သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ အရပ္သားမ်ား လုံၿခဳံေရး အကာအကြယ္မဲ့


တုိက္ပြဲမ်ားေၾကာင့္ ရခုိင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕သုိ႔ ထြက္ေျပးတိမ္းေရွာင္လာသည့္ ေဒသခံမ်ား။ (ဒီဇင္ဘာ ၂၃၊ ၂၀၁၈)

(Zawgyi / Unicode)

စစ္ေရးပဋိပကၡ တင္းမာေနဆဲ ရခိုင္ျပည္နယ္က ႏွစ္ဖက္တိုက္ပြဲေတြထဲ ကေလးသူငယ္ ကိုယ္ဝန္ေဆာင္မိခင္ အပါအဝင္ အရပ္သား ၁၀၀ ေက်ာ္ ေသဆံုးေနရၿပီျဖစ္လို႔ ႏိုင္ငံသားတို႔ရဲ႕ လံုၿခံဳမႈကို အကာအကြယ္ေပးဖို႔၊ စစ္ေဘးမွာ ထိခုိက္နစ္နာခဲ့ရသူေတြအတြက္ တရားမွ်တမႈရွိတဲ့ စံုစမ္းေဖာ္ထုတ္ အေရးယူမႈေတြ အစိုးရဘက္က ထိေရာက္စြာ ေဆာင္ရြက္ေပးဖို႔ ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေတာင္းဆိုလိုက္ပါတယ္။ ထိခိုက္နစ္နာခဲ့ရတဲ့ စစ္ဒဏ္သင့္ ျပည္သူေတြအတြက္ တရားမွ်တမႈရဖို႔ ႏုိင္ငံေတာ္ကိုယ္တုိင္က နစ္နာသူေတြဘက္က ရပ္တည္ေတာင္းဆိုေပးပါလို႔လည္း ရခိုင္လႊတ္ေတာ္ကုိယ္စားလွယ္က ေျပာပါတယ္။ အျပည့္အစုံကုိ မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ထဲမွာ ရခိုင္တုိင္းရင္းသားလက္နက္ကိုင္တပ္ AA နဲ႔ အစိုးရစစ္တပ္တို႔ၾကား တုိက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားလာခဲ့တာ ႏွစ္နဲ႔ခ်ီလာၿပီ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ျပင္းထန္တဲ့ တုိက္ပြဲေတြေၾကာင့္ အသက္ေဘးလု ေျပးခဲ့ရတဲ့ စစ္ေဘးစစ္ေရွာင္ ဒုကၡသည္ကလည္း တသိန္းေက်ာ္အထိ ရွိလာေနၿပီး စစ္ေဘးပဋိပကၡအတြင္း မသကၤာမႈေတြနဲ႔ အျပန္အလွန္ ဖမ္းဆီးေနတာေတြ၊ တရားစြဲဆို ေထာင္ခ်ေနတာေတြ ရွိပါတယ္။ ဒီတိုက္ပြဲေတြအတြင္းမွာ အျပစ္မဲ့ျပည္သူေတြ လသားအရြယ္ ကေလးငယ္ေလးကအစ ကိုယ္ဝန္ေဆာင္မိခင္ေတြအထိ လက္နက္ထိမွန္လို႔ ေသဆံုးခဲ့ရတဲ့အထိလည္း ဆိုးဆိုးရြားရြား လံုၿခံဳမႈမဲ့ေနတဲ့ အေနအထား ျဖစ္ေနပါတယ္။ ေက်းရြာရပ္ကြက္ေတြထဲ ေဒသခံအာဏာပိုင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြပါ အသက္အႏၱရာယ္ရွိၿပီး လံုၿခံဳမႈမဲ့လာေနတဲ့အထိ ျဖစ္လာလို႔ ေဒသခံျပည္သူေတြရဲ႕ လံုၿခံဳေရးကလည္း စိုးရိမ္စရာ အေနအထား ျဖစ္ေနတာပါ။

စစ္ပြဲေၾကာင့္ အသက္လုေျပးေနရခ်ိန္ အခုလို လက္နက္ထိမွန္ ေသဆံုးမႈေတြပါ ဆက္တုိက္ျဖစ္လာေနတဲ့အေပၚ ရခိုင္ျပည္နယ္တြင္းက ျပည္သူေတြအတြက္ ႏုိင္ငံသားတို႔အတြက္ လံုၿခံဳတဲ့အကာအကြယ္ ေပးပါလို႔ ျပည္ေထာင္စုအစိုးရနဲ႔ ျပည္နယ္အစိုးရကို ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေတာင္းဆိုပါတယ္။

အရပ္သား ထိခိုက္ေသဆံုးေနေပမယ့္လို႔ ပစ္သူ ဘယ္သူဆိုတဲ့ တရားခံလက္သည္ မေပၚဘဲ ျဖစ္ေနရတဲ့ အေနအထားအေပၚမွာ စစ္ျဖစ္ေနတဲ့ ၿမိဳ႕နယ္တၿမိဳ႕နယ္ျဖစ္တဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးလွေစာက အခုလိုေျပာပါတယ္။

“ႏွစ္ဖက္လုံးက ဟုိဘက္က တမ်ဳိးေျပာ၊ ဒီဘက္က တမ်ဳိးေျပာဆုိေတာ့ က်ေနာ္တုိ႔လည္း ႏွစ္ဖက္လုံး ေျပာတာၾကားတာေတြကုိ ဘာမွန္းမသိေတာ့ဘူး။ ဒါေပမယ့္ က်ေနာ္တုိ႔ စိတ္ေတာ့မေကာင္းဘူး။ ကေလးေလးတေယာက္ ေက်ာကဝင္ၿပီး ဗိုက္ပြင့္သြားတယ္ ဆုိတာက်ေတာ့၊ အဲဒါကုိ တိတိက်က် သတင္းယူၿပီးေတာ့ အတည္ျပဳႏုိင္တဲ့ အခ်က္အလက္ေတြ ရႏုိင္တဲ့ နည္းလမ္းကေတာ့ လႊတ္ေတာ္ဘက္ကေတာ့ မရဘူး။ လက္နက္ကုိင္ႏွစ္ဖြဲ႔ တုိက္တာကုိ က်ေနာ္ထင္တာေတာ့ အစုိးရကေတာ့ သူနဲ႔ဘာမွမဆုိင္သလုိ ေနတယ္လို႔ ထင္တာပဲ။ ဥပေဒစုိးမုိးေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အဲဒီေဒသကုိ ၾသဇာအာဏာရွိတဲ့ အုပ္ခ်ဳပ္ေရးယႏၱရား၊ ျပည္နယ္ဆုိလည္း ျပည္နယ္ဝန္ႀကီးေတြေပါ့၊ ကက္ဘိနက္ေတြကလည္း တာဝန္ယူေပးရမွာေပါ့။ အဲဒီလိုမဟုတ္ဘဲ လက္နက္ကုိင္အဖြဲ႔ သူပုန္ေတြနဲ႔ တပ္မေတာ္နဲ႔ တုိက္ရင္လည္းတုိက္၊ ငါတို႔နဲ႔ ဘာမွမဆုိင္ဘူးဆုိတဲ့ ကိန္းမ်ဳိးကေတာ့ တုိင္းျပည္မွာ ျဖစ္ေနၿပီထင္တယ္။ အဲဒါ ေကာင္းတဲ့အလားအလာ မဟုတ္ဘူး။ က်ေနာ္တုိ႔တုိင္းျပည္ အေျခအေနကလည္း ဟုိကဖိအား ဒီကဖိအားေတြ မ်ားတဲ့အခ်ိန္မွာ။”

တိုက္ပြဲေတြ ဆက္ျပင္းထန္ေနဆဲ ရခိုင္ျပည္နယ္ထဲ ရခုိင္စစ္ေဘးတြင္း အရပ္သား ထိခိုက္ေသဆံုးခဲ့ရမႈက အခုဆိုရင္ ေသဆံုးသူ ၁၂၀ ေက်ာ္အထိ ျဖစ္ေနၿပီလို႔ ရခုိင္ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြက ေျပာပါတယ္။

ဒီလို အျပစ္မဲ့ ေသဆံုးခဲ့ရတဲ့ ျပည္သူေတြအတြက္ တရားမွ်တမႈရဖို႔ နစ္နာဆံုး႐ံႈးမႈေတြအတြက္ ႏုိင္ငံေတာ္ကိုယ္တုိင္ တရားလိုလုပ္ၿပီး နစ္နာသူဘက္က ရပ္တည္ေပးပါလို႔ ေျပာလာသူကေတာ့ ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕နယ္က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ မထုေမ ျဖစ္ပါတယ္။

“အဓိကေတာ့ ဒီလုိမ်ဳိး ျပည္သူေတြ ထိခုိက္နစ္နာၿပီဆုိရင္ ထိခုိက္နစ္နာတဲ့ မိသားစုကေတာ့ ႐ုိး႐ိုး ဥပေဒအရဆုိရင္ ထိခုိက္နစ္နာတဲ့သူဘက္ကေနၿပီးေတာ့ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအေျခအေနက ထိခုိက္နစ္နာတဲ့ မိသားစု တဦးခ်င္းဆီကေန တရားစြဲဆုိဖုိ႔ ဒီေလာက္အထိ က်မတုိ႔ျပည္သူေတြက သတၱိမရွိႏုိင္ေသးဘူး။ ဒီလုိမ်ဳိး အေျခအေနမွာ က်မတုိ႔က အပစ္အခတ္ရပ္စဲေရးအတြက္ လည္းေကာင္း အစုိးရအေနနဲ႔ ၾကားဝင္မႈေတြ ေဆာင္ရြက္ရပါမယ္။ ျပည္သူေတြက ဒါေတြကို တကယ္ထိခုိက္နစ္နာတဲ့ သူဘက္က တုိင္ၾကားၿပီဆုိရင္ ႏုိင္ငံေတာ္က တရားလုိအေနနဲ႔ ေဆာင္ရြက္ေပးျခင္း၊ သုိ႔မဟုတ္ ထိခုိက္နစ္နာတဲ့ ျပည္သူေတြဘက္က ရပ္တည္ျခင္းက ပုိၿပီးေတာ့ တရားမွ်တမႈရွိမယ္လို႔ က်မသုံးသပ္ပါတယ္။”

တိုက္ပြဲေတြအတြင္း အခုလို အရပ္သားထိခိုက္ေသဆံုးမႈ ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္လို႔ တရားမွ်တမႈရဖို႔ သက္ဆုိင္ရာ တာဝန္ရွိသူေတြဘက္က စံုစမ္းေဖာ္ထုတ္ အေရးယူေပးသင့္တယ္လို႔လည္း ရခိုင္လႊတ္ေတာ္ကိုယ္စားလွယ္ မထုေမက အခုလို သံုးသပ္ပါတယ္။

“က်မတုိ႔အေနနဲ႔ ၂၀၁၉ ခုကေနၿပီးေတာ့ အလီလီအဖန္ဖန္ ေတာင္းဆုိပါတယ္။ အစိုးရအေနနဲ႔ ၾကားဝင္ ဖ်န္ေျဖၿပီးေတာ့ တုိင္းရင္းသား လက္နက္ကုိင္မ်ားနဲ႔ တပ္မေတာ္ၾကား ဝင္ၿပီးေတာ့ ဒါကို ညိႇႏႈိင္းဖို႔၊ ေဆြးေႏြးဖို႔၊ အပစ္အခတ္ ရပ္စဲဖို႔၊ ေနာက္ဆုံး Bilateral သြားဖို႔၊ ဒါေတြကို အစုိးရက လုပ္ေဆာင္ေပးႏုိင္ပါတယ္။ လုပ္ေဆာင္ေပးရမွာလည္း ျဖစ္ပါတယ္။ ဒါကို က်မတို႔ အႀကိမ္ႀကိမ္ေျပာေပမယ့္ အစုိးရက နားမဝင္ပါဘူး။ ရခုိင္ျပည္နယ္မွာ ေနၿပီးေတာ့ သားသည္မိခင္ေတြ ေသေနတယ္၊ အျပစ္မဲ့ကေလးေတြ ေသေနတယ္၊ အပစ္ခံရတယ္၊ စစ္ရဲ႕သားေကာင္ ျဖစ္ေနၾကတယ္။ ဒါနဲ႔ပတ္သက္ၿပီး အစိုးရအေနနဲ႔ ဒီအေပၚမွာ တာဝန္တရပ္အေနနဲ႔ လက္နက္ကုိင္ ႏွစ္ဖက္စလုံးကုိ ျမန္မာ့တပ္မေတာ္ရွိမယ္၊ ရခုိင့္တပ္ေတာ္ရွိမယ္၊ ၾကားထဲက ပန္ၾကားဖို႔ အေရးႀကီးအဆုိ တင္ခဲ့ေပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္က က်မကို ျငင္းခဲ့ပါတယ္။ ဒါေၾကာင့္မို႔ က်မတို႔အေနနဲ႔ အင္မတန္ စိတ္မေကာင္းျဖစ္မိတယ္။ ဒီတုိင္းသာ အစုိးရက လက္ပုိက္ၾကည့္ေနမယ္ဆုိရင္ ရခုိင္ျပည္နယ္မွာတင္ မဟုတ္ပါဘူး၊ တႏုိင္လုံးရဲ႕ အေျခအေနက ျပည္သူေတြအေနနဲ႔ ျပည္သူတင္ေျမႇာက္တဲ့ အစိုးရအေပၚမွာ အယုံအၾကည္ အားနည္းလာႏုိင္ပါတယ္။”

ဒီကေန႔အထိကို တုိက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနဆဲ ရခိုင္ျပည္နယ္ထဲ စစ္ဒဏ္သင့္ျပည္သူေတြ ေျမစာပင္မျဖစ္ေစဖို႔ အမ်ားျပည္သူရွိေနတဲ့ လူေနရပ္ကြက္ေက်းရြာ ေနရာေဒသေတြကို လက္နက္ႀကီးေတြနဲ႔ မပစ္ခတ္ဖို႔ အျပန္အလွန္ ဖမ္းဆီးထိန္းသိမ္း စစ္ေဆးေနမႈေတြ အျမန္ဆံုးရပ္တန္႔ေပးဖို႔ ႏွစ္ဖက္ လက္နက္ကိုင္တပ္ဖြဲ႔ေတြကို ရခိုင္ေဒသခံေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္က ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

------------------------

(Unicode)

ရခိုင်စစ် အရပ်သားများ လုံခြုံရေး အကာအကွယ်မဲ့

စစ်ရေးပဋိပက္ခ တင်းမာနေဆဲ ရခိုင်ပြည်နယ်က နှစ်ဖက်တိုက်ပွဲတွေထဲ ကလေးသူငယ် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် အရပ်သား ၁၀၀ ကျော် သေဆုံးနေရပြီဖြစ်လို့ နိုင်ငံသားတို့ရဲ့ လုံခြုံမှုကို အကာအကွယ်ပေးဖို့၊ စစ်ဘေးမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုရှိတဲ့ စုံစမ်းဖော်ထုတ် အရေးယူမှုတွေ အစိုးရဘက်က ထိရောက်စွာ ဆောင်ရွက်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။ ထိခိုက်နစ်နာခဲ့ရတဲ့ စစ်ဒဏ်သင့် ပြည်သူတွေအတွက် တရားမျှတမှုရဖို့ နိုင်ငံတော်ကိုယ်တိုင်က နစ်နာသူတွေဘက်က ရပ်တည်တောင်းဆိုပေးပါလို့လည်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့တာ နှစ်နဲ့ချီလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အသက်ဘေးလု ပြေးခဲ့ရတဲ့ စစ်ဘေးစစ်ရှောင် ဒုက္ခသည်ကလည်း တသိန်းကျော်အထိ ရှိလာနေပြီး စစ်ဘေးပဋိပက္ခအတွင်း မသင်္ကာမှုတွေနဲ့ အပြန်အလှန် ဖမ်းဆီးနေတာတွေ၊ တရားစွဲဆို ထောင်ချနေတာတွေ ရှိပါတယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ အပြစ်မဲ့ပြည်သူတွေ လသားအရွယ် ကလေးငယ်လေးကအစ ကိုယ်ဝန်ဆောင်မိခင်တွေအထိ လက်နက်ထိမှန်လို့ သေဆုံးခဲ့ရတဲ့အထိလည်း ဆိုးဆိုးရွားရွား လုံခြုံမှုမဲ့နေတဲ့ အနေအထား ဖြစ်နေပါတယ်။ ကျေးရွာရပ်ကွက်တွေထဲ ဒေသခံအာဏာပိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါ အသက်အန္တရာယ်ရှိပြီး လုံခြုံမှုမဲ့လာနေတဲ့အထိ ဖြစ်လာလို့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာ အနေအထား ဖြစ်နေတာပါ။

စစ်ပွဲကြောင့် အသက်လုပြေးနေရချိန် အခုလို လက်နက်ထိမှန် သေဆုံးမှုတွေပါ ဆက်တိုက်ဖြစ်လာနေတဲ့အပေါ် ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေအတွက် နိုင်ငံသားတို့အတွက် လုံခြုံတဲ့အကာအကွယ် ပေးပါလို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကို ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုပါတယ်။

အရပ်သား ထိခိုက်သေဆုံးနေပေမယ့်လို့ ပစ်သူ ဘယ်သူဆိုတဲ့ တရားခံလက်သည် မပေါ်ဘဲ ဖြစ်နေရတဲ့ အနေအထားအပေါ်မှာ စစ်ဖြစ်နေတဲ့ မြို့နယ်တမြို့နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက အခုလိုပြောပါတယ်။

“နှစ်ဖက်လုံးက ဟိုဘက်က တမျိုးပြော၊ ဒီဘက်က တမျိုးပြောဆိုတော့ ကျနော်တို့လည်း နှစ်ဖက်လုံး ပြောတာကြားတာတွေကို ဘာမှန်းမသိတော့ဘူး။ ဒါပေမယ့် ကျနော်တို့ စိတ်တော့မကောင်းဘူး။ ကလေးလေးတယောက် ကျောကဝင်ပြီး ဗိုက်ပွင့်သွားတယ် ဆိုတာကျတော့၊ အဲဒါကို တိတိကျကျ သတင်းယူပြီးတော့ အတည်ပြုနိုင်တဲ့ အချက်အလက်တွေ ရနိုင်တဲ့ နည်းလမ်းကတော့ လွှတ်တော်ဘက်ကတော့ မရဘူး။ လက်နက်ကိုင်နှစ်ဖွဲ့ တိုက်တာကို ကျနော်ထင်တာတော့ အစိုးရကတော့ သူနဲ့ဘာမှမဆိုင်သလို နေတယ်လို့ ထင်တာပဲ။ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီဒေသကို သြဇာအာဏာရှိတဲ့ အုပ်ချုပ်ရေးယန္တရား၊ ပြည်နယ်ဆိုလည်း ပြည်နယ်ဝန်ကြီးတွေပေါ့၊ ကက်ဘိနက်တွေကလည်း တာဝန်ယူပေးရမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့ သူပုန်တွေနဲ့ တပ်မတော်နဲ့ တိုက်ရင်လည်းတိုက်၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ ကိန်းမျိုးကတော့ တိုင်းပြည်မှာ ဖြစ်နေပြီထင်တယ်။ အဲဒါ ကောင်းတဲ့အလားအလာ မဟုတ်ဘူး။ ကျနော်တို့တိုင်းပြည် အခြေအနေကလည်း ဟိုကဖိအား ဒီကဖိအားတွေ များတဲ့အချိန်မှာ။”

တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်ထဲ ရခိုင်စစ်ဘေးတွင်း အရပ်သား ထိခိုက်သေဆုံးခဲ့ရမှုက အခုဆိုရင် သေဆုံးသူ ၁၂၀ ကျော်အထိ ဖြစ်နေပြီလို့ ရခိုင်ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဒီလို အပြစ်မဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရဖို့ နစ်နာဆုံးရှုံးမှုတွေအတွက် နိုင်ငံတော်ကိုယ်တိုင် တရားလိုလုပ်ပြီး နစ်နာသူဘက်က ရပ်တည်ပေးပါလို့ ပြောလာသူကတော့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေ ဖြစ်ပါတယ်။

“အဓိကတော့ ဒီလိုမျိုး ပြည်သူတွေ ထိခိုက်နစ်နာပြီဆိုရင် ထိခိုက်နစ်နာတဲ့ မိသားစုကတော့ ရိုးရိုး ဥပဒေအရဆိုရင် ထိခိုက်နစ်နာတဲ့သူဘက်ကနေပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေက ထိခိုက်နစ်နာတဲ့ မိသားစု တဦးချင်းဆီကနေ တရားစွဲဆိုဖို့ ဒီလောက်အထိ ကျမတို့ပြည်သူတွေက သတ္တိမရှိနိုင်သေးဘူး။ ဒီလိုမျိုး အခြေအနေမှာ ကျမတို့က အပစ်အခတ်ရပ်စဲရေးအတွက် လည်းကောင်း အစိုးရအနေနဲ့ ကြားဝင်မှုတွေ ဆောင်ရွက်ရပါမယ်။ ပြည်သူတွေက ဒါတွေကို တကယ်ထိခိုက်နစ်နာတဲ့ သူဘက်က တိုင်ကြားပြီဆိုရင် နိုင်ငံတော်က တရားလိုအနေနဲ့ ဆောင်ရွက်ပေးခြင်း၊ သို့မဟုတ် ထိခိုက်နစ်နာတဲ့ ပြည်သူတွေဘက်က ရပ်တည်ခြင်းက ပိုပြီးတော့ တရားမျှတမှုရှိမယ်လို့ ကျမသုံးသပ်ပါတယ်။”

တိုက်ပွဲတွေအတွင်း အခုလို အရပ်သားထိခိုက်သေဆုံးမှု ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရားမျှတမှုရဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က စုံစမ်းဖော်ထုတ် အရေးယူပေးသင့်တယ်လို့လည်း ရခိုင်လွှတ်တော်ကိုယ်စားလှယ် မထုမေက အခုလို သုံးသပ်ပါတယ်။

“ကျမတို့အနေနဲ့ ၂၀၁၉ ခုကနေပြီးတော့ အလီလီအဖန်ဖန် တောင်းဆိုပါတယ်။ အစိုးရအနေနဲ့ ကြားဝင် ဖျန်ဖြေပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တပ်မတော်ကြား ဝင်ပြီးတော့ ဒါကို ညှိနှိုင်းဖို့၊ ဆွေးနွေးဖို့၊ အပစ်အခတ် ရပ်စဲဖို့၊ နောက်ဆုံး Bilateral သွားဖို့၊ ဒါတွေကို အစိုးရက လုပ်ဆောင်ပေးနိုင်ပါတယ်။ လုပ်ဆောင်ပေးရမှာလည်း ဖြစ်ပါတယ်။ ဒါကို ကျမတို့ အကြိမ်ကြိမ်ပြောပေမယ့် အစိုးရက နားမဝင်ပါဘူး။ ရခိုင်ပြည်နယ်မှာ နေပြီးတော့ သားသည်မိခင်တွေ သေနေတယ်၊ အပြစ်မဲ့ကလေးတွေ သေနေတယ်၊ အပစ်ခံရတယ်၊ စစ်ရဲ့သားကောင် ဖြစ်နေကြတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဒီအပေါ်မှာ တာဝန်တရပ်အနေနဲ့ လက်နက်ကိုင် နှစ်ဖက်စလုံးကို မြန်မာ့တပ်မတော်ရှိမယ်၊ ရခိုင့်တပ်တော်ရှိမယ်၊ ကြားထဲက ပန်ကြားဖို့ အရေးကြီးအဆို တင်ခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်က ကျမကို ငြင်းခဲ့ပါတယ်။ ဒါကြောင့်မို့ ကျမတို့အနေနဲ့ အင်မတန် စိတ်မကောင်းဖြစ်မိတယ်။ ဒီတိုင်းသာ အစိုးရက လက်ပိုက်ကြည့်နေမယ်ဆိုရင် ရခိုင်ပြည်နယ်မှာတင် မဟုတ်ပါဘူး၊ တနိုင်လုံးရဲ့ အခြေအနေက ပြည်သူတွေအနေနဲ့ ပြည်သူတင်မြှောက်တဲ့ အစိုးရအပေါ်မှာ အယုံအကြည် အားနည်းလာနိုင်ပါတယ်။”

ဒီကနေ့အထိကို တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်ထဲ စစ်ဒဏ်သင့်ပြည်သူတွေ မြေစာပင်မဖြစ်စေဖို့ အများပြည်သူရှိနေတဲ့ လူနေရပ်ကွက်ကျေးရွာ နေရာဒေသတွေကို လက်နက်ကြီးတွေနဲ့ မပစ်ခတ်ဖို့ အပြန်အလှန် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေမှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေကို ရခိုင်ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG