သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္ပတ္ၾကာ ရေသ့ေတာင္တိုက္ပဲြ ဒုကၡသည္ေလးေသာင္းနီးပါးထြက္ေျပး


ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့ေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ စစ္ေရွာင္မ်ား (မွတ္တမ္းဓာတ္ပံု - Khine Murn Chun (Citizen Journalist))

(Zawgyi/Unicode)

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ၾကား တိုက္ပြဲေတြေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္မွာ သီတင္းႏွစ္ပတ္အတြင္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးလာၾကတဲ့ စစ္ေဘးဒုကၡသည္ ၄၀,၀၀၀ နီးပါးအထိ ရွိလာတာလည္း ျဖစ္ပါတယ္။ ရခိုင္ေျမာက္ပိုင္းက စစ္ေဘးေရွာင္စခန္းေတြကို ေရာက္ရွိေနၾကတဲ့ စစ္ေဘးဒုကၡသည္ေတြရဲ႕ အခက္အခဲေတြကို ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာ ေဖေဖာ္ဝါရီက အစပိုင္းက စတင္ၿပီး အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ တို႔ တိုက္ပြဲေတြ ျပင္းေနတာေၾကာင့္ ေက်းရြာေပါင္း ၄၀ ေက်ာ္ေလာက္က ေဒသခံ ၄၀,၀၀၀ နီးပါးဟာ အိုးအိမ္စြန္႔ ခြာ ထြက္ေျပးေနၾကရတာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ရေသ့ေတာင္ ၿမိဳ႕ေပၚကို ထြက္ေျပးလာသူေတြ မ်ားျပားလာတာေၾကာင့္ စစ္ေဘးဒုကၡသည္ေတြအတြက္ အခက္အခဲမ်ိဳးစံုနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔လည္း စစ္ေဘးဒုကၡသည္ေတြကို ကူညီေဆာင္ရြက္ေပးေနတဲ့ ကိုေက်ာ္မင္းခိုင္က ေျပာပါတယ္။

"စစ္ေဘးေရွာင္ေတြက ဆက္တိုက္တိုးေနတယ္။ ေလ်ာ့သြားတာ မရွိဘူး ေန႔တိုင္းလိုလို တိုးေနတယ္။ တခ်ိဳ႕ရြာ ေတြက အိမ္ေျခ ၆၀၀ ေလာက္ရွိတယ္။ အဲဒီမွာ ေတာင္ လူက ၁၀၀ ျပည့္ေအာင္ မရွိၾကေတာ့ဘူး။ ပထမေတာ့ က်ေနာ္တို႔ စစ္ေဘးေရွာင္ေတြကို ဘုန္းေက်ာင္းဝန္းအတြင္းမွာ တဲေလးေတြ ေဆာက္ၿပီးေတာ့ ထားတယ္။ ေနာက္ပိုင္းေတာ့ က်ေနာ္တို႔ အဲဒါကိုေတာင္မွ လံုလံုေလာက္ေလာက္ လုပ္မေပးႏိုင္ေတာ့ဘူး။ ေတာ္ေတာ္ေလးမ်ားလာေတာ့ မထိန္းႏိုင္၊ မသိမ္းႏိုင္ ျဖစ္လာတယ္။ ေနာက္ၿပီးေတာ့ က်န္းမာေရးေတြက်ေနာ္တို႔ စိုးရိမ္တယ္။ ေနာက္ၿပီးေတာ့ ကေလးေတြ အမ်ိဳးသမီးေတြအတြက္လည္း သူတို႔ရဲ႕ ဂုဏ္သိကၡာပိုင္းဆိုင္ရာေတြကို ထိန္းသိမ္းႏိုင္ေလာက္တဲ့ အေနအထားက်ေနာ္တို႔ မလုပ္ေပးႏိုင္ေသးဘူး။"

ေဖေဖာ္ဝါရီလ အစပိုင္းေလာက္ကတည္းက ရေသ့ေတာင္ၿမိဳ႕နယ္ ေအာင္ေျမကုန္းေက်းရြာက ထြက္ေျပးလာတဲ့ သူေတြဟာ ေနစရာမရွိတာေၾကာင့္ ေျမႀကီးေပၚမွာ စကၠဴကပ္ေတြ ခင္းၿပီး အိပ္ေနၾကရတယ္လို႔ ရေသ့ေတာင္ၿမိဳ႕ေပၚက စစ္ေဘးေရွာင္ တဦးက ေျပာပါတယ္။

"က်ေနာ္တို႔ ေနရတာကေတာ့ အမိုးအကာမရွိ ျဖစ္သလိုေနရတယ္။ ေနာက္ၿပီးေတာ့ က်န္းမာေရးအတြက္ အိမ္သာေတြ မရွိတာရယ္... က်ေနာ္တို႔ကေတာ့ စကၠဴကပ္ေတြကို ေျမႀကီးမွာ ခင္းၿပီးေတာ့ အိပ္ရတယ္။ အဲတာေတာင္ လံုလံုေလာက္ေလာက္ မရွိဘူး။ ကေလးေတြလည္း အတူတူ အဲလိုပဲ အေမ၊ အေဖေတြနဲ႔ အတူတူ အိပ္ၾကတာပဲ။ က်ေနာ္တို႔က ကိုယ့္ရြာကို ျပန္ခ်င္ေပမဲ့လည္း စစ္ပြဲေတြက ျဖစ္ေနေတာ့ ျပန္လို႔မရဘူးေလ။ ဒီလိုပဲေနရတာပဲ။"

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ေဖေဖာ္ဝါရီလအတြင္း အစိုးရတပ္နဲ႔ AAအဖြဲ႔တို႔ တိုက္ပြဲေတြယခင္ကထက္ ျပင္းထန္ ေနၿပီး ေက်းရြာေပါင္း ၄၀ေက်ာ္ေလာက္က ေဒသခံ ၄၀,၀၀၀ နီးပါးဟာ နီးစပ္ရာေဆြမ်ိဳးေတြနဲ႔ ရေသ့ေတာင္ၿမိဳ႕ေပၚကို အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတာလည္း ျဖစ္ပါတယ္။

မင္းျပားၿမိဳ႕နယ္ နဲ႔ ၄ မိုင္ေလာက္ေဝးတဲ့ ဖားေပ်ာ္ေက်းရြာမွာလည္း ၿပီးခဲ့တဲ့ရက္ပိုင္းက စတင္ၿပီး တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနတာေၾကာင့္ ေဒသခံေတြ ေက်းရြာသားေတြဟာ နီးစပ္ရာကို ထြက္ေျပးသြားၾကသလို ေက်းရြာအတြင္း မွာပိတ္မိေနသူေတြလည္း ရွိေနပါတယ္။

မင္းျပားၿမိဳ႕နယ္ ဖားေပ်ာ္ေက်းက ေဒသခံေတြ အမ်ားစုဟာ နီးစပ္ရာေဘးလြတ္ရာေတြကို ထြက္ေျပးသြားၾကေပမဲ့့ မေအးျမတ္ႏြယ္ကေတာ့ သူမွာ သြားစရာေနရာလည္း မရွိသလို မသန္စြမ္းဖခင္ကို ျပဳစုေနရတာေၾကာင့္ ေက်းရြာအတြင္းမွာပဲ ေနထိုင္ေနရတယ္လို႔ ေျပာပါတယ္။

"ရြာကလူေတြ အကုန္လံုးက ထြက္ေျပးေနၾကတယ္။ က်မတို႔က သြားစရာေနရာ မရွိေတာ့ အိမ္မွာပဲ ကုပ္ကပ္ၿပီးေန ရတယ္။ ေၾကာက္တယ္ သူတို႔ရွိတဲ့ဘက္ကို မသြားရဲဘူး။ ထြက္ေျပးစရာေနရာလည္းမရွိ ေဆြမ်ိဳးလည္းမရွိ... အေဖ တေယာက္ကလည္း မသန္စြမ္းဆိုေတာ့ေလ။ တိုက္ပြဲေတာ့ ဒီေန႔မရွိဘူး။ ဒါေပမဲ့ ရြာထဲမွာေတာ့ စစ္သားေတြ ရွိေနေသးတယ္။

ရခိုင္ေျမာက္ပိုင္းမွာ စစ္ေဘးေရွာင္ေတြ မ်ားလာတာနဲ႔ အမွ် စားဝတ္ေနေရးအျပင္ ေသာက္သံုးေရရွားပါးတဲ့ ျပႆနာေတြကိုပါ စစ္ေရွာင္စခန္းေတြမွာ ရင္ဆိုင္လာရတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ား မ်ိဳးႏြယ္စုအစည္းအရံုး REC က ေျပာခြင့္ရ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

"ေရရွားတာနဲ႔ ပတ္သတ္ၿပီး ခစန္းေတြ အကုန္လံုးေတာ့ စရင္းမရေသးဘူး။ ဒါေပမယ့္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ေတာင္မင္းကလားနဲ႔ ဝါးေတာင္ စစ္ေရွာင္ စခန္းကေတာ့ သတင္းဝင္လာတယ္။ အဲဒီမွာ ေတာင္မင္းကလား စခန္းက ပိုၿပီးေတာ့ ဆိုးတာေပါ့ေနာ္။ သူတို႔က ေသာက္ေရေကာ သံုးေရေကာ ပိုၿပီးေတာ့ အခက္အခဲေတြ႔ ေနၾကတာျဖစ္တယ္။ ေသာက္ေရမသန္႔တာေၾကာင့္ သူတို႔မွာ ကေလးေတြ ဝမ္းေရာဂါျဖစ္ေနတာေတြလည္း ရွိတာေပါ့ေနာ္။"

ရခိုင္ေျမာက္ပိုင္းမွာရွိတဲ့ ေက်းရြာေတြမွာ ေရကန္ေတြရွိေပမဲ့လည္း ေက်းရြာအတြင္းမွာ ရြာသားေတြအျပင္ စစ္ေဘးေရွာင္ဦးေရေတြလည္း တိုးလာေနတာေၾကာင့္ အခုလို ေသာက္သံုးေရ ေရရွားပါးတဲ့ ျပႆနာေတြနဲ႔ ရင္ဆိုင္လာၾကရတာျဖစ္လို႔လည္း သူကဆက္ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းက အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ လက္ရွိအခ်ိန္ထိ တိုက္ပြဲေတြ ျပင္းထန္ေနသလို တိုက္ပြဲေတြ ေၾကာင့္ ေနရပ္ စြန္႔ခြာ ထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ ၁၀၆,၀၀၀ ေက်ာ္ အထိရွိလာတယ္လို႔ စစ္ေဘးေရွာင္ေတြကို စာရင္းေကာက္ယူေနတဲ့ REC စစ္တမ္းအရ သိရပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နှစ်ပတ်ကြာ ရသေ့တောင်တိုက်ပွဲ ဒုက္ခသည်လေးသောင်းနီးပါးထွက်ပြေး

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်မှာ သီတင်းနှစ်ပတ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် ၄၀,၀၀၀ နီးပါးအထိ ရှိလာတာလည်း ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေကို ရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီက အစပိုင်းက စတင်ပြီး အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့ တိုက်ပွဲတွေ ပြင်းနေတာကြောင့် ကျေးရွာပေါင်း ၄၀ ကျော်လောက်က ဒေသခံ ၄၀,၀၀၀ နီးပါးဟာ အိုးအိမ်စွန့် ခွာ ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရသေ့တောင် မြို့ပေါ်ကို ထွက်ပြေးလာသူတွေ များပြားလာတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုကျော်မင်းခိုင်က ပြောပါတယ်။

"စစ်ဘေးရှောင်တွေက ဆက်တိုက်တိုးနေတယ်။ လျော့သွားတာ မရှိဘူး နေ့တိုင်းလိုလို တိုးနေတယ်။ တချို့ရွာ တွေက အိမ်ခြေ ၆၀၀ လောက်ရှိတယ်။ အဲဒီမှာ တောင် လူက ၁၀၀ ပြည့်အောင် မရှိကြတော့ဘူး။ ပထမတော့ ကျနော်တို့ စစ်ဘေးရှောင်တွေကို ဘုန်းကျောင်းဝန်းအတွင်းမှာ တဲလေးတွေ ဆောက်ပြီးတော့ ထားတယ်။ နောက်ပိုင်းတော့ ကျနော်တို့ အဲဒါကိုတောင်မှ လုံလုံလောက်လောက် လုပ်မပေးနိုင်တော့ဘူး။ တော်တော်လေးများလာတော့ မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်လာတယ်။ နောက်ပြီးတော့ ကျန်းမာရေးတွေကျနော်တို့ စိုးရိမ်တယ်။ နောက်ပြီးတော့ ကလေးတွေ အမျိုးသမီးတွေအတွက်လည်း သူတို့ရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေကို ထိန်းသိမ်းနိုင်လောက်တဲ့ အနေအထားကျနော်တို့ မလုပ်ပေးနိုင်သေးဘူး။"

ဖေဖော်ဝါရီလ အစပိုင်းလောက်ကတည်းက ရသေ့တောင်မြို့နယ် အောင်မြေကုန်းကျေးရွာက ထွက်ပြေးလာတဲ့ သူတွေဟာ နေစရာမရှိတာကြောင့် မြေကြီးပေါ်မှာ စက္ကူကပ်တွေ ခင်းပြီး အိပ်နေကြရတယ်လို့ ရသေ့တောင်မြို့ပေါ်က စစ်ဘေးရှောင် တဦးက ပြောပါတယ်။

"ကျနော်တို့ နေရတာကတော့ အမိုးအကာမရှိ ဖြစ်သလိုနေရတယ်။ နောက်ပြီးတော့ ကျန်းမာရေးအတွက် အိမ်သာတွေ မရှိတာရယ်... ကျနော်တို့ကတော့ စက္ကူကပ်တွေကို မြေကြီးမှာ ခင်းပြီးတော့ အိပ်ရတယ်။ အဲတာတောင် လုံလုံလောက်လောက် မရှိဘူး။ ကလေးတွေလည်း အတူတူ အဲလိုပဲ အမေ၊ အဖေတွေနဲ့ အတူတူ အိပ်ကြတာပဲ။ ကျနော်တို့က ကိုယ့်ရွာကို ပြန်ချင်ပေမဲ့လည်း စစ်ပွဲတွေက ဖြစ်နေတော့ ပြန်လို့မရဘူးလေ။ ဒီလိုပဲနေရတာပဲ။"

ရသေ့တောင်မြို့နယ်မှာ ဖေဖော်ဝါရီလအတွင်း အစိုးရတပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲတွေယခင်ကထက် ပြင်းထန် နေပြီး ကျေးရွာပေါင်း ၄၀ကျော်လောက်က ဒေသခံ ၄၀,၀၀၀ နီးပါးဟာ နီးစပ်ရာဆွေမျိုးတွေနဲ့ ရသေ့တောင်မြို့ပေါ်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

မင်းပြားမြို့နယ် နဲ့ ၄ မိုင်လောက်ဝေးတဲ့ ဖားပျော်ကျေးရွာမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ကျေးရွာသားတွေဟာ နီးစပ်ရာကို ထွက်ပြေးသွားကြသလို ကျေးရွာအတွင်း မှာပိတ်မိနေသူတွေလည်း ရှိနေပါတယ်။

မင်းပြားမြို့နယ် ဖားပျော်ကျေးက ဒေသခံတွေ အများစုဟာ နီးစပ်ရာဘေးလွတ်ရာတွေကို ထွက်ပြေးသွားကြပေမဲ့ မအေးမြတ်နွယ်ကတော့ သူမှာ သွားစရာနေရာလည်း မရှိသလို မသန်စွမ်းဖခင်ကို ပြုစုနေရတာကြောင့် ကျေးရွာအတွင်းမှာပဲ နေထိုင်နေရတယ်လို့ ပြောပါတယ်။

"ရွာကလူတွေ အကုန်လုံးက ထွက်ပြေးနေကြတယ်။ ကျမတို့က သွားစရာနေရာ မရှိတော့ အိမ်မှာပဲ ကုပ်ကပ်ပြီးနေ ရတယ်။ ကြောက်တယ် သူတို့ရှိတဲ့ဘက်ကို မသွားရဲဘူး။ ထွက်ပြေးစရာနေရာလည်းမရှိ ဆွေမျိုးလည်းမရှိ... အဖေ တယောက်ကလည်း မသန်စွမ်းဆိုတော့လေ။ တိုက်ပွဲတော့ ဒီနေ့မရှိဘူး။ ဒါပေမဲ့ ရွာထဲမှာတော့ စစ်သားတွေ ရှိနေသေးတယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်ဘေးရှောင်တွေ များလာတာနဲ့ အမျှ စားဝတ်နေရေးအပြင် သောက်သုံးရေရှားပါးတဲ့ ပြဿနာတွေကိုပါ စစ်ရှောင်စခန်းတွေမှာ ရင်ဆိုင်လာရတယ်လို့ ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုအစည်းအရုံး REC က ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

"ရေရှားတာနဲ့ ပတ်သတ်ပြီး ခစန်းတွေ အကုန်လုံးတော့ စရင်းမရသေးဘူး။ ဒါပေမယ့် ကျောက်တော်မြို့နယ်က တောင်မင်းကလားနဲ့ ဝါးတောင် စစ်ရှောင် စခန်းကတော့ သတင်းဝင်လာတယ်။ အဲဒီမှာ တောင်မင်းကလား စခန်းက ပိုပြီးတော့ ဆိုးတာပေါ့နော်။ သူတို့က သောက်ရေကော သုံးရေကော ပိုပြီးတော့ အခက်အခဲတွေ့ နေကြတာဖြစ်တယ်။ သောက်ရေမသန့်တာကြောင့် သူတို့မှာ ကလေးတွေ ဝမ်းရောဂါဖြစ်နေတာတွေလည်း ရှိတာပေါ့နော်။"

ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေမှာ ရေကန်တွေရှိပေမဲ့လည်း ကျေးရွာအတွင်းမှာ ရွာသားတွေအပြင် စစ်ဘေးရှောင်ဦးရေတွေလည်း တိုးလာနေတာကြောင့် အခုလို သောက်သုံးရေ ရေရှားပါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာကြရတာဖြစ်လို့လည်း သူကဆက်ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက အစိုးရတပ်နဲ့ AA အဖွဲ့တို့ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲတွေ ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၁၀၆,၀၀၀ ကျော် အထိရှိလာတယ်လို့ စစ်ဘေးရှောင်တွေကို စာရင်းကောက်ယူနေတဲ့ REC စစ်တမ်းအရ သိရပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG