သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေ ဖမ်းဆီးရေး အစ္စရေးနည်းပညာ သုံးသလား 


Cellebrite ကုမ္ပဏီမှ နည်းပညာ စမ်းသပ်နေစဉ်
Cellebrite ကုမ္ပဏီမှ နည်းပညာ စမ်းသပ်နေစဉ်

ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်တဲ့ သက်သေ အထောက်အထားတွေကို မြန်မာရဲတပ်ဖွဲ့က စုဆောင်းရယူတဲ့ နေရာမှာ အစ္စရေးလ် ကုမ္ပဏီ Cellebrite ရဲ့ နည်းပညာကို အသုံးပြုခဲ့တယ်လို့ ဝါရှင်တန်ပိုစ့် သတင်းစာကြီးက တနင်္ဂနွေနေ့မှာ ဖော်ပြလိုက်ပါတယ်။

လက်ကိုင်ဖုန်းတွေကို ချိုးဖောက်ဝင်ရောက်တဲ့ နည်းပညာကို အစ္စရေးလ် ကုမ္ပဏီ Cellebrite ထံက မြန်မာ အာဏာပိုင်တို့ ရရှိခဲ့တာ ဆိုပြီး စာရွက်စာတမ်းတွေနဲ့ တရားခံရှေ့နေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး Washington Post သတင်းစာကြီးက ရေးသားတာပါ။ ရိုက်တာ သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရပါတယ်။ Cellebrite ကတော့ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို ရောင်းချမှု အားလုံး ရပ်ထားကြောင်း ကြေညာချက် ထုတ်ထားပါတယ်။ Cellebrite ရဲ့ နည်းပညာကို ကမ္ဘာတဝန်းက တရားဥပဒေ စိုးမိုးရေး အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြတာပါ။

မြန်မာနိုင်ငံမှာတော့ ၂၀၁၆ ခုနှစ်က ရန်ကုန် အခြေစိုက် MySpace International ကနေ တဆင့် သူ့ထုတ်ကုန်တွေကို စတင်ရောင်းချခဲ့ကြောင်း MySpace International တာဝန်ရှိသူရဲ့ ပြောဆိုချက်ကိုလည်း သတင်းစာကြီးက ဖော်ပြပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ရဲ့ ပြောဆိုခဲ့တာမှာလည်း သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းကို ရှာဖွေခဲ့သူက Cellebrite သင်တန်းရထားသူ ဖြစ်ကြောင်း၊ ဒါပေမယ့် သူ့ရဲ့ Cellebrite အသိအမှတ်ပြု လက်မှတ်က သက်တမ်းကုန်နေပြီလို့ ပြောဆိုချက် ကိုလည်း ကိုးကား ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးလ် သံရုံးက စီးပွားရေးနဲ့ ပြန်ကြားရေး ဆိုင်ရာ အရာရှိ တဦးကတော့ Cellebrite ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေကို သံရုံးက မသိကြောင်းနဲ့ တခြားမှတ်ချက်တွေကိုတော့ မပြောဘူးလို့လည်း Washington Post က ဖော်ပြထားပါတယ်။

သတင်းသမားတွေ ဖမ်းဆီးရေး အစ္စရေးနည်းပညာ သုံးသလား
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG