သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးေရွာင္ ရခိုင္ဒုကၡသည္ေတြအေျခအေန


စစ္ေဘးေရွာင္ ရခိုင္ဒုကၡသည္မ်ား
စစ္ေဘးေရွာင္ ရခိုင္ဒုကၡသည္ေတြအေျခအေန
please wait

No media source currently available

0:00 0:10:18 0:00
တိုက္႐ိုက္ လင့္ခ္

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နဲ့ တပ်မတော်တို့ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ တနေ့တခြားတိုးလာနေပြီး ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေထဲမှာတော့ စစ်ရှောင်တွေ (၄၀၀၀) လောက် ရှိနေပါပြီ။ အဲဒီဒေသတွင်း အခြေအနေကို ဒေါ်ခင်မျိုးသက် အထူးအစီအစဉ်အဖြစ် တင်ဆက်ပေးထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ဦးစိုးအောင်ပါ။ ပြီးခဲ့တဲ့ (၃) နှစ်လောက်က တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ မူဆလင်တွေ နေရပ်ပြန်ရေး အခြေအနေတွေကို ပထမဦးဆုံး ရှင်းပြခဲ့ပါတယ်။

ဦးစိုးအောင် ။ ။ ဟိန္ဒူ (၁၁) ယောက် ပါဝင်ပါတယ်။ ကျန်တာကတော့ မူဆလင်ဘာသာဝင်တွေပါ။ အိမ်ထောင်စု (၂) စု - ကျနော်တို့က ပြန်လည်ဝင်လာသူ (၄၀၀) ရှိတယ်။ အဲဒီအချိန်ကတည်းက ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသေးပါဘူး။

ဒေါ်ခင်မျိုးသက် ။ ။ နှစ် (၂) နိုင်ငံ သဘောတူညီချက်အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက် စနစ်တကျ ဆောင်ရွက်မပေးတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်ရေး အဆင်မပြေ ဖြစ်နေရပေမယ့် မြန်မာဘက်ကတော့ သူတို့ကို ပြန်ပြီးတော့ လက်ခံဖို့အတွက် အသင့်ရှိနေတယ်လို့ ပြောပါတယ်။ ဒေသတွင်းမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ စစ်ရှောင်ဦးရေ တိုးလာနေပါတယ်။ ဘူးသီးတောင် စစ်ရှောင်စခန်းတွေဆီကို မသွားခင် လွန်ခဲ့တဲ့ (၃) နှစ်က ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေအတွင်း အိုးအိမ်ဖျက်ဆီးမီးရှို့ခံခဲ့ရတဲ့ မူဆလင်တွေ သူတို့နေရပ်တွေမှာ အိမ်ပြန်ဆောက်ဖို့အတွက် အကူအညီပေးနေတဲ့ မောင်တောမြို့နယ်အတွင်းက ပဒင်ကျေးရွာအုပ်စုကို သွားရောက်ခဲ့ပါတယ်။

အဲဒီမှာ နေအိမ်တွေ ဆောက်ဖို့အတွက် အစိုးရက အကူအညီပေးနေတာကို ကျေးဇူးတင်တယ်လို့ ပဒင်ကျေးရွာအုပ်စု ကောင်းတကာရွာက

အဘူကလန် ။ ။ ကျနော်တို့မှာ မီးလောင်တဲ့ထဲ ပါသွားလို့ မူလနေရာမှာ ပြန်ဆောက်ခွင့်ပေးတာကို အများကြီးကျေးဇူးတင်ပါတယ်။ အိမ်ဆောက်ပေးတာကို အများကြီးကျေးဇူးတင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ မောင်တောမြို့နယ်အတွင်းမှာပဲ အိမ်ခြေ (၂၀၀) လောက်သာပဲရှိတဲ့ ညောင်ချောင်းကျေးရွာမှာတော့ မူဆလင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေ သင့်သင့်မြတ်မြတ် နေထိုင်ကြတယ်လို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှက ပြောပါတယ်။

ဦးအောင်ကျော်လှ ။ ။ အဆင်ပြေကြပါတယ်။ ရောလိုက်သွားလိုက် သူတို့ဘာသာ သွားလိုက်လာလိုက်နဲ့ အဲဒီလိုပဲ ရောရောနှောနှော နေကြပါတယ်။ ဘာပြဿနာမှ မရှိပါဘူး။

ဒေါ်ခင်မျိုးသက် ။ ။ ဒီရွာမှာ အရင်တုန်းက ရခိုင် (၃၀၀) လောက်နဲ့ မူဆလင် (၄၀၀၀) လောက် ရှိခဲ့ပြီး လွန်ခဲ့တဲ့ (၃) နှစ်က အရေးအခင်းမှာ တဘက်နိုင်ငံကို (၃၀၀၀) လောက် ထွက်သွားတယ်လို့ ပြောပါတယ်။ အဲဒီလွတ်နေတဲ့ အိမ်တွေမှာ အိမ်မီးရှို့ခံရလို့ နေစရာမရှိတဲ့ မူဆလင်တွေကို နေရာချထားပေးတယ်လို့လည်း ပြောပါတယ်။ ရခိုင်တွေ၊ မူဆလင်တွေ၊ ဟိန္ဒူတွေ အတူတကွ နေထိုင်ကြတဲ့ ရွှေဇားကျေးရွာနားမှာတော့ အိန္ဒိယအစိုးရက ဒုက္ခသည်တွေအတွက် တည်ဆောက်ပေးထားတဲ့ အိမ်အလုံးပေါင်း (၁၅၀) လောက် ရှိပါတယ်။ အဲဒီမှာ ဟိန္ဒူဒုက္ခသည် (၈၀၀) ကျော်ကို နေရာချထားပါတယ်။ ခမောင်းဆိပ်နဲ့ ကျောက်ပန်းထူအပါအဝင် မောင်တောခရိုင်အတွင်းက ကျေးရွာအတော်များများကနေ မနေရဲလို့ ထွက်ပြေးလာကြတဲ့ ဟိန္ဒူတွေကို ဒီအောင်ဗလဟိန္ဒူရွာမှာ နေရာချထားပေးတာဖြစ်ပြီး ဒီအိမ်ရာတွေကနေကြည့်ရင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကိုနေပြီး မြင်နေရပါတယ်။ ကိုရှောင်းဇေယျကတော့ ဒီအိမ်ရာမှာ သူနေလာတာ (၆) လကျော်ပြီ ဖြစ်ပေမယ့် ရေ၊ မီးအပါအဝင် လိုအပ်နေတာက အများကြီးရှိနေသေးတယ်လို့ ပြောပါတယ်။

ကိုရှောင်းဇေယျ ။ ။ လမ်းမရှိဘူး။ ကလေးတွေဘာတွေ ရောဂါတွေဖြစ်ရင် ကားမရဘူး။ ဒီနေရာမှာ ဆေးခန်းလည်း မရှိဘူး။

ဒေါ်ခင်မျိုးသက် ။ ။ ရွာမကျေးရွာမှာတော့ ကိုးတန်၊ ဆယ်တန်း ကျောင်းသူကျောင်းသားလေးတွေကို အခမဲ့ပညာဒါန ပေးဝေနေတဲ့ သီရိမင်္ဂလာရွာမကျောင်းဆရာတော်ဆီမှာ ခိုလှုံနေတဲ့ စစ်ရှောင်လူငယ်တွေက (၅၀) လောက် ရှိပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွင်းကျေးရွာတွေကနေ ရှောင်ပြေးလာကြတဲ့ ဒီကလေးတွေရဲ့ ပညာရေးအတွက် အကူအညီတွေ အများကြီးလိုနေသေးတယ်လို့ ဆရာတော်အရှင်ဝိက္ခဏ က မိန့်ပါတယ်။

ဆရာတော်အရှင်ဝိက္ခဏ ။ ။ ဦးပဉ္ဇင်းမှာက နံပတ်တစ် အခက်အခဲဆုံးက နေရာပါ။ နေရာမရှိတဲ့အတွက် ကလေးမတွေကို ထားဖို့အတွက် နေရာမရှိဘူး။ နေရာမရှိတဲ့အတွက် ရွာထဲမှာ အိမ်အားတဲ့ ပုဂ္ဂိုလ်တွေဆီက ငွေကြေးနဲ့ တန်တဲ့အိမ်တွေကို ငှားပြီးတော့ထားရတယ်။ နံပတ်နှစ်က ယောကျ်ားလေး - ပထမဦးဆုံး ရောက်လာတဲ့ ကျောင်းသားတွေကို (၃၀) လောက်ပဲ လက်ခံမယ်လို့ထားပြီး များလာတဲ့အခါ ဦးပဉ္ဖင်းမှာ နေဖို့ထိုင်ဖို့ အခက်အခဲ ဖြစ်လာခဲ့တယ်။ ဒုတိယအချက်ကတော့ စားရေးသောက်ရေး - စားဖို့အတွက် ဌာနဆိုင်ရာတွေကလည်း မလှူ၊ နောက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကလည်း လှူဒါန်းတာမရှိဘူး။ ဦးပဉ္ဖင်း တရားတွေ ဘာတွေလိုက်ဟောပြီးတော့ ရှာတယ်။ တရားဟောလို့ရတဲ့ငွေနဲ့ ဒီကလေးတွေကို အဆင်ပြေသလို ဒီလိုကျွေးမွေးတာ ဖြစ်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆည်တော်ရွာက တိုက်ပွဲတွေကြောင့် ဆရာတော့်ကျောင်းကို ရောက်လာတဲ့ မလှမြတ်ဝင်းကတော့ ဆယ်တန်းစာမေးပွဲ ဖြေမယ့်သူပါ။

မလှမြတ်ဝင်း ။ ။ စာတော့ ကျက်တော့ကျက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ရွာမှာကျန်ခဲ့တဲ့ အဖေ၊ အမေတွေကို စိုးရိမ်တွေ။ အဖေ၊ အမေတို့ အဆင်ပြေပါ့မလား။ နောက်ပြီးတော့ ဒီမှာလာနေတာ ကိုယ်ကတော့ အဆင်ပြေတယ်။ ဒါပေမဲ့ အဖေ၊ အမေ အဆင်ပြေပါ့မလား။ စစ်ပွဲတွေ၊ တိုက်ပွဲတွေကြောင့် ရွာမှာ ဘယ်လိုရှိနေမလဲ။ အဖေ၊ အမေတို့ကို စိုးရိမ်တယ်။ အကိုတွေကို စိုးရိမ်တယ်။ ရွာကိုလည်း စာမပို့ဖြစ်ဘူး။ တခါတလေကြရင် ငိုမိတယ်။

ဒေါ်ခင်မျိုးသက် ။ ။ စစ်ဘေးရှောင် ကလေးငယ် အယောက် (၄၀) လောက်ကို ပညာသင်ပေးနေတဲ့ ရွာမ မူလတန်းလွန်ကျောင်းမှာတော့ စတုတ္ထတန်းကျောင်းသားလေးတွေ အစိုးရစစ် စာမေးပွဲဖြေဖို့ လုပ်နေပါတယ်။ စစ်ရှေုာင်ကလေးငယ် (၃) ယောက်အတွက်ပါ စာမေးပွဲစစ်ပေးနေတယ်လို့ ကျောင်းအုပ်ကြီး ဦးသန်းလှိုင်က ပြောပါတယ်။

ဦးသန်းလှိုင် ။ ။ စာမေးပွဲ ဖြေလို့မရလို့ ဒီကိုထွက်ပြေးလာလို့ ဒီမှာပဲ ကျနော်တို့ စာစစ်ဌာနမှာပဲ ဝင်ပြီးတော့ ဖြေကြတာပေါ့။ ကျနော်တို့ကျောင်းမှာတော့ … စာသင်ဆောင်က မရှိဘူး။ ဆောက်လက်စ ကျောင်းတဆောင်က မပြီသေးဘူး ဖြစ်နေတယ်။ (၁) နှစ် (၂) နှစ်လောက် ဖြစ်နေပြီဆိုတော့ ကလေးတွေ သင်ကြားရေးမှာ အဆောင်၊ စာသင်ခန်း အဆင်မပြေဘူး ဖြစ်နေတယ်။

ဒေါ်ခင်မျိုးသက် ။ ။ လမ်းမဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းမှာတော့ စစ်ရှောင်က (၂၀၀၀) ကျော် ရှိပါတယ်။ ဒီစခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေ နေထိုင်ဖို့အတွက် အိမ်ရာတွေ ဦးစီးပြီး တည်ဆောက်ပေးသူက မေယုသောက်ရေသန့်က ဦးဇော်ဝင်း ဖြစ်ပါတယ်။

ဦးဇော်ဝင်း ။ ။ အဓိကတော့ သူတို့လုံခြုံရေးပါ။ လုံခြုံရေးဆိုတာ လူတယောက်ရဲ့ ပညာရေးလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ အလုပ်အကိုင်အခွင့်အရေး လုံခြုံမှု - ဒီ (၃) ခုစလုံးအတွက် လုံခြုံမှုတွေ သူတို့မှာ ပျောက်ဆုံးနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ စခန်းတွေမှာရှိတဲ့ လူတွေရဲ့ စားဝတ်နေရေးအတွက်ကတော့ ကျနော်တို့ အစိုးရလူကယ်ပြန်ကနေ တနေ့ကို ဆန် (၂) လုံးပေးတယ်။ ဒီဆန် (၂) လုံးနဲ့ပဲ ဒီမှာဖြစ်သလို ကြိုးစားပြီးရုန်းကန် ရပ်တည်နေကြတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီစစ်ရှောင်စခန်းမှာ နေရတဲ့ မိန်းမပျိုလေးတွေကလည်း မျှော်လင့်ချက် ကင်းမဲ့နေကြပါတယ်။

မခင်စောမူ ။ ။ တညလုံး ဗုံးတွင်းထဲမှာ နေရတယ်။ အဲဒီမှာ တမိသားစုလုံး တညလုံးနေပြီးတော့ မနက်မိုးလင်းတော့ အပေါ်တက်တာနဲ့ သူတို့က ပစ်ကြပြန်တယ်။ မိုးလင်းလည်း ပစ်ကြတယ်။ အဲဒီတော့ သမီးတို့ မနေရဲတော့ဘူး။ ထမင်းလည်း မစားရသေးဘူး။ ထမင်းလည်း မချက်ရသေးဘူး။ အဲဒီတော့ ဒီချောင်းတဘက်ကမ်းကို အကုန်လုံး ရွာကနေ ပြေးကြတယ်။
မခင်ခင်ဝင်း ။ ။ တိုက်ပွဲတွေကို ရပ်စေချင်တယ်။ သမီးတို့လည်း ရွာပြန်ချင်တယ်။ အဲဒါ ဒီမှာနေရာတာ သမီးတို့ စိတ်မလန်းဘူး။ မပျော်ရွှင်ကြဘူး။ ရွာမှာပဲ နေချင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းမှာတော့ စစ်ရှောင်က (၅၀၀) ကျော်ရှိပြီး သူတို့တွေ အားမငယ်အောင် မြို့ခံလူငယ်တွေက တေးဂီတနဲ့ လာရောက်ဖျော်ဖြေလေ့ ရှိပါတယ်။ နရုံတောင်ကနေ ထွက်ပြေးလာတဲ့ ဒေါ်စောဖြူကတော့ ကြောက်လို့ထွက်ပြေးလာတာလို့ ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ဝမ်းပျက်နေတဲ့ ကလေးငယ်ရဲ့ဖခင် ကိုမောင်မောင်ထွန်းတို့ရဲ့ မိသားစုဟာ နရုံတောင်ကနေ စစ်ရှောင်လာတာ (၂) နှစ်လောက် ရှိနေပါပြီ။

မောင်မောင်ထွန်း ။ ။ စစ်ပွဲတွေ ဖြစ်တယ်ဆိုရင် ပြည်သူတွေ ဒုက္ခရောက်တယ်။ ဖြစ်တယ်ဆိုရင် လူတွေနဲ့အဝေးကြီးမှာ ဖြစ်ရင်ကောင်းပါတယ်။ အခုက ရွာနား၊ ရွာကိုဝင်ပစ် ဘာမှတိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ဟိုကိုပစ်လိုက် ဒီကိုပစ်လိုက်နဲ့ - လက်နက်ကြီးတွေပစ်တယ်။ ဘယ်နေရာထိထိမှန်းမသိ ကျတဲ့နေရာမှာ လူသေ - အဲဒီလိုမျိုး။

ဒေါ်ခင်မျိုးသက် ။ ။ ဒီခရီးစဉ်နောက်ဆုံးနေ့မှာတော့ စစ်တွေမှာရှိတဲ့ သက်ကယ်ပြင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။ အခုရောက်နေတာကတော့ သက်ကယ်ပြင်ပါ။ သက်ကယ်ပြင်စခန်းက စစ်တွေမြို့မှာ ရှိပါတယ်။ ရခိုင်ပြည်နယ်ဖြစ်နေတဲ့ အခြေအနေတွေ သိရအောင်ဆိုပြီးတော့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေကို (၃) ရက်တာ အစိုးရကနေ လိုက်ပို့ပေးပါတယ်။ လိုက်ပို့ပေးတဲ့နေရာမှာ ဒီနေ့က နောက်ဆုံးနေ့ပါ။

၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီစခန်းမှာ အိမ်ထောင်စုက (၁) ထောင် ရှိနေပြီ၊ လူဦးရေက (၅၇၀၀) ကျော် ရှိပါတယ်။ မူဆလင်ဒုက္ခသည်တွေက လွတ်လွတ်လပ်လပ် သွားလာခွင့်ကို လိုချင်နေကြတာပါ။

ဦးရွှေလှ ။ ။ ကျနော်တို့ အဓိကလိုချင်တာ ကျနော်တို့နိုင်ငံသားပါ - Citizenship ။ ကျနော်တို့ ဒီနိုင်ငံမှာ မွေးပါတယ်။ ဒီရေသောက်ပြီး နေလာခဲ့ပါတယ်။ ကျနော့်အဖေ၊ အမေ၊ ဘိုးဘွားအကုန်လုံး ဒီနိုင်ငံမှာပဲ မွေးခဲ့တာပါ။ အဲဒါကြောင့်လဲ ကျနော်တို့လည်း ဒီလိုဖြစ်နေတာကို စိတ်မကောင်းပါဘူး။ ကျနော်တို့မှာ ဘာဖြစ်လို့ နောက်တနေရာသွားလဲ မရတာလဲ။ ကျနော်တို့ အဲဒီလိုမျိုး တိုင်းရင်းသားတွေ နေတဲ့ပုံစံမျိုးနဲ့ ပူးပေါင်းပြီးတော့၊ ညှိနှိုင်းပြီးတော့ … ပြည့်ဝသွားပါပြီ။ အဲဒါကို ထားလို့မရပါ။ ပြန်ပြီးတော့ စလိုက်ပြီးတော့ ဒီနိုင်ငံမှာ မွေးတဲ့ပုံစံနဲ့ ဒီနိုင်ငံဥပဒေအတိုင်း ဆောင်ရွက်ပြီးတော့ သွားစေချင်ပါတယ်။ ကိုယ့်ရဲ့မူလနေရာကို သွားစေချင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ စခန်းက လူပေါင်း (၆၀၀၀) လောက်ရှိပြီးတော့ အိမ်ခြေပေါင်းကတော့ (၁၀၀၀) ရှိပါတယ်။ သူတို့အနေနဲ့ အဆင်ပြေပြေ ရှိပေမယ့် သူတို့လွတ်လွတ်လပ်လပ် ရစေချင်ပါတယ်လို့ ပြောသွားပါတယ်။

==ZawGyi==

ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ (AA) နဲ႔ တပ္မေတာ္တို႔ၾကား ျဖစ္ပြါးေနတဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ေတြ တေန႔တျခားတိုးလာေနၿပီး ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္ေတြထဲမွာေတာ့ စစ္ေရွာင္ေတြ (၄၀၀၀) ေလာက္ ရွိေနပါၿပီ။ အဲဒီေဒသတြင္း အေျခအေနကို ေဒၚခင္မ်ိဳးသက္ အထူးအစီအစဥ္အျဖစ္ တင္ဆက္ေပးထားပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ေမာင္ေတာခရိုင္ အုပ္ခ်ဳပ္ေရးမွဴးက ဦးစိုးေအာင္ပါ။ ၿပီးခဲ့တဲ့ (၃) ႏွစ္ေလာက္က တဘက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကတဲ့ မူဆလင္ေတြ ေနရပ္ျပန္ေရး အေျခအေနေတြကို ပထမဦးဆံုး ရွင္းျပခဲ့ပါတယ္။

ဦးစိုးေအာင္ ။ ။ ဟိႏၵဴ (၁၁) ေယာက္ ပါဝင္ပါတယ္။ က်န္တာကေတာ့ မူဆလင္ဘာသာဝင္ေတြပါ။ အိမ္ေထာင္စု (၂) စု - က်ေနာ္တို႔က ျပန္လည္ဝင္လာသူ (၄၀၀) ရိွတယ္။ အဲဒီအခ်ိန္ကတည္းက ျပန္လည္ပို႔ေဆာင္ေပးျခင္း မရိွေသးပါဘူး။

ေဒၚခင္မ်ဳိးသက္ ။ ။ ႏွစ္ (၂) ႏိုင္ငံ သေဘာတူညီခ်က္အတုိင္း ဘဂၤလားေဒ့ရွ္ဘက္ စနစ္တက် ေဆာင္ရြက္မေပးတဲ့အတြက္ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အဆင္မေျပ ျဖစ္ေနရေပမယ့္ ျမန္မာဘက္ကေတာ့ သူတုိ႔ကို ျပန္ၿပီးေတာ့ လက္ခံဖို႔အတြက္ အသင့္ရိွေနတယ္လို႔ ေျပာပါတယ္။ ေဒသတြင္းမွာ ရခိုင္လက္နက္ကိုင္အဖြဲ႔ (AA) နဲ႔ တပ္မေတာ္တို႔ၾကား တိုက္ပြဲေတြ ျဖစ္ပြားေနၿပီး ဘူးသီးေတာင္၊ ရေသ့ေတာင္ေဒသေတြမွာ စစ္ေရွာင္ဦးေရ တုိးလာေနပါတယ္။ ဘူးသီးေတာင္ စစ္ေရွာင္စခန္းေတြဆီကို မသြားခင္ လြန္ခဲ့တဲ့ (၃) ႏွစ္က ျဖစ္ပြားခဲ့တဲ့ အေရးအခင္းေတြအတြင္း အိုးအိမ္ဖ်က္ဆီးမီးရိႈ ႔ခံခဲ့ရတဲ့ မူဆလင္ေတြ သူတုိ႔ေနရပ္ေတြမွာ အိမ္ျပန္ေဆာက္ဖိုိ႔အတြက္ အကူအညီေပးေနတဲ့ ေမာင္ေတာၿမိဳ ႔နယ္အတြင္းက ပဒင္ေက်းရြာအုပ္စုကို သြားေရာက္ခဲ့ပါတယ္။

အဲဒီမွာ ေနအိမ္ေတြ ေဆာက္ဖို႔အတြက္ အစိုးရက အကူအညီေပးေနတာကို ေက်းဇူးတင္တယ္လိို႔ ပဒင္ေက်းရြာအုပ္စု ေကာင္းတကာရြာက

အဘူကလန္ ။ ။ က်ေနာ္တို႔မွာ မီးေလာင္တဲ့ထဲ ပါသြားလို႔ မူလေနရာမွာ ျပန္ေဆာက္ခြင့္ေပးတာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။ အိမ္ေဆာက္ေပးတာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ေမာင္ေတာၿမိဳ ႔နယ္အတြင္းမွာပဲ အိမ္ေျခ (၂၀၀) ေလာက္သာပဲရိွတဲ့ ေညာင္ေခ်ာင္းေက်းရြာမွာေတာ့ မူဆလင္ေတြနဲ႔ ရခိုင္တုိင္းရင္းသားေတြ သင့္သင့္ျမတ္ျမတ္ ေနထိုင္ၾကတယ္လို႔ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္လွက ေျပာပါတယ္။

ဦးေအာင္ေက်ာ္လွ ။ ။ အဆင္ေျပၾကပါတယ္။ ေရာလိုက္သြားလိုက္ သူတုိ႔ဘာသာ သြားလိုက္လာလိုက္နဲ႔ အဲဒီလိုပဲ ေရာေရာေႏွာေႏွာ ေနၾကပါတယ္။ ဘာျပႆနာမွ မရိွပါဘူး။

ေဒၚခင္မ်ဳိးသက္ ။ ။ ဒီရြာမွာ အရင္တုန္းက ရခိုင္ (၃၀၀) ေလာက္နဲ႔ မူဆလင္ (၄၀၀၀) ေလာက္ ရိွခဲ့ၿပီး လြန္ခဲ့တဲ့ (၃) ႏွစ္က အေရးအခင္းမွာ တဘက္ႏုိင္ငံကို (၃၀၀၀) ေလာက္ ထြက္သြားတယ္လို႔ ေျပာပါတယ္။ အဲဒီလြတ္ေနတဲ့ အိမ္ေတြမွာ အိမ္မီးရိႈ ႔ခံရလို႔ ေနစရာမရိွတဲ့ မူဆလင္ေတြကို ေနရာခ်ထားေပးတယ္လို႔လည္း ေျပာပါတယ္။ ရခိုင္ေတြ၊ မူဆလင္ေတြ၊ ဟိႏၵဴေတြ အတူတကြ ေနထိုင္ၾကတဲ့ ေရႊဇားေက်းရြာနားမွာေတာ့ အိႏိၵယအစိုးရက ဒုကၡသည္ေတြအတြက္ တည္ေဆာက္ေပးထားတဲ့ အိမ္အလံုးေပါင္း (၁၅၀) ေလာက္ ရိွပါတယ္။ အဲဒီမွာ ဟိႏၵဴဒုကၡသည္ (၈၀၀) ေက်ာ္ကို ေနရာခ်ထားပါတယ္။ ခေမာင္းဆိပ္နဲ႔ ေက်ာက္ပန္းထူအပါအဝင္ ေမာင္ေတာခရိုင္အတြင္းက ေက်းရြာအေတာ္မ်ားမ်ားကေန မေနရဲလို႔ ထြက္ေျပးလာၾကတဲ့ ဟိႏၵဴေတြကို ဒီေအာင္ဗလဟိႏၵဴရြာမွာ ေနရာခ်ထားေပးတာျဖစ္ၿပီး ဒီအိမ္ရာေတြကေနၾကည့္ရင္ ဘဂၤလားေဒ့ရွ္-ျမန္မာ ႏွစ္ႏုိင္ငံနယ္စပ္ ၿခံစည္းရိုးကိုေနၿပီး ျမင္ေနရပါတယ္။ ကိုေရွာင္းေဇယ်ကေတာ့ ဒီအိမ္ရာမွာ သူေနလာတာ (၆) လေက်ာ္ၿပီ ျဖစ္ေပမယ့္ ေရ၊ မီးအပါအဝင္ လိုအပ္ေနတာက အမ်ားႀကီးရိွေနေသးတယ္လို႔ ေျပာပါတယ္။

ကိုုေရွာင္းေဇယ် ။ ။ လမ္းမရိွဘူး။ ကေလးေတြဘာေတြ ေရာဂါေတြျဖစ္ရင္ ကားမရဘူး။ ဒီေနရာမွာ ေဆးခန္းလည္း မရိွဘူး။

ေဒၚခင္မ်ဳိးသက္ ။ ။ ရြာမေက်းရြာမွာေတာ့ ကိုးတန္၊ ဆယ္တန္း ေက်ာင္းသူေက်ာင္းသားေလးေတြကို အခမဲ့ပညာဒါန ေပးေဝေနတဲ့ သီရိမဂၤလာရြာမေက်ာင္းဆရာေတာ္ဆီမွာ ခိုလံႈေနတဲ့ စစ္ေရွာင္လူငယ္ေတြက (၅၀) ေလာက္ ရိွပါတယ္။ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ေဒသတြင္းေက်းရြာေတြကေန ေရွာင္ေျပးလာၾကတဲ့ ဒီကေလးေတြရဲ ႔ ပညာေရးအတြက္ အကူအညီေတြ အမ်ားႀကီးလိုေနေသးတယ္လို႔ ဆရာေတာ္အရွင္ဝိကၡဏ က မိန္႔ပါတယ္။

ဆရာေတာ္အရွင္ဝိကၡဏ ။ ။ ဦးပဥၨင္းမွာက နံပတ္တစ္ အခက္အခဲဆံုးက ေနရာပါ။ ေနရာမရိွတဲ့အတြက္ ကေလးမေတြကို ထားဖို႔အတြက္ ေနရာမရိွဘူး။ ေနရာမရိွတဲ့အတြက္ ရြာထဲမွာ အိမ္အားတဲ့ ပုဂၢိဳလ္ေတြဆီက ေငြေၾကးနဲ႔ တန္တဲ့အိမ္ေတြကို ငွားၿပီးေတာ့ထားရတယ္။ နံပတ္ႏွစ္က ေယာက်္ားေလး - ပထမဦးဆံုး ေရာက္လာတဲ့ ေက်ာင္းသားေတြကို (၃၀) ေလာက္ပဲ လက္ခံမယ္လို႔ထားၿပီး မ်ားလာတဲ့အခါ ဦးပဥၹင္းမွာ ေနဖို႔ထိုင္ဖို႔ အခက္အခဲ ျဖစ္လာခဲ့တယ္။ ဒုတိယအခ်က္ကေတာ့ စားေရးေသာက္ေရး - စားဖို႔အတြက္ ဌာနဆုိင္ရာေတြကလည္း မလွဴ၊ ေနာက္ၿပီး ျပည္တြင္းျပည္ပ အဖြဲ႔အစည္းေတြကလည္း လွဴဒါန္းတာမရိွဘူး။ ဦးပဥၹင္း တရားေတြ ဘာေတြလိုက္ေဟာၿပီးေတာ့ ရွာတယ္။ တရားေဟာလို႔ရတဲ့ေငြနဲ႔ ဒီကေလးေတြကို အဆင္ေျပသလို ဒီလိုေကၽြးေမြးတာ ျဖစ္တယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဆည္ေတာ္ရြာက တိုက္ပြဲေတြေၾကာင့္ ဆရာေတာ့္ေက်ာင္းကို ေရာက္လာတဲ့ မလွျမတ္ဝင္းကေတာ့ ဆယ္တန္းစာေမးပြဲ ေျဖမယ့္သူပါ။

မလွျမတ္ဝင္း ။ ။ စာေတာ့ က်က္ေတာ့က်က္တယ္။ ဒါေပမဲ့ စိတ္ထဲမွာေတာ့ ရြာမွာက်န္ခဲ့တဲ့ အေဖ၊ အေမေတြကို စိုးရိမ္ေတြ။ အေဖ၊ အေမတို႔ အဆင္ေျပပါ့မလား။ ေနာက္ၿပီးေတာ့ ဒီမွာလာေနတာ ကိုယ္ကေတာ့ အဆင္ေျပတယ္။ ဒါေပမဲ့ အေဖ၊ အေမ အဆင္ေျပပါ့မလား။ စစ္ပြဲေတြ၊ တုိက္ပြဲေတြေၾကာင့္ ရြာမွာ ဘယ္လိုရိွေနမလဲ။ အေဖ၊ အေမတုိ႔ကို စိုးရိမ္တယ္။ အကိုေတြကို စိုးရိမ္တယ္။ ရြာကိုလည္း စာမပို႔ျဖစ္ဘူး။ တခါတေလၾကရင္ ငိုမိတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ စစ္ေဘးေရွာင္ ကေလးငယ္ အေယာက္ (၄၀) ေလာက္ကို ပညာသင္ေပးေနတဲ့ ရြာမ မူလတန္းလြန္ေက်ာင္းမွာေတာ့ စတုတၳတန္းေက်ာင္းသားေလးေတြ အစိုးရစစ္ စာေမးပြဲေျဖဖို႔ လုပ္ေနပါတယ္။ စစ္ေရွုာင္ကေလးငယ္ (၃) ေယာက္အတြက္ပါ စာေမးပြဲစစ္ေပးေနတယ္လို႔ ေက်ာင္းအုပ္ႀကီး ဦးသန္းလိႈင္က ေျပာပါတယ္။

ဦးသန္းလိႈင္ ။ ။ စာေမးပြဲ ေျဖလို႔မရလို႔ ဒီကိုထြက္ေျပးလာလို႔ ဒီမွာပဲ က်ေနာ္တုိ႔ စာစစ္ဌာနမွာပဲ ဝင္ၿပီးေတာ့ ေျဖၾကတာေပါ့။ က်ေနာ္တို႔ေက်ာင္းမွာေတာ့ … စာသင္ေဆာင္က မရိွဘူး။ ေဆာက္လက္စ ေက်ာင္းတေဆာင္က မၿပီေသးဘူး ျဖစ္ေနတယ္။ (၁) ႏွစ္ (၂) ႏွစ္ေလာက္ ျဖစ္ေနၿပီဆိုေတာ့ ကေလးေတြ သင္ၾကားေရးမွာ အေဆာင္၊ စာသင္ခန္း အဆင္မေျပဘူး ျဖစ္ေနတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ လမ္းမဘုန္းေတာ္ႀကီးေက်ာင္း စစ္ေရွာင္စခန္းမွာေတာ့ စစ္ေရွာင္က (၂၀၀၀) ေက်ာ္ ရိွပါတယ္။ ဒီစခန္းမွာ ခိုလံႈေနတဲ့ စစ္ေရွာင္ေတြ ေနထိုင္ဖို႔အတြက္ အိမ္ရာေတြ ဦးစီးၿပီး တည္ေဆာက္ေပးသူက ေမယုေသာက္ေရသန္႔က ဦးေဇာ္ဝင္း ျဖစ္ပါတယ္။

ဦးေဇာ္ဝင္း ။ ။ အဓိကေတာ့ သူတုိ႔လံုၿခံဳေရးပါ။ လံုၿခံဳေရးဆိုတာ လူတေယာက္ရဲ ႔ ပညာေရးလံုၿခံဳမႈ၊ က်န္းမာေရးလံုၿခံဳမႈ၊ အလုပ္အကိုင္အခြင့္အေရး လံုၿခံဳမႈ - ဒီ (၃) ခုစလံုးအတြက္ လံုၿခံဳမႈေတြ သူတုိ႔မွာ ေပ်ာက္ဆံုးေနၾကတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ စခန္းေတြမွာရိွတဲ့ လူေတြရဲ ႔ စားဝတ္ေနေရးအတြက္ကေတာ့ က်ေနာ္တို႔ အစိုးရလူကယ္ျပန္ကေန တေန႔ကို ဆန္ (၂) လံုးေပးတယ္။ ဒီဆန္ (၂) လံုးနဲ႔ပဲ ဒီမွာျဖစ္သလို ႀကိဳးစားၿပီးရုန္းကန္ ရပ္တည္ေနၾကတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ဒီစစ္ေရွာင္စခန္းမွာ ေနရတဲ့ မိန္းမပ်ဳိေလးေတြကလည္း ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေနၾကပါတယ္။

မခင္ေစာမူ ။ ။ တညလံုး ဗံုးတြင္းထဲမွာ ေနရတယ္။ အဲဒီမွာ တမိသားစုလံုး တညလံုးေနၿပီးေတာ့ မနက္မိုးလင္းေတာ့ အေပၚတက္တာနဲ႔ သူတုိ႔က ပစ္ၾကျပန္တယ္။ မိုးလင္းလည္း ပစ္ၾကတယ္။ အဲဒီေတာ့ သမီးတို႔ မေနရဲေတာ့ဘူး။ ထမင္းလည္း မစားရေသးဘူး။ ထမင္းလည္း မခ်က္ရေသးဘူး။ အဲဒီေတာ့ ဒီေခ်ာင္းတဘက္ကမ္းကို အကုန္လံုး ရြာကေန ေျပးၾကတယ္။
မခင္ခင္ဝင္း ။ ။ တိုက္ပြဲေတြကို ရပ္ေစခ်င္တယ္။ သမီးတို႔လည္း ရြာျပန္ခ်င္တယ္။ အဲဒါ ဒီမွာေနရာတာ သမီးတို႔ စိတ္မလန္းဘူး။ မေပ်ာ္ရႊင္ၾကဘူး။ ရြာမွာပဲ ေနခ်င္တယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ ရန္ေအာင္ေျမ ဘုန္းေတာ္ႀကီးေက်ာင္းမွာေတာ့ စစ္ေရွာင္က (၅၀၀) ေက်ာ္ရိွၿပီး သူတုိ႔ေတြ အားမငယ္ေအာင္ ၿမိဳ ႔ခံလူငယ္ေတြက ေတးဂီတနဲ႔ လာေရာက္ေဖ်ာ္ေျဖေလ့ ရိွပါတယ္။ နရံုေတာင္ကေန ထြက္ေျပးလာတဲ့ ေဒၚေစာျဖဴကေတာ့ ေၾကာက္လို႔ထြက္ေျပးလာတာလို႔ ေျပာပါတယ္။

စစ္ေရွာင္စခန္းမွာ ဝမ္းပ်က္ေနတဲ့ ကေလးငယ္ရဲ ႔ဖခင္ ကိုေမာင္ေမာင္ထြန္းတုိ႔ရဲ ႔ မိသားစုဟာ နရံုေတာင္ကေန စစ္ေရွာင္လာတာ (၂) ႏွစ္ေလာက္ ရိွေနပါၿပီ။

ေမာင္ေမာင္ထြန္း ။ ။ စစ္ပြဲေတြ ျဖစ္တယ္ဆိုရင္ ျပည္သူေတြ ဒုကၡေရာက္တယ္။ ျဖစ္တယ္ဆိုရင္ လူေတြနဲ႔အေဝးႀကီးမွာ ျဖစ္ရင္ေကာင္းပါတယ္။ အခုက ရြာနား၊ ရြာကိုဝင္ပစ္ ဘာမွတိုက္ပြဲျဖစ္တာ မဟုတ္ဘူး။ ဟိုကိုပစ္လိုက္ ဒီကိုပစ္လိုက္နဲ႔ - လက္နက္ႀကီးေတြပစ္တယ္။ ဘယ္ေနရာထိထိမွန္းမသိ က်တဲ့ေနရာမွာ လူေသ - အဲဒီလိုမ်ဳိး။

ေဒၚခင္မ်ဳိးသက္ ။ ။ ဒီခရီးစဥ္ေနာက္ဆံုးေန႔မွာေတာ့ စစ္ေတြမွာရိွတဲ့ သက္ကယ္ျပင္ဒုကၡသည္စခန္းကို သြားေရာက္ခဲ့ပါတယ္။ အခုေရာက္ေနတာကေတာ့ သက္ကယ္ျပင္ပါ။ သက္ကယ္ျပင္စခန္းက စစ္ေတြၿမိဳ ႔မွာ ရိွပါတယ္။ ရခိုင္ျပည္နယ္ျဖစ္ေနတဲ့ အေျခအေနေတြ သိရေအာင္ဆိုၿပီးေတာ့ ျပည္တြင္းျပည္ပ ခရီးစဥ္ေတြကို (၃) ရက္တာ အစိုးရကေန လိုက္ပို႔ေပးပါတယ္။ လိုက္ပို႔ေပးတဲ့ေနရာမွာ ဒီေန႔က ေနာက္ဆံုးေန႔ပါ။

၂၀၁၂ ခုႏွစ္ကတည္းက စတင္ခဲ့တဲ့ ဒီစခန္းမွာ အိမ္ေထာင္စုက (၁) ေထာင္ ရိွေနၿပီ၊ လူဦးေရက (၅၇၀၀) ေက်ာ္ ရိွပါတယ္။ မူဆလင္ဒုကၡသည္ေတြက လြတ္လြတ္လပ္လပ္ သြားလာခြင့္ကို လိုခ်င္ေနၾကတာပါ။

ဦးေရႊလွ ။ ။ က်ေနာ္တို႔ အဓိကလိုခ်င္တာ က်ေနာ္တို႔ႏိုင္ငံသားပါ - Citizenship ။ က်ေနာ္တို႔ ဒီႏိုင္ငံမွာ ေမြးပါတယ္။ ဒီေရေသာက္ၿပီး ေနလာခဲ့ပါတယ္။ က်ေနာ့္အေဖ၊ အေမ၊ ဘိုးဘြားအကုန္လံုး ဒီႏုိင္ငံမွာပဲ ေမြးခဲ့တာပါ။ အဲဒါေၾကာင့္လဲ က်ေနာ္တို႔လည္း ဒီလိုျဖစ္ေနတာကို စိတ္မေကာင္းပါဘူး။ က်ေနာ္တို႔မွာ ဘာျဖစ္လို႔ ေနာက္တေနရာသြားလဲ မရတာလဲ။ က်ေနာ္တို႔ အဲဒီလိုမ်ဳိး တိုင္းရင္းသားေတြ ေနတဲ့ပံုစံမ်ဳိးနဲ႔ ပူးေပါင္းၿပီးေတာ့၊ ညိွႏိႈင္းၿပီးေတာ့ … ျပည့္ဝသြားပါၿပီ။ အဲဒါကို ထားလို႔မရပါ။ ျပန္ၿပီးေတာ့ စလိုက္ၿပီးေတာ့ ဒီႏုိင္ငံမွာ ေမြးတဲ့ပံုစံနဲ႔ ဒီနုိင္ငံဥပေဒအတိုင္း ေဆာင္ရြက္ၿပီးေတာ့ သြားေစခ်င္ပါတယ္။ ကိုယ့္ရဲ ႔မူလေနရာကို သြားေစခ်င္ပါတယ္။

ေဒၚခင္မ်ဳိးသက္ ။ ။ စခန္းက လူေပါင္း (၆၀၀၀) ေလာက္ရိွၿပီးေတာ့ အိမ္ေျခေပါင္းကေတာ့ (၁၀၀၀) ရိွပါတယ္။ သူတုိ႔အေနနဲ႔ အဆင္ေျပေျပ ရိွေပမယ့္ သူတုိ႔လြတ္လြတ္လပ္လပ္ ရေစခ်င္ပါတယ္လုိ႔ ေျပာသြားပါတယ္။

XS
SM
MD
LG