သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္ဝ ေလေၾကာင္းတိုက္ခိုက္မႈ ႏွစ္ရက္အတြင္း အရပ္သား ၂၀ ေက်ာ္ေသဆံုး


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား

(Zawgyi/Unicode)

စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ စေန၊ တနဂၤေႏြ ဒီႏွစ္ရက္အတြင္းမွာပဲ အရပ္သားေဒသခံ ၂၁ ဦး ေသဆံုးၿပီး၊ ဒဏ္ရာရသူ ၂၈ ဦးအထိ ရွိခဲ့ပါတယ္။ အခုလိုအရပ္သားေတြ ေသဆံုးတာနဲ႔ ပတ္သတ္ၿပီးေတာ့ တပ္မေတာ္ဘက္ကေတာ့ ရပ္ရြာေတြကို အေၾကာင္းမဲ့ ပစ္ခတ္တာ မဟုတ္ပဲ သူတို႔ပစ္လို႔ျပန္လည္ပစ္ခတ္ရတာလို႔ ေျပာပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းက ၿပိဳင္တင္နဲ႔ ဝက္မေက်းရြာမွာ မေန႔က တနဂၤေႏြေန႔ ညေနပိုင္းေလာက္က ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံအရပ္သား ၁၀ ဦးထက္မနည္း ေသဆံုးၿပီး ၁၀ ေက်ာ္ေလာက္ ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

လက္ရွိအခ်ိန္မွာ ေလေၾကာင္း ပစ္ခတ္မႈေတြနဲ႔ ႀကံဳေတြ႔ေနရတဲ့ ပလက္ဝၿမိဳ႕နယ္မွာ အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ထားသလို ဒီကေန႔မနက္ပိုင္းက စတင္ၿပီး ဖုန္းလိုင္းေတြလည္း ဆက္မရေတာ့တာပါ။

လက္ရွိအခ်ိန္ထိ ေသဆံုးသူ ဘယ္ႏွစ္ဦးရွိတယ္ဆိုတာကို သိႏိုင္ဖို႔အတြက္ ပလက္ဝၿမိဳ႕နယ္နဲ႔ အတြင္းက ဝက္မေက်းရြာနဲ႔ ၃ မိုင္ေလာက္သာေဝးတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ မီးဝေက်းရြာအုပ္ခ်ဳပ္ေရးမွဴးကို ဆက္သြယ္ၾကည့္တဲ့အခါမွာတာ့ ေလေၾကာင္းပစ္ခတ္မႈနဲ႔ ပတ္သတ္ၿပီး အခုလိုေျပာပါတယ္။

"ေလယာဥ္နဲ႔ ပစ္တာ ဝက္မေက်းရြာတို႔ ၿပိဳင္တိုင္ေက်းရြာတို႔ အကုန္လံုးထိတယ္လို႔ ေျပာတယ္။ ၁၀ေယာက္ ေလာက္ေတာင္ ေသသြားတယ္လို႔ ေျပာတယ္။ က်န္တဲ့ သူေတြက အကုန္လံုး ပလက္ဝ ၿမိဳ႕ေပၚကို ေျပးသြားၾကတယ္လို႔ ေျပာတယ္။ ဒဏ္ရာရတဲ့ သူက ၁၅ ေယာက္ေလာက္ ရွိတယ္လို႔ ေျပာတယ္။ စိုးရိမ္တာေပါ့ဗ်ာ သူတို႔က မထင္မွတ္ပဲ တိုက္ပြဲမျဖစ္ပဲ တိုက္ပြဲမျဖစ္တဲ့ ေနရာေတြကိုလည္း လာၿပီးေတာ့ ဟိုေတာင္ကိုပစ္ ဒီေတာင္ကိုပစ္နဲ႔ ဆိုေတာ့ ၾကားမွာ က်ေနာ္တုိ႔ကို ထိမွာကိုေၾကာက္တယ္။ "

ေလေၾကာင္းပစ္ခတ္ေတြဟာ ပလက္ဝၿမိဳ႕နယ္ တခုတည္းမဟုတ္ဘဲ ပလက္ဝနယ္စပ္ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက မီးဝေက်းရြာ ကိုပါထိတယ္လို႔ သူက ဆက္ေျပာပါတယ္။

"ေလယာဥ္က ပစ္တာကေတာ့ စက္ေသနတ္ေတြနဲ႔ ပစ္တယ္ ဗံုးေတြလည္း ခ်တယ္။ စက္ေသနတ္ေတြနဲ႔ ပစ္တာကေတာ့ အကုန္လံုး အိမ္ေခါင္ေတြ၊ ေခါင္မိုးေတြမွာ က်တယ္။ အိမ္ေခါင္ေတြ ေပါက္သြားၾကတယ္။ က်ေနာ့္ အိမ္လည္းေပါက္သြားတယ္။ မေန႔က တစ္ေနလံုး ဗံုးတြင္းထဲမွာ ေျပးဝင္ၿပီးေတာ့ ေနၾကရတယ္။ အသံက လည္းတစ္အားျမည္တာ တ၀ုန္းဝုန္း တဗုန္းဗုန္းနဲ႔ေပါ့။"

ပလက္ဝၿမိဳ႕နယ္အတြင္းက ၿပိဳင္တိန္ မိတ္စာဝ စတဲ့ ေက်းရြာေတြမွာ ၿပီးခဲ့တဲ့ မတ္လ ၁၄ ရက္ ၁၅ ရက္ စေန၊ တနဂၤေႏြ ႏွစ္ရက္တာ ေလေၾကာင္းပစ္ခတ္မႈေတြေၾကာင့္ ေဒသခံအရပ္သား ၂၁ ဦး ေသ ဆံုးၿပီး ၂၈ ဦးအထိ ဒဏ္ရာရတာရွိတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္ကလည္း ပလက္ဝၿမိဳ႕နယ္အတြင္းက ေလေၾကာင္းတိုက္ခိုက္မႈေတြဟာ အရပ္သားေတြကို ဦးတည္ၿပီးပစ္ခတ္ေနတာျဖစ္တယ္လို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက စြပ္စြဲေျပာဆိုထားပါတယ္။

"ဒီဟာကေတာ့ သူတို႔ဘက္က လူမ်ိဳးေရး အၿငိဳးအေတးေပၚမွာ အေျခခံၿပီးေတာ့ အရပ္သားေတြကို ဦးတည္ၿပီးေတာ့ ပစ္ခတ္သတ္ျဖတ္တာျဖစ္တယ္။ ဒါက စစ္ရာဇဝတ္မႈကို ေျပာင္းေျပာင္းတင္းတင္း က်ဳးလြန္တာျဖစ္တယ္။"

တပ္မေတာ္ဘက္ကေတာ့ ေလေၾကာင္းတိုက္ခိုက္မႈေတြကို အေၾကာင္းမဲ့ လုပ္တာမဟုတ္သလို ရန္သူေတြဘက္က ပစ္ခတ္လာတာေၾကာင့္ ကိုယ့္ကိုကုိယ္ခုခံကာကြယ္တဲ့ အေနနဲ႔ ျပန္လည္ ပစ္ခတ္ရတာ ျဖစ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရအဖြဲ႔ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"ပလက္ဝနဲ႔ ေက်ာက္ေတာ္ၾကားထဲမွာ က်ေနာ္တို႔ ၁၀ ရက္ ၁၁ ရက္ေန႔ေလာက္ကတည္းက ထိေတြ႔တိုက္ ပြဲျဖစ္ေနတာရွိတယ္။ ဒီေန႔အထိလည္း ျဖစ္ေနတယ္။ အဲဒီမွာ က်ေနာ္တို႔ ေလေၾကာင္းတိုက္ခိုက္မႈေတြေၾကာင့္ ေသဆံုးသူေတြ ရွိတယ္လို႔ ေျပာေနတာေတြ ရွိတယ္။ က်ေနာ္တို႔ ေျပာနိုင္တာက က်ေနာ္တို႔ အေနနဲ႔ ျပည္သူလူထုကို ကာကြယ္ဖို႔ တာဝန္ရွိတယ္။ က်ေနာ္တို႔ အေနနဲ႔က ရပ္ရြာေတြကို အေၾကာင္းမဲ့ ပစ္တာမရွိဘူး။ သို႔ေသာ္ မလြဲမ ေသြ ရန္သူက ပစ္ခတ္လာၿပီဆိုရင္ေတာ့ သူတို႔ပစ္ခတ္တဲ့ေနရာေတြကို မိမိကိုယ္ကို ခုခံကာကြယ္တဲ့အေနနဲ႔ ျပန္လည္ ပစ္ခတ္ရတာ ရွိတယ္။ ေလေၾကာင္းတိုက္ခိုက္မႈ ဆိုတာကေတာ့ ရန္သူ႔သတင္းမရဘဲ က်ေနာ္တို႔ တိုက္ခိုက္စရာအေၾကာင္း မရွိဘူး။"

ၿပီးခဲ့တဲ့ေသာၾကာေန႔ကလည္း ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ အတြင္းက ေက်းရြာ တခ်ိဳ႕ကို တပ္မေတာ္ဘက္က ဝင္ေရာက္ပစ္ခတ္ခဲ့တာေၾကာင့္ အရပ္သား ၃ ဦးထက္မနည္း ေသဆံုးၿပီး ၃၀ နီးပါး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီကေန႔မွာလည္း ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြမွာ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔လက္ရွိအခ်ိန္ထိ တိုက္ပြဲေတြ ျပင္းထန္ေနသလို တိုက္ပြဲ အရပ္သား ထိခိုက္ေသဆံုးမႈေတြဟာလည္း တေန႔ထက္တေန႔ ပိုမိုမ်ားျပားလာတာ ျဖစ္ပါတယ္။ တိုက္ပြဲအတြင္း အရပ္သားတြ ေသဆံုးထိခိုက္ဒဏ္ရာ ရရွိတိုင္းမွာလည္း တပ္နဲ႔ AA အဖြဲ႔တို႔ အျပန္ အလွန္ အျပစ္တင္စြပ္စဲြေျပာဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပလက်ဝ လေကြောင်းတိုက်ခိုက်မှု နှစ်ရက်အတွင်း အရပ်သား ၂၀ ကျော်သေဆုံး

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စနေ၊ တနင်္ဂနွေ ဒီနှစ်ရက်အတွင်းမှာပဲ အရပ်သားဒေသခံ ၂၁ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ ၂၈ ဦးအထိ ရှိခဲ့ပါတယ်။ အခုလိုအရပ်သားတွေ သေဆုံးတာနဲ့ ပတ်သတ်ပြီးတော့ တပ်မတော်ဘက်ကတော့ ရပ်ရွာတွေကို အကြောင်းမဲ့ ပစ်ခတ်တာ မဟုတ်ပဲ သူတို့ပစ်လို့ပြန်လည်ပစ်ခတ်ရတာလို့ ပြောပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက ပြိုင်တင်နဲ့ ဝက်မကျေးရွာမှာ မနေ့က တနင်္ဂနွေနေ့ ညနေပိုင်းလောက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံအရပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိအချိန်မှာ လေးကြောင် ပစ်ခတ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားသလို ဒီကနေ့မနက်ပိုင်းက စတင်ပြီး ဖုန်းလိုင်းတွေလည်း ဆက်မရတော့တာပါ။

လက်ရှိအချိန်ထိ သေဆုံးသူ ဘယ်နှစ်ဦးရှိတယ်ဆိုတာကို သိနိုင်ဖို့အတွက် ပလက်ဝမြို့နယ်နဲ့ အတွင်းက ဝက်မကျေးရွာနဲ့ ၃ မိုင်လောက်သာဝေးတဲ့ ကျောက်တော်မြို့နယ် မီးဝကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်ကြည့်တဲ့အခါမှာတာ့ လေကြောင်းပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး အခုလိုပြောပါတယ်။

"လေယာဉ်နဲ့ ပစ်တာ ဝက်မကျေးရွာတို့ ပြိုင်တိုင်ကျေးရွာတို့ အကုန်လုံးထိတယ်လို့ ပြောတယ်။ ၁၀ယောက် လောက်တောင် သေသွားတယ်လို့ ပြောတယ်။ ကျန်တဲ့ သူတွေက အကုန်လုံး ပလက်ဝ မြို့ပေါ်ကို ပြေးသွားကြတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့ သူက ၁၅ ယောက်လောက် ရှိတယ်လို့ ပြောတယ်။ စိုးရိမ်တာပေါ့ဗျာ သူတို့က မထင်မှတ်ပဲ တိုက်ပွဲမဖြစ်ပဲ တိုက်ပွဲမဖြစ်တဲ့ နေရာတွေကိုလည်း လာပြီးတော့ ဟိုတောင်ကိုပစ် ဒီတောင်ကိုပစ်နဲ့ ဆိုတော့ ကြားမှာ ကျနော်တို့ကို ထိမှာကိုကြောက်တယ်။ "

လေကြောင်းပစ်ခတ်တွေဟာ ပလက်ဝမြို့နယ် တခုတည်းမဟုတ်ဘဲ ပလက်ဝနယ်စပ် ကျောက်တော်မြို့နယ်အတွင်းက မီးဝကျေးရွာ ကိုပါထိတယ်လို့ သူက ဆက်ပြောပါတယ်။

"လေယာဉ်က ပစ်တာကတော့ စက်သေနတ်တွေနဲ့ ပစ်တယ် ဗုံးတွေလည်း ချတယ်။ စက်သေနတ်တွေနဲ့ ပစ်တာကတော့ အကုန်လုံး အိမ်ခေါင်တွေ၊ ခေါင်မိုးတွေမှာ ကျတယ်။ အိမ်ခေါင်တွေ ပေါက်သွားကြတယ်။ ကျနော့် အိမ်လည်းပေါက်သွားတယ်။ မနေ့က တစ်နေလုံး ဗုံးတွင်းထဲမှာ ပြေးဝင်ပြီးတော့ နေကြရတယ်။ အသံက လည်းတစ်အားမြည်တာ တဝုန်းဝုန်း တဗုန်းဗုန်းနဲ့ပေါ့။"

ပလက်ဝမြို့နယ်အတွင်းက ပြိုင်တိန် မိတ်စာဝ စတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် ၁၅ ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်တာ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဒေသခံအရပ်သား ၂၁ ဦး သေ ဆုံးပြီး ၂၈ ဦးအထိ ဒဏ်ရာရတာရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း ပလက်ဝမြို့နယ်အတွင်းက လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို ဦးတည်ပြီးပစ်ခတ်နေတာဖြစ်တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက စွပ်စွဲပြောဆိုထားပါတယ်။

"ဒီဟာကတော့ သူတို့ဘက်က လူမျိုးရေး အငြိုးအတေးပေါ်မှာ အခြေခံပြီးတော့ အရပ်သားတွေကို ဦးတည်ပြီးတော့ ပစ်ခတ်သတ်ဖြတ်တာဖြစ်တယ်။ ဒါက စစ်ရာဇဝတ်မှုကို ပြောင်းပြောင်းတင်းတင်း ကျုးလွန်တာဖြစ်တယ်။"

တပ်မတော်ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေကို အကြောင်းမဲ့ လုပ်တာမဟုတ်သလို ရန်သူတွေဘက်က ပစ်ခတ်လာတာကြောင့် ကိုယ့်ကိုကိုယ်ခုခံကာကွယ်တဲ့ အနေနဲ့ ပြန်လည် ပစ်ခတ်ရတာ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ပလက်ဝနဲ့ ကျောက်တော်ကြားထဲမှာ ကျနော်တို့ ၁၀ ရက် ၁၁ ရက်နေ့လောက်ကတည်းက ထိတွေ့တိုက် ပွဲဖြစ်နေတာရှိတယ်။ ဒီနေ့အထိလည်း ဖြစ်နေတယ်။ အဲဒီမှာ ကျနော်တို့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူတွေ ရှိတယ်လို့ ပြောနေတာတွေ ရှိတယ်။ ကျနော်တို့ ပြောနိုင်တာက ကျနော်တို့ အနေနဲ့ ပြည်သူလူထုကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ကျနော်တို့ အနေနဲ့က ရပ်ရွာတွေကို အကြောင်းမဲ့ ပစ်တာမရှိဘူး။ သို့သော် မလွဲမ သွေ ရန်သူက ပစ်ခတ်လာပြီဆိုရင်တော့ သူတို့ပစ်ခတ်တဲ့နေရာတွေကို မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည် ပစ်ခတ်ရတာ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှု ဆိုတာကတော့ ရန်သူ့သတင်းမရဘဲ ကျနော်တို့ တိုက်ခိုက်စရာအကြောင်း မရှိဘူး။"

ပြီးခဲ့တဲ့သောကြာနေ့ကလည်း ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ် အတွင်းက ကျေးရွာ တချို့ကို တပ်မတော်ဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်တွေမှာ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲ အရပ်သား ထိခိုက်သေဆုံးမှုတွေဟာလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း အရပ်သားတွ သေဆုံးထိခိုက်ဒဏ်ရာ ရရှိတိုင်းမှာလည်း တပ်နဲ့ AA အဖွဲ့တို့ အပြန် အလှန် အပြစ်တင်စွပ်စွဲပြောဆိုနေကြပါတယ်။

XS
SM
MD
LG