သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္းမွာ မိုင္းအႏၲရာယ္ အသိပညာေပးေရး လုပ္ေဆာင္မယ္


မိုင္းေၾကာင့္ ေျခတဘက္ ဆံုးရံႈးခဲ့သူတဦး (မွတ္တမ္းဓာတ္ပံု-ဇန္န၀ါရီ၊ ၂၄၊ ၂၀၁၃)

(Zawgyi/Unicode)

လက္နက္ကိုင္ပဋိပကၡျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ေျမျမႇဳပ္မိုင္း အႏၲရာယ္ေလွ်ာ့ခ်ေရး အသိပညာေပးဖို႔ အရပ္ဖက္ အဖြဲ႔ အစည္းေတြ ႀကိဳးပမ္းေနပါတယ္။ ႏွစ္ဘက္တိုက္ပြဲေတြ ဆက္ၿပီး ျပင္းထန္ေနခ်ိန္မွာပဲ ေျမျမႇဳပ္မိုင္းေၾကာင္ ့ အရပ္သားေတြ ထိခိုက္ေသဆံုးတာလည္း ပိုမ်ားလာေနတဲ့အတြက္ အခုလို ႀကိဳးပမ္းလာၾကတာပါ။ ဒီအေၾကာင္း ဗီြအိုေအ သတင္းေထာက္ႏိုင္ကြန္းအိန္္က သတင္းေပးပို႔ထားပါတယ္။

စစ္ေရးတင္းမာေနဆဲ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဆင္ေသျပင္ မြတ္ဆလင္ေက်းရြာက ႏြားေက်ာင္းသြားတဲ့ ရြာသား အမ်ိဳးသား တဦး ဒီေန႔ နံနက္ပိုင္းမွာ မိုင္းနင္းမိၿပီး ေသဆံုးသြားတယ္လို႕ မိသားစု၀င္ တဦးကေျပာပါတယ္။

“ဟုတ္ကဲ့ပါ။ ေသဆုံးသြားၿပီးပါ။ သူရဲ႕ႏြားေက်ာင္းဖို႔ သြားတဲ့အခ်ိန္မွာပါ။ မနက္ ၈ နာရီခြဲမွာေပါ့ေလ။ သူႏြားေက်ာင္းဖို႕ သြားရာမွာ မိုင္းနင္းေပါက္တာလို႕။ ေဆးရံုမွာ သြားမဲ့ဟာအခ်ိ န္မွာပဲ သူေသဆုံးသြားတာပါ။ မိုင္းဆိုရင္ ဘယ္လိုမ်ိဳး မိုင္းလည္း မသိနိုင္ပါခင္ဗ်။”

ေသဆံုးသူဟာ အသက္ ၆၅ ႏွစ္အရြယ္ မာေမာက္အိႏုစ္ ျဖစ္ၿပီး ရြာေျမာက္ဘက္ ေတာင္ကုန္းအနီးမွာ မိုင္းနင္းမိလို႕ ေျခေထာက္ေတြမွာ ဒဏ္ရာျပင္းထန္စြာရရွိတဲ့ အတြက္ ေဆးရံုပို႔ေပမယ့္ မမီွဘဲ ေသဆုံးသြားတယ္လို႕ဆိုပါတယ္။ ဒီမိုင္းကို ဘယ္အဖြဲ႕က ေထာင္ထားတယ္ ဆိုတာေတာ့ မသိရေသးပါဘူး။

ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔ တိုက္ပဲြျဖစ္ပြားေနတဲ့ ၿမိဳ႕နယ္ေတြမွာ မိုင္းေပါက္ကဲြမႈေတြ မၾကာခဏ ျဖစ္ေပၚေနၿပီး ေသဆံုး၊ ဒဏ္ရာရမႈေတြ မ်ားလာေနတာပါ။ ဒါေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ အပါအဝင္ ၿမိဳ႕နယ္ ၆ ခုမွာ မိုင္းအႏၱရာယ္ ေလ်ာ့ခ်ေရး အသိပညာေပး အစီစဥ္ကို မတ္လဆန္းမွာ စတင္ လုပ္ေဆာင္သြားမယ္လို႕ ရခိုင္ တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရုံး REC အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္း ကေျပာပါတယ္။

“မေပါက္ကြဲေသးတဲ့ လက္နက္ခဲယမ္းေတြကို အမႈမဲ့၊ အမွတ္မဲ့ ေကာက္ကိုင္တာတို႕ အႏၱရာယ္ကို နားမလည္ဘဲနဲ႕ ေဆာ့ ကစားတာမ်ိဳးေပါ့ေနာ္။ ေနာက္အေနထိုင္ မဆင္ျခင္တာတို႕ေတြေၾကာင့္ ထိခိုက္ေသဆုံးမႈေတြ ရွိလာခဲ့တယ္ေပါ့။ က်ေနာ္တို႕က ဒီစီမံကိန္း အလုပ္မ်ိဳးေတြလုပ္ဖို႕ လိုအပ္ေနၿပီး ဆိုၿပီးေတာ့မွ ၾကိဳးစားခဲ့တာျဖစ္ပါတယ္။ လူထုေတြက ဒီအသိပညာနဲ႔ ပက္သက္ၿပီးေတာ့မွ အားနဲတဲ့အေျခအေနမွာ ရွိတယ္။

ရခိုင္ျပည္နယ္အတြင္း ေျမျမႇဳပ္မိုင္းေၾကာင့္ ထိခိုက္ ေသဆံုးရသူ အေရတြက္ကို ေသေသခ်ာခ်ာ အတည္မျပဳႏုိင္ေသးေပမယ့္ ေသဆံုးသူ ၁၅ ဦးနဲ႔ ထိခိုက္ဒဏ္ရာရသူ ၇၄ ဦး ေလာက္ရွိတယ္လို႔လည္း ေျပာပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တိုက္ပြဲျဖစ္ပြားေနဆဲလည္း ျဖစ္ပါတယ္။ မေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္ ရေသ့ေတာင္ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႕ AA ေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

“ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲမွာ တင္းမရြာနဲ႔ ၀က္မက်ရြာအစပ္ေပါ့။ အဲဒီမွာ ေတာင္တန္းမွာလည္းပဲ ၁၁ရက္ေျမာက္ေန႕ အျဖစ္ တိုက္ပြဲေတြက မေန႕က ဆက္ၿပီးေတာ့ရွိတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ ျပင္ေခ်ာင္းရြာရဲ႕ ေတာင္ဘက္ မီတာ ၅၀၀ အကြာမွာ မနက္ ၈ နာရီ ၂၄ မိနစ္ စျပီးေတာ့မွ တိုက္ပြဲျဖစ္တာရွိတယ္။ ေနာက္ၿပီးေတာ့ ပလက္၀ၿမိဳ႕နယ္ ႏွမ္း ေခ်ာင္းရြာရဲ႕ အေရွ႕ဘက္မွာလည္းပဲ ညေန ၃ နာရီေလာက္မွာ တိုက္ပြဲျဖစ္ပြါးတာရွိတယ္။ ျမန္မာစစ္တပ္ဘက္က ရဟတ္ယာဥ္ ႏွစ္စီးနဲ႕ လာၿပီးေတာ့မွ စက္ေသနတ္ေတြနဲ႕ ေရာကက္ေတြနဲ႔ပစ္တာ။ မေန႕ကျဖစ္ခဲ့တဲ့ တိုက္ပြဲစဥ္အားလုံးကိုုု ျခံဳျပီးေတာ့ ေျပာရမယ္ဆိုရင္ေတာ့ ရန္သူဘက္ကေနၿပီးေတာ့ ၅ ဦးထက္မနည္း က်ဆုံးတာ ရွိတယ္။”

တိုက္ပြဲျဖစ္ပြားမႈ အေျခအေနကို သိရဖို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမ-၀က္မက်ရြာ တိုက္ပြဲအတြင္း လက္နက္ၾကီးက်ည္ က်ေရာက္မႈေၾကာင့္ ၀က္မက်ရြာသား ၃၀၀ ခန္႕ဟာ သားပံုေက်းရြာနဲ႔ ေလာင္းေခ်ရြာဘက္ကို စစ္ေဘး တိမ္းေရွာင္ေနရတယ္လို႕ တင္းမေဒသခံ တဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႕ တိုက္ပြဲျဖစ္ပြါးခဲ့တဲ့ တႏွစ္ေက်ာ္ကာလအတြင္း စစ္ေရွာင္ဦးေရ ၁၀၆,၀၀၀ ေက်ာ္ တိုးပြါးလာေနသလို လက္နက္ႀကီး ထိမွန္မႈ၊ မိုင္းေပါက္ကဲြမႈ၊ ပစ္ခတ္ခံရမႈတို႔ေၾကာင့္ အရပ္သား ၁၃၀ ေက်ာ္ေသဆံုးျပီး ဒဏ္ရာရရွိသူ ၃၆၀ ေက်ာ္ရွိခဲ့တယ္လို႕ ရခို္င္ေက်ာင္းသားသမဂၢ တကၠသိုလ္မ်ား-ရန္ကုန္ကေန ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်းမှာ မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ဆောင်မယ်

လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်း အန္တရာယ်လျှော့ချရေး အသိပညာပေးဖို့ အရပ်ဖက် အဖွဲ့ အစည်းတွေ ကြိုးပမ်းနေပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေချိန်မှာပဲ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာလည်း ပိုများလာနေတဲ့အတွက် အခုလို ကြိုးပမ်းလာကြတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင် မွတ်ဆလင်ကျေးရွာက နွားကျောင်းသွားတဲ့ ရွာသား အမျိုးသားတစ်ဦး ဒီနေ့ နံနက်ပိုင်းမှာ မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ မိသားစုဝင ်တဦးကပြောပါတယ်။
“ဟုတ်ကဲ့ပါ။ သေဆုံးသွားပြီးပါ။ သူရဲ့နွားကျောင်းဖို့ သွားတဲ့အချိန်မှာပါ။ မနက် ၈ နာရီခွဲမှာပေါ့လေ။ သူနွားကျောင်းဖို့ သွားရာမှာ မိုင်းနင်းပေါက်တာလို့။ ဆေးရုံမှာ သွားမဲ့ဟာအချိ န်မှာပဲ သူသေဆုံးသွားတာပါ။ မိုင်းဆို ရင် ဘယ်လိုမျိုး မိုင်းလည်း မသိနိုင်ပါခင်ဗျ။”

သေဆုံးသူဟာ အသက် ၆၅ နှစ်အရွယ် မာမောက်အိနုစ် ဖြစ်ပြီး ရွာမြောက်ဘက် တောင်ကုန်းအနီးမှာ မိုင်းနင်း မိလို့ ခြေထောက်တွေမှာ ဒဏ်ရာပြင်းထန်စွာရရှိတဲ့ အတွက် ဆေးရုံပို့ပေမယ့် မမှီဘဲ သေဆုံးသွားတယ်လို့ဆိုပါတယ်။ ဒီမိုင်းကို ဘယ်အဖွဲ့က ထောင်ထားတယ် ဆိုတာတော့ မသိရသေးပါဘူး။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ မိုင်းပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး သေဆုံး၊ ဒဏ်ရာရမှုတွေ များလာနေတာပါ။ ဒါကြောင့် ဘူးသီးတောင်မြို့နယ် အပါအဝင် မြို့နယ် ၆ ခုမှာ မိုင်းအန္တရာယ် လျော့ချရေး အသိပညာပေး အစီစဉ်ကို မတ်လဆန်းမှာ စတင် လုပ်ဆောင်သွားမယ်လို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ကပြောပါတယ်။

“မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေကို အမှုမဲ့၊ အမှတ်မဲ့ ကောက်ကိုင်တာတို့ အန္တရာယ်ကို နားမလည်ဘဲနဲ့ ဆော့ ကစားတာမျိုးပေါ့နော်။ နောက်အနေထိုင်မဆင်ခြင်တာတို့တွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိလာခဲ့တယ်ပေါ့။ ကျနော်တို့က ဒီစီမံကိန်း အလုပ်မျိုးတွေလုပ်ဖို့ လိုအပ်နေပြီး ဆိုပြီးတော့မှ ကြိုးစားခဲ့တာဖြစ်ပါတယ်။ လူထုတွေက ဒီအသိပညာနဲ့ ပက်သက်ပြီးတော့မှ အားနဲတဲ့အခြေအနေမှာ ရှိတယ်။

ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးရသူ အရေတွက်ကို သေသေချာချာ အတည်မပြုနိုင်သေးပေမယ့် သေဆုံးသူ ၁၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၄ ဦး လောက်ရှိတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။ မနေ့က ကျောက်တော်မြို့နယ် ရသေ့တောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ် လို့ AA ပြောခွင့်ရခိုင်သုခကပြောပါတယ်။

“ကျောက်တော်မြို့နယ်ထဲမှာ တင်းမရွာနဲ့ ဝက်မကျရွာအစပ်ပေါ့။ အဲဒီမှာတောင်တန်းမှာလည်းပဲ ၁၁ရက်မြောက်နေ့ အဖြစ် တိုက်ပွဲတွေက မနေ့က ဆက်ပြီးတော့ရှိတယ်။ ရသေ့တောင်မြို့နယ် ပြင်ချောင်းရွာရဲ့ တောင်ဘက် မီတာ ၅၀၀ အကွာမှာ မနက် ၈ နာရီ ၂၄ မိနစ် စပြီးတော့မှ တိုက်ပွဲဖြစ်တာရှိတယ်။ နောက်ပြီးတော့ ပလက်ဝမြို့နယ် နှမ်း ချောင်းရွာရဲ့ အရှေ့ဘက်မှာလည်းပဲ ညနေ ၃ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွါးတာရှိတယ်။ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ် နှစ်စီးနဲ့ လာပြီးတော့မှ စက်သေနတ်တွေနဲ့ ရောကက်တွေနဲ့ပစ်တာ။ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲစဉ်အားလုံးကို ခြုံပြီးတော့ ပြောရမယ်ဆိုရင်တော့ ရန်သူဘက်ကနေပြီးတော့ ၅ ဦးထက်မနည်း ကျဆုံးတာ ရှိတယ်။”

တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို သိရဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကျောက်တော်မြို့နယ် တင်းမ-ဝက်မကျရွာ တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဝက်မကျရွာသား ၃၀၀ ခန့်ဟာ သားပုံကျေးရွာနဲ့ လောင်းချေရွာဘက်ကို စစ်ဘေး တိမ်းရှောင်နေရတယ်လို့ တင်းမဒေသခံ တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း စစ်ရှောင်ဦးရေ ၁၀၆,၀၀၀ ကျော် တိုးပွါးလာနေသလို လက်နက်ကြီး ထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား ၁၃၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၆၀ ကျော်ရှိခဲ့တယ်လို့ ရခိုင်ကျောင်းသားသမဂ္ဂ တက္ကသိုလ်များ-ရန်ကုန်ကနေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG