သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

VOA သတင္းေထာက္ရဲ႕ ရခိုင္ေျမာက္ပိုင္းခရီးစဥ္


ေမာင္ေတာၿမိဳ႕နယ္ ယာယီစခန္းတြင္းေနထိုင္ေနၾကသည့္ ဟိႏၵဴမ်ား။ (ဓာတ္ပံု-ထက္ေအာင္ခန္႔) ႔) ဇြန္လ ၁၅ ရက္ေန႔ ၂၀၁၈

(zawgyi/unicode)

ရခုိင္ျပည္နယ္မွာ ျပည္တြင္းျပည္ပ သတင္းေထာက္ေတြ သတင္းယူဖို႔ အစိုးရအစီအစဥ္နဲ႔ ေရာက္ေနတဲ့ ဗီြအိုေအ သတင္းေထာက္ ေဒၚခင္မ်ဳိးသက္ကို အသံမလႊင့္ခင္မွာပဲ မခြာညိဳက ဆက္သြယ္ေမးျမန္းထားပါတယ္။

ဒီကေန႔ ဘယ္ေနရာေတြ ေရာက္ခဲ့သလဲ ဆိုတာနဲ႔ ဒုကၡသည္ေတြ ေနထိုင္တဲ့ ဘယ္ေနရာေတြ ၾကည့္ရႈခြင့္ရသလဲဆိုတာကို ေမးျမန္းတဲ့အခါမွာ သူက အခုလို စေျဖပါတယ္။

ေဒၚခင္မ်ဳိးသက္။ ။ ဒီကေန႔ ပထမေန႔မွာ စစ္ေတြကေနၿပီးေတာ့ ေမာင္ေတာကို လာပါတယ္။ ေမာင္ေတာမွာ ဒီကေန႔ ေမာင္ေတာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေတြ႔ပါတယ္။ ေမာင္ေတာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကေနၿပီးေတာ့ သတင္းစာရွင္းလင္းပြဲ လုပ္ပါတယ္။ ၿပီးေတာ့ ဒီဘက္မွာ ရြာ ၃ ရြာကုိ လိုက္ျပပါတယ္။ ပထမရြာကေတာ့ ပဒင္းေက်းရြာပါ။ ဒီရြာက ဟိႏၵဴေတြ မီးေလာင္ခံရတဲ့ အိမ္ေပါ့ေနာ္။ အဲဒါေတြကို ျပန္ၿပီးေတာ့ သူတို႔ ပိုက္ဆံေတြေပးၿပီးေတာ့ ျပန္ေဆာက္ခိုင္းထားတယ္ သူတို႔ ေနရာခ်ထားတဲ့ အစီအစဥ္ေတြကို ရွင္းျပတာပါ။ ေနာက္ၿပီးေတာ့ သူတို႔ကို ေသခ်ာေလး ေမးခြင့္ရပါတယ္။ ေနာက္ရြာတရြာကေတာ့ ေညာင္ေခ်ာင္းရြာပါ။ အဲဒီမွာေတာ့ ဟိႏၵဴနဲ႔ မြတ္ဆလင္ေတြ ေရာၿပီးေတာ့ အတူေနတဲ့ဟာေပါ့ ေအးေအးခ်မ္းခ်မ္းပဲ ဟိုဘက္ ရြာတဘက္ျခမ္းမွာ သီးသန္႔စီေနတဲ့အေျခအေနေလးေတြ သြားၿပီးေတာ့ ၾကည့္ရတာပါ။

မခြာညိဳ။ ။ ရခိုင္ျပည္နယ္ထဲမွာ အင္တာနက္ျဖတ္ေတာက္ထားတာ ၈ ၿမိဳ႕နယ္ရွိတယ္ေျပာေတာ့ ေမာင္ေတာလည္းပါလား။ အင္တာနက္ သံုးရတာဘယ္လိုရွိသလဲဆိုတာ ေျပာျပေပးပါဦး။

ေဒၚခင္မ်ဳိးသက္။ ။ ဒီမွာ သူတို႔က အင္တာနက္ျဖတ္ထားတယ္၊ အင္တာနက္ျဖတ္ထားေတာ့ ေန႔လည္က ေမာင္ေတာအုပ္ခ်ဳပ္ေရးမွဴးကို ေမးတဲ့အခါေတာ့ စစ္ေရွာင္ေတြလည္းရွိတယ္ သူတို႔ေတြ ဒုကၡေရာက္ေနတယ္၊ အင္တာနက္ျဖတ္ထားေတာ့ ဘယ္လိုလုပ္မလဲဆိုေတာ့ သူတို႔ အစိုးရ လိုင္းတခ်ိဳ႕ကိုေတာ့ ဖြင့္ေပးထားတယ္လို႔ ေျပာပါတယ္။ သူတို႔ဆီကို အကူအညီေတာင္း ဆက္သြယ္လို႔ရတယ္လို႔ ေျပာပါတယ္။ ၿမိဳ႕ထဲမွာေတာ့ အင္တာနက္ျဖတ္ထားတာပါ။ တယ္လီဖုန္းတခုပဲ သံုးလို႔ရပါတယ္။

မခြာညိဳ။ ။ အခုအစိုးရအစီအစဥ္နဲ႔ ေမာင္ေတာဘက္ကို ေရာက္ေနတယ္။ တိုက္ပြဲျဖစ္တဲ့အေျခအေနေတြ ရွိတဲ့ဘက္ေတြေရာ ကိုယ့္သေဘာနဲ႔ကိုယ္ သြားလို႔ရတာမ်ိဳးရွိပါသလား။

ေဒၚခင္မ်ဳိးသက္။ ။ အခု တုိက္ပြဲျဖစ္တဲ့ေနရာေတြကို သူတို႔ လံုၿခံဳေရး မေပးႏိုင္လို႔ ေပးမသြားပါဘူး။

မခြာညိဳ။ ။ ဘဂၤလားေဒ့ရ္ွ႕ကေနၿပီးေတာ့ ကိုယ့္သေဘာနဲ႔ကိုယ္ျပန္လာၾကတဲ့ ရိုဟင္ဂ်ာ မြတ္ဆလင္ေတြနဲ႕ေရာ ေတြ႔ခြင့္ရခဲ့လား။

ေဒၚခင္မ်ဳိးသက္။ ။ သူတို႔ေတြနဲ႔ေတာ့ အခုအထိ ေတြ႔ခြင့္မရပါဘူး။ ျပန္လာတဲ့လူက အခုဆိုရင္ ၆၀၀ ေလာက္ရွိၿပီလို႔ ေျပာပါတယ္။ ျပန္လာတဲ့လူေတြက ဒီမွာ သူတို႔ ေဆြမ်ိဳးေတြရွိတယ္ သူတို႔ျပန္လာခ်င္တယ္ဆိုၿပီးေတာ့ အစိုးရဆီမွာ အေၾကာင္းၾကားၿပီး အစိုးရကေန စီစဥ္ေဆာင္ရြက္ေပးတယ္လို႔ ေျပာပါတယ္။

မခြာညိဳ။ ။ မနက္ျဖန္က်ရင္ ဘယ္ကို သြားဖို႔အစီအစဥ္ရွိေသးသလဲ။

ေဒၚခင္မ်ဳိးသက္။ ။ မနက္ျဖန္က်ရင္ ဘူးသီးေတာင္ ရြာမေက်းရြာ စစ္ေရွာင္စခန္း ကိုသြားမွာပါ ။ ေနာက္တေန႔က်ရင္ စစ္ေတြၿမိဳ႕မွာရွိတဲ့ သကယ္ျပင္ဒုကၡသည္စခန္းကို သြားဖို႔ရွိပါတယ္။

ဒီကေန႔ ေမာင္ေတာၿမိဳ႕မွာ ၃ ရက္ၾကာခရီးစဥ္နဲ႔ သတင္းယူဖို႔ ေရာက္ေနတဲ့ ေဒၚခင္မ်ိဳးသက္ ကို ဆက္သြယ္ေမးျမန္းထားတာပါ။

VOA သတင္းေထာက္ရဲ႕ ရခိုင္ေျမာက္ပိုင္းခရီးစဥ္
please wait

No media source currently available

0:00 0:02:48 0:00
တိုက္႐ိုက္ လင့္ခ္


..................

VOA သတင်းထောက်ရဲ့ ရခိုင်မြောက်ပိုင်းခရီးစဉ်

(unicode)

ရခိုင်ပြည်နယ်မှာ ပြည်တွင်းပြည်ပ သတင်းထောက်တွေ သတင်းယူဖို့ အစိုးရအစီအစဉ်နဲ့ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ဒေါ်ခင်မျိုးသက်ကို အသံမလွှင့်ခင်မှာပဲ မခွာညိုက ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီကနေ့ ဘယ်နေရာတွေ ရောက်ခဲ့သလဲ ဆိုတာနဲ့ ဒုက္ခသည်တွေ နေထိုင်တဲ့ ဘယ်နေရာတွေ ကြည့်ရှုခွင့်ရသလဲဆိုတာကို မေးမြန်းတဲ့အခါမှာ သူက အခုလို စဖြေပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ ဒီကနေ့ ပထမနေ့မှာ စစ်တွေကနေပြီးတော့ မောင်တောကို လာပါတယ်။ မောင်တောမှာ ဒီကနေ့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တွေ့ပါတယ်။ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ ပြီးတော့ ဒီဘက်မှာ ရွာ ၃ ရွာကို လိုက်ပြပါတယ်။ ပထမရွာကတော့ ပဒင်းကျေးရွာပါ။ ဒီရွာက ဟိန္ဒူတွေ မီးလောင်ခံရတဲ့ အိမ်ပေါ့နော်။ အဲဒါတွေကို ပြန်ပြီးတော့ သူတို့ ပိုက်ဆံတွေပေးပြီးတော့ ပြန်ဆောက်ခိုင်းထားတယ် သူတို့ နေရာချထားတဲ့ အစီအစဉ်တွေကို ရှင်းပြတာပါ။ နောက်ပြီးတော့ သူတို့ကို သေချာလေး မေးခွင့်ရပါတယ်။ နောက်ရွာတရွာကတော့ ညောင်ချောင်းရွာပါ။ အဲဒီမှာတော့ ဟိန္ဒူနဲ့ မွတ်ဆလင်တွေ ရောပြီးတော့ အတူနေတဲ့ဟာပေါ့ အေးအေးချမ်းချမ်းပဲ ဟိုဘက် ရွာတဘက်ခြမ်းမှာ သီးသန့်စီနေတဲ့အခြေအနေလေးတွေ သွားပြီးတော့ ကြည့်ရတာပါ။

မခွာညို။ ။ ရခိုင်ပြည်နယ်ထဲမှာ အင်တာနက်ဖြတ်တောက်ထားတာ ၈ မြို့နယ်ရှိတယ်ပြောတော့ မောင်တောလည်းပါလား။ အင်တာနက် သုံးရတာဘယ်လိုရှိသလဲဆိုတာ ပြောပြပေးပါဦး။

ဒေါ်ခင်မျိုးသက်။ ။ ဒီမှာ သူတို့က အင်တာနက်ဖြတ်ထားတယ်၊ အင်တာနက်ဖြတ်ထားတော့ နေ့လည်က မောင်တောအုပ်ချုပ်ရေးမှူးကို မေးတဲ့အခါတော့ စစ်ရှောင်တွေလည်းရှိတယ် သူတို့တွေ ဒုက္ခရောက်နေတယ်၊ အင်တာနက်ဖြတ်ထားတော့ ဘယ်လိုလုပ်မလဲဆိုတော့ သူတို့ အစိုးရ လိုင်းတချို့ကိုတော့ ဖွင့်ပေးထားတယ်လို့ ပြောပါတယ်။ သူတို့ဆီကို အကူအညီတောင်း ဆက်သွယ်လို့ရတယ်လို့ ပြောပါတယ်။ မြို့ထဲမှာတော့ အင်တာနက်ဖြတ်ထားတာပါ။ တယ်လီဖုန်းတခုပဲ သုံးလို့ရပါတယ်။

မခွာညို။ ။ အခုအစိုးရအစီအစဉ်နဲ့ မောင်တောဘက်ကို ရောက်နေတယ်။ တိုက်ပွဲဖြစ်တဲ့အခြေအနေတွေ ရှိတဲ့ဘက်တွေရော ကိုယ့်သဘောနဲ့ကိုယ် သွားလို့ရတာမျိုးရှိပါသလား။

ဒေါ်ခင်မျိုးသက်။ ။ အခု တိုက်ပွဲဖြစ်တဲ့နေရာတွေကို သူတို့ လုံခြုံရေး မပေးနိုင်လို့ ပေးမသွားပါဘူး။

မခွာညို။ ။ ဘင်္ဂလားဒေ့ရ်ှ့ကနေပြီးတော့ ကိုယ့်သဘောနဲ့ကိုယ်ပြန်လာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ရော တွေ့ခွင့်ရခဲ့လား။

ဒေါ်ခင်မျိုးသက်။ ။ သူတို့တွေနဲ့တော့ အခုအထိ တွေ့ခွင့်မရပါဘူး။ ပြန်လာတဲ့လူက အခုဆိုရင် ၆၀၀ လောက်ရှိပြီလို့ ပြောပါတယ်။ ပြန်လာတဲ့လူတွေက ဒီမှာ သူတို့ ဆွေမျိုးတွေရှိတယ် သူတို့ပြန်လာချင်တယ်ဆိုပြီးတော့ အစိုးရဆီမှာ အကြောင်းကြားပြီး အစိုးရကနေ စီစဉ်ဆောင်ရွက်ပေးတယ်လို့ ပြောပါတယ်။

မခွာညို။ ။ မနက်ဖြန်ကျရင် ဘယ်ကို သွားဖို့အစီအစဉ်ရှိသေးသလဲ။

ဒေါ်ခင်မျိုးသက်။ ။ မနက်ဖြန်ကျရင် ဘူးသီးတောင် ရွာမကျေးရွာ စစ်ရှောင်စခန်း ကိုသွားမှာပါ ။ နောက်တနေ့ကျရင် စစ်တွေမြို့မှာရှိတဲ့ သကယ်ပြင်ဒုက္ခသည်စခန်းကို သွားဖို့ရှိပါတယ်။

ဒီကနေ့ မောင်တောမြို့မှာ ၃ ရက်ကြာခရီးစဉ်နဲ့ သတင်းယူဖို့ ရောက်နေတဲ့ ဒေါ်ခင်မျိုးသက် ကို ဆက်သွယ်မေးမြန်းထားတာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG