သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္၀ တိုက္ပြဲ အရပ္သားေတြ ထိခိုက္ေသဆုံး


ပလက္၀ၿမိဳ႕(Photo khonumthung.news )

(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေက်ာက္ေတာ္ေဒသ ဘက္မွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး အရပ္သား ထိခိုက္ေသဆံုးမႈ ေတြ ရွိ ေနပါတယ္။ ပလက္ဝၿမိဳ႕နယ္ ထဲက ဗီြဟူးေက်းရြာမွာ ေတာ့ တိုက္ပြဲ ေတြ အတြင္း ေဒသခံေတြ ပိတ္မိေနၿပီး စားဝတ္ေနေရး အခက္ႀကံဳ ေနၾကရပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ေက်ာက္ေတာ္နားက ဗြီဟူးေက်းရြာအနီးမွာ အစိုးရတပ္နဲ႔ AAအဖြဲ႔တို႔ မေန႔က ညေနပိုင္းမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးက်ည္က်ေပါက္ကြဲခဲ့ တာ ေၾကာင့္ဗီဟူးေက်းရြာသား တစ္ဦးေသၿပီး ၂ၿပီးဒဏ္ရာရရွိခဲ့တယ္လို႔ ဗြီဟူးေဒသခံတစ္ဦးကေျပာပါတယ္။

“ေလယာဥ္နဲ႔လာၿပီးေတာ့ ပစ္တယ္။ အိမ္ကိုထိတယ္ အိမ္ ၅ေဆာင္ ၆ေဆာင္ မီးေလာင္သြားတယ္။ ၿပီးေတာ့ လူသံုးေယာက္ ဒဏ္ရာရတယ္ ။ တစ္ေယာက္ကေတာ့ ဆံုးသြားတယ္။ အသက္ကေတာ့ ၂၆ေလာက္ပဲရွိတယ္။ အမ်ိဳးသား။ ေလယာဥ္ လာပစ္ တာက ေတာ့ ၄ နာရီေက်ာ္ေလာက္ ပဲရွိတယ္။ ရြာထဲကို ပစ္တာပါ။”

ဗီြဟူးေက်းရြာအနီးမွာ ဒီကေန႔ ညေနပိုင္းအထိ ေလယာဥ္ေတြနဲ႔ ဗံုးႀကဲတိုက္ခိုက္ေနတာေၾကာင့္ ေဒသခံေတြ ပိတ္မိေနၾကတယ္ လို႔ လည္း ေျပာပါတယ္။

“ အခုလည္း ရြာအထက္ကေန ေလယာဥ္ပ်ံသြားတာ နားေထာင္မခံႏိုင္ဘူး။ အခုေလးတင္ပ်ံေနတာ။ လက္နက္ၾကီးနဲ႔လည္း ပစ္တယ္ ဗံုးလည္း ခ်တယ္။ စက္ေသနတ္ေတြနဲ႔လည္း ပစ္တယ္။ ရြာသားေတြက ဘယ္လိုေနမလဲ ဆိုရင္ ဘုန္းႀကီးေက်ာင္းမွာ ေနသူကေန ၊တြင္းတူးၿပီးေနသူကေန အခက္အခဲမ်ိဳးစံုနဲ႔ ေနရတာေပါ့။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခ ကလည္း ပလက္ဝၿမိဳ႕နယ္ဘက္ေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနတယ္လို႔ ေျပာပါတယ္။

“မတ္လ ၄ ရက္ေန႔မွာ ညေန ၂နာရီေလာက္မွာ ျမန္မာအစိုးရဟာ ဂ်က္တိုက္ေလယာဥ္ႏွစ္စီးနဲ႔ ေပါက္ကြြဲအားျပင္းထန္တဲ့ ဗံုးေတြနဲ႔ ေနၿပီးေတာ့ မီးေခ်ာင္းပတ္ဝန္းက်င္ကို ၈ႀကိမ္ေလာက္ေနၿပီးေတာ့ ဗံုးက်ဲ တိုက္ခိုက္ခဲ့တာ ရွိတယ္။ ၿပီးေတာ့စက္ေသနတ္ေတြနဲ႔ေနၿပီးေတာ့ ၂နာရီေလာက္ လွည့္ပတ္ပစ္ခတ္ခဲ့တာ ရွိတယ္။ မေန႔က ျမန္မာစစ္တပ္ ေလေၾကာင္းတိုက္ခိုက္မႈေတြ အတြင္းမွာ ပလက္ဝနဲ႔ေက်ာက္ေတာ္ အစပ္ ပြီဟုန္း ၊ မီးဝ ၊ မုန္႔သန္းျပင္ ၊ ေက်ာက္တန္း ၊ လိပ္ေခါင္း အဲဒီရြာေတြကို ပတ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ အရပ္သားတစ္ခ်ိဳ႕ ပိတ္မိေနတာ ရွိတယ္။ ေနအိမ္ေတြလည္း မီးေလာင္သြားတယ္။ ညေန ၆ နာရီ ၄၀ မွာ ျမန္မာစစ္တပ္က ဗံုးႀကဲ တိုက္ခိုက္ခဲ့တာေၾကာင့္ ပြီဟုန္းရြာကို ထိမွန္ၿပီးေတာ့ အရပ္သား တစ္ဦးေသတယ္ ၂ေယာက္ ဒဏ္ရာရတာရွိတယ္လို႔ ေဒသခံေတြဆီက သိရတယ္။ ဒီေန႔မွာလည္း ျမန္မာစစ္တပ္ဘက္က ေနၿပီးေတာ့ စက္ေသနတ္ေတြနဲ႔ ေတာက္ေလ်ာက္ ရြာေတြကို ပစ္ခတ္ေနတာ ရွိတယ္။ ဂ်က္ေလယာဥ္ေတြနဲ႔ ဗံုးႀကဲ တိုက္ခိုက္ေနတာ ရွိတယ္လို႔ သိရတယ္ဗ်ာ ေလာေလာဆယ္ေတာ့ ေသးစိတ္မသိရေသးဘူးဗ်ာ။”

တိုက္ပြဲေတြ ၾကားမွာ ပိတ္မိေနတဲ့ ဗီြဟူးေဒသခံ အမ်ိဳးသမီးတစ္ဦး ကေတာ့ ပလက္ဝၿမိဳ႕နယ္မွာ ဒီကေန႔အထိ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနသလို ေရလမ္းေၾကာင္း ေတြလည္း အပိတ္ဆို႔ ခံေနရတာေၾကာင့္ ေဒသခံေတြ စားဝတ္ေနေရး အခက္ေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ကေျပာပါတယ္။

“ စိုးရိမ္စိတ္ေတာ့ ဘယ္လိုရွိမလဲဆိုရင္ စားနပ္ရိကၡာေတြ မရွိေတာ့မွာ ဒုကၡေရာက္ၿပီးေတာ့ ထိခိုက္ဒဏ္ရာ ရသြားမွာကို စိုးရိမ္တယ္။ ၿပီးေတာ့ ထြက္ေျပးဖို႔ကလည္း ခရီးေတြက ေဝးတယ္။ လမ္းကလည္း ၾကမ္းတယ္ဆိုေတာ့ ဒုကၡခံၿပီးေတာ့ ေနရတာေပါ့။ စားဝတ္ေနေရးလည္း အဆင္မေျပဘူး ျဖစ္သလို စားေနရတယ္။ ဆန္တစ္အိတ္ကို ေလးေသာင္းေလာက္ရွိတယ္ ရွာလို႔လည္းမရဘူး။ ရွိတာေလးကို စားၿပီး အခက္အခဲမ်ိဳးစံုနဲ ႔ ဒီရြာမွာ ေနရပါတယ္။”

ပလက္ဝၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲျပင္းထန္ေနတာနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကား ေရး အဖြဲ႔နဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ဗုိလ္မွဴးႀကီး ဝင္းေဇာ္ဦးတို႔က ဗီြအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံ ေျဖဆိုခဲ့ျခင္းမရွိပါဘူး။

ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ တစ္ခ်ိဳ႕မွာ ဒီကေန႔အထိ တိုက္ပြဲေတြ ျပင္းထန္ေနသလို တိုက္ပြဲ အတြင္း အရပ္သား ထိခိုက္ေသဆံုးမႈေတြ ဟာလည္း တစ္ေန႔ထက္ တစ္ေန႔ မ်ားျပားလာေနပါတယ္။ အခုလိုအရပ္သားေတြ ထိခိုက္ေသဆံုး တိုင္းမွာလည္း တပ္နဲ႔ AAအဖြဲ႔တို႔ဟာ တစ္ဘက္နဲ႔ တစ္ဘက္ အျပန္အလွန္ စြပ္စြဲေျပာဆိုေနၾကတာလည္း ျဖစ္ပါတယ္။

ပလက္၀ တိုက္ပြဲ အရပ္သားေတြ ထိခိုက္ေသဆုံး
please wait

No media source currently available

0:00 0:03:54 0:00
တိုက္႐ိုက္ လင့္ခ္


..................

ပလက်၀ တိုက်ပွဲ အရပ်သားတွေ ထိခိုက်သေဆုံး

(Unicode)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်ဒေသ ဘက်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ထိခိုက်သေဆုံးမှု တွေ ရှိ နေပါတယ်။ ပလက်ဝမြို့နယ် ထဲက ဗွီဟူးကျေးရွာမှာ တော့ တိုက်ပွဲ တွေ အတွင်း ဒေသခံတွေ ပိတ်မိနေပြီး စားဝတ်နေရေး အခက်ကြုံ နေကြရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်နားက ဗွီဟူးကျေးရွာအနီးမှာ အစိုးရတပ်နဲ့ AAအဖွဲ့တို့ မနေ့က ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျပေါက်ကွဲခဲ့ တာ ကြောင့်ဗီဟူးကျေးရွာသား တစ်ဦးသေပြီး ၂ပြီးဒဏ်ရာရရှိခဲ့တယ်လို့ ဗွီဟူးဒေသခံတစ်ဦးကပြောပါတယ်။

“လေယာဉ်နဲ့လာပြီးတော့ ပစ်တယ်။ အိမ်ကိုထိတယ် အိမ် ၅ဆောင် ၆ဆောင် မီးလောင်သွားတယ်။ ပြီးတော့ လူသုံးယောက် ဒဏ်ရာရတယ် ။ တစ်ယောက်ကတော့ ဆုံးသွားတယ်။ အသက်ကတော့ ၂၆လောက်ပဲရှိတယ်။ အမျိုးသား။ လေယာဉ် လာပစ် တာက တော့ ၄ နာရီကျော်လောက် ပဲရှိတယ်။ ရွာထဲကို ပစ်တာပါ။”

ဗွီဟူးကျေးရွာအနီးမှာ ဒီကနေ့ ညနေပိုင်းအထိ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ပိတ်မိနေကြတယ် လို့ လည်း ပြောပါတယ်။

“ အခုလည်း ရွာအထက်ကနေ လေယာဉ်ပျံသွားတာ နားထောင်မခံနိုင်ဘူး။ အခုလေးတင်ပျံနေတာ။ လက်နက်ကြီးနဲ့လည်း ပစ်တယ် ဗုံးလည်း ချတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်တယ်။ ရွာသားတွေက ဘယ်လိုနေမလဲ ဆိုရင် ဘုန်းကြီးကျောင်းမှာ နေသူကနေ ၊တွင်းတူးပြီးနေသူကနေ အခက်အခဲမျိုးစုံနဲ့ နေရတာပေါ့။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ ကလည်း ပလက်ဝမြို့နယ်ဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပြောပါတယ်။

“မတ်လ ၄ ရက်နေ့မှာ ညနေ ၂နာရီလောက်မှာ မြန်မာအစိုးရဟာ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးတွေနဲ့ နေပြီးတော့ မီးချောင်းပတ်ဝန်းကျင်ကို ၈ကြိမ်လောက်နေပြီးတော့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။ ပြီးတော့စက်သေနတ်တွေနဲ့နေပြီးတော့ ၂နာရီလောက် လှည့်ပတ်ပစ်ခတ်ခဲ့တာ ရှိတယ်။ မနေ့က မြန်မာစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ ပလက်ဝနဲ့ကျောက်တော် အစပ် ပွီဟုန်း ၊ မီးဝ ၊ မုန့်သန်းပြင် ၊ ကျောက်တန်း ၊ လိပ်ခေါင်း အဲဒီရွာတွေကို ပတ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ချို့ ပိတ်မိနေတာ ရှိတယ်။ နေအိမ်တွေလည်း မီးလောင်သွားတယ်။ ညနေ ၆ နာရီ ၄၀ မှာ မြန်မာစစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပွီဟုန်းရွာကို ထိမှန်ပြီးတော့ အရပ်သား တစ်ဦးသေတယ် ၂ယောက် ဒဏ်ရာရတာရှိတယ်လို့ ဒေသခံတွေဆီက သိရတယ်။ ဒီနေ့မှာလည်း မြန်မာစစ်တပ်ဘက်က နေပြီးတော့ စက်သေနတ်တွေနဲ့ တောက်လျောက် ရွာတွေကို ပစ်ခတ်နေတာ ရှိတယ်။ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာ ရှိတယ်လို့ သိရတယ်ဗျာ လောလောဆယ်တော့ သေးစိတ်မသိရသေးဘူးဗျာ။”

တိုက်ပွဲတွေ ကြားမှာ ပိတ်မိနေတဲ့ ဗွီဟူးဒေသခံ အမျိုးသမီးတစ်ဦး ကတော့ ပလက်ဝမြို့နယ်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို ရေလမ်းကြောင်း တွေလည်း အပိတ်ဆို့ ခံနေရတာကြောင့် ဒေသခံတွေ စားဝတ်နေရေး အခက်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ကပြောပါတယ်။

“ စိုးရိမ်စိတ်တော့ ဘယ်လိုရှိမလဲဆိုရင် စားနပ်ရိက္ခာတွေ မရှိတော့မှာ ဒုက္ခရောက်ပြီးတော့ ထိခိုက်ဒဏ်ရာ ရသွားမှာကို စိုးရိမ်တယ်။ ပြီးတော့ ထွက်ပြေးဖို့ကလည်း ခရီးတွေက ဝေးတယ်။ လမ်းကလည်း ကြမ်းတယ်ဆိုတော့ ဒုက္ခခံပြီးတော့ နေရတာပေါ့။ စားဝတ်နေရေးလည်း အဆင်မပြေဘူး ဖြစ်သလို စားနေရတယ်။ ဆန်တစ်အိတ်ကို လေးသောင်းလောက်ရှိတယ် ရှာလို့လည်းမရဘူး။ ရှိတာလေးကို စားပြီး အခက်အခဲမျိုးစုံနဲ့ ဒီရွာမှာ နေရပါတယ်။”

ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ တပ်မတော် သတင်းမှန်ပြန်ကြား ရေး အဖွဲ့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့က ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။

ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် တစ်ချို့မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲ အတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ဟာလည်း တစ်နေ့ထက် တစ်နေ့ များပြားလာနေပါတယ်။ အခုလိုအရပ်သားတွေ ထိခိုက်သေဆုံး တိုင်းမှာလည်း တပ်နဲ့ AAအဖွဲ့တို့ဟာ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG