြားမြို့ အစွန်ဘက်က မင်းဘာကြီးရပ်ကွက်မှာ လက်နက်ကျရောက်ခဲ့လို့ မြို့ခံအမျိုးသမီး တဦး သေဆုံးပြီး၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့မြို့ခံ ကိုစံရွှေက ပြောပါတယ်။

“ညနှစ်နာရီကျော်ကျော်လောက် တိုက်ပွဲဖြစ်တော့ အဲဒီကနေပြီးတော့ဆုတ်လာတဲ့ တပ်ကနေပြီးတော့ မြို့ထဲမှာ အဲဒီမင်းဘာကြီးရပ်ကွက်မှာ နေပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ပစ်တော့ အမျိုးသမီး တယောက် သေသွားတယ်တယ်။ နောက် လူ ၅ ယောက်လောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ဆေးရုံမှာလို့ ပြောတယ်။ မြို့သူမြို့သားတွေအခြေအနေကတော့ အခုအချိန်ကတော့ တော်တော်လေးကြောက်လန့်နေကြတယ်ပေါ့။ ကြပ်စင်တံတားပိုင်း မြေပုံဘက်ထွက်ပေါက် နောက်ပြီး ပေါက်တောဘက် ထွက်ပေါက်တွေမှာကတော့ အခုလုံခြုံရေးချပြီးတော့ တပ်က စစ်ဆေးမှုတွေ လုပ်နေတယ်။”

ဒဏ်ရာရသူ ၅ ဦးထဲမှာ ၁၁ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးနှစ်ဦးပါပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးကို စစ်တွေဆေးရုံကိုပို့ဆောင်ရမယ့် အခြေအနေရှိနေသလို ကျန် ၄ ဦးကတော့ မင်းပြားဆေးရုံမှာ ဆေးကုသ ခံယူနေရပါတယ်။

မင်းပြားမြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“မင်းပြားမှာ ညတုန်းက ကမ်းထိုးယာဉ်ကိုပစ်တာ ဒါပဲရှိတယ်။ ကျန်တာဖြစ်တာ ဘာမှမရှိဘူး။ ကျနော်တို့ ညတုန်းက ကမ်းထိုးယာဉ်နဲ့အုပ်ချုပ်မှုကိစ္စလုပ်တဲ့အချိန် ဒါကိုအဝေးက လှမ်းပစ်တာ ဘာမှထိခိုက်ဒဏ်ရာ မရှိတဲ့အတွက်ကြောင့်မို့ ဘာမှတော့ ပြန်မပစ်ဘူး။ ဒီအတိုင်းပဲ နေနေတယ်။”

ပစ်ခတ်မှုအတွင်း မင်းပြားမြို့ခံတွေ သေဆုံး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသိရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း မင်းပြားမြို့ ရာမောင်တံတားအနီးမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တွေ ရန်ကုန်ကားလမ်း ပိတ်ဆို့သွားပြီး ကားအသွားအလာ ယာယီရပ်ဆိုင်းခဲ့ပါတယ်။

ဒီနေ့မနက်မှာလည်း ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ရွာသားတွေတိမ်းရှောင်ထွက် ပြေးနေရတယ်ဆိုပြီး ကျောက်ရန်ရွာသား တဦးက ပြောပါတယ်။

“မေယုမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်တယ်။ ရေစိုးချောင်းဗျူဟာကနေ ကျောက်ရန်ဆိုတဲ့ ရွာကိုဆင်းတဲ့အချိန်မှာ တိုက်ပွဲဖြစ်တယ် မနက်က။ အဲဒီအနားမှာတော့ ထိတွေ့တိုက်ပွဲ တနာရီခွဲလောက်ကြာတယ်။ တိုက်ပွဲပြင်းနေတယ် ပြောရမှာပေါ့။ ရသေ့တောင်မြို့ပေါ်ကနေတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ပစ်တာ။ ၁၁ နာရီလောက်မှရပ်သွားတာ။ ရွာကလူတွေကတော့ တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးကြတယ်။”

မနေ့ကလည်း ကျောက်တော်မြို့နယ် တင်းမရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း ကုလားတန်မြစ်ပေါ် ပြေးဆွဲနေတဲ့ စက်လှေ တစီး လက်နက်ကျည်ထိမှန်ခဲ့ပြီး ခရီးသည် အမျိုးသား သုံးဦးနဲ့အမျိုး သမီး တဦး အပေါင်း၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ကိုလက်ရှိတွင် ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ဒါ့အပြင်ကျောက်တော် ပလက်ဝရေကြောင်းသွား စက်လှေ၅ စီးကို ကျောက်တော်မြို့အနီး တပ်မတော်က တားဆီးပြီး စစ်ဆေးခဲ့ရာမှာ ပလက်ဝမြို့နယ်က ရခိုင်လူငယ်ညီလာခံ AYCကိုယ်စားလှယ် ကိုကျော်လှနဲ့ ဘူးသီးတောင်မြို့နယ်က အမျိုးသားတစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ရခိုင်လူငယ်ညီလာခံ AYC တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုဝင်းဇော်က ပြောပါတယ်။

“မနေ့က ကိုကျော်လှတို့က ကျောက်တော်ကို သူတို့သွားတယ်ပေါ့နော်။ အဲဒီအချိန်မှာ တင်းမရွာထဲမှာ ပစ်ခတ် မှုဖြစ်ပြီးတော့ အဲဒီစက်လှေကို ရပ်ခိုင်းတယ်။ ရပ်ထိုင်းပြီးတော့သူတို့ဟာ တချို့အမျိုးသမီးတွေကျ ကျန်တဲ့ခရီးသည်တွေကျ လွှတ်လိုက်တယ်။ ကိုကျော်လှရယ် နောက် ဘူးသီးတောင်က လူငယ် တယောက်ကိုတော့ ဖမ်းဆီးသွားတယ်ပေါ့နော်။ သူတို့ ကျောက်တော်တပ်ဘက်ကို ဖမ်းဆီးသွားတယ်။ အဲဒီလိုသတင်းရတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ပြေးဆွဲနေတဲ့ စက်လှေ တစီးကို တင်းမကျေးရွာအနီး စခန်းချထားတဲ့ မြန်မာစစ်တပ်က တားဆီးပြီး စက်လှေပေါ် ပါလာတဲ့ လူ ၆ ဦးကို ဖမ်းဆီးထားပြီး ယနေ့တိုင်လွတ်မြောက်တာ မရှိသေးဘူးလို့ မိသားစုဝင်တဦးကပြောပါတယ်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ ခရီးသည်တွေကို မြန်မာစစ်တပ်ကနေ စစ်ဆေးပြီး မသင်္ကာသူတွေကိုဖမ်းဆီး ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မသိရှိသေးကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ တနှစ် ကျော်ကြာမြင့်လာသလို တိုက်ပွဲရဲ့နောက်ဆက်တွဲအဖြစ် ထိခိုက်ဒဏ်ရာရသူအရပ်သား ၂၃၀ ကျော် သေဆုံးသူ၁၂၀ ကျော်နဲ့ သံသယနဲ့ အဖမ်းဆီးခံရသူ ၃၀၀ ကျော် ရှိမယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနှစ်ဆန်းမှာ စရင်းကောက်ယူထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG