သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခုိင္တုိက္ပြဲေၾကာင့္ ပလက္၀ ေရေၾကာင္းလမ္းပိတ္


(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္တစ္ခ်ိဳ႕နဲ႔ ခ်င္းျပည္နယ္ ၊ ပလက္ဝၿမိဳ႕နယ္ေတြမွာ အစိုးရတပ္နဲ႔ ရခုိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားေနပါတယ္။ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္း တိုက္ပြဲ ေတြေၾကာင့္ ေရလမ္း ျပန္ပိတ္သြားသလို ရခိုင္ျပည္နယ္ အတြင္း မွာေတာ့ ေက်ာက္ေတာ္ အမ္းနဲ႔ ရေသ့ ေတာင္ၿမိဳ႕နယ္ေတြမွာ အရပ္သား ဒဏ္ရာရတာေတြရွိ ေနတာပါ။ အျပည့္အစံုကို ဗီြအိုေအ ျမန္မာအပိုင္းသတင္း ေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။

ခ်င္းျပည္နယ္ ၊ ပလက္ဝၿမိဳ႕နယ္မွာေရာ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၃ခုေလာက္မွာပါ အစိုးရတပ္နဲ႔ ရခုိုင္လက္ နက္ ကိုင္ AAအဖြဲ႔တို႔ တိုက္ပြဲ ေတြ ျဖစ္ပြားေနတယ္လို႔ AAေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

“ မတ္လ ၃ ရက္ေန႔မွာ ပလက္ဝၿမိဳ႕နယ္ မီးေခ်ာင္း တံတားထိပ္မွာ ေန႔လည္ ၂နာရီ ၅မိနစ္မွာ တစ္ႀကိမ္ ေန႔လည္ ၂နာရီ ၇မိနစ္မွာတစ္ႀကိမ္ ဂ်က္ေလယာဥ္ႏွစ္စီးနဲ႔ တစ္ႀကိမ္မွာ ဗံုး၆လံုးစီႏွစ္ႀကိမ္ လာခ်တယ္။ ေနာက္ၿပီးေတာ့ အဲဒီေလယာဥ္နဲ႔ပဲ လာေရာက္ပစ္ခတ္တာရွိတယ္။ ဒါကတပ္က တစ္ဘက္သတ္ ပစ္ခတ္တာ ႏွစ္ဖက္အျပန္အလွန္ တိုက္ပြဲျဖစ္တာေတာ့မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာရဲ႕ ေအာက္မွာ ရွိတဲ့ ေတာင္ရွည္ေတာင္ကေန ျမန္မာစစ္တပ္က ၿပိဳင္းတိုင္းရြာကို လွမ္းၿပီးေတာ့ ပစ္တာရွိတယ္။ အဲဒီမွာ ရြာသား ၃ေယာက္ေလာက္ ဒဏ္ရာရတယ္လို႔ သိရတယ္။ အေသးစိတ္ေတာ့ မသိရေသးပါဘူးဗ်ာ။”

မေန႔ကလည္း ေက်ာက္ေတာ္ အမ္း ရေသ့ေတာင္နဲ႔ ပလက္ဝၿမိဳ႕နယ္ေတြမွာ တပ္နဲ႔ AAအဖြဲ႔တို႔ၾကား အျပန္ အလွန္ တိုက္ပြဲျဖစ္ပြားခဲ့တာေတြ ရွိတယ္လို႔လည္း ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ ေရလမ္းေၾကာင္းေတြကို ျပန္လည္ပိတ္ ထားၿပီး ေဒသခံေတြလည္း ေၾကာက္လန္႔ေနၾကတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ေျပာခြင့္ရ စည္ပင္သာယာေရး ဝန္ႀကီး ဦးစိုးထက္ကေျပာပါတယ္။

“လမ္းခရီးေတြကလည္း အခုထိမပြင့္ေသးဘူး။ မသြားရဲတာေပါ့ ေဒသခံေတြကလည္း ဟိုကပစ္လိုက္ ဒီကပစ္လိုက္ ဆိုေတာ့ မသြားရဲၾကေတာ့ဘူးေလ။”

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ၿပိဳင္းတိုင္းေက်းရြာနဲ႔ တင္းမေက်းရြာၾကားမွာ ဒီကေန႔မနက္ပိုင္းက တိုက္ ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ၿပိဳင္းတိုင္း ေက်းရြာသား ၃ဦးဒဏ္ရာရွိခဲ့တယ္လို႔ ေက်ာက္ေတာ္ ေဒသခံ ကိုေက်ာ္လွျမင့္ က ေျပာပါတယ္။

“ဒီေန႔ေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ၿပိဳင္းတိုင္းေက်းရြာနဲ႔ တင္းမ ေက်းရြာၾကားမွာ တိုက္ပြဲျဖစ္တယ္လို႔ေတာ့ ေျပာ သံၾကားတယ္။ ေဒသခံတစ္ဦးျဖစ္တဲ့ ဦးေက်ာ္လွထြန္း ေျပာတာ ကေတာ့ ဒဏ္ရာရတာ ၃ေယာက္ရွိတယ္။ အမ်ိဳးသမီး တစ္ဦး၊ ေနာက္ ၆ႏွစ္ခန္႔ ကေလး တစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦး ဒဏ္ရာရတယ္။ သူတို႔ကို ေဆးကုသမႈခံယူဖို႔ အတြက္ ေက်ာက္ေတာ္ေဆးရံုကို ပို႔ဖို႔ အခက္အခဲ ရွိေနတယ္လို႔ ေဒသခံေတြက ေျပာလာၾကတယ္။”

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာလည္း တပ္နဲ႔ AAအဖြဲ႔ၾကား အျပန္အလွန္ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ အေနာက္ျပင္ ေက်းရြာသားႏွစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ဒဏ္ရာကေတာ့ ႏွစ္ေယာက္ရတယ္။ သိပ္ေတာ့ မမ်ားဘူး။ ညတစ္နာရီေက်ာ္ေလာက္က အျပန္အလွန္ တိုက္ပြဲျဖစ္ၾကတာ။”

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကလည္း တိုက္ပြဲေတြ ျပင္းထန္ခဲ့သလို ဒီကေန႔ မနက္ပိုင္း မွာလည္း ၿမိဳ႕ေပၚတပ္ရင္းေတြက လက္နက္ႀကီးေတြနဲ႔ ေက်ာက္တန္းေက်းရြာဘက္ကို လွမ္းပစ္ေန တာေတြ ရွိတယ္လို႕ ရေသ့ေတာင္ၿမိဳ႕ေပၚက ေဒသခံတစ္ဦးကေျပာပါတယ္။

“၁၂ နာရီေက်ာ္ေလာက္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ မိုးစဲကြ်န္း ဂူေတာင္နဲ႔ ေရႊေလာင္းတင္ေက်းရြာ အနီးမွာ တိုက္ပြဲျဖစ္တာ ရွိတယ္။ အဲဒီမွာ နာရီဝက္ေလာက္ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ေနၾကတာ။ ရေသ့ေတာင္ ၿမိဳ႕ေပၚတပ္ရင္း ေတြက လည္း မနက္ကတည္းက လက္နက္ႀကီး ေတြနဲ႔ မနားတမ္းပစ္ေနတယ္။ ၿမိဳ႕ေပၚကေန ေက်ာက္တန္းဘက္ကို လွမ္းၿပီးေတာ့ ပစ္ေနတာ။”

ဒါအျပင့္ အမ္းၿမိဳ႕နယ္ ကုဇုကိုင္းဖက္ေတြမွာလည္း တိုက္ပြဲျဖစ္ပြားတာေတြရွိေနၿပီး ဂ်ိတ္ေခ်ာင္း ေက်းရြာက အမ်ိဳးသမီး တစ္ဦးကို လက္နက္ႀကီးက်ည္စ ထိမွန္ၿပီး ေဆးရံုတင္ထားရတယ္လို႔ စစ္ေရွာင္ေတြကို ကူညီေပးေန တဲ့ အမ္းေဒသခံ ကိုမ်ိဳးလြင္က ေျပာပါတယ္။

“မေန႔က အမ္းၿမိဳ႕နယ္ ကဇုကိုင္းအုပ္စု ဂ်ိတ္ေခ်ာင္းေက်းရြာမွာ တိုက္ပြဲေတြ ျဖစ္ခဲ့ၾကတယ္ေပါ့ေနာ္။ တိုက္ပြဲျဖစ္ ေတာ့ ေက်းရြာအနီးကို လက္နက္ႀကီး က်တယ္ေပါ့ေနာ္။ အဲဒီလက္နက္ႀကီး ေပါက္ကြဲတဲ့ က်ည္စက မစိုးစိုးရီ ဆိုတဲ့ အမ်ိဳးသမီးက သူ႔အိမ္မွာ ေနရင္းနဲ႔ သူရဲ႕ ရင္ဘတ္ကို က်ည္စ မွန္သြားတာ မေန႔က ညေန ၅နာရီေလာက္မွာျဖစ္တာ။”

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ အတြင္းက တိုက္ပြဲအေျခအေနနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးနဲ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံေျဖဆိုခဲ့ျခင္းမရွိပါဘူး။

ရခိုင္ေျမာက္ပိုင္းမွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾက ရတဲ့ စစ္ေရွာင္ဦးေရ မ်ားျပားသလို အရပ္သား ထိခိုက္ေသဆံုး ဒဏ္ရာရရွိသူေတြ တစ္ေန႔ထက္ တစ္ေန႔ မ်ားလာေနပါတယ္။ အရပ္သားေတြ ေသဆံုးတိုင္းမွာလည္း တပ္နဲ႔ AA အဖြဲ႔တို႔ဟာ တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ စြပ္စြဲေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

ရခိုင်တိုက်ပွဲကြောင့် ပလက်၀ ရေကြောင်းလမ်းပိတ်

(Unicode)

ရခိုင်မြောက်ပိုင်းက မြို့နယ်တစ်ချို့နဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း တိုက်ပွဲ တွေကြောင့် ရေလမ်း ပြန်ပိတ်သွားသလို ရခိုင်ပြည်နယ် အတွင်း မှာတော့ ကျောက်တော် အမ်းနဲ့ ရသေ့ တောင်မြို့နယ်တွေမှာ အရပ်သား ဒဏ်ရာရတာတွေရှိ နေတာပါ။ အပြည့်အစုံကို ဗွီအိုအေ မြန်မာအပိုင်းသတင်း ထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်မှာရော ရခိုင်မြောက်ပိုင်းက မြို့နယ် ၃ခုလောက်မှာပါ အစိုးရတပ်နဲ့ ရခိုင်လက် နက် ကိုင် AAအဖွဲ့တို့ တိုက်ပွဲ တွေ ဖြစ်ပွားနေတယ်လို့ AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ မတ်လ ၃ ရက်နေ့မှာ ပလက်ဝမြို့နယ် မီးချောင်း တံတားထိပ်မှာ နေ့လည် ၂နာရီ ၅မိနစ်မှာ တစ်ကြိမ် နေ့လည် ၂နာရီ ၇မိနစ်မှာတစ်ကြိမ် ဂျက်လေယာဉ်နှစ်စီးနဲ့ တစ်ကြိမ်မှာ ဗုံး၆လုံးစီနှစ်ကြိမ် လာချတယ်။ နောက်ပြီးတော့ အဲဒီလေယာဉ်နဲ့ပဲ လာရောက်ပစ်ခတ်တာရှိတယ်။ ဒါကတပ်က တစ်ဘက်သတ် ပစ်ခတ်တာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ နောက်ပြီးတော့ ကျောက်တော်မြို့နယ် တင်းမရွာရဲ့ အောက်မှာ ရှိတဲ့ တောင်ရှည်တောင်ကနေ မြန်မာစစ်တပ်က ပြိုင်းတိုင်းရွာကို လှမ်းပြီးတော့ ပစ်တာရှိတယ်။ အဲဒီမှာ ရွာသား ၃ယောက်လောက် ဒဏ်ရာရတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးပါဘူးဗျာ။”

မနေ့ကလည်း ကျောက်တော် အမ်း ရသေ့တောင်နဲ့ ပလက်ဝမြို့နယ်တွေမှာ တပ်နဲ့ AAအဖွဲ့တို့ကြား အပြန် အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရေလမ်းကြောင်းတွေကို ပြန်လည်ပိတ် ထားပြီး ဒေသခံတွေလည်း ကြောက်လန့်နေကြတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

“လမ်းခရီးတွေကလည်း အခုထိမပွင့်သေးဘူး။ မသွားရဲတာပေါ့ ဒေသခံတွေကလည်း ဟိုကပစ်လိုက် ဒီကပစ်လိုက် ဆိုတော့ မသွားရဲကြတော့ဘူးလေ။”

ကျောက်တော်မြို့နယ်အတွင်းက ပြိုင်းတိုင်းကျေးရွာနဲ့ တင်းမကျေးရွာကြားမှာ ဒီကနေ့မနက်ပိုင်းက တိုက် ပွဲဖြစ်ပွားခဲ့တာကြောင့် ပြိုင်းတိုင်း ကျေးရွာသား ၃ဦးဒဏ်ရာရှိခဲ့တယ်လို့ ကျောက်တော် ဒေသခံ ကိုကျော်လှမြင့် က ပြောပါတယ်။

“ဒီနေ့တော့ ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာနဲ့ တင်းမ ကျေးရွာကြားမှာ တိုက်ပွဲဖြစ်တယ်လို့တော့ ပြော သံကြားတယ်။ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးကျော်လှထွန်း ပြောတာ ကတော့ ဒဏ်ရာရတာ ၃ယောက်ရှိတယ်။ အမျိုးသမီး တစ်ဦး၊ နောက် ၆နှစ်ခန့် ကလေး တစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရတယ်။ သူတို့ကို ဆေးကုသမှုခံယူဖို့ အတွက် ကျောက်တော်ဆေးရုံကို ပို့ဖို့ အခက်အခဲ ရှိနေတယ်လို့ ဒေသခံတွေက ပြောလာကြတယ်။”

ရသေ့တောင်မြို့နယ်အတွင်းမှာလည်း တပ်နဲ့ AAအဖွဲ့ကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အနောက်ပြင် ကျေးရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာကတော့ နှစ်ယောက်ရတယ်။ သိပ်တော့ မများဘူး။ ညတစ်နာရီကျော်လောက်က အပြန်အလှန် တိုက်ပွဲဖြစ်ကြတာ။”

ရသေ့တောင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဒီကနေ့ မနက်ပိုင်း မှာလည်း မြို့ပေါ်တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ကျောက်တန်းကျေးရွာဘက်ကို လှမ်းပစ်နေ တာတွေ ရှိတယ်လို့ ရသေ့တောင်မြို့ပေါ်က ဒေသခံတစ်ဦးကပြောပါတယ်။

“၁၂ နာရီကျော်လောက်မှာ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဂူတောင်နဲ့ ရွှေလောင်းတင်ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီမှာ နာရီဝက်လောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြတာ။ ရသေ့တောင် မြို့ပေါ်တပ်ရင်း တွေက လည်း မနက်ကတည်းက လက်နက်ကြီး တွေနဲ့ မနားတမ်းပစ်နေတယ်။ မြို့ပေါ်ကနေ ကျောက်တန်းဘက်ကို လှမ်းပြီးတော့ ပစ်နေတာ။”

ဒါအပြင့် အမ်းမြို့နယ် ကုဇုကိုင်းဖက်တွေမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး ဂျိတ်ချောင်း ကျေးရွာက အမျိုးသမီး တစ်ဦးကို လက်နက်ကြီးကျည်စ ထိမှန်ပြီး ဆေးရုံတင်ထားရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေ တဲ့ အမ်းဒေသခံ ကိုမျိုးလွင်က ပြောပါတယ်။

“မနေ့က အမ်းမြို့နယ် ကဇုကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတယ်ပေါ့နော်။ တိုက်ပွဲဖြစ် တော့ ကျေးရွာအနီးကို လက်နက်ကြီး ကျတယ်ပေါ့နော်။ အဲဒီလက်နက်ကြီး ပေါက်ကွဲတဲ့ ကျည်စက မစိုးစိုးရီ ဆိုတဲ့ အမျိုးသမီးက သူ့အိမ်မှာ နေရင်းနဲ့ သူရဲ့ ရင်ဘတ်ကို ကျည်စ မှန်သွားတာ မနေ့က ညနေ ၅နာရီလောက်မှာဖြစ်တာ။”

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။

ရခိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြ ရတဲ့ စစ်ရှောင်ဦးရေ များပြားသလို အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရရှိသူတွေ တစ်နေ့ထက် တစ်နေ့ များလာနေပါတယ်။ အရပ်သားတွေ သေဆုံးတိုင်းမှာလည်း တပ်နဲ့ AA အဖွဲ့တို့ဟာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG