သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့်နေ့ ကမ္ဘာတဝန်းမှာကျင်းပ


သတင်းလွတ်လပ်ခွင့်နေ့ ကမ္ဘာတဝန်းမှာကျင်းပ (မေ၊ ၀၃၊ ၂၀၁၉)
သတင်းလွတ်လပ်ခွင့်နေ့ ကမ္ဘာတဝန်းမှာကျင်းပ (မေ၊ ၀၃၊ ၂၀၁၉)

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့မှာ သတင်းလွတ်လပ်မှုတိုးတက်စေရေး အခမ်းအနားတွေကို ကမ္ဘာတဝန်းမှာ ကျင်းပနေကြပါတယ်။ အမုန်းစကားနဲ့ အတုအယောင်သတင်းပြဿနာကို အခုနှစ်မှာ အဓိက မီးမောင်းထိုးတင်ပြနေကြပါတယ်။ ဒီမိုကရေစီစနစ် ခိုင်မာတိုးတက်စေဖို့ သတင်းလွတ်လပ်ခွင့် အရေးကြီးတယ်ဆိုတာ သတင်းသမားတွေက ထောက်ပြနေကြပါတယ်။

ကုလသမဂ္ဂ UNESCO ကကျင်းပတဲ့ ကမ္ဘာသတင်း လွတ်လပ်ခွင့် ညီလာခံကိုတော့ Ethiopian နိုင်ငံ Addis Ababa မြို့တော်မှာ ဒီနှစ်ကျင်းပပါတယ်။

သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Ethiopia နိုင်ငံမှာ ဝန်ကြီးချုပ်သစ် Abiy Ahmed ၂၀၁၈ ခုနှစ်မှာ အာဏာရလာခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့ သတင်းထောက် တော်တော်များများကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လက်ရှိနိုင်ငံထဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ မရှိသလို သတင်းလုပ်ငန်းပိုင်းလည်း တိုးတက်လာတယ်လို့ သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ ကပြောပါတယ်။

အရင်ပိတ်ထားတဲ့ Website ၂၆၀ ကိုဖွင့်ပေးခဲ့သလို ပြည်ပမှာ တိမ်းရှောင်နေရတဲ့ သတင်းထောက်တွေလဲ နေအိမ်ပြန်နိုင်ကြပြီဖြစ်ပေမဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပဲလို့ သတင်းလုပ်ငန်းတွေက ပြောပါတယ်။

UNESCO ကပေးတဲ့ ဒီနှစ်အတွက် Guillermo Cano သတင်းလွတ်လပ်ခွင့်ဆုကိုတော့ မြန်မာနိုင်ငံမှာ ထောင်ကျနေတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က ရရှိခဲ့ကြပါတယ်။

Addis Ababa မြို့တော်မှာကျင်းပတဲ့ အခမ်းအနားအတွင်း ဆုကိုယ်စားလက်ခံယူခဲ့တဲ့ ကိုဝလုံးရဲ့ညီ ကိုသူရအောင်က ကိုဝလုံးတို့ဟာ မြန်မာနိုင်ငံရဲ့အပြောင်းအလဲအပေါ် စိတ်ဓါတ်တက်ကြွစွာနဲ့ သတင်းထောက် အလုပ်လုပ်ရင်း ထောင်ချောက်ဆင် ဖမ်းဆီး ထောင်ချခံခဲ့ကြရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူတို့အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ် ၇ နှစ်အတွက် အယူခံကို တရားလွှတ်တော်ချုပ်က မကြာခင်ကပဲ ပယ်ချခဲ့ပါတယ်။ သူတို့အပါအဝင် တခြားနိုင်ငံတွေမှာ ပျောက်ဆုံးနေ ဖမ်းဆီးခံနေတဲ့ သတင်းထောက် စုစုပေါင်း ၁၀ ယောက်ရဲ့ အမှုတွေကို အရေးတကြီးကိုင်တွယ်ရမယ့် အမှုတွေအဖြစ် One Free Press Coalition အဖွဲ့က မီးမောင်းထိုးပြခဲ့ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ နိုင်ငံတကာရေးရာသတင်းတွေကို ထူးထူးခြားခြားတင်ပြနိုင်တဲ့အတွက် အထင်ကရ Puitzer ဆုအပါအဝင် သတင်းပညာနဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အသိအမှတ်ပြုခံရတဲ့ ဆုတော်တော်များများကို ရရှိခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG