သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား စင်ပြိုင်အစိုးရ ၂ ခု အပစ်ရပ်သဘောတူ


ထရီပိုလီမြို့တွင် လုံခြုံရေးယူနေသည့် လစ်ဗျားတပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၄၊ ၂၀၁၉)
ထရီပိုလီမြို့တွင် လုံခြုံရေးယူနေသည့် လစ်ဗျားတပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၄၊ ၂၀၁၉)

(Zawgyi / Unicode)

လစ်ဗျား စင်ပြိုင်အစိုးရတွေကြား အပစ်အခတ်ရပ်စဲဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ညှိနှိုင်းခဲ့ကြပြီး တနင်္ဂနွေ ညသန်းခေါင်မှာ စတင် သက်ရောက်ပါတယ်။

လနဲ့ချီ တိုက်ခိုက်မှုတွေ အတွင်းမှာပဲ ရုရှားနဲ့ တူရကီတို့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဒီသဘောတူညီချက် ရရှိခဲ့တာပါ။ ဒါပေမယ့်လည်း တချို့နေရာတွေမှာ တိုက်ပွဲတွေ ရှိနေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေမှာ ဖော်ပြနေကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

လစ်ဗျားဆိုင်ရာ ကုလသမဂ္ဂ မစ်ရှင်ကတော့ ဒီသဘောတူညီချက်ကို ကြိုဆိုကြောင်း တနင်္ဂနွေနေ့က ကြေညာချက်ထုတ် ပြောဆိုပြီး သက်ဆိုင်သူအားလုံး အနေနဲ့ ဒီသဘောတူညီချက်ကို လေးစားလိုက်နာပြီး လစ်ဗျားနိုင်ငံတွင်း ဆွေးနွေးပွဲတွေကို ပံ့ပိုးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း Khalifa Haftar နဲ့ Fayez Sarraj တို့ ဦးဆောင်တဲ့ စင်ပြိုင်အစိုးရတွေက လစ်ဗျားကို ထိန်းချုပ်နိုင်ရေး တိုက်ခိုက်နေကြတာပါ။

Haftar ရဲ့ တပ်ဖွဲ့တွေက အရေးပါတဲ့ မြေထဲပယ်လယ် ဆိပ်ကမ်းမြို့ Sirte ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် မြို့တော် Tripoli ကို သိမ်းယူရေး တိုက်ပွဲတွေကတော့ သိန်းနဲ့ချီတဲ့ အရပ်သားတွေ ပိတ်မိခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက ရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။

ထိုးစစ်တွေ စတင်ခဲ့ချိန်ကတည်းကဆိုရင် အရပ်သား ၂၈၀ လောက်နဲ့ တိုက်ခိုက်ရေးသမား ၂,၀၀၀ နီးပါးတို့ သေဆုံးခဲ့ရပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။

ရုရှားက Haftar ရဲ့ တပ်ဖွဲ့တွေကို ထောက်ခံထားပြီး တူရကီကတော့ ကုလသမဂ္ဂ ထောက်ခံထားတဲ့ Sarraj အစိုးရကို ထောက်ပံ့နိုင်ရေးအတွက် လစ်ဗျားကို တပ်တွေ စတင် စေလွှွတ်ခဲ့ပါတယ်။

-----------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG