(Zawgyi/Unicode)
COVID-19 ကပ္ေဘးဆိုင္ရာ အေရးေပၚအေျခအေနႀကံဳေနခ်ိန္မွာပဲ ျမန္မာႏိုင္ငံတြင္း သတင္းမီဒီယာသမားအခ်ိဳ႕ကို ဖမ္းဆီးတရားစဲြတာေတြအေပၚ လူ႔အခြင့္အေရးလႈပ္ရွားသူေတြရဲ႕ အျမင္ တင္ဆက္ေပးပါမယ္။
မႏၱေလးအေျခစိုက္ Voice of Myanmar (VOM) သတင္းဌာန အယ္ဒီတာခ်ဳပ္ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစဲြဆိုခဲ့သလို ရခိုင္အေျခစိုက္ နိရဥၥရာသတင္းဌာနက သတင္းသမားႏွစ္ဦး မေန႔ညက ဖမ္းဆီးခံရသလို၊ သတင္းဌာနအခ်ိဳ႕က သူတို႔ ၀က္ဆိုဒ္ေတြလည္း ဖြင့္လို႔မရေအာင္ အာဏာပိုင္ေတြဘက္ လုပ္ထားတယ္လို႔ ေျပာဆိုေနၾကပါတယ္။
ျမန္မာ့သတင္းမီဒီယာေကာင္စီရဲ႕ အတြင္းေရးမွဴး တဦးလည္းျဖစ္၊ ရန္ကုန္ေခတ္သစ္သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္လည္းျဖစ္တဲ့ ဦးသာလြန္ေဇာင္းထက္ကိုလည္း လံုၿခံဳေရးအာဏာပိုင္ေတြက ဖမ္းဆီးဖို႔ ႀကိဳးစားခဲ့တယ္လို႔လည္း ေခတ္သစ္သတင္းဌာနက ထုတ္ျပန္ပါတယ္။ ဒါဟာ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ ေျပာခြင့္ရသူကို အင္တာဗ်ဴးတာနဲ႔ ပတ္သက္တယ္လို႔ ေခတ္သစ္သတင္းဌာနက ေျပာပါတယ္။ AA ရခိုင္လက္နက္ကိုင္အဖဲြ႔ကို မတရားအသင္းအျဖစ္ေရာ အၾကမ္းဖက္အဖဲြ႔အျဖစ္ပါ အစိုးရက ေၾကညာခဲ့ၿပီးတဲ့ေနာက္ အခုလို မီဒီယာေတြကို အေရးယူလာတာပါ။
သတင္းမီဒီယာေတြကို အၾကမ္းဖက္မႈ တုိက္ဖ်က္ေရး ဥပေဒနဲ႔ တရားစဲြဆုိတဲ့အေပၚလူ႔အခြင့္အေရးအဖဲြ႔ တစ္ခုျဖစ္တဲ့ ညီမွ်ျခင္းျမန္မာရဲ့ ဒါရိုက္တာ ဦးေအာင္မ်ိဳးမင္းက အခုလို ေျပာဆုိပါတယ္။
“ဒီဥပေဒမွာ ျပဌာန္းထားတဲ့အေၾကာင္းအရာကို ျပန္ၾကည့္မယ္ဆုိရင္ အၾကမ္းဖက္မႈလုပ္ငန္းေတြကို ကိုယ္တုိင္က်ဴးလြန္တဲ့ဟာမ်ိဳး၊ ေငြေထာက္ပံ့ေပးတဲ့ဟာမ်ိဳး၊ က်ဴးလြန္ဖို႔အတြက္ လူေတြကို သိမ္းသြင္းတဲ့အရာမ်ိဳး၊ တာ၀န္ေပးတဲ့ဟာမ်ိဳး အဲဒါမ်ိဳးကိုပဲ အျပစ္ေပးအေရးယူလုိ႔ ရတယ္။ အခုသတင္းမီဒီယာေတြက ဒီအဖဲြ႔ေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ သတင္းေတြ ထုတ္ျပန္ျခင္းက သတင္းမီဒီယာရဲ့ တာ၀န္ျဖစ္တယ္။ တကယ္လို႔ သတင္း မီဒီယာရဲ့ ေရးသားခ်က္က အားေပးအားေျမွာက္ျပဳတယ္။ အၾကမ္းဖက္မႈေတြ ျဖစ္ေပၚဖို႔အတြက္ လႈံေဆာ္မႈေတြ၊ ေနာက္တခါ အမုန္းတရားကို ပြားမ်ားေအာင္လုပ္ေဆာင္ေစတဲ့အရာမ်ိဳး ျဖစ္လုိ႔ရိွရင္ေတာ့ ဒါက ဥပေဒအရ အေရးယူလုိ႔ ရႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလိုအေရးယူမႈက အၾကမ္းဖက္မႈဆုိတဲ့ ဥပေဒမဟုတ္ဘဲနဲ႔ အမုန္းတရားပြားမ်ားမႈကို အားေပးေသာပံုစံမ်ိဳး တျခားေသာဥပေဒမ်ိဳးနဲ႔ အေရးယူဖုိ႔ေတာ့ လုိအပ္တယ္။ အၾကမ္းဖက္မႈဥပေဒနဲ႔ အေရးယူျခင္းကေတာ့ ျပစ္မႈအရမ္းၾကီးေအာင္ တမင္သက္သက္ ရည္ရြယ္တဲ့သေဘာ မ်ိဳးျဖစ္သြားႏိုင္တာ ဒါကိုလည္း သတိျပဳဖို႔ လိုအပ္ပါတယ္။”
ဒီလိုအေရးယူတာေၾကာင့္ လူ႔အခြင့္အေရးေၾကညာစာတမ္းပါ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္နဲ႔ လြတ္လပ္စြာ သတင္းရယူ ပိုင္ခြင့္ေတြ ထိခိုက္ႏိုင္ေၾကာင္းလည္း ဦးေအာင္မ်ိဳးမင္းက ေထာက္ျပပါတယ္။
“က်ေနာ္တုိ႔ သတင္းမ်ား ရယူခြင့္ဆိုတာ သတင္းမီဒီယာရဲ့ တာ၀န္ရိွတယ္။ နယ္စပ္စည္းမျခားဘဲနဲ႔သတင္းေတြ ရယူရမယ္ဆိုတာ အခြင့္အေရးတရပ္အေနနဲ႔ ေဖာ္ျပထားပါတယ္။ သတင္းမီဒီယာမ်ားရဲ့သတင္းရရိွခြင့္ကို ခုဏကလုိ ပိတ္ပင္ျခင္းက မီဒီယာလြတ္လပ္ခြင့္ကို ထိခုိက္သလို ျပည္သူလူထုအတြက္ မွားမွန္ ေ၀ဖန္ပိုင္းျခားႏိုင္ဖို႔အတြက္ အခြင့္အလမ္းေတြ ဆံုးရႈံးသြားႏိုင္တယ္။ သတင္းမွာေျပာသြားတဲ့အခ်က္ကို မူတည္ၿပီးေတာ့ ေ၀ဖန္ဆန္းစစ္မႈေတြလုပ္ႏိုင္တာ သတင္းနားေထာင္တဲ့သူတုိင္းရဲ့ တာ၀န္ျဖစ္တယ္။ သတင္းလံုး၀ မရရိွတဲ့အတြက္ ေ၀ဖန္ဆန္းစစ္မႈေတြ၊ ဆင္ျခင္သံုးသပ္မႈေတြ ျပည္သူလူထုေတြမွာ သို႔ေလာ၊ သို႔ေလာ ကိစၥမ်ိဳးေတြ၊ ယုန္ထင္ေၾကာင္ထင္ ျဖစ္တဲ့ကိစၥမ်ိဳးေတြ၊ ေနာက္တစ္ခါ မွားယြင္းတဲ့ ဆံုးျဖတ္မႈေတြ ျဖစ္သြားႏိုင္တဲ့အထိ သက္ေရာက္ႏိုင္ပါတယ္။”
တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကေတာ့ ၂၀၁၄ ခုႏွစ္က ျပဌာန္းထားတဲ့ သတင္းမီဒီယာဥပေဒကို ျပန္လည္သံုးသပ္သင့္ေၾကာင္း ျပထားေၾကာင္း ေထာက္ျပပါတယ္။
“သတင္းမီဒီယာသမားကို စဲြတာ သာမန္ အရပ္သားကို စဲြတာမဟုတ္ဘူး။ အဲေတာ့ သတင္းမီဒီယာ သမားဆုိတာက ၂၀၁၄ ခုႏွစ္ မတ္လ ၁၄ ရက္ေန႔မွာ ထုတ္ျပန္တဲ့ သတင္းမီဒီယာဥပေဒပုဒ္မ ၂(က) အရ က်ေနာ္တုိ႔ ၾကည့္ရမယ္။ ပုဒ္မ ၃(စ)အရ သတင္းမီဒီယာတခုခုမွာ ေရးသားေဖာ္ျပထုတ္လႊင့္မႈ တစ္ရပ္ရပ္နဲ႔ စပ္လ်ဥ္း၍ တစ္စံုတစ္ေယာက္ရဲ့ တုိင္ၾကားခ်က္၊ အျငင္းပြားခ်က္မ်ားကို ႏွစ္ဘက္ညိွႏိႈင္း ေျဖရွင္းတဲ့နည္းလမ္းနဲ႔ ေၾကေအး ေျပၿငိမ္းေစရန္ ေဆာင္ရြက္ျခင္းလုိ႔ ဆုိပါတယ္။ အခုျဖစ္တဲ့ျပႆနာေတြကို ေလ့လာတဲ့အခါမွာ တရားလိုလုပ္သူေတြဘက္က တပ္ထားတဲ့ ပုဒ္မေတြနဲ႔ေတာ့ ညီညႊတ္တယ္လို႔ မဆိုႏိုင္ဘူး။ ”
လြတ္လပ္စြာ ထုတ္ေဖာ္ေျပာၾကားခြင့္နဲ႔ ပတ္သက္ၿပီး ဦးေရာဘတ္စန္းေအာင္က အခုလို ဆက္လက္ေျပာဆိုပါတယ္။
“ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီးေတာ့လည္း မိမိရ့ဲ အျမင္အယူအဆကို ေျပာဆုိျခင္းဟာ ဖဲြ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၃၅၄ နဲ႔ လူ႔အခြင့္အေရးေၾကညာစာတမ္းအပိုဒ္ ၁၉ တုိ႔နဲ႔ ညီညႊတ္ပါတယ္။ ဒါေၾကာင့္မုိ႔ အမႈတည္ေဆာက္သူ မ်ားအေနနဲ႔ ညိွႏိႈင္းေဆြးေႏြးၿပီးေတာ့ အစိုးရလည္း ဂုဏ္တက္ေအာင္၊ ကာယကံရွင္ေတြလည္း မထိခုိက္ မနစ္နာရေအာင္၊ သတင္းမီဒီယာေကာင္စီမွာ ေတြ႔ဆံုေဆြးေႏြး အေျဖရွာၾကပါလို႔ က်ေနာ္ကေတာ့ ေမတၱာရပ္ခံပါတယ္။”
သတင္းမီဒီယာေကာင္စီက သတင္းသမားေတြအေပၚ မေက်နပ္ခ်က္ရိွပါက သတင္းမီဒီယာဥပေဒအရ သတင္းမီဒီယာေကာင္စီက ဦးစြာတုိင္ၾကားဖို႔ မတ္လ ၃၁ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။
ဒီေၾကညာခ်က္မွာပဲ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္မွာ သတင္းတု၊ သတင္မွားေတြကို တရား၀င္သတင္းဌာေနေတြနဲ႔ ပူးေပါင္း တုိက္ဖ်က္ရမယ့္အစား အခုလို လုပ္ေဆာင္တာဟာ မသင့္ေလ်ာ္ေၾကာင္းနဲ႔ ဒီမုိကေရစီအသြင္ကူးေျပာင္ေရးကာလနဲ႔ မကိုက္ညီတဲ့ တံု႔ျပန္မႈျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။
[Unicode Version]
COVID အရေးကြုံနေချိန် သတင်းမီဒီယာသမားတွေ ဖမ်းတဲ့အပေါ် ဝေဖန်
COVID-19 ကပ်ဘေးဆိုင်ရာ အရေးပေါ်အခြေအနေကြုံနေချိန်မှာပဲ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာသမားအချို့ကို ဖမ်းဆီးတရားစွဲတာတွေအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အမြင် တင်ဆက်ပေးပါမယ်။
မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခဲ့သလို ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနက သတင်းသမားနှစ်ဦး မနေ့ညက ဖမ်းဆီးခံရသလို၊ သတင်းဌာနအချို့က သူတို့ ဝက်ဆိုဒ်တွေလည်း ဖွင့်လို့မရအောင် အာဏာပိုင်တွေဘက် လုပ်ထားတယ်လို့ ပြောဆိုနေကြပါတယ်။
မြန်မာ့သတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူး တဦးလည်းဖြစ်၊ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးသာလွန်ဇောင်းထက်ကိုလည်း လုံခြုံရေးအာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့လည်း ခေတ်သစ်သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူကို အင်တာဗျူးတာနဲ့ ပတ်သက်တယ်လို့ ခေတ်သစ်သတင်းဌာနက ပြောပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို မတရားအသင်းအဖြစ်ရော အကြမ်းဖက်အဖွဲ့အဖြစ်ပါ အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် အခုလို မီဒီယာတွေကို အရေးယူလာတာပါ။
သတင်းမီဒီယာတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုတဲ့အပေါ်လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ပြောဆိုပါတယ်။
“ဒီဥပဒေမှာ ပြဌာန်းထားတဲ့အကြောင်းအရာကို ပြန်ကြည့်မယ်ဆိုရင် အကြမ်းဖက်မှုလုပ်ငန်းတွေကို ကိုယ်တိုင်ကျူးလွန်တဲ့ဟာမျိုး၊ ငွေထောက်ပံ့ပေးတဲ့ဟာမျိုး၊ ကျူးလွန်ဖို့အတွက် လူတွေကို သိမ်းသွင်းတဲ့အရာမျိုး၊ တာဝန်ပေးတဲ့ဟာမျိုး အဲဒါမျိုးကိုပဲ အပြစ်ပေးအရေးယူလို့ ရတယ်။ အခုသတင်းမီဒီယာတွေက ဒီအဖွဲ့တွေနဲ့ ဆက်သွယ်ပြီးတော့ သတင်းတွေ ထုတ်ပြန်ခြင်းက သတင်းမီဒီယာရဲ့ တာဝန်ဖြစ်တယ်။ တကယ်လို့ သတင်း မီဒီယာရဲ့ ရေးသားချက်က အားပေးအားမြှောက်ပြုတယ်။ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ဖို့အတွက် လှုံဆော်မှုတွေ၊ နောက်တခါ အမုန်းတရားကို ပွားများအောင်လုပ်ဆောင်စေတဲ့အရာမျိုး ဖြစ်လို့ရှိရင်တော့ ဒါက ဥပဒေအရ အရေးယူလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအရေးယူမှုက အကြမ်းဖက်မှုဆိုတဲ့ ဥပဒေမဟုတ်ဘဲနဲ့ အမုန်းတရားပွားများမှုကို အားပေးသောပုံစံမျိုး တခြားသောဥပဒေမျိုးနဲ့ အရေးယူဖို့တော့ လိုအပ်တယ်။ အကြမ်းဖက်မှုဥပဒေနဲ့ အရေးယူခြင်းကတော့ ပြစ်မှုအရမ်းကြီးအောင် တမင်သက်သက် ရည်ရွယ်တဲ့သဘော မျိုးဖြစ်သွားနိုင်တာ ဒါကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။”
ဒီလိုအရေးယူတာကြောင့် လူ့အခွင့်အရေးကြေညာစာတမ်းပါ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ သတင်းရယူ ပိုင်ခွင့်တွေ ထိခိုက်နိုင်ကြောင်းလည်း ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။
“ကျနော်တို့ သတင်းများ ရယူခွင့်ဆိုတာ သတင်းမီဒီယာရဲ့ တာဝန်ရှိတယ်။ နယ်စပ်စည်းမခြားဘဲနဲ့သတင်းတွေ ရယူရမယ်ဆိုတာ အခွင့်အရေးတရပ်အနေနဲ့ ဖော်ပြထားပါတယ်။ သတင်းမီဒီယာများရဲ့သတင်းရရှိခွင့်ကို ခုဏကလို ပိတ်ပင်ခြင်းက မီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သလို ပြည်သူလူထုအတွက် မှားမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်တယ်။ သတင်းမှာပြောသွားတဲ့အချက်ကို မူတည်ပြီးတော့ ဝေဖန်ဆန်းစစ်မှုတွေလုပ်နိုင်တာ သတင်းနားထောင်တဲ့သူတိုင်းရဲ့ တာဝန်ဖြစ်တယ်။ သတင်းလုံး၀ မရရှိတဲ့အတွက် ဝေဖန်ဆန်းစစ်မှုတွေ၊ ဆင်ခြင်သုံးသပ်မှုတွေ ပြည်သူလူထုတွေမှာ သို့လော၊ သို့လော ကိစ္စမျိုးတွေ၊ ယုန်ထင်ကြောင်ထင် ဖြစ်တဲ့ကိစ္စမျိုးတွေ၊ နောက်တစ်ခါ မှားယွင်းတဲ့ ဆုံးဖြတ်မှုတွေ ဖြစ်သွားနိုင်တဲ့အထိ သက်ရောက်နိုင်ပါတယ်။”
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ ၂၀၁၄ ခုနှစ်က ပြဌာန်းထားတဲ့ သတင်းမီဒီယာဥပဒေကို ပြန်လည်သုံးသပ်သင့်ကြောင်း ပြထားကြောင်း ထောက်ပြပါတယ်။
“သတင်းမီဒီယာသမားကို စွဲတာ သာမန် အရပ်သားကို စွဲတာမဟုတ်ဘူး။ အဲတော့ သတင်းမီဒီယာ သမားဆိုတာက ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းမီဒီယာဥပဒေပုဒ်မ ၂(က) အရ ကျနော်တို့ ကြည့်ရမယ်။ ပုဒ်မ ၃(စ)အရ သတင်းမီဒီယာတခုခုမှာ ရေးသားဖော်ပြထုတ်လွှင့်မှု တစ်ရပ်ရပ်နဲ့ စပ်လျဉ်း၍ တစ်စုံတစ်ယောက်ရဲ့ တိုင်ကြားချက်၊ အငြင်းပွားချက်များကို နှစ်ဘက်ညှိနှိုင်း ဖြေရှင်းတဲ့နည်းလမ်းနဲ့ ကြေအေး ပြေငြိမ်းစေရန် ဆောင်ရွက်ခြင်းလို့ ဆိုပါတယ်။ အခုဖြစ်တဲ့ပြဿနာတွေကို လေ့လာတဲ့အခါမှာ တရားလိုလုပ်သူတွေဘက်က တပ်ထားတဲ့ ပုဒ်မတွေနဲ့တော့ ညီညွှတ်တယ်လို့ မဆိုနိုင်ဘူး။ ”
လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ ပတ်သက်ပြီး ဦးရောဘတ်စန်းအောင်က အခုလို ဆက်လက်ပြောဆိုပါတယ်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့လည်း မိမိရဲ့ အမြင်အယူအဆကို ပြောဆိုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ နဲ့ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၁၉ တို့နဲ့ ညီညွှတ်ပါတယ်။ ဒါကြောင့်မို့ အမှုတည်ဆောက်သူ များအနေနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ အစိုးရလည်း ဂုဏ်တက်အောင်၊ ကာယကံရှင်တွေလည်း မထိခိုက် မနစ်နာရအောင်၊ သတင်းမီဒီယာကောင်စီမှာ တွေ့ဆုံဆွေးနွေး အဖြေရှာကြပါလို့ ကျနော်ကတော့ မေတ္တာရပ်ခံပါတယ်။”
သတင်းမီဒီယာကောင်စီက သတင်းသမားတွေအပေါ် မကျေနပ်ချက်ရှိပါက သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီက ဦးစွာတိုင်ကြားဖို့ မတ်လ ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီကြေညာချက်မှာပဲ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု၊ သတင်မှားတွေကို တရားဝင်သတင်းဌာနေတွေနဲ့ ပူးပေါင်း တိုက်ဖျက်ရမယ့်အစား အခုလို လုပ်ဆောင်တာဟာ မသင့်လျော်ကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်ရေးကာလနဲ့ မကိုက်ညီတဲ့ တုံ့ပြန်မှုဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။