သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

VOM အယ္ဒီတာခ်ဳပ္ ထိန္းသိမ္းခံရ


VOM အယ္ဒီတာခ်ဳပ္ ကိုေနလင္း (ဓါတ္ပံု-Voice Of Myanmar )

(Zawgyi/Unicode)

Voice Of Myanmar – VOM သတင္းဌာန အယ္ဒီတာခ်ဳပ္လည္းျဖစ္၊ ဒီသတင္းဌာနကုိ စတင္ တည္ေထာင္သူလည္းျဖစ္တဲ့ ကုိေနလင္းကုိ ခုိင္မာတဲ့အေၾကာင္းျပခ်က္ တစုံတရာမျပဘဲ ေမးစရာရွိလုိ႔ဆုိၿပီး နယ္ေျမရဲစခန္းက တာ၀န္ရွိသူေတြအပါအ၀င္ CID ကလုိ႔ဆုိတဲ့သူတခ်ဳိ႕က မတ္လ ၃၀ ရက္၊ တနလၤာေန႔ညက ေနအိမ္မွာ လာေရာက္ ေခၚေဆာင္သြားတယ္လုိ႔ ဇနီးျဖစ္သူ မဇာနည္မန္းက ဗီြအုိေအကုိ ေျပာပါတယ္။ အျပည့္အစုံကုိ ကုိေဇာ္၀င္းလႈိင္က ဆက္သြယ္ေမးျမန္းစဥ္ သူက အခုလို စေျဖပါတယ္။

မဇာနည္မန္း။ ။ ည ၉ နာရီေလာက္က ေခၚသြားတာ CID ကဆိုၿပီး ေမးစရာရွိလို႔ဆိုၿပီး လာေခၚသြားတာေပါ့ေနာ္။ ခဏပါ ဆိုၿပီး လာေခၚသြားတာ။ ေခၚသြားၿပီးေတာ့ ဘာမွ မသိရဘူးေပါ့ေနာ္ ေနာက္ေတာ့ ဒီက အသိေတြနဲ႔ နီးစပ္ရာ ရဲဌာန အသိုင္းအ၀ိုင္းေတြ လိုက္ေမးၾကည့္ေတာ့ သူ႔ကို မတရားအသင္း ဥပေဒနဲ႔ စြဲဖို႔လုပ္ေနတယ္ဆိုၿပီးေတာ့သိရတယ္ ဒါေပမယ့္ အတိအက် ဘာမွ အေသအခ်ာ မသိရေသးဘူး။ ေနာက္ၿပီး အမွတ္ ၁၀ ရဲစခန္းဆိုတာက ညီမတို႔ေနတဲ့ ခ်မ္းျမသာစည္ ၿမိဳ႕နယ္ရဲ႕ ရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ သိရတယ္။ ညီမအခု ရဲစခန္းေရွ႕ေရာက္ေနတယ္ ရဲစခန္းမွာ ေမးေတာ့လည္း ေကာင္းေကာင္းမေျပာဘူး။ အမူတခုေတာ့ ရွိေနတယ္ အဲဒါလားမသိဘူး။ ဘာမွန္းလည္း မသိဘူးေပါ့ေနာ္။ ဘယ္သူမွ လည္း ဒီကို ေခၚလာတာေတာ့မရွိဘူးဆိုၿပီး အဲလိုပဲ ေျပာတယ္။

“ကုိေဇာ္၀င္းလႈိင္။ ။ ညီမ အမ်ိဳးသား ကုိေနလင္း ရဲစခန္းမွာရွိေနတယ္ သူတို႔ ထိန္းသိမ္းထားတယ္ဆိုတာကို အတိအက် အာမခံ မေျပာဘူးေပါ့။

မဇာနည္မန္း။ ။ မေျပာဘူး ရဲစခန္းမွာလည္း သူေလာေလာဆည္မရွိေနဘူး။ တိုင္း CID ရံုးမွာပဲ ရွိတယ္လို႔ သိရေသးတယ္။ ရဲစခန္းကိုေတာ့ ေရာက္မလာေသးဘူးရွင့္။

ကုိေဇာ္၀င္းလႈိင္။ ။အဲဒီကို လိုက္သြားလို႔ေရာ ရလားညီမ ၊ သြားေမးလို႔ေရာရလား။

မဇာနည္မန္း။ ။ CID ရံုးကိုေတာ့ မသြားေတာ့ဘူး ေ၀းလည္းေ၀းေတာ့ေလ။ ပံုမွန္ဆိုရင္ အမႈဖြင့္ထားတာ စခန္း ၁၀ မွာဆိုေတာ့ အဲဒီကိုေတာ့ လာရမွာေလေနာ္။ CID ရံုးမွာစစ္ခ်က္ယူၿပီး စခန္းမွာလာရမွာ ေလာေလာဆည္ ညီမက စခန္းမွာ ေစာင့္တယ္ ညလည္း မိုးခ်ဳပ္ေနေတာ့ CID ရံုးကိုေတာ့ မသြားေတာ့ဘူး။

ကုိေဇာ္၀င္းလႈိင္။ ။ သူ႔ကို လာေခၚတဲ့ အခ်ိန္မွာ ညီမ အိမ္မွာ ကိုေနလင္းနဲ႔ အတူတူရွိေနတယ္ေပါ့။

မဇာနည္မန္း။ ။ ရွိေနတယ္ရွင့္ ဟုတ္ကဲ့ ။

ကုိေဇာ္၀င္းလႈိင္။ ။ သူတို႔ လာေခၚတဲ့အခ်ိန္မွာ သူ႔ကို ေမးစရာရွိတယ္ဆိုၿပီးေခၚသြားတာ သူတို႔ ဘယ္လို အတိအက် ေျပာသလဲ ညီမမွတ္မိသေလာက္ ျပန္ေျပာလို႔ရလား။

မဇာနည္မန္း။ ။ အတိအက် ဘာမွလည္း မေျပာဘူး ဒီအတိုင္းပဲ သူတို႔က CID ကပါ ။ ဒီတိုင္း စစ္ေဆးေမးျမန္းစရာရွိလို႔ သူတို႔ ရံုးခဏလိုက္ခဲ့ပါဆိုၿပီး ေခၚသြားတာပဲ။ ဟိုလို ဘာမွအတိအက် ေျပာတာ မရွိဘူးရွင့္။

ကုိေဇာ္၀င္းလႈိင္။ ။ သူတို႔ ေျပာသလို မတရားအသင္းနဲ႔ ဆက္သြယ္တယ္ဆိုတာက ဘာအေထာက္အထားရွိသလဲ ဆိုလိုခ်င္တာက ညီမတို႔ သိထားသေလာက္ အစိုးရက သတ္မွတ္တဲ့ မတရားအသင္း နဲ႔ ဆက္သြယ္တယ္ဆိုတာမ်ိဳး ရွိသလား။ ဘာေၾကာင့္လို႔ထင္လဲ။

မဇာနည္မန္း။ ။ ဆက္သြယ္တယ္ဆိုတာမ်ိဳးမရွိပါဘူး။ သတင္းေထာက္ဆိုေတာ့ သူကလည္း VOM သတင္းဌာန သူလုပ္ေနတဲ့ အခါက်ေတာ့ သတင္းမွာေတာ့ AA တို႔ ဘာတို႔နဲ႔ ဆက္စပ္တဲ့ သတင္းေတြ တင္တာေတာ့ရွိတာေပါ့။ ေနာက္ၿပီးေတာ့ ဟိုတေလာကလည္း AA တို႔ကို အၾကမ္းဖက္အဖြဲ႔အစည္း မတရားအသင္းလို႔ ေၾကညာထားတာရွိေတာ့ အဲဒါေၾကာင့္မို႔ပဲ လို႔ထင္တာပဲ။ ဒါေပမယ့္ ဘာေၾကာင့္လဲဆိုတာေတာ့ ယတိျပတ္ ေျပာလို႔ မရေသးဘူးရွင့္။

ကုိေဇာ္၀င္းလႈိင္။ ။ ကိုေနလင္းကို အရင္ကလည္း တျခားကိစၥေတြနဲ႔ ရဲက ေခၚၿပီးေတာ့ ခဏ ထိန္းခ်ဳပ္တာတို႔ ေမးျမန္းတာတို႔ သူကိုယ္တိုင္ ႀကံဳဖူးေတာ့ ညီမဘယ္လို ထင္သလဲ အရင္အေခါက္နဲ႔ အခုတေခါက္ကေရာ ဘာထူးျခားမႈေတြ ရွိသလဲ။

မဇာနည္မန္း။ ။ အရင္အေခါက္ကလည္း ညတုန္းကပဲ လာတာပဲ။ အခုလည္း ဘာထူးလဲ ညမိုးခ်ဳပ္မွပဲ ေရာက္လာတာပဲ အဲဒါမ်ိဳးဆိုေတာ့ ဘယ္လိုေျပာမလဲ ဘာမွ မထူးပါဘူး။ သူတို႔ လုပ္ေနတဲ့ ပံုစံကေတာ့ တကယ္လို႔ တရားစြဲ ခံရတာဆိုရင္လည္း ေကာင္းေကာင္းမြန္မြန္ ေန႔လည္ေန႔ခင္း လင္းလင္းထင္းထင္းမွာ လူျမင္လူထင္ ဒီလိုဒီလိုရွိတယ္ ဆိုၿပီး အေၾကာင္းၾကားၿပီး ညီမတို႔ေတြက သတင္းေထာက္ေတြေလ ထြက္ေျပးမယ့္လူလည္း မဟုတ္ဘူး၊ ေရွာင္မယ့္ဟာလည္း မဟုတ္ဘူး ။ ဒီလို ညမိုးခ်ဳပ္ႀကီး လုပ္တာကေတာ့ အရင္အစိုးရနဲ႔ ဘာမွ မထူးပါဘူး ဒီအတိုင္းပဲ။

ကုိေဇာ္၀င္းလႈိင္။ ။ ညီမအေနနဲ႔ ဇနီးတေယာက္အေနနဲ႔ ဘယ္လိုယူဆသလဲ ကိုယ့္အမ်ိဳးသားကို ညႀကီးလာေခၚသြားတ့ဲ ကိစၥမွာ ။ ညီမကလည္း သတင္းေထာက္ပဲ အမ်ိဳးသားကလည္း သတင္းေထာက္ပဲ ဆိုေတာ့ ႏွစ္ေယာက္စလံုးကလည္း အလုပ္က တူေနတာကိုေနာ္။

မဇာနည္မန္း။ ။ ဘယ္လိုေျပာရမလဲ သူတို႔တကယ္လို႔ AA နဲ႔ ဆက္စပ္ၿပီးေတာ့ လုပ္တဲ့သတင္းေတြေၾကာင့္ သတင္းေထာက္ကို အေရးယူတာဆိုရင္ေတာ့ ဒါက မျဖစ္သင့္ဘူးေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သတင္းေထာက္ဆိုတာက ဘယ္သတင္းျဖစ္ျဖစ္ ဘက္မွ်ေအာင္လို႔ ေရးရတာပဲေလ။ ဒီလိုအဖြဲ႔အစည္းေတြနဲ႔ ဆက္စပ္တယ္ ေမးျမန္းတယ္ဆိုတာကလည္း ဟုိအရင္ကတည္းက အဆက္အစပ္က သတင္းေထာက္ေတြ လုပ္ခဲ့ေတာ့ ဘယ္အဖြဲ႔ပဲ ျဖစ္ျဖစ္ေပါ့ေနာ္ ဒီလို ျခိမ္းေျခာက္တာေတြလည္း ခံခဲ့ရတာပဲ ။ အခုလည္း ဒီလိုပဲ ျဖစ္ေနတယ္ဆိုတာ ေျပာခ်င္တယ္။ ေနာက္ၿပီးေတာ့ သတင္းေထာက္ဆိုတာက တဘက္ အစိုးရကေန မတရားအသင္းအျဖစ္ ေၾကညာလိုက္တယ္ဆိုေတာ့ တဘက္က အသံကိုလည္း က်မတို႔ ေမးရမွာပဲေလ တင္ျပရမွာပဲ ။ ဥပမာ - တိုက္ပြဲ ျဖစ္တယ္ဆိုတာတို႔ ဆိုရင္ ႏွစ္ဖက္စလံုးရဲ႕ အသံကို တင္ျပရမွာပဲေလ။ ဒါကို သတင္းေထာက္ကို လာၿပီးေတာ့ မတရားအသင္းနဲ႔ ဆက္စပ္ပါတယ္ဆိုတာ မ်ိဳးကေတာ့ အဲလိုစြဲတာကေတာ့ မတရားဘူးေပါ့ေနာ္။ ၿပီးေတာ့ အခုေခတ္အခ်ိန္မွာ သူတို႔ေျပာေတာ့ ဒီမိုကေရစီလမ္းေၾကာင္းမွာ သြားေနတယ္ ဒီမိုကေရစီ အစိုးရ ျဖစ္ေနတယ္ ဆိုၿပီးေတာ့ ေျပာေနတာ ၊ တဖက္က ဒီလိုလုပ္ေနတာ မေကာင္းဘူး သင့္လည္း မသင့္ေတာ္ဘူး ဒီမိုကေရစီေရးအတြက္ေရာ သတင္းလြတ္လပ္ခြင့္အတြက္ေရာ ဒါအရမ္း အႀကီးအက်ယ္ ထိခိုက္ပါတယ္ရွင့္။”

ကုိေနလင္းဟာ VOM ကုိယ္ပုိင္သတင္းဌာနကုိ မတည္ေထာင္ခင္မွာ ဘီဘီစီ ျမန္မာပုိင္းနဲ႔ RFA သတင္းဌာနတုိ႔မွာ သတင္းေထာက္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဇနီးျဖစ္သူ မဇာနည္မန္းကေတာ့ လက္ရွိမွာ ဧရာ၀တီသတင္းဌာနရဲ႕ သတင္းေထာက္တဦး ျဖစ္ပါတယ္။

ကုိေနလင္း အဖမ္းခံရတာနဲ႔ ပတ္သက္ၿပီး မႏၱေလးၿမိဳ႕က သက္ဆိုင္ရာအပိုင္ ရဲစခန္းကို VOA က ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲပါဘူး။ ကုိေနလင္းဟာ ၂၀၁၅ ခုႏွစ္အတြင္းမွာလည္း တႀကိမ္ ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရဖူးပါတယ္။

VOM အယ္ဒီတာခ်ဳပ္ ထိန္းသိမ္းခံရ
please wait

No media source currently available

0:00 0:05:26 0:00
တိုက္႐ိုက္ လင့္ခ္


.................

VOM အယ်ဒီတာချုပ် ထိန်းသိမ်းခံရ

(Unicode)

Voice Of Myanmar – VOM သတင်းဌာန အယ်ဒီတာချုပ်လည်းဖြစ်၊ ဒီသတင်းဌာနကို စတင် တည်ထောင်သူလည်းဖြစ်တဲ့ ကိုနေလင်းကို ခိုင်မာတဲ့အကြောင်းပြချက် တစုံတရာမပြဘဲ မေးစရာရှိလို့ဆိုပြီး နယ်မြေရဲစခန်းက တာဝန်ရှိသူတွေအပါအဝင် CID ကလို့ဆိုတဲ့သူတချို့က မတ်လ ၃၀ ရက်၊ တနင်္လာနေ့ညက နေအိမ်မှာ လာရောက် ခေါ်ဆောင်သွားတယ်လို့ ဇနီးဖြစ်သူ မဇာနည်မန်းက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စဖြေပါတယ်။

မဇာနည်မန်း။ ။ ည ၉ နာရီလောက်က ခေါ်သွားတာ CID ကဆိုပြီး မေးစရာရှိလို့ဆိုပြီး လာခေါ်သွားတာပေါ့နော်။ ခဏပါ ဆိုပြီး လာခေါ်သွားတာ။ ခေါ်သွားပြီးတော့ ဘာမှ မသိရဘူးပေါ့နော် နောက်တော့ ဒီက အသိတွေနဲ့ နီးစပ်ရာ ရဲဌာန အသိုင်းအဝိုင်းတွေ လိုက်မေးကြည့်တော့ သူ့ကို မတရားအသင်း ဥပဒေနဲ့ စွဲဖို့လုပ်နေတယ်ဆိုပြီးတော့သိရတယ် ဒါပေမယ့် အတိအကျ ဘာမှ အသေအချာ မသိရသေးဘူး။ နောက်ပြီး အမှတ် ၁၀ ရဲစခန်းဆိုတာက ညီမတို့နေတဲ့ ချမ်းမြသာစည် မြို့နယ်ရဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ညီမအခု ရဲစခန်းရှေ့ရောက်နေတယ် ရဲစခန်းမှာ မေးတော့လည်း ကောင်းကောင်းမပြောဘူး။ အမူတခုတော့ ရှိနေတယ် အဲဒါလားမသိဘူး။ ဘာမှန်းလည်း မသိဘူးပေါ့နော်။ ဘယ်သူမှ လည်း ဒီကို ခေါ်လာတာတော့မရှိဘူးဆိုပြီး အဲလိုပဲ ပြောတယ်။

“ကိုဇော်ဝင်းလှိုင်။ ။ ညီမ အမျိုးသား ကိုနေလင်း ရဲစခန်းမှာရှိနေတယ် သူတို့ ထိန်းသိမ်းထားတယ်ဆိုတာကို အတိအကျ အာမခံ မပြောဘူးပေါ့။

မဇာနည်မန်း။ ။ မပြောဘူး ရဲစခန်းမှာလည်း သူလောလောဆည်မရှိနေဘူး။ တိုင်း CID ရုံးမှာပဲ ရှိတယ်လို့ သိရသေးတယ်။ ရဲစခန်းကိုတော့ ရောက်မလာသေးဘူးရှင့်။

ကိုဇော်ဝင်းလှိုင်။ ။အဲဒီကို လိုက်သွားလို့ရော ရလားညီမ ၊ သွားမေးလို့ရောရလား။

မဇာနည်မန်း။ ။ CID ရုံးကိုတော့ မသွားတော့ဘူး ဝေးလည်းဝေးတော့လေ။ ပုံမှန်ဆိုရင် အမှုဖွင့်ထားတာ စခန်း ၁၀ မှာဆိုတော့ အဲဒီကိုတော့ လာရမှာလေနော်။ CID ရုံးမှာစစ်ချက်ယူပြီး စခန်းမှာလာရမှာ လောလောဆည် ညီမက စခန်းမှာ စောင့်တယ် ညလည်း မိုးချုပ်နေတော့ CID ရုံးကိုတော့ မသွားတော့ဘူး။

ကိုဇော်ဝင်းလှိုင်။ ။ သူ့ကို လာခေါ်တဲ့ အချိန်မှာ ညီမ အိမ်မှာ ကိုနေလင်းနဲ့ အတူတူရှိနေတယ်ပေါ့။

မဇာနည်မန်း။ ။ ရှိနေတယ်ရှင့် ဟုတ်ကဲ့ ။

ကိုဇော်ဝင်းလှိုင်။ ။ သူတို့ လာခေါ်တဲ့အချိန်မှာ သူ့ကို မေးစရာရှိတယ်ဆိုပြီးခေါ်သွားတာ သူတို့ ဘယ်လို အတိအကျ ပြောသလဲ ညီမမှတ်မိသလောက် ပြန်ပြောလို့ရလား။

မဇာနည်မန်း။ ။ အတိအကျ ဘာမှလည်း မပြောဘူး ဒီအတိုင်းပဲ သူတို့က CID ကပါ ။ ဒီတိုင်း စစ်ဆေးမေးမြန်းစရာရှိလို့ သူတို့ ရုံးခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတာပဲ။ ဟိုလို ဘာမှအတိအကျ ပြောတာ မရှိဘူးရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ သူတို့ ပြောသလို မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတာက ဘာအထောက်အထားရှိသလဲ ဆိုလိုချင်တာက ညီမတို့ သိထားသလောက် အစိုးရက သတ်မှတ်တဲ့ မတရားအသင်း နဲ့ ဆက်သွယ်တယ်ဆိုတာမျိုး ရှိသလား။ ဘာကြောင့်လို့ထင်လဲ။

မဇာနည်မန်း။ ။ ဆက်သွယ်တယ်ဆိုတာမျိုးမရှိပါဘူး။ သတင်းထောက်ဆိုတော့ သူကလည်း VOM သတင်းဌာန သူလုပ်နေတဲ့ အခါကျတော့ သတင်းမှာတော့ AA တို့ ဘာတို့နဲ့ ဆက်စပ်တဲ့ သတင်းတွေ တင်တာတော့ရှိတာပေါ့။ နောက်ပြီးတော့ ဟိုတလောကလည်း AA တို့ကို အကြမ်းဖက်အဖွဲ့အစည်း မတရားအသင်းလို့ ကြေညာထားတာရှိတော့ အဲဒါကြောင့်မို့ပဲ လို့ထင်တာပဲ။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာတော့ ယတိပြတ် ပြောလို့ မရသေးဘူးရှင့်။

ကိုဇော်ဝင်းလှိုင်။ ။ ကိုနေလင်းကို အရင်ကလည်း တခြားကိစ္စတွေနဲ့ ရဲက ခေါ်ပြီးတော့ ခဏ ထိန်းချုပ်တာတို့ မေးမြန်းတာတို့ သူကိုယ်တိုင် ကြုံဖူးတော့ ညီမဘယ်လို ထင်သလဲ အရင်အခေါက်နဲ့ အခုတခေါက်ကရော ဘာထူးခြားမှုတွေ ရှိသလဲ။

မဇာနည်မန်း။ ။ အရင်အခေါက်ကလည်း ညတုန်းကပဲ လာတာပဲ။ အခုလည်း ဘာထူးလဲ ညမိုးချုပ်မှပဲ ရောက်လာတာပဲ အဲဒါမျိုးဆိုတော့ ဘယ်လိုပြောမလဲ ဘာမှ မထူးပါဘူး။ သူတို့ လုပ်နေတဲ့ ပုံစံကတော့ တကယ်လို့ တရားစွဲ ခံရတာဆိုရင်လည်း ကောင်းကောင်းမွန်မွန် နေ့လည်နေ့ခင်း လင်းလင်းထင်းထင်းမှာ လူမြင်လူထင် ဒီလိုဒီလိုရှိတယ် ဆိုပြီး အကြောင်းကြားပြီး ညီမတို့တွေက သတင်းထောက်တွေလေ ထွက်ပြေးမယ့်လူလည်း မဟုတ်ဘူး၊ ရှောင်မယ့်ဟာလည်း မဟုတ်ဘူး ။ ဒီလို ညမိုးချုပ်ကြီး လုပ်တာကတော့ အရင်အစိုးရနဲ့ ဘာမှ မထူးပါဘူး ဒီအတိုင်းပဲ။

ကိုဇော်ဝင်းလှိုင်။ ။ ညီမအနေနဲ့ ဇနီးတယောက်အနေနဲ့ ဘယ်လိုယူဆသလဲ ကိုယ့်အမျိုးသားကို ညကြီးလာခေါ်သွားတဲ့ ကိစ္စမှာ ။ ညီမကလည်း သတင်းထောက်ပဲ အမျိုးသားကလည်း သတင်းထောက်ပဲ ဆိုတော့ နှစ်ယောက်စလုံးကလည်း အလုပ်က တူနေတာကိုနော်။

မဇာနည်မန်း။ ။ ဘယ်လိုပြောရမလဲ သူတို့တကယ်လို့ AA နဲ့ ဆက်စပ်ပြီးတော့ လုပ်တဲ့သတင်းတွေကြောင့် သတင်းထောက်ကို အရေးယူတာဆိုရင်တော့ ဒါက မဖြစ်သင့်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်ဆိုတာက ဘယ်သတင်းဖြစ်ဖြစ် ဘက်မျှအောင်လို့ ရေးရတာပဲလေ။ ဒီလိုအဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ် မေးမြန်းတယ်ဆိုတာကလည်း ဟိုအရင်ကတည်းက အဆက်အစပ်က သတင်းထောက်တွေ လုပ်ခဲ့တော့ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ်ပေါ့နော် ဒီလို ခြိမ်းခြောက်တာတွေလည်း ခံခဲ့ရတာပဲ ။ အခုလည်း ဒီလိုပဲ ဖြစ်နေတယ်ဆိုတာ ပြောချင်တယ်။ နောက်ပြီးတော့ သတင်းထောက်ဆိုတာက တဘက် အစိုးရကနေ မတရားအသင်းအဖြစ် ကြေညာလိုက်တယ်ဆိုတော့ တဘက်က အသံကိုလည်း ကျမတို့ မေးရမှာပဲလေ တင်ပြရမှာပဲ ။ ဥပမာ - တိုက်ပွဲ ဖြစ်တယ်ဆိုတာတို့ ဆိုရင် နှစ်ဖက်စလုံးရဲ့ အသံကို တင်ပြရမှာပဲလေ။ ဒါကို သတင်းထောက်ကို လာပြီးတော့ မတရားအသင်းနဲ့ ဆက်စပ်ပါတယ်ဆိုတာ မျိုးကတော့ အဲလိုစွဲတာကတော့ မတရားဘူးပေါ့နော်။ ပြီးတော့ အခုခေတ်အချိန်မှာ သူတို့ပြောတော့ ဒီမိုကရေစီလမ်းကြောင်းမှာ သွားနေတယ် ဒီမိုကရေစီ အစိုးရ ဖြစ်နေတယ် ဆိုပြီးတော့ ပြောနေတာ ၊ တဖက်က ဒီလိုလုပ်နေတာ မကောင်းဘူး သင့်လည်း မသင့်တော်ဘူး ဒီမိုကရေစီရေးအတွက်ရော သတင်းလွတ်လပ်ခွင့်အတွက်ရော ဒါအရမ်း အကြီးအကျယ် ထိခိုက်ပါတယ်ရှင့်။”

ကိုနေလင်းဟာ VOM ကိုယ်ပိုင်သတင်းဌာနကို မတည်ထောင်ခင်မှာ ဘီဘီစီ မြန်မာပိုင်းနဲ့ RFA သတင်းဌာနတို့မှာ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ မဇာနည်မန်းကတော့ လက်ရှိမှာ ဧရာဝတီသတင်းဌာနရဲ့ သတင်းထောက်တဦး ဖြစ်ပါတယ်။

ကိုနေလင်း အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မန္တလေးမြို့က သက်ဆိုင်ရာအပိုင် ရဲစခန်းကို VOA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲပါဘူး။ ကိုနေလင်းဟာ ၂၀၁၅ ခုနှစ်အတွင်းမှာလည်း တကြိမ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရဖူးပါတယ်။

XS
SM
MD
LG