သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလက္ဝနဲ႔ ရခုိင္သံုးၿမိဳ႕နယ္တိုက္ပြဲ ၁၀ ရက္ေက်ာ္ထိ ျပင္းထန္ဆဲ


ရခိုင္ျပည္နယ္အတြင္းရွိ တပ္မေတာ္သားမ်ားကို ေတြ႔ရစဥ္ ( ေအာက္တိုဘာ ၂၀၁၆ )

(Zawgyi/Unicode)

ပလက္ဝၿမိဳ႕နယ္နဲ႔ ရခုိင္ၿမိဳ႕နယ္ ၿမိဳ႕နယ္သံုးခုထက္္မနည္းမွာ တိုက္ပြဲေတြျဖစ္ေနတာ ၁၀ ရက္ေက်ာ္လာၿပီျဖစ္ၿပီး အျပင္းအထန္ ဆက္ျဖစ္ေနဆဲပါ။ တိုက္ပြဲရန္ကေန ေဘးလြတ္ရာ ထြက္ေျပးရသူ အရပ္သားအေရအတြက္ ပိုတိုးလာသလို တိုက္ပြဲအတြင္း ပိတ္မိေနသူေတြလည္း ရွိပါတယ္။

ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုသက္ႏုိင္က သတင္း ေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္က ေအာက္မီးလက္ဝ ေက်းရြာအနီးမွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို ႔ၾကား ေဖေဖာ္ဝါရီလဆန္းပိုင္းက စတင္ၿပီး မေန႔ကအထိ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားေန တယ္လို႔ AAအဖြဲ႔ေျပာခြင့္ရ ခိုင္သုခ က ေျပာပါတယ္။

“မေန႔က ပလက္ဝၿမိဳ႕နယ္ မီးေခ်ာင္းတံတား ထိပ္က ဗ်ဳဟာကုန္းမွာေတာ့ ၁၃ရက္ေန႔ေျမာက္ျဖစ္တာ တိုက္ပြဲက ေတာ့ ဆက္ၿပီးေတာ့ အခ်ိန္ျမင့္လာတယ္။ အဲဒီဗ်ဳဟာကုန္းကို လူအင္အား၊လက္နက္အင္အား ျဖည့္တင္းႏိုင္ဖို႔ ျမန္မာ စစ္တပ္ဘက္ကေန ေနရာ ၄ခုေလာက္ေနၿပီးေတာ့ ထိုးေဖာက္ဖို႔ ႀကိဳးစားေနတာရွိတယ္။ အဲတာေၾကာင့္ အဲဒီဖက္မွာ က်ေနာ္တို႔ ျဖတ္ေတာက္ေရး တပ္နဲ႔ ျမန္မာ စစ္ကူစစ္ေၾကာင္းေတြ ၾကားမွာ တိုက္ပြဲ ျပင္းျပင္းထန္ ထန္ျဖစ္ေနတာရွိတယ္။”

မေန႔က ျဖစ္ပြားခဲ့တဲ့ ပလက္ဝၿမိဳ႕နယ္ မီေခ်ာင္းတံတား တိုက္ပြဲအတြင္းမွာ ေအာက္မီးလက္ဝ ေက်း ရြာက ေျခာက္တန္းေက်ာင္းသားတစ္ဦး လက္နက္ႀကီးက်ည္ထိမွန္ၿပီး ေဆးရံုတင္ထားရတယ္လို႔ ပလက္ဝၿမိဳ႕နယ္ စစ္ေဘးေရွာင္ကူညီေရးအဖြဲ႔က ဦးေအာင္ေက်ာ္ထင္ပါကေျပာပါတယ္။

“ရြာရဲ႕အနီးဝန္းက်င္မွာ လက္နက္ႀကီးေတြ ၾကားတယ္။ သူတို႔က ေတာ္ေတာ္ေလးေၾကာက္ေနၾကတယ္။ ပလက္ဝရဲ႕ အနီးဝန္းက်င္မွာ လက္နက္ႀကီး အသံေတြ ၾကားေနရတယ္။ အဓိက လက္နက္ ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြ ရွိေတာ့ဒီ ပလက္ဝရဲ႕ တစ္ဖက္ကမ္း ေအာက္မီးလက္ဝ ေက်းရြာမွာ ေျခာက္တန္းေက်ာင္းသား တစ္ဦးရဲ႕ ေခါင္ေပၚကို လက္နက္ႀကီးက်ည္စ ထိမွန္ၿပီး ေဆးရံုတင္ ထားရတယ္။

ဒီေဒသမွာ ေဖေဖာ္ဝါရီလ ဆန္းပိုင္းကတည္းက မေန႔ကအထိ တိုက္ပြဲေတြ ျပင္းထန္ ေနတာေၾကာင့္ေဒသခံေတြ ထြက္ေျပးေနၾကရတယ္လို႔လည္း သူက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ အျပင္ ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ အမ္းနဲ႔ ဘူးသီးေတာင္ ၿမိဳ႕နယ္ေတြမွာလည္း အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားေနတယ္လို႔ AAေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“ေနာက္ၿပီးေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ဝက္မက်ရြာနဲ႔ တင္းမရြာၾကားမွာ တ၁၂ရက္ေျမာက္ တိုက္ပြဲ အျပင္းအထန္ျဖစ္ေနတာ ရွိတယ္။ ေနာက္တစ္ေနရာက ဘူးသီးေတာင္ၿမိဳ႕နယ္ မာန္ေအာင္ရြာရဲ႕ အေရွ႕ေျမာက္ဖက္ ၁ကီလိုမီတာေလာက္အကြာမွာ နာရီဝက္ေလာက္ၾကာေအာင္ တိုက္ပြဲ ျဖစ္ပြားခဲ့တာ ရွိတယ္။ အဲဒီမွာ ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ စစ္ေသနတ္ေတြ လက္နက္ႀကီးေတြနဲ႔ ရမ္းပစ္ခတ္တာရွိတယ္။ ရဟတ္ယာဥ္ေတြနဲ႔ ၁၀မိနစ္ေလာက္လာ ပစ္တာရွိတယ္။ ေနာက္တစ္ခုကေတာ့ အမ္းၿမိဳ႕နယ္ ေလးအိမ္စုမွာ ႏွစ္ဖက္အျပန္အလွန္ ၃နာရီေလာက္ တိုက္ပြဲအျပင္း အထန္ ျဖစ္တာရွိတယ္။ မေန႔က တိုက္ပြဲမွာ ရန္သူဘက္က ၅ဦးက်ဆံုးၿပီးေတာ့ က်ေနာ္တို႔ဘက္က ၂ဦးက်ဆံုးတာရွိတယ္။”

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ အရပ္သား ထိခိုက္ေသဆံုး ဒဏ္ရာရတာေတြနဲ႔ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူေတြ တေန႔ထက္ တေန႔ မ်ားျပားလာ တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ေက်ာက္ေတာ္နဲ႔ ပလက္ကို ေျပးဆြဲေနတဲ့ ေရလမ္းခရီးကို ပိတ္ထားေၾကာင့္ ေက်ာက္ေတာ္ၿမိဳ ႕နယ္မွာ ရန္ကုန္ကေနျပန္လာၾကတဲ့ ပလက္ဝ ေဒသခံ ၂၀၀နီးပါး ပိတ္မိေနတယ္လို႔ ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

“ဒီလဆန္း ၅ရက္ေန႔ကတည္းက တိုက္ပြဲေတြ ဆက္တိုက္ျဖစ္တဲ့ အခါက်ေတာ့ စက္ေလွ အတက္အဆင္း ကို တားတာေ ပါ့ေနာ္။ မတက္ခိုင္းတာေတြ လုပ္တာေပါ့ေနာ္။ အခု ေက်ာက္ေတာ္မွာ က်ေနာ္တို႔ဆီက စက္ေလွက ၈စီးေလာက္ တက္လို႔မ ရပဲ ျဖစ္ေနတယ္။ လူေတြကလည္း ရန္ကုန္ဘက္ကေန ပလက္ဝဘက္ကို ျပန္လာမယ့္ သူေတြ ၂၀၀ ေလာက္ ေသာင္တင္ ေနတယ္။ ဟိုတစ္ေန႔ကလည္း စက္ေလွတစ္စီး တက္လာေတာ့ ဟိုဘက္က ပစ္ေတာ့ ျပန္ဆင္းသြားရတယ္။ အမွန္ကေတာ့ တပ္နဲ႔ ေအေအနဲ႔တိုက္ပြဲ ျဖစ္တာ ကိုေတာ့ မတတ္ႏိုင္ဘူး။ ဒါေပမယ့္ ျပည္သူလူထု ေရလမ္းေၾကာင္းကိုေတာ့ ႏွစ္ဖက္လံုးက လြတ္ေပးဖို႔ေကာင္းတယ္။”

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝဖက္မွာ တိုက္ပြဲေတြ ျပင္းထန္ေနတာနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ဘက္ က ေျပာခြ င့္ရသူေတြကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း အေၾကာင္းတစ္စံုတစ္ရာ မရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ထားသလို တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ အိုးအိမ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ တစ္ေန႔ တစ္ေန႔ပိုမိုမ်ားလာေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ပလက်ဝနဲ့ ရခိုင်သုံးမြို့နယ်တိုက်ပွဲ ၁၀ ရက်ကျော်ထိ ပြင်းထန်ဆဲ

(Unicode)

ပလက်ဝမြို့နယ်နဲ့ ရခိုင်မြို့နယ် မြို့နယ်သုံးခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်နေတာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး အပြင်းအထန် ဆက်ဖြစ်နေဆဲပါ။ တိုက်ပွဲရန်ကနေ ဘေးလွတ်ရာ ထွက်ပြေးရသူ အရပ်သားအရေအတွက် ပိုတိုးလာသလို တိုက်ပွဲအတွင်း ပိတ်မိနေသူတွေလည်း ရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က သတင်း ပေးပို့ထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အောက်မီးလက်ဝ ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ကြား ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး မနေ့ကအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ တယ်လို့ AAအဖွဲ့ပြောခွင့်ရ ခိုင်သုခ က ပြောပါတယ်။

“မနေ့က ပလက်ဝမြို့နယ် မီးချောင်းတံတား ထိပ်က ဗျုဟာကုန်းမှာတော့ ၁၃ရက်နေ့မြောက်ဖြစ်တာ တိုက်ပွဲက တော့ ဆက်ပြီးတော့ အချိန်မြင့်လာတယ်။ အဲဒီဗျုဟာကုန်းကို လူအင်အား၊လက်နက်အင်အား ဖြည့်တင်းနိုင်ဖို့ မြန်မာ စစ်တပ်ဘက်ကနေ နေရာ ၄ခုလောက်နေပြီးတော့ ထိုးဖောက်ဖို့ ကြိုးစားနေတာရှိတယ်။ အဲတာကြောင့် အဲဒီဖက်မှာ ကျနော်တို့ ဖြတ်တောက်ရေး တပ်နဲ့ မြန်မာ စစ်ကူစစ်ကြောင်းတွေ ကြားမှာ တိုက်ပွဲ ပြင်းပြင်းထန် ထန်ဖြစ်နေတာရှိတယ်။”

မနေ့က ဖြစ်ပွားခဲ့တဲ့ ပလက်ဝမြို့နယ် မီချောင်းတံတား တိုက်ပွဲအတွင်းမှာ အောက်မီးလက်ဝ ကျေး ရွာက ခြောက်တန်းကျောင်းသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးရုံတင်ထားရတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဦးအောင်ကျော်ထင်ပါကပြောပါတယ်။

“ရွာရဲ့အနီးဝန်းကျင်မှာ လက်နက်ကြီးတွေ ကြားတယ်။ သူတို့က တော်တော်လေးကြောက်နေကြတယ်။ ပလက်ဝရဲ့ အနီးဝန်းကျင်မှာ လက်နက်ကြီး အသံတွေ ကြားနေရတယ်။ အဓိက လက်နက် ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိတော့ဒီ ပလက်ဝရဲ့ တစ်ဖက်ကမ်း အောက်မီးလက်ဝ ကျေးရွာမှာ ခြောက်တန်းကျောင်းသား တစ်ဦးရဲ့ ခေါင်ပေါ်ကို လက်နက်ကြီးကျည်စ ထိမှန်ပြီး ဆေးရုံတင် ထားရတယ်။

ဒီဒေသမှာ ဖေဖော်ဝါရီလ ဆန်းပိုင်းကတည်းက မနေ့ကအထိ တိုက်ပွဲတွေ ပြင်းထန် နေတာကြောင့်ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့လည်း သူက ပြောပါတယ်။

ပလက်ဝမြို့နယ် အပြင် ရခိုင်မြောက်ပိုင်းက ကျောက်တော် အမ်းနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာလည်း အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“နောက်ပြီးတော့ ကျောက်တော်မြို့နယ် ဝက်မကျရွာနဲ့ တင်းမရွာကြားမှာ တ၁၂ရက်မြောက် တိုက်ပွဲ အပြင်းအထန်ဖြစ်နေတာ ရှိတယ်။ နောက်တစ်နေရာက ဘူးသီးတောင်မြို့နယ် မာန်အောင်ရွာရဲ့ အရှေ့မြောက်ဖက် ၁ကီလိုမီတာလောက်အကွာမှာ နာရီဝက်လောက်ကြာအောင် တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ စစ်သေနတ်တွေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်တာရှိတယ်။ ရဟတ်ယာဉ်တွေနဲ့ ၁၀မိနစ်လောက်လာ ပစ်တာရှိတယ်။ နောက်တစ်ခုကတော့ အမ်းမြို့နယ် လေးအိမ်စုမှာ နှစ်ဖက်အပြန်အလှန် ၃နာရီလောက် တိုက်ပွဲအပြင်း အထန် ဖြစ်တာရှိတယ်။ မနေ့က တိုက်ပွဲမှာ ရန်သူဘက်က ၅ဦးကျဆုံးပြီးတော့ ကျနော်တို့ဘက်က ၂ဦးကျဆုံးတာရှိတယ်။”

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ တနေ့ထက် တနေ့ များပြားလာ တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်တော်နဲ့ ပလက်ကို ပြေးဆွဲနေတဲ့ ရေလမ်းခရီးကို ပိတ်ထားကြောင့် ကျောက်တော်မြို့နယ်မှာ ရန်ကုန်ကနေပြန်လာကြတဲ့ ပလက်ဝ ဒေသခံ ၂၀၀နီးပါး ပိတ်မိနေတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

“ဒီလဆန်း ၅ရက်နေ့ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တဲ့ အခါကျတော့ စက်လှေ အတက်အဆင်း ကို တားတာေ ပါ့နော်။ မတက်ခိုင်းတာတွေ လုပ်တာပေါ့နော်။ အခု ကျောက်တော်မှာ ကျနော်တို့ဆီက စက်လှေက ၈စီးလောက် တက်လို့မ ရပဲ ဖြစ်နေတယ်။ လူတွေကလည်း ရန်ကုန်ဘက်ကနေ ပလက်ဝဘက်ကို ပြန်လာမယ့် သူတွေ ၂၀၀ လောက် သောင်တင် နေတယ်။ ဟိုတစ်နေ့ကလည်း စက်လှေတစ်စီး တက်လာတော့ ဟိုဘက်က ပစ်တော့ ပြန်ဆင်းသွားရတယ်။ အမှန်ကတော့ တပ်နဲ့ အေအေနဲ့တိုက်ပွဲ ဖြစ်တာ ကိုတော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ပြည်သူလူထု ရေလမ်းကြောင်းကိုတော့ နှစ်ဖက်လုံးက လွတ်ပေးဖို့ကောင်းတယ်။”

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ ပတ်သတ်ပြီး တပ်မတော်ဘက် က ပြောခွ င့်ရသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းတစ်စုံတစ်ရာ မရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားသလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တစ်နေ့ တစ်နေ့ပိုမိုများလာနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG