သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA ရန္ေၾကာင့္ ေဒသခံခ်င္းတိုင္းရင္းသားေတြ ေနရပ္မျပန္ရဲ


ပလက္၀ၿမိဳ႕(Photo khonumthung.news )

(Zawgyi / Unicode)

ညမထြက္ရအမိန႔္ ထုတ္ျပန္ထားတဲ့ ပလက္ဝၿမိဳ႕နယ္မွာ ေဒသခံအမ်ားစုဟာ ေနရပ္ျပန္မလာရဲၾကသလို ရခိုင္လက္နက္ကိုင္ AA ရဲ႕ လုံၿခဳံေရးအရ ဖမ္းဆီး၊ စစ္ေဆးခံရမွာကို စိုးရိမ္ေနေၾကာင္း ခ်င္းအရပ္ဘက္ အဖြဲ႕အစည္းေတြက ေျပာပါတယ္။

AA ဘက္ကေတာ့ ပလက္ဝေဒသခံေတြကို ႏွိပ္စက္၊ ညႇဥ္းပန္းတာေတြ ထပ္ၿပီးလုပ္မွာ မဟုတ္ေၾကာင္းနဲ႔ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြလည္း မရွိခဲ့ေၾကာင္း ဒီေန႔မနက္ ပလက္ဝၿမိဳ႕၊ က်ီးေလ႐ြာမွာ သူတို႔သေဘာထားကို ရွင္းျပသြားပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္းထားပါတယ္။

ဇန္နဝါရီလ ၈ရက္က ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေတြ ဖမ္းဆီးေခၚေဆာင္သြားတဲ့ ပလက္ဝၿမိဳ႕နယ္ က်ီးေလ႐ြာ ေဒသခံ ၁၀၀ ေက်ာ္ထဲမွာ တခ်ိဳ႕ကို စစ္ေဆး၊ ေမးျမန္းစဥ္ ႐ိုက္ႏွက္ခဲ့ေၾကာင္း AA ဘက္က ဇန္နဝါရီ ၁၂ရက္မွာ ေၾကညာခ်က္ထုတ္ၿပီး ဝန္ခံခဲ့ပါတယ္။ ေက်း႐ြာ ၄၀၀ ဝန္းက်င္ရွိတဲ့ ပလက္ဝၿမိဳ႕ နယ္ ေဒသခံအမ်ားစုကေတာ့ ဖမ္းဆီးခံရမွာကို ေၾကာက္ၿပီး ေနရပ္မျပန္တဲ့သူ မ်ားလာေၾကာင္းခ်င္းအရပ္ဘက္ အဖြဲ႕အစည္းေတြက ေျပာပါတယ္။

ဒီေန႔ ဇန္နဝါရီ ၁၃ရက္ မနက္ပိုင္းမွာအင္အား ၂၀၀ ဝန္းက်င္ေလာက္ရွိတဲ့AA တပ္ဖြဲ႕ဝင္ေတြဟာ က်ီးေလ႐ြာ ေဒသခံေတြကို ႐ြာအထက္တန္းေက်ာင္းခြဲမွာ စုေခၚၿပီး သူတို႔အေနနဲ႔ ႐ိုက္ႏွက္တာေတြ ဆက္မလုပ္သလို၊ ဖမ္းဆီးခဲ့တဲ့ ခ်င္းအမ်ိဳးသမီးကိုလည္း လိင္ပိုင္း အၾကမ္းမဖက္ခဲ့ေၾကာင္း ရွင္းျပခဲ့ ေပမယ့္ ေဒသခံေတြ ကေတာ့ စိုးရိမ္ေနဆဲပဲလို႔ စစ္ေရွာင္ေတြကို အကူညီေပးေနသူတေယာက္က ေျပာပါတယ္။

“မနက္ကေတာ့ ႐ြာသားေတြကို AA ေတြက တ႐ြာလုံးကလူေတြကို အစည္းအေဝးေခၚတယ္။ ဒီ႐ြာမွာ က်ေနာ္တို႔ မုဒိမ္းက်င့္ဖို႔ မလုပ္ပါဘူး၊ ပစၥည္းေတြ ဘာေတြ မထမ္းခိုင္းဘူးဆိုတာေတြ ေျပာပါဆိုၿပီး သူတို႔ကလုပ္တယ္။ အနီးအနားမွာလည္း ဖမ္းတယ္၊ ဆီးတယ္၊ ႏွိပ္စက္တယ္ နည္းလမ္းေပါင္းစုံ အဲဒီလိုရွိေတာ့ ရွင္းရွင္းေျပာရရင္ စီးပြားေရးနည္းနည္း ေကာင္းတဲ့သူေတြ၊ ေျပာႏိုင္ဆိုႏိုင္ ေဒသမွာနည္းနည္း နာမည္ရွိတဲ့သူေတြဆိုၿပီးေၾကာက္ရတယ္။ ဆိုေတာ့ အၿမဲတမ္း အႏၲရာယ္ေပးႏိုင္တဲ့ဆိုတဲ့ အေနအထားနဲ႔ သူတို႔ (ေဒသခံေတြ) ေၾကာက္ေနတယ္။”

ပလက္ဝၿမိဳ႕နယ္တြင္းကစစ္ေရွာင္ေတြကို ကူညီေပးေနတဲ့အဖြဲ႕အစည္းက တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာျပသြားတာပါ။

တပ္မေတာ္ဘက္ကို သတင္းေပးပို႔ေနတဲ့ သူတခ်ိဳ႕ဟာ ပလက္ဝေဒသကေန ထြက္ေျပးလြတ္ေျမာက္ေနတယ္ဆိုတဲ့ AA အဖြဲ႕ရဲ႕ဇန္နဝါရီ ၁၂ရက္ ထုတ္ျပန္ခ်က္ဟာ ေဒသခံေတြကို စိုးရိမ္မႈ ပိုမ်ားေစေၾကာင္း ခူမီးခ်င္းမ်ိဳးႏြယ္စုေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီက ဦးေစာျမက ေျပာပါတယ္။

“သူတို႔ထုတ္ျပန္တဲ့အထဲမွာ သူတို႔အသုံးက ‘ရန္သူ’ ေပါ့။ အစိုးရ သတင္းေပးေတြရွိလို႔ လာရွာတာပါ၊ ထုတ္ျပန္ခ်က္ထဲမွာ အဲလိုေတြ႕တယ္။ က်ေနာ္တို႔က ဒီေတာ္လွန္ေရးအဖြဲ႕ကို response (တုံ႔ျပန္ဖို႔) လုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးေလ။ အစိုးရသတင္းေပးေတြက ထြက္ေျပးလြတ္ေျမာက္ သြားတယ္တဲ့၊ အဲဒီလို ေျပာတယ္ဆိုေတာ့ က်ေနာ္တို႔က ဘယ္လို၊ အဲဒီ႐ြာကေန ခရီးသြားတဲ့သူေတြကို အစိုးရသတင္းေပးလို႔ စြပ္စြဲလိုက္တာနဲ႔ အတူတူပဲ။ ဆိုေတာ့ သူတို႔အေနနဲ႔ ျပန္လာဖို႔ အေတာ္ခက္ခဲသြားမယ္။”

ပလက္ဝၿမိဳ႕နယ္ထဲမွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔ ၂၀၁၅ ကတည္းက တိုက္ပြဲစျဖစ္ေနၿပီး ၂၀၁၉ ထဲမွာ တိုက္ပြဲေတြစိပ္လာပါတယ္။ ရခိုင္လက္နက္ကိုင္ AAကို ဆန႔္က်င္၊ စည္း႐ုံးမႈေတြ လုပ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကိုAA ဘက္က ဖမ္းဆီး၊ ထိန္းသိမ္းထားတာ အခုဆိုရင္ ၂လရွိပါၿပီ။ ခ်င္းအရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ ပလက္ဝၿမိဳ႕ေဒသခံေတြကေတာ့ သူတို႔ေဒသမွာ စစ္ပြဲေတြ ၾကာရွည္လာမွာ စိုးရိမ္ေနေၾကာင္းလည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

AA ရန်ကြောင့် ဒေသခံချင်းတိုင်းရင်းသားတွေ နေရပ်မပြန်ရဲ

(Unicode)

ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံအများစုဟာ နေရပ်ပြန်မလာရဲကြသလို ရခိုင်လက်နက်ကိုင် AA ရဲ့ လုံခြုံရေးအရ ဖမ်းဆီး၊ စစ်ဆေးခံရမှာကို စိုးရိမ်နေကြောင်း ချင်းအရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။ AA ဘက်ကတော့ ပလက်ဝဒေသခံတွေကို နှိပ်စက်၊ ညှဉ်းပန်းတာတွေ ထပ်ပြီးလုပ်မှာ မဟုတ်ကြောင်းနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်း မရှိခဲ့ကြောင်း ဒီနေ့မနက် ပလက်ဝမြို့၊ ကျီးလေရွာမှာ သူတို့သဘောထားကို ရှင်းပြသွားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းထားပါတယ်။

ဇန်နဝါရီလ ၈ရက်က ရခိုင်လက်နက်ကိုင် AA အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပလက်ဝမြို့နယ် ကျီးလေရွာ ဒေသခံ ၁၀၀ ကျော်ထဲမှာ တချို့ကို စစ်ဆေး၊ မေးမြန်းစဉ် ရိုက်နှက်ခဲ့ကြောင်း AA ဘက်က ဇန်နဝါရီ ၁၂ရက်မှာ ကြေညာချက်ထုတ်ပြီး ဝန်ခံခဲ့ပါတယ်။ ကျေးရွာ ၄၀၀ ဝန်းကျင်ရှိတဲ့ ပလက်ဝမြို့ နယ် ဒေသခံအများစုကတော့ ဖမ်းဆီးခံရမှာကို ကြောက်ပြီး နေရပ်မပြန်တဲ့သူ များလာကြောင်းချင်းအရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၃ရက် မနက်ပိုင်းမှာအင်အား ၂၀၀ ဝန်းကျင်လောက်ရှိတဲ့AA တပ်ဖွဲ့ဝင်တွေဟာ ကျီးလေရွာ ဒေသခံတွေကို ရွာအထက်တန်းကျောင်းခွဲမှာ စုခေါ်ပြီး သူတို့အနေနဲ့ ရိုက်နှက်တာတွေ ဆက်မလုပ်သလို၊ ဖမ်းဆီးခဲ့တဲ့ ချင်းအမျိုးသမီးကိုလည်း လိင်ပိုင်း အကြမ်းမဖက်ခဲ့ကြောင်း ရှင်းပြခဲ့ ပေမယ့် ဒေသခံတွေ ကတော့ စိုးရိမ်နေဆဲပဲလို့ စစ်ရှောင်တွေကို အကူညီပေးနေသူတယောက်က ပြောပါတယ်။

“မနက်ကတော့ ရွာသားတွေကို AA တွေက တရွာလုံးကလူတွေကို အစည်းအဝေးခေါ်တယ်။ ဒီရွာမှာ ကျနော်တို့ မုဒိမ်းကျင့်ဖို့ မလုပ်ပါဘူး၊ ပစ္စည်းတွေ ဘာတွေ မထမ်းခိုင်းဘူးဆိုတာတွေ ပြောပါဆိုပြီး သူတို့ကလုပ်တယ်။ အနီးအနားမှာလည်း ဖမ်းတယ်၊ ဆီးတယ်၊ နှိပ်စက်တယ် နည်းလမ်းပေါင်းစုံ အဲဒီလိုရှိတော့ ရှင်းရှင်းပြောရရင် စီးပွားရေးနည်းနည်း ကောင်းတဲ့သူတွေ၊ ပြောနိုင်ဆိုနိုင် ဒေသမှာနည်းနည်း နာမည်ရှိတဲ့သူတွေဆိုပြီးကြောက်ရတယ်။ ဆိုတော့ အမြဲတမ်း အန္တရာယ်ပေးနိုင်တဲ့ဆိုတဲ့ အနေအထားနဲ့ သူတို့ (ဒေသခံတွေ) ကြောက်နေတယ်။”

ပလက်ဝမြို့နယ်တွင်းကစစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပြသွားတာပါ။

တပ်မတော်ဘက်ကို သတင်းပေးပို့နေတဲ့ သူတချို့ဟာ ပလက်ဝဒေသကနေ ထွက်ပြေးလွတ်မြောက်နေတယ်ဆိုတဲ့ AA အဖွဲ့ရဲ့ဇန်နဝါရီ ၁၂ရက် ထုတ်ပြန်ချက်ဟာ ဒေသခံတွေကို စိုးရိမ်မှု ပိုများစေကြောင်း ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ဦးစောမြက ပြောပါတယ်။

“သူတို့ထုတ်ပြန်တဲ့အထဲမှာ သူတို့အသုံးက ‘ရန်သူ’ ပေါ့။ အစိုးရ သတင်းပေးတွေရှိလို့ လာရှာတာပါ၊ ထုတ်ပြန်ချက်ထဲမှာ အဲလိုတွေ့တယ်။ ကျနော်တို့က ဒီတော်လှန်ရေးအဖွဲ့ကို response (တုံ့ပြန်ဖို့) လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အစိုးရသတင်းပေးတွေက ထွက်ပြေးလွတ်မြောက် သွားတယ်တဲ့၊ အဲဒီလို ပြောတယ်ဆိုတော့ ကျနော်တို့က ဘယ်လို၊ အဲဒီရွာကနေ ခရီးသွားတဲ့သူတွေကို အစိုးရသတင်းပေးလို့ စွပ်စွဲလိုက်တာနဲ့ အတူတူပဲ။ ဆိုတော့ သူတို့အနေနဲ့ ပြန်လာဖို့ အတော်ခက်ခဲသွားမယ်။”

ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ ၂၀၁၅ ကတည်းက တိုက်ပွဲစဖြစ်နေပြီး ၂၀၁၉ ထဲမှာ တိုက်ပွဲတွေစိပ်လာပါတယ်။ ရခိုင်လက်နက်ကိုင် AAကို ဆန့်ကျင်၊ စည်းရုံးမှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုAA ဘက်က ဖမ်းဆီး၊ ထိန်းသိမ်းထားတာ အခုဆိုရင် ၂လရှိပါပြီ။ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပလက်ဝမြို့ဒေသခံတွေကတော့ သူတို့ဒေသမှာ စစ်ပွဲတွေ ကြာရှည်လာမှာ စိုးရိမ်နေကြောင်းလည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG