သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်စစ်စခန်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရ


အီရတ်နိုင်ငံရှိ Balad လေတပ်အခြေစိုက်စခန်း။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈)
အီရတ်နိုင်ငံရှိ Balad လေတပ်အခြေစိုက်စခန်း။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈)

(Zawgyi / Unicode)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းက စစ်တပ် အခြေစိုက်စခန်းတခုကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရမှုအတွင်း အီရတ်စစ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဘဂ္ဂဒက်မြို့တော် မြောက်ဘက် ကီလိုမီတာ ၈၀ လောက်အကွာက Balad လေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရတာပါ။ အဲဒီစခန်းမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ မရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိသူတွေက ဗွီအိုအေကို အတည်ပြုပါတယ်။

အမေရိကန်တွေ ထိခိုက်သေဆုံးမှု မရှိပေမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ ဒီတိုက်ခိုက်မှုအပေါ် မကျေမနပ် ဖြစ်ရကြောင်းနဲ့ ဘယ်သူတွေပဲ တိုက်ခိုက်သည်ဖြစ်စေ အီရတ်အစိုးရအနေနဲ့ အရေးယူဖို့ တိုက်တွန်းကြောင်း တွစ်တာ လူမှုကွန်ရက်မှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့လက်ချက်လို့ ပြောဆိုမထားသေးပါဘူး။

လေတပ် အခြေစိုက်စခန်းကို Katyusha ဒုံးကျည် ၈ စင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမေရိကန် တပ်ဖွဲ့တွေရှိရာ အီရတ်အခြေစိုက်စခန်း ၂ ခုကို အီရန်က ပဲ့ထိန်းတပ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို တိုက်ခိုက်တာပါ။

ဒီလအစောပိုင်းက အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အီရန်ရဲ့ ထိပ်တန်းဗိုလ်ချုပ်တဦးဖြစ်တဲ့ Qassem Soleimani သေဆုံးမှု နောက်ပိုင်း အမေရိကန်နဲ့ အီရန်ကြား တင်းတင်းမာမာ ဖြစ်နေချိန်မှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်တာပါ။

အီရတ်နိုင်ငံတွင်းက အမေရိကန်တပ်ဖွဲ့တွေ စခန်းချရာ အခြေစိုက်စခန်းတွေအပေါ် အီရန်က ဒုံးကျည်နဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ကုမ္ပဏီတွေနဲ့ အကြီးတန်း အစိုးရတာဝန်ရှိသူ ၈ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်ထားပါတယ်။

အီရန်ဗိုလ်ချုပ်ကြီး Soleimani က အမေရိကန်အပေါ် တိုက်ခိုက်ဖို့ ကြံစည်နေတာလို့ အမေရိကန် တာဝန်ရှိသူတွေက ခုခံ ပြောဆိုနေပါတယ်။

------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG