သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္-စစ္ေတြ ကားလမ္းတေလွ်ာက္ တိုက္ပဲြေတြျဖစ္ပြားခဲ့


AA Army (ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi / Unicode)

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔မင္းျပား အမ္း နဲ႔ ေျမပံု ၿမိဳ႕နယ္တို႔မွာ မေန႔က အထိ တိုက္ပြဲေတြ ျပင္းထန္ေနတာပါ။ ေျမာက္ပိုင္းညီေႏွာင္ မဟာမိတ္ သံုးဖြဲ႔ကေတာ့ ၂၀၂၀ ႏွစ္ဆန္းပိုင္း ကတည္း အပစ္ရဖို႔ အတြက္ ထုတ္ျပန္ထား ေပမယ့္ တပ္မေတာ္ ဘက္က ရခိုင္ေျမာက္ပိုင္း ကို အင္အားအလံုးအရင္းနဲ႔ ထိုးစစ္ဆင္ေနတာေၾကာင့္ တိုက္ပြဲေတြ ျပင္းထန္ေနရတာ ျဖစ္တယ္လို႔ AAေျပာခြင့္ ခိုင္သုခက ေျပာပါတယ္။
သတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေလးခုေလာက္မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ တစ္ရက္ေန႔ကေန ဒီေန႔အထိ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ အႀကိမ္ ၄၀နီးပါးတိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ထိေတြ႔မႈ အမ်ားဆံုးကေတာ့ ရန္ကုန္စစ္ေတြ ကားလမ္း တစ္ေလ်ာက္ျဖစ္တယ္လို႔ AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ရန္ကုန္ စစ္ေတြ ကားလမ္းတစ္ေလ်ာက္မွာ ဆိုလို႔ရွိရင္ ေတာ့ ၁၀ရက္ ၁၁ရက္ အဲဒီရက္ပိုင္းေတြက မင္းျပားၿမိဳ႕နယ္ထဲမွာ ၁၁ရက္ေန႔ တစ္ရက္တည္းမွာကို ၄ ႀကိမ္ေလာက္ျဖစ္တယ္။ ဒီရက္ပိုင္းမွာေတာ့ စစ္ေတြ-ရန္ကုန္ ကားလမ္းတစ္ေလ်ာက္မွာ အမ္းနဲ႔ ေျမပံု ၾကားေနာက္ၿပီးေတာ့ မင္းျပားနဲ႔ ေျမပံုၾကား အဲဒီေနရာေတြမွာ တိုက္ပြဲ ေတာ္ေတာ္မ်ားမ်ား ျဖစ္တာကို ေတြ႔ရတယ္။ ဗမာစစ္တပ္ဘက္ကေတာ့ ဇြန္နဝါရီလ ၁ရက္ေန႔ကေန ၁၁ရက္ေန႔အထိ သူတို႔ဘက္က က်ဆံုးမႈက ၇၅ ဦးရွိၿပီးေတာ့ ထိခိုက္ဒဏ္ရာရတာကေတာ့ ၂၅ဦးရွိတယ္။ တိုက္ပြဲေပါင္းကေတာ့ ၁၁ရက္ေန႔ထိ ၃၈ႀကိမ္ ျဖစ္ခဲ့တယ္။”

ၿပီးခဲ့တဲ့ ဇန္နဝါရီလ တစ္ရက္ေန႔ကတည္းက စတင္ၿပီးေတာ့ ေျမာက္ပိုင္းညီေႏွာင္ မဟာမတ္သံုးဖြဲ႔အေနနဲ႔ ႏွစ္လသက္တမ္း အပစ္ရပ္ဖို႔ထုတ္ျပန္ထားေပမယ့္ တပ္မေတာ္ဘက္ အင္အားအလံုးအရင္းနဲ႔ ထိုးစစ္ဆင္လာတာေၾကာင့္ ရခိုင္ေျမာက္ပိုင္းတိုက္ပြဲေတြ ျပင္းထန္လာရတာျဖစ္တယ္လို႔လည္း သူကဆက္ ေျပာပါတယ္။

“ဒီႏွစ္ဆန္းပိုင္းကတည္းက စၿပီးေတာ့ က်ေနာ္တို႔ဘက္ကေတာ့ ကိုယ့္ကုိကုိယ္ ခုခံကာကြယ္ေရး ပံုစံနဲ႔ပဲ သြားေနတာျဖစ္တယ္။ ေနာက္ ျပသာနာေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျဖရွင္းႏိုင္ေအာင္ က်ေနာ္တို႔ဘက္က ေၾကညာခ်က္ ထုတ္ထားတာလည္းရွိတယ္။ ဒီႏွစ္ဆန္းမွာ ထိုးစစ္မလုပ္ဘူးဆိုၿပီးေတာ့လည္း က်ေနာ္ဘက္ သတ္တမ္းႏွစ္လ တိုးထားတာရွိတယ္။ အဲတာေၾကာင့္ က်ေနာ္တို႔ ထိုးစစ္မလုပ္ဘူး။ ျမန္မာစစ္တပ္ဘက္ကေတာ့ အင္အားအလြန္အကြ်န္သံုးၿပီးေတာ့ ထိုးစစ္ဆင္ေနတာကို က်ေနာ္တို႔ဘက္က ခုခံ ကာကြယ္ေနရတာျဖစ္တယ္။”

အခုလို ရန္ကုန္-စစ္ေတြ ကားလမ္းမ ေပၚမွာ တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ ရန္ကုန္ကို ေျပးဆြဲေနတဲ့ ကားေတြဟာ လမ္းပိတ္ဆို႔မႈေတြနဲ႔ ႀကံဳေတြ႔ရၿပီး သြားေရးလာေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကားသမားတစ္ဦးက ေျပာပါတယ္။

“သူတို႔ စစ္ေဆးတဲ့အခ်ိန္ သြားလို႔မရရင္ေတာ့လမ္းမွာ ညအိပ္ရတာေပါ့ဗ်ာ။ တိုက္ပြဲျဖစ္ေနလို႔ သြားလို႔မရရင္ ရပ္ထားရတယ္။”

မေန႔ကလည္း မင္းျပားၿမိဳ႕နယ္နဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္ဘက္မွာ အစိုးရ တပ္ဘက္က ထိုးစစ္ဆင္ တိုက္လာတာ ေၾကာင့္ ႏွစ္ဖက္ထိခိုက္ဒဏ္ရာရတာေတြရွိတယ္လို႔ ခိုင္သုခက ဆက္ေျပာပါတယ္။

“ မေန႔က ေန႔လည္ ၁နာရီခြဲက စတင္ၿပီးေတာ့ မင္းျပားရြာရဲ႕ အေရွ႕ေတာင္ဖက္ ၁ကီလိုမီတာေလာက္ အကြာမွာ ရွိတဲ့ ေတာင္တန္းကို ျမန္မာစစ္တပ္ဘက္က ေနၿပီးေတာ့ တိုးစစ္ဆင္ တိုက္ခိုက္လာတာရွိတယ္။ ေနာက္ၿပီးေတာ့ ညေန ၃နာရီေလာက္မွာ ထိုးစစ္ဆင္လာတာရွိတယ္။ ထိခိုက္ဒဏ္ရာ ရတာ ေတာ့ရွိတယ္ အေသးစိတ္ေတာ့ မသိရေသးဘူး။ ေနာက္တစ္ခုက ရေသ့ေတာင္ၿမိဳ႕နယ္ဖက္မွာလည္း ေန႔လယ္ တစ္နာရီေလာက္က စတင္ၿပီးေတာ့ ညေန ၆နာရီအထိ လက္နက္ႀကီး အႀကိမ္ေပါင္း ၁၁၀ ေက်ာ္ေလာက္ပစ္ ခတ္ခဲ့တယ္။ အဲဒီမွာ ခမရ ၅၃၆ ၊ ၅၃၇ အေျခစိုက္တဲ့ ရေသ့ေတာ္ ၿမိဳ႕ေပၚက ပစ္တာရွိတယ္။ ေနာက္ၿပီးေတာ့ ေရဇိုေခ်ာင္းဗ်ဴဟာ ကပစ္တာလည္းရွိတယ္။”

အခုလို ရခိုက္လက္နက္ကိုင္ AAဘက္က စြပ္စြဲ ေျပာဆိုခ်က္ ပတ္သတ္ၿပီးေတာ့ ေမးျမန္းဖို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးနဲ႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း တို႔ကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံ မေျဖဆိုခဲ့တာလည္း ျဖစ္ပါတယ္။
ရခိုင္ေျမာက္ပိုင္းမွာ အခုလို တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ အမ္းၿမိဳ႕နယ္နဲ႔ ေျမပံုၿမိဳ႕နယ္ေတြဘက္မွာ စစ္ေဘး ေရွာင္ဦးေရ အရင္ကတစ္ရာေလာက္သာ ရွိေပမယ့္ အခုလက္ရွိအခ်ိန္မွာေတာ့ ၄၀၀ ေက်ာ္အထိ ရွိလာ တယ္လို႔အမ္းၿမိဳ႕နယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ေဌးကေျပာပါတယ္။

“စစ္ေဘးေရွာင္ေတြကေတာ့ တိုးလာတယ္ အခုဆိုရင္ ၄၀၀ ေက်ာ္သြားပါၿပီ၊ ဒလက္ ဘက္ကရယ္ ေနာက္ၿပီး ေတာ့ အမ္းၿမိဳ႕နယ္ မဲလက္ေမာင္းအဲဒီဘက္ကေနေျပာင္းလာၾကတယ္။ ေနာက္ၿပီးေတာ့ ေတာင္ ေပၚမွာေနတဲ့ ခ်င္းတိုင္းရင္းသားေတြ နီးစပ္ရာေတြကို ခိုလံုလာၾကတာရွိတယ္။ အမ္းၿမိဳ႕နယ္ တစ္ဝိုက္ကေပါ့။”

ၿပီးခဲ့တဲ့ ၂၀၁၉ မွာလည္း အစိုးရတပ္နဲ႔ AAအဖြဲ႔တို႔ တစ္ႏွစ္လံုးနီးပါး တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး တိုက္ပြဲ အတြင္းမွာ အရပ္သားေသဆံုးသူ ၁၀၀ေက်ာ္အထိရွိပါတယ္။ အဲဒီေသဆံုးသူေတြထဲမွာ ကေလးကငယ္ ၁၆ ေယာက္ ပါဝင္သလို ကေလး ၃၆ ေယာက္အထိ ျပင္းထန္ ဒဏ္ရာရရွိခဲ့တယ္လို႔ UNICEF က ထုတ္ျပန္ ထား ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက် တိုက်ပွဲတွေဖြစ်ပွားခဲ့

(Unicode)

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့မင်းပြား အမ်း နဲ့ မြေပုံ မြို့နယ်တို့မှာ မနေ့က အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ မြောက်ပိုင်းညီနှောင် မဟာမိတ် သုံးဖွဲ့ကတော့ ၂၀၂၀ နှစ်ဆန်းပိုင်း ကတည်း အပစ်ရဖို့ အတွက် ထုတ်ပြန်ထား ပေမယ့် တပ်မတော် ဘက်က ရခိုင်မြောက်ပိုင်း ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေရတာ ဖြစ်တယ်လို့ AAပြောခွင့် ခိုင်သုခက ပြောပါတယ်။
သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က တင်ပြပေးထားပါတယ်။

ရခိုင်မြောက်ပိုင်းက မြို့နယ်လေးခုလောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်ရက်နေ့ကနေ ဒီနေ့အထိ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ အကြိမ် ၄၀နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိတွေ့မှု အများဆုံးကတော့ ရန်ကုန်စစ်တွေ ကားလမ်း တစ်လျောက်ဖြစ်တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ရန်ကုန် စစ်တွေ ကားလမ်းတစ်လျောက်မှာ ဆိုလို့ရှိရင် တော့ ၁၀ရက် ၁၁ရက် အဲဒီရက်ပိုင်းတွေက မင်းပြားမြို့နယ်ထဲမှာ ၁၁ရက်နေ့ တစ်ရက်တည်းမှာကို ၄ ကြိမ်လောက်ဖြစ်တယ်။ ဒီရက်ပိုင်းမှာတော့ စစ်တွေ-ရန်ကုန် ကားလမ်းတစ်လျောက်မှာ အမ်းနဲ့ မြေပုံ ကြားနောက်ပြီးတော့ မင်းပြားနဲ့ မြေပုံကြား အဲဒီနေရာတွေမှာ တိုက်ပွဲ တော်တော်များများ ဖြစ်တာကို တွေ့ရတယ်။ ဗမာစစ်တပ်ဘက်ကတော့ ဇွန်နဝါရီလ ၁ရက်နေ့ကနေ ၁၁ရက်နေ့အထိ သူတို့ဘက်က ကျဆုံးမှုက ၇၅ ဦးရှိပြီးတော့ ထိခိုက်ဒဏ်ရာရတာကတော့ ၂၅ဦးရှိတယ်။ တိုက်ပွဲပေါင်းကတော့ ၁၁ရက်နေ့ထိ ၃၈ကြိမ် ဖြစ်ခဲ့တယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်ရက်နေ့ကတည်းက စတင်ပြီးတော့ မြောက်ပိုင်းညီနှောင် မဟာမတ်သုံးဖွဲ့အနေနဲ့ နှစ်လသက်တမ်း အပစ်ရပ်ဖို့ထုတ်ပြန်ထားပေမယ့် တပ်မတော်ဘက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေ ပြင်းထန်လာရတာဖြစ်တယ်လို့လည်း သူကဆက် ပြောပါတယ်။

“ဒီနှစ်ဆန်းပိုင်းကတည်းက စပြီးတော့ ကျနော်တို့ဘက်ကတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရေး ပုံစံနဲ့ပဲ သွားနေတာဖြစ်တယ်။ နောက် ပြသာနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် ကျနော်တို့ဘက်က ကြေညာချက် ထုတ်ထားတာလည်းရှိတယ်။ ဒီနှစ်ဆန်းမှာ ထိုးစစ်မလုပ်ဘူးဆိုပြီးတော့လည်း ကျနော်ဘက် သတ်တမ်းနှစ်လ တိုးထားတာရှိတယ်။ အဲတာကြောင့် ကျနော်တို့ ထိုးစစ်မလုပ်ဘူး။ မြန်မာစစ်တပ်ဘက်ကတော့ အင်အားအလွန်အကျွန်သုံးပြီးတော့ ထိုးစစ်ဆင်နေတာကို ကျနော်တို့ဘက်က ခုခံ ကာကွယ်နေရတာဖြစ်တယ်။”

အခုလို ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရန်ကုန်ကို ပြေးဆွဲနေတဲ့ ကားတွေဟာ လမ်းပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရပြီး သွားရေးလာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

“သူတို့ စစ်ဆေးတဲ့အချိန် သွားလို့မရရင်တော့လမ်းမှာ ညအိပ်ရတာပေါ့ဗျာ။ တိုက်ပွဲဖြစ်နေလို့ သွားလို့မရရင် ရပ်ထားရတယ်။”

မနေ့ကလည်း မင်းပြားမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်ဘက်မှာ အစိုးရ တပ်ဘက်က ထိုးစစ်ဆင် တိုက်လာတာ ကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“ မနေ့က နေ့လည် ၁နာရီခွဲက စတင်ပြီးတော့ မင်းပြားရွာရဲ့ အရှေ့တောင်ဖက် ၁ကီလိုမီတာလောက် အကွာမှာ ရှိတဲ့ တောင်တန်းကို မြန်မာစစ်တပ်ဘက်က နေပြီးတော့ တိုးစစ်ဆင် တိုက်ခိုက်လာတာရှိတယ်။ နောက်ပြီးတော့ ညနေ ၃နာရီလောက်မှာ ထိုးစစ်ဆင်လာတာရှိတယ်။ ထိခိုက်ဒဏ်ရာ ရတာ တော့ရှိတယ် အသေးစိတ်တော့ မသိရသေးဘူး။ နောက်တစ်ခုက ရသေ့တောင်မြို့နယ်ဖက်မှာလည်း နေ့လယ် တစ်နာရီလောက်က စတင်ပြီးတော့ ညနေ ၆နာရီအထိ လက်နက်ကြီး အကြိမ်ပေါင်း ၁၁၀ ကျော်လောက်ပစ် ခတ်ခဲ့တယ်။ အဲဒီမှာ ခမရ ၅၃၆ ၊ ၅၃၇ အခြေစိုက်တဲ့ ရသေ့တော် မြို့ပေါ်က ပစ်တာရှိတယ်။ နောက်ပြီးတော့ ရေဇိုချောင်းဗျူဟာ ကပစ်တာလည်းရှိတယ်။”

အခုလို ရခိုက်လက်နက်ကိုင် AAဘက်က စွပ်စွဲ ပြောဆိုချက် ပတ်သတ်ပြီးတော့ မေးမြန်းဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေး ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ မဖြေဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်တွေဘက်မှာ စစ်ဘေး ရှောင်ဦးရေ အရင်ကတစ်ရာလောက်သာ ရှိပေမယ့် အခုလက်ရှိအချိန်မှာတော့ ၄၀၀ ကျော်အထိ ရှိလာ တယ်လို့အမ်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးကပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ တိုးလာတယ် အခုဆိုရင် ၄၀၀ ကျော်သွားပါပြီ၊ ဒလက် ဘက်ကရယ် နောက်ပြီး တော့ အမ်းမြို့နယ် မဲလက်မောင်းအဲဒီဘက်ကနေပြောင်းလာကြတယ်။ နောက်ပြီးတော့ တောင် ပေါ်မှာနေတဲ့ ချင်းတိုင်းရင်းသားတွေ နီးစပ်ရာတွေကို ခိုလုံလာကြတာရှိတယ်။ အမ်းမြို့နယ် တစ်ဝိုက်ကပေါ့။”

ပြီးခဲ့တဲ့ ၂၀၁၉ မှာလည်း အစိုးရတပ်နဲ့ AAအဖွဲ့တို့ တစ်နှစ်လုံးနီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တိုက်ပွဲ အတွင်းမှာ အရပ်သားသေဆုံးသူ ၁၀၀ကျော်အထိရှိပါတယ်။ အဲဒီသေဆုံးသူတွေထဲမှာ ကလေးကငယ် ၁၆ ယောက် ပါဝင်သလို ကလေး ၃၆ ယောက်အထိ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ UNICEF က ထုတ်ပြန် ထား ပါတယ်။

XS
SM
MD
LG