သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ မင္းျပားတိုက္ပဲြ ဖားေပ်ာ္ရြာသားတေထာင္ခန္႔ ပိတ္မိ


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ဖားေပ်ာ္ေက်းရြာအတြင္း ျမန္မာစစ္တပ္ကေန ေနရာယူ တပ္စြဲထားတာေၾကာင့္ ရြာသားေတြ အျပင္သြားလာခြင့္မရွိ ပိတ္မိေနၿပီး က်န္းမာေရး စားေသာက္ေနထိုင္ေရးနဲ႔ လုံၿခံဳေရးအရ စိုးရိမ္ေနၾကပါတယ္။ ေသာၾကာေန႔က မင္းျပား ရာေမာင္တံတားအနီး တိုက္ပြဲအၿပီး ဖားေပ်ာ္ရြာဘက္ကို တပ္စြဲထားတာပါ။ ဒါ့အျပင္ ေျမာက္ဦးၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲအတြင္း ရြာသားေတြ ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရခိုင္ေဒသအတြင္း တင္းမာမႈ အေျခအေနကိုေတာ့ ဗီြအိုေအ ျမန္မာပုိင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး တိုက္ပြဲအၿပီး ျမန္မာစစ္တပ္ဘက္ကေန ဖားေပ်ာ္ေက်းရြာအတြင္း ေနရာယူထားလို႔ ဖားေပ်ာ္ရြာသားေတြ ရြာအတြင္းအျပင္ ထြက္ခြာသြားလာခြင့္မရဘဲ ပိတ္မိေနတဲ့ အေျခအေနမွာ ရွိေနတာပါ။

ဖားေပ်ာ္ရြာအတြင္း ရြာသားတေထာင္ခန္႔ ပိတ္မိေနတာေၾကာင့္ လုံၿခံဳေရးအရ စိုးရိမ္ေနၾကတယ္လို႔ ဖားေပ်ာ္ရြာသားတဦးက ေျပာပါတယ္။

“သူတို႔က ေနရာယူေနၾကတယ္ ရြာထဲမွာ။ ရြာထဲမွာ အခု စခန္းခ်ထားတာ။ လုံၿခံဳေရးကေတာ့ စိုးရိမ္ေၾကာင့္က်မႈကေတာ့ သူတို႔ တဖက္နဲ႔တဖက္ ပစ္ရင္ ရြာသားေတြကေတာ့ အကုန္လုံး စိုးရိမ္ရတယ္။ အဲဒါကို ထြက္ခြင့္ေတာင္းဆိုေနၾကတယ္။ ထြက္ခြင့္ အမိန္႔မေပးဘူး။ ၿမိဳ႕ေပၚကလူႀကီးေတြ တေယာက္မွလည္း လာၿပီး မကူညီဘူး။ ရြာသားေတြက တေထာင္ေလာက္ရွိတယ္။ ပိတ္မိေနတယ္ အကုန္လုံး။”

မေန႔ကစၿပီး ဖားေပ်ာ္ရြာကို ျမန္မာစစ္တပ္ကေန ၀ိုင္းပတ္ပိတ္ဆို႔ထားလို႔ ရြာသားေတြ အခက္ေတြ႔ေနရတယ္လို႔ အဆိုပါ ဖားေပ်ာ္ရြာသားကပဲ ဆက္ေျပာပါတယ္။

“ဖားေပ်ာ္ရြာထဲမွာ အကုန္လုံးဟာ အစာေရစာငတ္မလို ျဖစ္ေနၾကတယ္ေလ။ ကယ္ဆယ္ေရးလည္း ေပးမသြားလို႔ အျပင္ထြက္ရင္လည္း ပစ္မယ္တဲ့။ ဟို ရြာထဲကိုလည္း မ၀င္ရ။ လူနာေတြလည္း ေဆးမကုရ။ လူနာ ၂ ေယာက္ရွိတယ္။ တေယာက္ကေတာ့ သူတို႔ႏွိပ္စက္တာေပ့ါ ရတဲ့ဒဏ္ရာ။ ေနာက္တေယာက္ကေတာ့ အဖိုးႀကီးေလ သူ႔ဟာသူ ေနမေကာင္းလို႔။ ေဆးလည္း မကုရ။ ၿမိဳ႕သြားဖို႔လည္းမရ ျဖစ္ေနတယ္။”

ၿပီးခဲ့တဲ့ေသာၾကာေန႔က မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး ဇက္ဆိပ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား မနက္ပိုင္းကစလို႔ တေနကုန္ တုိက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ဒီတိုက္ပြဲျဖစ္စဥ္အတြင္း ႏွစ္ဖက္ လက္နက္ကိုင္တပ္ဖြဲ႔ေတြ က်ဆုံးမႈရွိခဲ့သလို အရပ္သား ၆ ဦးေလာက္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။

ရာေမာင္ဘက္က ေဒသခံတရာခန္႔လည္း ဖားေပ်ာ္ရြာအတြင္း စစ္တိမ္းေရွာင္ရင္း ပိတ္မိေနတာပါ။

မေန႔မနက္ အေစာပိုင္းမွာလည္း ေျမာက္ဦးၿမိဳ႕နယ္ ရြာေဟာင္းေတာေက်းရြာအုပ္စု ေမာင္သာကုန္းေက်းရြာဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ေျမာက္ဦးၿမိဳ႕နယ္ ေမာင္သာကုန္းေက်းရြာအနီးမွာ မနက္ ၃ နာရီ ၂၅ မိနစ္မွာ ရန္သူရဲ႕ စစ္ကား ၃ စီးအထဲက တစီးကို က်ေနာ္တုိ႔ ရခိုင့္တပ္ေတာ္ကေနၿပီးေတာ့ ထိေရာက္စြာ တိုက္ခိုက္ႏုိင္ခဲ့တာ ရွိတယ္။ ထိခိုက္က်ဆုံးမႈ အေသးစိတ္က်ေတာ့ ေလာေလာဆယ္ မသိရေသးဘူး။”

ေျမာက္ဦးၿမိဳ႕နယ္ ေမာင္သာကုန္းေက်းရြာဘက္ ပစ္ခတ္တိုက္ခိုက္မႈ အတြင္းမွာေတာ့ ေက်းရြာသားတဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ရြာအုပ္ခ်ဳပ္ေရးအဖြဲ႔၀င္တဦးက ေျပာပါတယ္။

“ဗမာ့တပ္မေတာ္ဘက္က ပန္းေျမာင္းဘက္ကေန ကူးလာတာ။ သူတို႔ကို ၿမိဳ႕တြင္းမွာရွိတဲ့ တပ္ရင္းကေနၿပီးေတာ့ ကားနဲ႔သြားယူတာ။ က်ေနာ္တုိ႔ရြာရဲ႕ အေရွ႕ဘက္ တာ၀ါတိုင္နားမွာ ရခိုင့္တပ္ေတာ္ကေနၿပီးေတာ့ RPG နဲ႔ လွမ္းပစ္တာ။ သူတို႔ဆီမွာ ထိလားမထိလား က်ေနာ္လည္း မသိဘူး။ ဗမာ့တပ္မေတာ္ကေနၿပီးေတာ့ ရန္သူကိုမပစ္ဘဲ ျပည္သူကိုလွမ္းပစ္တာ ရြာထဲကို ေသနတ္နဲ႔ပစ္ေတာ့ က်ေနာ္တုိ႔ရြာရဲ႕ အေရွ႕ဘက္က ဆန္စက္ရွင္ ေက်ာကုန္းမွာ ဒဏ္ရာရသြားတယ္။ သူ႔ေက်ာကုန္းမွာ ၀င္သြားတဲ့ က်ည္က အျပင္မွမထြက္တာ။ က်ေနာ္တုိ႔ မနက္အေစာ ေဆး႐ုံကို ပို႔ေပးလိုက္ရတယ္။ ေျမာက္ဦးေဆး႐ုံႀကီးကို။”

ဒီကေန႔မွာ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာဘက္နဲ႔ ပလက္၀ၿမိဳ႕နယ္ မီးေခ်ာင္းဘက္မွာ ႏွစ္ဖက္တပ္ဖြဲ႔ေတြ ၉ ရက္ခန္႔ တိုက္ပြဲျဖစ္ပြားေနဆဲလို႔ AA ေျပာခြင့္ရ ခိုင္သုခက ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲျဖစ္ပြားမႈနဲ႔ မင္းျပားၿမိဳ႕နယ္ ဖားေပ်ာ္ရြာသားေတြ ပိတ္မိေနတဲ့ အေျခအေနကို တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးနဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရသူကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

ေက်ာက္ေတာ္နဲ႔ ပလက္၀ၿမိဳ႕နယ္ အစပ္ဘက္မွာ ျဖစ္ပြားခဲ့တဲ့ တုိက္ပဲြေၾကာင့္ ကုလားတန္ျမစ္ ေရလမ္းေၾကာင္း ပိတ္ေနသလို ပလက္၀ၿမိဳ႕နယ္ကိုသြားမယ့္ ခရီးသည္ေပါင္း ၁ဝဝ ေက်ာ္ ေက်ာက္ေတာ္ၿမိဳ႕မွာ ၁၀ ရက္ၾကာ ပိတ္မိေနပါတယ္။

ဒီ ေဖေဖာ္၀ါရီလဆန္းကေန ဒီကေန႔အထိ ျဖစ္ပြားခဲ့တဲ့ ရခိုင္ေဒသ တိုက္ပြဲအတြင္း အရပ္သား ၉ ဦး ေသဆုံးခဲ့ၿပီးေတာ့ ၆၀ ေက်ာ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါတယ္။

အထူးသျဖင့္ ေဖေဖာ္၀ါရီ ၁၃ ရက္ေန႔တုန္းက ဘူးသီးေတာင္ၿမိဳ႕နယ္ ႏွစ္ဖက္တိုက္ပြဲအတြင္း ခမီးေခ်ာင္းေက်းရြာ စာသင္ေက်ာင္းဘက္ကို လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့လို႔ ေက်ာင္းသား ၂၁ ဦး ဒဏ္ရာရရွိသြားခဲ့သလို ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ေမ်ာက္ေတာင္၊ ဒါးျဖဴနဲ႔ ေတာင္ေဘြရြာဘက္ကို လက္နက္ႀကီးက်ည္က် ေပါက္ကြဲလို႔ ကေလးငယ္တဦး ေသဆုံးၿပီး ကေလး ၂ ဦး အပါအ၀င္ ရြာသား ၄ ေယာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

ဒီပစ္ခတ္မႈကိုေတာ့ တပ္မေတာ္ဘက္ကေရာ AA ဘက္ကပါ အျပန္အလွန္ စြပ္စြဲေနၾကပါတယ္။

ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသားလက္နက္ကုိင္အဖဲြ႔ AA တုိ႔ၾကား တုိက္ပဲြေတြအတြင္း ကေလးငယ္ေတြ ထိခုိက္ဒဏ္ရာရမႈအတြက္ ျမန္မာႏုိင္ငံအေျခစုိက္ အေမရိကန္္နဲ႔ ၿဗိတိသွ် သံအမတ္ႀကီးေတြကလည္း စုိးရိမ္ေၾကာင္းနဲ႔ ကေလးေတြကုိ အကာအကြယ္ေပးဖုိ႔ ေၾကညာခ်က္ေတြ အသီးသီးထုတ္ျပန္ တုိက္တြန္းခဲ့ၾကပါတယ္။

----------------------------

(Unicode)

ရခိုင် မင်းပြားတိုက်ပွဲ ဖားပျော်ရွာသားတထောင်ခန့် ပိတ်မိ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအတွင်း မြန်မာစစ်တပ်ကနေ နေရာယူ တပ်စွဲထားတာကြောင့် ရွာသားတွေ အပြင်သွားလာခွင့်မရှိ ပိတ်မိနေပြီး ကျန်းမာရေး စားသောက်နေထိုင်ရေးနဲ့ လုံခြုံရေးအရ စိုးရိမ်နေကြပါတယ်။ သောကြာနေ့က မင်းပြား ရာမောင်တံတားအနီး တိုက်ပွဲအပြီး ဖားပျော်ရွာဘက်ကို တပ်စွဲထားတာပါ။ ဒါ့အပြင် မြောက်ဦးမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲအတွင်း ရွာသားတွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ဒေသအတွင်း တင်းမာမှု အခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

မင်းပြားမြို့နယ် ရာမောင်တံတားအနီး တိုက်ပွဲအပြီး မြန်မာစစ်တပ်ဘက်ကနေ ဖားပျော်ကျေးရွာအတွင်း နေရာယူထားလို့ ဖားပျော်ရွာသားတွေ ရွာအတွင်းအပြင် ထွက်ခွာသွားလာခွင့်မရဘဲ ပိတ်မိနေတဲ့ အခြေအနေမှာ ရှိနေတာပါ။

ဖားပျော်ရွာအတွင်း ရွာသားတထောင်ခန့် ပိတ်မိနေတာကြောင့် လုံခြုံရေးအရ စိုးရိမ်နေကြတယ်လို့ ဖားပျော်ရွာသားတဦးက ပြောပါတယ်။

“သူတို့က နေရာယူနေကြတယ် ရွာထဲမှာ။ ရွာထဲမှာ အခု စခန်းချထားတာ။ လုံခြုံရေးကတော့ စိုးရိမ်ကြောင့်ကျမှုကတော့ သူတို့ တဖက်နဲ့တဖက် ပစ်ရင် ရွာသားတွေကတော့ အကုန်လုံး စိုးရိမ်ရတယ်။ အဲဒါကို ထွက်ခွင့်တောင်းဆိုနေကြတယ်။ ထွက်ခွင့် အမိန့်မပေးဘူး။ မြို့ပေါ်ကလူကြီးတွေ တယောက်မှလည်း လာပြီး မကူညီဘူး။ ရွာသားတွေက တထောင်လောက်ရှိတယ်။ ပိတ်မိနေတယ် အကုန်လုံး။”

မနေ့ကစပြီး ဖားပျော်ရွာကို မြန်မာစစ်တပ်ကနေ ဝိုင်းပတ်ပိတ်ဆို့ထားလို့ ရွာသားတွေ အခက်တွေ့နေရတယ်လို့ အဆိုပါ ဖားပျော်ရွာသားကပဲ ဆက်ပြောပါတယ်။

“ဖားပျော်ရွာထဲမှာ အကုန်လုံးဟာ အစာရေစာငတ်မလို ဖြစ်နေကြတယ်လေ။ ကယ်ဆယ်ရေးလည်း ပေးမသွားလို့ အပြင်ထွက်ရင်လည်း ပစ်မယ်တဲ့။ ဟို ရွာထဲကိုလည်း မဝင်ရ။ လူနာတွေလည်း ဆေးမကုရ။ လူနာ ၂ ယောက်ရှိတယ်။ တယောက်ကတော့ သူတို့နှိပ်စက်တာပေ့ါ ရတဲ့ဒဏ်ရာ။ နောက်တယောက်ကတော့ အဖိုးကြီးလေ သူ့ဟာသူ နေမကောင်းလို့။ ဆေးလည်း မကုရ။ မြို့သွားဖို့လည်းမရ ဖြစ်နေတယ်။”

ပြီးခဲ့တဲ့သောကြာနေ့က မင်းပြားမြို့နယ် ရာမောင်တံတားအနီး ဇက်ဆိပ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား မနက်ပိုင်းကစလို့ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေ ကျဆုံးမှုရှိခဲ့သလို အရပ်သား ၆ ဦးလောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရာမောင်ဘက်က ဒေသခံတရာခန့်လည်း ဖားပျော်ရွာအတွင်း စစ်တိမ်းရှောင်ရင်း ပိတ်မိနေတာပါ။

မနေ့မနက် အစောပိုင်းမှာလည်း မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာအုပ်စု မောင်သာကုန်းကျေးရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာအနီးမှာ မနက် ၃ နာရီ ၂၅ မိနစ်မှာ ရန်သူရဲ့ စစ်ကား ၃ စီးအထဲက တစီးကို ကျနော်တို့ ရခိုင့်တပ်တော်ကနေပြီးတော့ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့တာ ရှိတယ်။ ထိခိုက်ကျဆုံးမှု အသေးစိတ်ကျတော့ လောလောဆယ် မသိရသေးဘူး။”

မြောက်ဦးမြို့နယ် မောင်သာကုန်းကျေးရွာဘက် ပစ်ခတ်တိုက်ခိုက်မှု အတွင်းမှာတော့ ကျေးရွာသားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဗမာ့တပ်မတော်ဘက်က ပန်းမြောင်းဘက်ကနေ ကူးလာတာ။ သူတို့ကို မြို့တွင်းမှာရှိတဲ့ တပ်ရင်းကနေပြီးတော့ ကားနဲ့သွားယူတာ။ ကျနော်တို့ရွာရဲ့ အရှေ့ဘက် တာဝါတိုင်နားမှာ ရခိုင့်တပ်တော်ကနေပြီးတော့ RPG နဲ့ လှမ်းပစ်တာ။ သူတို့ဆီမှာ ထိလားမထိလား ကျနော်လည်း မသိဘူး။ ဗမာ့တပ်မတော်ကနေပြီးတော့ ရန်သူကိုမပစ်ဘဲ ပြည်သူကိုလှမ်းပစ်တာ ရွာထဲကို သေနတ်နဲ့ပစ်တော့ ကျနော်တို့ရွာရဲ့ အရှေ့ဘက်က ဆန်စက်ရှင် ကျောကုန်းမှာ ဒဏ်ရာရသွားတယ်။ သူ့ကျောကုန်းမှာ ဝင်သွားတဲ့ ကျည်က အပြင်မှမထွက်တာ။ ကျနော်တို့ မနက်အစော ဆေးရုံကို ပို့ပေးလိုက်ရတယ်။ မြောက်ဦးဆေးရုံကြီးကို။”

ဒီကနေ့မှာ ကျောက်တော်မြို့နယ် တင်းမရွာဘက်နဲ့ ပလက်ဝမြို့နယ် မီးချောင်းဘက်မှာ နှစ်ဖက်တပ်ဖွဲ့တွေ ၉ ရက်ခန့် တိုက်ပွဲဖြစ်ပွားနေဆဲလို့ AA ပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနဲ့ မင်းပြားမြို့နယ် ဖားပျော်ရွာသားတွေ ပိတ်မိနေတဲ့ အခြေအနေကို တပ်မတော် သတင်းမှန်ပြန်ကြားရေးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ကျောက်တော်နဲ့ ပလက်ဝမြို့နယ် အစပ်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကုလားတန်မြစ် ရေလမ်းကြောင်း ပိတ်နေသလို ပလက်ဝမြို့နယ်ကိုသွားမယ့် ခရီးသည်ပေါင်း ၁ဝဝ ကျော် ကျောက်တော်မြို့မှာ ၁၀ ရက်ကြာ ပိတ်မိနေပါတယ်။

ဒီ ဖေဖော်ဝါရီလဆန်းကနေ ဒီကနေ့အထိ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသ တိုက်ပွဲအတွင်း အရပ်သား ၉ ဦး သေဆုံးခဲ့ပြီးတော့ ၆၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အထူးသဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တုန်းက ဘူးသီးတောင်မြို့နယ် နှစ်ဖက်တိုက်ပွဲအတွင်း ခမီးချောင်းကျေးရွာ စာသင်ကျောင်းဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကျောင်းသား ၂၁ ဦး ဒဏ်ရာရရှိသွားခဲ့သလို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မျောက်တောင်၊ ဒါးဖြူနဲ့ တောင်ဘွေရွာဘက်ကို လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ ကလေးငယ်တဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ရွာသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှုကိုတော့ တပ်မတော်ဘက်ကရော AA ဘက်ကပါ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေအတွင်း ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရမှုအတွက် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်နဲ့ ဗြိတိသျှ သံအမတ်ကြီးတွေကလည်း စိုးရိမ်ကြောင်းနဲ့ ကလေးတွေကို အကာအကွယ်ပေးဖို့ ကြေညာချက်တွေ အသီးသီးထုတ်ပြန် တိုက်တွန်းခဲ့ကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG