သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုင္း အသုံးမျပဳၾကဖို႔ ရွမ္းေျမာက္ေဒသခံေတြတိုက္တြန္း


မိုင္းေၾကာင့္ ေျခတဘက္ ဆံုးရံႈးခဲ့သူ တဦး

(Zawgyi/Unicode)

ရွမ္းျပည္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ ေဒသခံေတြ မုိင္းထိတာမ်ားလာေၾကာင့္ တုိက္ပြဲအတြင္းမွာ မုိင္းအသံုးမျပဳဖုိ႔ ႏွစ္ဘက္ လက္နက္ကုိင္အဖြဲ႕ကို ေမတၱာ ရပ္ခံေနပါတယ္။ တပ္မေတာ္ဘက္ကေတာ့ တုိက္ပြဲအတြင္း လံုျခံဳေရးအရသာ မုိင္းကိုအသံုးျပဳၿပီး၊ တဘက္လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ လက္လုပ္မိုင္းေတြကို ရွင္းလင္းေပးေနတယ္လုိ႔ ဆုိပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုက ေမးျမန္းေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ တအာင္းလက္နက္ကို္င္ (TNLA) တုိ႔ တုိက္ပြဲေတြျဖစ္ပြားေနတဲ့ နမ့္ဆန္ၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ ေဒသခံေတြမုိင္းထိလို႔ ဒဏ္ရာရ၊ ေသဆံုးသူ အခုလထဲမွာ ခပ္စိပ္စိပ္ျဖစ္လာတယ္လို႔ တုိက္ပြဲအတြင္း ေနရပ္စြန္႔ခြာသူေတြကို ကူညီေပးေနတဲ့ ေက်ာက္မဲၿမိဳ႕နယ္၊ ဇီဝိတလူမႈ ကူညီေရးအသင္း ဥကၠ႒ ဦးတင္ေမာင္သိန္းက အခုလိုေျပာပါတယ္။

“ဒီဇင္ဘာလထဲမွာေတာ့ နည္းနည္း စိပ္လာတယ္ဗ်။ ေသတဲ့ လူလည္း ရွိတယ္။ ဒဏ္ရာရတဲ့လူလည္း ရွိတယ္ေပါ့။ အမွန္ကေတာ့ ဒီျဖစ္စဥ္မွာ စစ္လမ္းေၾကာင္းက်ေနတဲ့ ေနရာေတြမွာက ရွိတဲ့ ရြာသူရြာသားေတြေပါ့။ ေဒသခံေတြကေတာ့ မုိင္းအႏၱရာယ္ စုိးရိမ္ရတာ အမွန္ပဲ။ က်န္တဲ့ေနရာေတြမွာကေတာ့ ဒီျဖစ္စဥ္ေတြ မရွိပါဘူး။ စစ္ျဖစ္တာကိုေတာ့ က်ေတာ္တုိ႔တားဆီးလို႔ မရႏုိင္ဘူးေပါ့။ က်ေနာ္တို႔အေနနဲ႔ မစြမ္းႏိုင္ဘူးေပါ့။ သို႔ေသာ္လည္းပဲ မုိင္းသံုးၿပီးေတာ့မွ စစ္တိုက္ေနတဲ့ ပံုသ႑ာန္ကိုေတာ့ က်ေနာ္တို႔လက္မခံပါဘူး။ အဲေတာ့ မုိင္း မသံုးပါနဲ႔လို႔ က်ေနာ္တုိ႔ေမတၱာ ရပ္ခံပါတယ္။ ဒီမုိင္းကို ဘယ္ဘက္ကပဲျဖစ္ျဖစ္၊ ဘယ္အဖြဲ႕အစည္းပဲျဖစ္ျဖစ္ မသံုးေစခ်င္ပါဘူးဗ်။ ထိခိုက္တဲ့သူက ရြာသားေတြပဲ ထိခိုက္ၾကတာပါ။”

တိုက္ပြဲအတြင္းမွာ တပ္မေတာ္အေနနဲ႔ လံုျခံဳေရးအတြက္သာ မုိင္းကို အသံုးျပဳၿပီး၊ စခန္းရုပ္သိမ္းတဲ့အခါ မုိင္းေတြကုိပါ တခါတည္း ျဖဳတ္သိမ္းသြားတယ္လုိ႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“တပ္မေတာ္အေနနဲ႔ကေတာ့ မုိင္းအသံုးျပဳတာ မရွိဘူးလို႔ မျငင္းပါဘူး။ မုိင္းအသံုးျပဳတာ ရွိပါတယ္။ ခံစစ္သတ္သတ္အတြက္ပဲ မုိင္းအသံုးျပဳပါတယ္။ က်ေနာ္တို႔ရဲ႕စခန္း လံုျခံဳေရးပဲ။ စခန္းမွာပဲ ေထာင္တာမ်ားတယ္။ ၿပီးရင္လည္း စခန္းေတြအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ လႊဲေျပာင္းရမယ္၊ ရုပ္သိမ္းရမယ္ဆုိရင္လည္း က်ေနာ္တုိ႔ မုိင္းေတြျဖဳတ္သိမ္းရတယ္ေပါ့။ ခုေနာက္ပိုင္းမွာ ေတြ႔ပါလိမ့္မယ္။ မုိင္းထိတာအမ်ားစုက တျခားလက္နက္ကုိင္အဖြဲ႔ေတြ ေထာင္တာ မ်ားပါတယ္။ သူတို႔ရဲ႕မုိင္းဆိုတာကလည္း စနစ္တက် ထုတ္လုပ္ထားတဲ့ မုိင္းမ်ိဳးမဟုတ္ဘူး။ လက္လုပ္မုိင္းအမ်ိဳးအစားမ်ိဳးေတြ ျဖစ္တယ္။ ဒါေၾကာင့္မို႔ သူကေတာ့ ေတြ႕ရင္လည္း ျဖဳတ္သိမ္းရခက္တာမ်ိဳး ရွိတယ္။ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ မုိင္းေတြေတြ႕ရင္လည္း က်ေနာ္တုိ႔က ျဖဳတ္သိမ္းတာမ်ိဳးလုပ္တာက ၿမိဳ႕ေပၚမွာေတာ့ ျဖဳတ္သိမ္းတာ လုပ္တာ ရွိတယ္။ ေတာထဲမွာေတြ႕ရင္ အမ်ားအားျဖင့္ကေတာ့ ဒီမုိင္းေတြကို အေဝးကေန ပစ္ခတ္ၿပီး ခြဲတာတုိ႔၊ အေဝးကေနၿပီးေတာ့ သက္မဲ့လုပ္တာတုိ႔ အဲလိုလုပ္ေဆာင္တာမ်ိဳးေတြ ရွိပါတယ္။”

နမ့္ဆန္မွာ ေဒသခံေတြ မုိင္းထိတာမ်ားတာေၾကာင့္ နယ္ေျမလံုျခံဳေရးနဲ႔ ပတ္သက္ၿပီး စုိးရိမ္ေနၾကပါတယ္။ ေန႔စဥ္သြားလာေရးအတြက္လည္း မုိင္းအႏၱရာယ္ကို ေၾကာက္ေနရတယ္လို႔ နမ့္ဆန္ေဒသခံ ေလြးေအးမုိင္က ေျပာပါတယ္။

“တကယ္ကို နမ့္ဆန္ အခုတေလာဆိုရင္ သြားစရာေနရာလမ္းကို ပိတ္ေနသလိုျဖစ္ေနတာ။ တကယ္ကုိ စစ္ေၾကာင္းေတြ အရမ္းထုိးတယ္။ ျဖစ္ႏုိင္ရင္ေတာ့ သူတို႔ဒီတခါ တိုက္ပြဲျဖစ္မယ္ဆို ျဖစ္သာျဖစ္၊ စစ္ေၾကာင္းထုိးစရာရွိတာ ထုိးေပး၊ တုိက္စရာရွိတာ တိုက္လုိက္။ အဲဒီမိုင္းေတြ ေလွ်ာက္မေထာင္တာေတာ့ အေကာင္းဆံုးပဲ။ အခုစစ္ေၾကာင္းေတြကလည္း အရမ္းထုိးတယ္။ သြားလာရမွာေတာင္ က်မက ခပ္လန္႔လန္႔ရယ္။ ဥပမာ သူတုိ႔က စစ္ေၾကာင္းမထုိးလို႔ ၿငိမ္သြားၿပီး တပတ္၊ ႏွစ္ပတ္ေလာက္ေတာင္မွ က်မအေနနဲ႔ေတာ့ နည္းနည္းစုိးရိမ္တာေတာ့ ရွိေသးတယ္။ အဲဒီမုိင္းေတြက ဘယ္နားမွာရွိေသးလဲ။ ဘယ္နားေလးမွာ ဘယ္အဖြဲ႕က ဘယ္လိုေထာင္ထားမွန္း။ စိတ္ထဲမွာလည္း ေျပာရမယ္ဆို ကသိကေအာင့္ႀကီး ျဖစ္တာေပါ့။ သိပ္လည္းစိတ္လံုျခံဳမႈ မရွိသလိုေပါ့ က်မေနရတာက။”

နမ့္ဆန္မွာ တပ္မေတာ္နဲ႔ TNLA ၾကား ျဖစ္ပြားေနတဲ့့ တုိက္ပြဲေတြအတြင္း ေနရပ္ျပန္သူေတြ ရွိေနေပမယ့္ နယ္ေျမရွင္းလင္းေရးအပုိင္းနဲ႔ ပတ္သက္ၿပီး မိုင္းအႏၱရာယ္ကိုေတာ့ ေဒသခံေတြ ေၾကာက္လန္႔လို႔ေနပါတယ္။ အခုႏွစ္ ဒီဇင္ဘာလပုိင္းအတြင္း မုိင္းထိလို႔ ဒဏ္ရာရရွိသူနဲ႔ ေသဆံုးသူ ၁၀ ဦးနီးပါးရွိေနၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မိုင်းအသုံးမပြုကြဖို့ ရှမ်းမြောက်ဒေသခံတွေတိုက်တွန်း

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံတွေ မိုင်းထိတာများလာကြောင့် တိုက်ပွဲအတွင်းမှာ မိုင်းအသုံးမပြုဖို့ နှစ်ဘက် လက်နက်ကိုင်အဖွဲ့ကို မေတ္တာ ရပ်ခံနေပါတယ်။ တပ်မတော်ဘက်ကတော့ တိုက်ပွဲအတွင်း လုံခြုံရေးအရသာ မိုင်းကိုအသုံးပြုပြီး၊ တဘက်လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်လုပ်မိုင်းတွေကို ရှင်းလင်းပေးနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ တအာင်းလက်နက်ကိုင် (TNLA) တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံတွေမိုင်းထိလို့ ဒဏ်ရာရ၊ သေဆုံးသူ အခုလထဲမှာ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ တိုက်ပွဲအတွင်း နေရပ်စွန့်ခွာသူတွေကို ကူညီပေးနေတဲ့ ကျောက်မဲမြို့နယ်၊ ဇီဝိတလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက အခုလိုပြောပါတယ်။

“ဒီဇင်ဘာလထဲမှာတော့ နည်းနည်း စိပ်လာတယ်ဗျ။ သေတဲ့ လူလည်း ရှိတယ်။ ဒဏ်ရာရတဲ့လူလည်း ရှိတယ်ပေါ့။ အမှန်ကတော့ ဒီဖြစ်စဉ်မှာ စစ်လမ်းကြောင်းကျနေတဲ့ နေရာတွေမှာက ရှိတဲ့ ရွာသူရွာသားတွေပေါ့။ ဒေသခံတွေကတော့ မိုင်းအန္တရာယ် စိုးရိမ်ရတာ အမှန်ပဲ။ ကျန်တဲ့နေရာတွေမှာကတော့ ဒီဖြစ်စဉ်တွေ မရှိပါဘူး။ စစ်ဖြစ်တာကိုတော့ ကျတော်တို့တားဆီးလို့ မရနိုင်ဘူးပေါ့။ ကျနော်တို့အနေနဲ့ မစွမ်းနိုင်ဘူးပေါ့။ သို့သော်လည်းပဲ မိုင်းသုံးပြီးတော့မှ စစ်တိုက်နေတဲ့ ပုံသဏ္ဍာန်ကိုတော့ ကျနော်တို့လက်မခံပါဘူး။ အဲတော့ မိုင်း မသုံးပါနဲ့လို့ ကျနော်တို့မေတ္တာ ရပ်ခံပါတယ်။ ဒီမိုင်းကို ဘယ်ဘက်ကပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် မသုံးစေချင်ပါဘူးဗျ။ ထိခိုက်တဲ့သူက ရွာသားတွေပဲ ထိခိုက်ကြတာပါ။”

တိုက်ပွဲအတွင်းမှာ တပ်မတော်အနေနဲ့ လုံခြုံရေးအတွက်သာ မိုင်းကို အသုံးပြုပြီး၊ စခန်းရုပ်သိမ်းတဲ့အခါ မိုင်းတွေကိုပါ တခါတည်း ဖြုတ်သိမ်းသွားတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“တပ်မတော်အနေနဲ့ကတော့ မိုင်းအသုံးပြုတာ မရှိဘူးလို့ မငြင်းပါဘူး။ မိုင်းအသုံးပြုတာ ရှိပါတယ်။ ခံစစ်သတ်သတ်အတွက်ပဲ မိုင်းအသုံးပြုပါတယ်။ ကျနော်တို့ရဲ့စခန်း လုံခြုံရေးပဲ။ စခန်းမှာပဲ ထောင်တာများတယ်။ ပြီးရင်လည်း စခန်းတွေအကြောင်း အမျိုးမျိုးကြောင့် လွှဲပြောင်းရမယ်၊ ရုပ်သိမ်းရမယ်ဆိုရင်လည်း ကျနော်တို့ မိုင်းတွေဖြုတ်သိမ်းရတယ်ပေါ့။ ခုနောက်ပိုင်းမှာ တွေ့ပါလိမ့်မယ်။ မိုင်းထိတာအများစုက တခြားလက်နက်ကိုင်အဖွဲ့တွေ ထောင်တာ များပါတယ်။ သူတို့ရဲ့မိုင်းဆိုတာကလည်း စနစ်တကျ ထုတ်လုပ်ထားတဲ့ မိုင်းမျိုးမဟုတ်ဘူး။ လက်လုပ်မိုင်းအမျိုးအစားမျိုးတွေ ဖြစ်တယ်။ ဒါကြောင့်မို့ သူကတော့ တွေ့ရင်လည်း ဖြုတ်သိမ်းရခက်တာမျိုး ရှိတယ်။ လက်နက်ကိုင်အဖွဲ့တွေရဲ့ မိုင်းတွေတွေ့ရင်လည်း ကျနော်တို့က ဖြုတ်သိမ်းတာမျိုးလုပ်တာက မြို့ပေါ်မှာတော့ ဖြုတ်သိမ်းတာ လုပ်တာ ရှိတယ်။ တောထဲမှာတွေ့ရင် အများအားဖြင့်ကတော့ ဒီမိုင်းတွေကို အဝေးကနေ ပစ်ခတ်ပြီး ခွဲတာတို့၊ အဝေးကနေပြီးတော့ သက်မဲ့လုပ်တာတို့ အဲလိုလုပ်ဆောင်တာမျိုးတွေ ရှိပါတယ်။”

နမ့်ဆန်မှာ ဒေသခံတွေ မိုင်းထိတာများတာကြောင့် နယ်မြေလုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။ နေ့စဉ်သွားလာရေးအတွက်လည်း မိုင်းအန္တရာယ်ကို ကြောက်နေရတယ်လို့ နမ့်ဆန်ဒေသခံ လွေးအေးမိုင်က ပြောပါတယ်။

“တကယ်ကို နမ့်ဆန် အခုတလောဆိုရင် သွားစရာနေရာလမ်းကို ပိတ်နေသလိုဖြစ်နေတာ။ တကယ်ကို စစ်ကြောင်းတွေ အရမ်းထိုးတယ်။ ဖြစ်နိုင်ရင်တော့ သူတို့ဒီတခါ တိုက်ပွဲဖြစ်မယ်ဆို ဖြစ်သာဖြစ်၊ စစ်ကြောင်းထိုးစရာရှိတာ ထိုးပေး၊ တိုက်စရာရှိတာ တိုက်လိုက်။ အဲဒီမိုင်းတွေ လျှောက်မထောင်တာတော့ အကောင်းဆုံးပဲ။ အခုစစ်ကြောင်းတွေကလည်း အရမ်းထိုးတယ်။ သွားလာရမှာတောင် ကျမက ခပ်လန့်လန့်ရယ်။ ဥပမာ သူတို့က စစ်ကြောင်းမထိုးလို့ ငြိမ်သွားပြီး တပတ်၊ နှစ်ပတ်လောက်တောင်မှ ကျမအနေနဲ့တော့ နည်းနည်းစိုးရိမ်တာတော့ ရှိသေးတယ်။ အဲဒီမိုင်းတွေက ဘယ်နားမှာရှိသေးလဲ။ ဘယ်နားလေးမှာ ဘယ်အဖွဲ့က ဘယ်လိုထောင်ထားမှန်း။ စိတ်ထဲမှာလည်း ပြောရမယ်ဆို ကသိကအောင့်ကြီး ဖြစ်တာပေါ့။ သိပ်လည်းစိတ်လုံခြုံမှု မရှိသလိုပေါ့ ကျမနေရတာက။”

နမ့်ဆန်မှာ တပ်မတော်နဲ့ TNLA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း နေရပ်ပြန်သူတွေ ရှိနေပေမယ့် နယ်မြေရှင်းလင်းရေးအပိုင်းနဲ့ ပတ်သက်ပြီး မိုင်းအန္တရာယ်ကိုတော့ ဒေသခံတွေ ကြောက်လန့်လို့နေပါတယ်။ အခုနှစ် ဒီဇင်ဘာလပိုင်းအတွင်း မိုင်းထိလို့ ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ ၁၀ ဦးနီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG