သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းပလက္၀ ၀န္ထမ္း၂၀၀ေက်ာ္ ေျပာင္းေရႊ႕စာတင္


ပလက္၀ၿမိဳ႕(Photo khonumthung.news )

(Zawgyi / Unicode)

ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္ထဲမွာ ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕ စစ္ေရးျပင္းထန္ လာေနတာနဲ႕အမွ် လုံျခံဳေရးစိုးရိမ္တာေၾကာင့္ ၀န္ထမ္း(၂၀၀)ေက်ာ္ ေျပာင္းေရႊ႕ခြင့္ ရဖို႔ စာတင္ထားတယ္လို႕ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ကေျပာပါတယ္။

ဒါ့အျပင္ တာဝန္ထမ္းေဆာင္ရမယ့္ တျခား ဌာနဆိုင္ရာ ၀န္ထမ္းေတြ ဟာလဲ လုံျခံဳေရး အေျခအေနေၾကာင့္ တာ၀န္က်ရာ ေဒသေတြ ဆီသြား ေရာက္ဖို႕ အခက္အခဲေတြ ေတြ႔ေနရပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန ဆက္သြယ္ ေမးျမန္း သတင္းပို႕ထားပါတယ္။

ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕အၾကားတိုက္ပြဲျဖစ္ပြားေနတဲ့ အေျခ အေနေၾကာင့္ ပလက္၀ၿမိဳ႕နယ္မွာရွိတဲ့ ၀န္ထမ္း(၂၀၀)ေက်ာ္ဟာ တာ၀န္ဆက္လက္ ထမ္းေဆာင္ဖို႕ မ၀ံ့ရဲေတာ့ တာေၾကာင့္ ေျပာင္းေရႊ႕စာ တင္ထား ေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ၀န္ႀကီးဦးစိုးထက္က ဗြီအိုေအကိုေျပာပါတယ္။

“ျပည္နယ္အတြင္းက ၀န္ထမ္းေတြေရာ ျပည္မက လာတဲ့၀န္ထမ္းေတြေရာ မေန ခ်င္ေတာ့ဘူး။ အဲတာေၾကာင့္ အခုေျပာင္း ေရႊ႕ ဖို႕ သူတို႕တင္ျပၾက တာေတြရွိ တယ္။ ကြ်န္ေတာ္တို႕ ပလက္၀ဘက္ က်ေတာ့ ေတာင္တန္းေဒသ ေျမအစြန္အဖ်ား ေတြျဖစ္ေတာ့ သြားေရး လာေရး ခက္တဲ့အခါက်ေတာ့ တႏွစ္ေနလို႕ ရွိရင္ေျပာင္းေရႊ ႕ ခြင့္ေပး တယ္။ သူတို႕ျပည္ေထာင္စု ကေနေလ။ အခု (၂၀၁၅) ေနာက္ပိုင္းကေန စၿပီးေတာ့ AA နဲ႕တပ္မေတာ္ တိုက္ပြဲျဖစ္တဲ့အေပၚမွာ နယ္ေျမက ေအးခ်မ္းမွဳ မရွိတဲ့ အတြက္ သူတို႕ တာ၀န္က် တဲ့ ေနရာ ကေန ၿပီးေတာ့ျပည္မ ကိုေျပာင္းမယ္။ ခ်င္းျပည္နယ္ အတြင္းကိုေျပာင္းမယ္၊ သြားလိုတယ္ၾကိဳးစားေတာ့ အခု ေျပာင္းေရႊ႕ ခြင့္ တင္ထားတာ အားလုံး (၂၀၆) ေယာက္ေလာက္ရွိတယ္။”

ဒီလို နယ္ေျမေအးခ်မ္း လုံျခံဳမွဳမရွိတဲ့ အေျခအေနေၾကာင့္ ပလက္၀ၿမိဳ႕နယ္မွာ ရာနဲ႔ ခ်ီတဲ့ ေက်ာင္းေတြကို ပိတ္ထားရသလို ပညာေရး ၀န္ထမ္းအခက္ခဲ ပါ ရွိလာ ေနတယ္လို႕ ၀န္ၾကီးဦးစိုးထက္က ဆက္ေျပာပါတယ္။

“သူတို႕ေျပာင္းေရႊ႕ သြားရင္လဲ ေနာက္ထပ္ ဆရာဆရာမေတြ မလုံေလာက္တဲ့ ျပႆနာေတြက အမ်ားႀကီးရွိမွာ။ အထက္တန္း အလယ္တန္း မူလတန္း အားလုံးေရာ (၃၈၄) ေက်ာင္းရွိတယ္။ ဇြန္လေက်ာင္းဖြင့္တဲ့ အခ်ိန္မွာ ေက်ာင္းေပါင္း (၂၂၂) ေက်ာင္း မဖြင့္နိုင္ဘဲနဲ႕ ဒီအတိုင္းဘဲ ရွိေနတာ။ အဲဒီမွာဆရာ၊ ဆရာမ လိုအပ္ခ်က္ ကလဲ (၁၄၀၀) ေလာက္ကို လိုေနေသးတယ္။ ပညာေရးက ေတာ္ေတာ္ကို ခက္ခဲတဲ့ အေနအထားျဖစ္ပါတယ္။”

၂၀၁၉ ခုႏွစ္ ပညာသင္ႏွစ္ တကၠသိုလ္၀င္တန္း ေအာင္စာရင္း ထုတ္ျပန္ခ်က္အရ တိုင္းနဲ႕ျပည္နယ္ (၁၄) ခုအနက္က ခ်င္းျပည္နယ္ဟာ ရခိုင္ျပည္နယ္ျပီး ဒုတိယ အနိမ့္က် ဆုံးျဖစ္ျပီး ခ်င္းျပည္နယ္ထဲမွာ ပလက္၀ျမိဳ႕နယ္ဟာ ေအာင္ခ်က္ အနိမ့္ဆုံးျဖစ္ တယ္လို႕ ၀န္ၾကီးဦးစိုးထက္က ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ထဲမွာ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတဲ့ အျပင္ ႏွစ္ဖက္ စစ္ေရး တင္းမာေနတာ ေၾကာင့္ တာဝန္က်ရာ ေဒသေတြ ကို သြားလာဖို ဆရာ ဆရာမေတြ ေၾကာက္ရြ႔ံ ေနၾကသလို က်န္းမာေရး ဌာနက ဝန္ထမ္းေတြလည္း ေၾကာက္ရြံ႕ေနၾက တာပါ။ ဒါေၾကာင့္ ေဒသတြင္း က်န္းမာေရး ေစာင့္ေရွာက္မွဳ အပိုင္းမွာ အားနည္းေနတယ္ လို႕ ၿမိဳ႕နယ္က်န္းမာေရးဌာနက ၀န္ထမ္း တဦးျဖစ္တဲ့ ဦးထြန္းေအာင္က ေျပာပါတယ္။

“အခုကြ်န္ေတာ္တို႕ က်န္းမာေရးဌာနက သားဖြားသူနာျပဳ ဆရာမေတြ တိုင္း နယ္ မွာ မသြားရဲတဲ့ အဆင့္ေတာ့ ရွိတယ္။ သူတို႕ ေၾကာက္တာေပါ့ေနာ္။ ေၾကာက္တဲ့စိတ္က ႀကီးစိုးေနေတာ့ ကာကြယ္ေဆးေတြေတာင္ ထိုးဖို႕ေတာင္ သူတို႕ေၾကာက္လန္႕ ေနတဲ့ အေန အထားရွိတယ္။”

ပလက္၀ၿမိဳ႕နယ္အတြင္း ႏွစ္ဖက္တိုက္ပြဲေၾကာင့္ အရပ္သားေသဆုံးမွဳေတြ ေျမျမဳပ္ မိုင္းနင္းမိမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရမႈေတြ ကလဲ မ်ားျပားေနတယ္လို႔လည္း ၀န္ႀကီးဦးစိုးထက္က ေျပာပါတယ္။

“မိုင္းနင္းလို႕ဒဏ္ရာရတာ ေျခေထာက္ျပတ္တာ မ်က္လုံးကန္းတာ အဲဒီလိုမ်ိဳးေတြ အားလုံးက (၁၀)ေယာက္ေက်ာ္သြားျပီး။ ေနာက္တိုက္ပြဲေၾကာင့္ ေသတာကလည္း အနည္းဆုံး(၂၀) (၃၀) ထက္မနည္း ဘူးေပါ့ေနာ္။ ေနာက္စစ္ေဘးေရွာင္လဲ (၄၀၀၀) နဲ႕ (၆၀၀၀) ၾကားေလာက္ရွိမယ္။ ကြ်န္ေတာ္ တို႕က IDP Campနဲ႕ ဘဲ ဒီလိုစနစ္နဲ႕ ထားတာ မဟုတ္တဲ့ အခါက်ေတာ့ေလ သူရဲ႕ေဆြမ်ိဳး သားခ်င္းရဲ႕ အိမ္ေတြမွာဘဲ ကပ္ျပီးေနတယ္။ ေနာက္ ၀ါးတဲ ေလးေတြေဆာက္ျပီးေတာ့ ေနၾကတယ္။ ေနာက္ျပီးေတာ့ အလုပ္လဲ လုပ္လို႕မရ ၊ ေတာင္ယာလဲ လုပ္လို႕မရ။ ေတာထဲသြား မိုင္းနင္းမိဆိုေတာ့ ။”

ဒီလ(၇)ရက္ေန႔က ပလက္ဝၿမိဳ႕နယ္ထဲက င႐ွားေက်းရြာမွာ ဗုံးေပါက္ကြဲမွဳ တခုု ျဖစ္ ခဲ့ျပီး အမ်ိဳးသမီးတဦး ထိခိုက္ဒဏ္ရာျပင္းထန္လို႕ ပလက္၀ေဆးရံုကေန စစ္ေတြေဆးရံု ကို ပို႕ေဆာင္ ခဲ့ရပါတယ္။ ဒါ့အျပင္ ပလက္၀ၿမိဳ႕နယ္ ဆီးဖေလာင္းရြာကေန ေပ်ာက္ဆံုး သြြား တဲ့ မူလတန္းျပ ေက်ာင္းအုပ္ဆရာ ဦးအာေျဗလ နဲ႔ ၾကက္ဥဝ ေက်းရြာက အရပ္သား (၂) ဦးတို႔ ဟာလည္း အသတ္ခံရတယ္ လို႔ ေနာက္ပိုင္းမွာ သိရတဲ့ျဖစ္စဥ္လဲ ရွိခဲ့ပါတယ္။

ဒီလိုဗုံးကြဲမူ၊ ဖမ္းဆီး အသတ္ျဖတ္ခံရမွဳျဖစ္စဥ္ေတြမွာ ျမန္မာစစ္တပ္ဘက္ကေရာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကပါ ဘယ္အဖြဲ႕ လက္ခ်က္ ဆိုတာ ၀န္ခံေလ့မရွိဘဲ တဘက္နဲ႕တဘက္ စြပ္ စြဲေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ချင်းပလက်၀ ဝန်ထမ်းနှစ်ရာကျော်ပြောင်းရွှေ့စာတင်

(Unicode)

ချင်းပြည်နယ်ပလက်ဝမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးပြင်ထန် လာနေတာနဲ့အမျှ လုံခြုံရေးစိုးရိမ်တာကြောင့် ဝန်ထမ်း(၂၀၀)ကျော် ပြောင်းရွှေ့ခွင့် ရဖို့ စာတင်ထားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် တာဝန်ထမ်းဆောင်ရမယ့် တခြား ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဟာလဲ လုံခြုံရေး အခြေအနေကြောင့် တာဝန်ကျရာ ဒေသတွေ ဆီသွား ရောက်ဖို့ အခက်အခဲတွေ တွေ့နေရပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်း သတင်းပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားနေတဲ့ အခြေ အနေကြောင့် ပလက်ဝမြို့နယ်မှာရှိတဲ့ ဝန်ထမ်း(၂၀၀)ကျော်ဟာ တာဝန်ဆက်လက် ထမ်းဆောင်ဖို့ မဝံ့ရဲတော့ တာကြောင့် ပြောင်းရွှေ့စာ တင်ထား ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်က ဗွီအိုအေကိုပြောပါတယ်။

“ပြည်နယ်အတွင်းက ဝန်ထမ်းတွေရော ပြည်မက လာတဲ့ဝန်ထမ်းတွေရော မနေ ချင်တော့ဘူး။ အဲတာကြောင့် အခုပြောင်း ရွှေ့ ဖို့ သူတို့တင်ပြကြ တာတွေရှိ တယ်။ ကျွန်တော်တို့ ပလက်ဝဘက် ကျတော့ တောင်တန်းဒေသ မြေအစွန်အဖျား တွေဖြစ်တော့ သွားရေး လာရေး ခက်တဲ့အခါကျတော့ တနှစ်နေလို့ ရှိရင်ပြောင်းရွှေ့ ခွင့်ပေး တယ်။ သူတို့ပြည်ထောင်စု ကနေလေ။ အခု (၂၀၁၅) နောက်ပိုင်းကနေ စပြီးတော့ AA နဲ့တပ်မတော် တိုက်ပွဲဖြစ်တဲ့အပေါ်မှာ နယ်မြေက အေးချမ်းမှု မရှိတဲ့ အတွက် သူတို့ တာဝန်ကျ တဲ့ နေရာ ကနေ ပြီးတော့ပြည်မ ကိုပြောင်းမယ်။ ချင်းပြည်နယ် အတွင်းကိုပြောင်းမယ်၊ သွားလိုတယ်ကြိုးစားတော့ အခု ပြောင်းရွှေ့ ခွင့် တင်ထားတာ အားလုံး (၂၀၆) ယောက်လောက်ရှိတယ်။”

ဒီလို နယ်မြေအေးချမ်း လုံခြုံမှုမရှိတဲ့ အခြေအနေကြောင့် ပလက်ဝမြို့နယ်မှာ ရာနဲ့ ချီတဲ့ ကျောင်းတွေကို ပိတ်ထားရသလို ပညာရေး ဝန်ထမ်းအခက်ခဲ ပါ ရှိလာ နေတယ်လို့ ဝန်ကြီးဦးစိုးထက်က ဆက်ပြောပါတယ်။

“သူတို့ပြောင်းရွှေ့ သွားရင်လဲ နောက်ထပ် ဆရာဆရာမတွေ မလုံလောက်တဲ့ ပြဿနာတွေက အများကြီးရှိမှာ။ အထက်တန်း အလယ်တန်း မူလတန်း အားလုံးရော (၃၈၄) ကျောင်းရှိတယ်။ ဇွန်လကျောင်းဖွင့်တဲ့ အချိန်မှာ ကျောင်းပေါင်း (၂၂၂) ကျောင်း မဖွင့်နိုင်ဘဲနဲ့ ဒီအတိုင်းဘဲ ရှိနေတာ။ အဲဒီမှာဆရာ၊ ဆရာမ လိုအပ်ချက် ကလဲ (၁၄၀၀) လောက်ကို လိုနေသေးတယ်။ ပညာရေးက တော်တော်ကို ခက်ခဲတဲ့ အနေအထားဖြစ်ပါတယ်။”

၂၀၁၉ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်း ထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ် (၁၄) ခုအနက်က ချင်းပြည်နယ်ဟာ ရခိုင်ပြည်နယ်ပြီး ဒုတိယ အနိမ့်ကျ ဆုံးဖြစ်ပြီး ချင်းပြည်နယ်ထဲမှာ ပလက်ဝမြို့နယ်ဟာ အောင်ချက် အနိမ့်ဆုံးဖြစ် တယ်လို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အပြင် နှစ်ဖက် စစ်ရေး တင်းမာနေတာ ကြောင့် တာဝန်ကျရာ ဒေသတွေ ကို သွားလာဖို ဆရာ ဆရာမတွေ ကြောက်ရွံ့ နေကြသလို ကျန်းမာရေး ဌာနက ဝန်ထမ်းတွေလည်း ကြောက်ရွံ့နေကြ တာပါ။ ဒါကြောင့် ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းမှာ အားနည်းနေတယ် လို့ မြို့နယ်ကျန်းမာရေးဌာနက ဝန်ထမ်း တဦးဖြစ်တဲ့ ဦးထွန်းအောင်က ပြောပါတယ်။

“အခုကျွန်တော်တို့ ကျန်းမာရေးဌာနက သားဖွားသူနာပြု ဆရာမတွေ တိုင်း နယ် မှာ မသွားရဲတဲ့ အဆင့်တော့ ရှိတယ်။ သူတို့ ကြောက်တာပေါ့နော်။ ကြောက်တဲ့စိတ်က ကြီးစိုးနေတော့ ကာကွယ်ဆေးတွေတောင် ထိုးဖို့တောင် သူတို့ကြောက်လန့် နေတဲ့ အနေ အထားရှိတယ်။”

ပလက်ဝမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုတွေ မြေမြုပ် မိုင်းနင်းမိမှုကြောင့် ထိခိုက်ဒဏ်ရာ ရမှုတွေ ကလဲ များပြားနေတယ်လို့လည်း ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

“မိုင်းနင်းလို့ဒဏ်ရာရတာ ခြေထောက်ပြတ်တာ မျက်လုံးကန်းတာ အဲဒီလိုမျိုးတွေ အားလုံးက (၁၀)ယောက်ကျော်သွားပြီး။ နောက်တိုက်ပွဲကြောင့် သေတာကလည်း အနည်းဆုံး(၂၀) (၃၀) ထက်မနည်း ဘူးပေါ့နော်။ နောက်စစ်ဘေးရှောင်လဲ (၄၀၀၀) နဲ့ (၆၀၀၀) ကြားလောက်ရှိမယ်။ ကျွန်တော် တို့က IDP Campနဲ့ ဘဲ ဒီလိုစနစ်နဲ့ ထားတာ မဟုတ်တဲ့ အခါကျတော့လေ သူရဲ့ဆွေမျိုး သားချင်းရဲ့ အိမ်တွေမှာဘဲ ကပ်ပြီးနေတယ်။ နောက် ဝါးတဲ လေးတွေဆောက်ပြီးတော့ နေကြတယ်။ နောက်ပြီးတော့ အလုပ်လဲ လုပ်လို့မရ ၊ တောင်ယာလဲ လုပ်လို့မရ။ တောထဲသွား မိုင်းနင်းမိဆိုတော့ ။”

ဒီလ(၇)ရက်နေ့က ပလက်ဝမြို့နယ်ထဲက ငရှားကျေးရွာမှာ ဗုံးပေါက်ကွဲမှု တခု ဖြစ် ခဲ့ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာပြင်းထန်လို့ ပလက်ဝဆေးရုံကနေ စစ်တွေဆေးရုံ ကို ပို့ဆောင် ခဲ့ရပါတယ်။ ဒါ့အပြင် ပလက်ဝမြို့နယ် ဆီးဖလောင်းရွာကနေ ပျောက်ဆုံး သွား တဲ့ မူလတန်းပြ ကျောင်းအုပ်ဆရာ ဦးအာဗြေလ နဲ့ ကြက်ဥဝ ကျေးရွာက အရပ်သား (၂) ဦးတို့ ဟာလည်း အသတ်ခံရတယ် လို့ နောက်ပိုင်းမှာ သိရတဲ့ဖြစ်စဉ်လဲ ရှိခဲ့ပါတယ်။

ဒီလိုဗုံးကွဲမူ၊ ဖမ်းဆီး အသတ်ဖြတ်ခံရမှုဖြစ်စဉ်တွေမှာ မြန်မာစစ်တပ်ဘက်ကရော ရခိုင်လက်နက်ကိုင် AA အဖွဲ့ကပါ ဘယ်အဖွဲ့ လက်ချက် ဆိုတာ ဝန်ခံလေ့မရှိဘဲ တဘက်နဲ့တဘက် စွပ် စွဲပြောဆိုနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG