(Zawgyi/Unicode)
ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးရၿပီး ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ စာေမးပြဲအသီးသီးေျဖဆိုဖို႔ အခက္ေတြ႔ေနၾကရပါတယ္။ မၾကာခင္ ရက္ပိုင္းအတြင္းမွာပဲ စာေမးပြဲေတြ ေျဖၾကရေတာ့မွာ ျဖစ္ေပမယ့္ အခုခ်ိန္ထိ အဲဒီေက်ာင္းသားအားလံုးအတြက္ အဆင္ေျပမယ့္ အေျခအေန မရွိေသးပါဘူး။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုသက္ႏုိင္္က သတင္းေပးပုိ႔ထားပါတယ္။
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က ေက်းရြာတခ်ိဳ႕မွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ မေန႔ကအထိ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ လာမယ့္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ က်င္းပျပဳလုပ္မယ့္ မူလတန္းနဲ႔ အလယ္တန္းစာေမးပြဲအတြက္ အခက္အခဲရွိေနတယ္လို႔ ပလက္ဝၿမိဳ႕နယ္က ေက်ာင္းဆရာ ေအာင္ေက်ာ္လြင္က ေျပာပါတယ္။
အမ္းၿမိဳ႕နယ္ ကဇုကိုင္းေက်းရြာမွာရွိတဲ့ စစ္ေဘးေရွာင္ ေက်ာင္းသူ ေက်ာင္းသားေတြ စာေမးပြဲေျဖဆိုႏိုင္ဖို႔အတြက္ ျပည္နယ္ပညာေရးမွဴးကို တင္ျပထားတယ္လို႔လည္း ကဇုကိုင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ဦးခင္ေသာင္းက ေျပာပါတယ္။
"က်ေနာ္တို႔ ကဇုကိုင္းထဲမွာ ဆိုရင္ေတာ့ တိုက္ပြဲေရွာင္ဖို႔ ေရာက္လာတဲ့ ကေလးေတြကို ကဇုကိုင္းေက်းရြာ အထက ခြဲမွာပဲ။ သူတို႔ကို သင္ၾကားေပးတာ ရွိတယ္ တြဲၿပီးေတာ့ေပါ့။ ေနာက္ၿပီးေတာ့ စညင္းတို႔၊ ရြာေဟာင္းတို႔ဘက္က ေရာက္လာတဲ့ ကေလးေတြေပါ့။ အဲ့ကေလးေတြ စာေမးပြဲ ေျဖဆိုႏိုင္ဖို႔အတြက္ကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မွဴးနဲ႔ ျပည္နယ္ပညာေရးမွဴးကို တင္ျပထားတာရွိတယ္။ ဒါေပမဲ့ ေက်ာင္းထြက္လက္မွတ္ေတြ လိုမယ္လို႔ေတာ့ ပညာေရးမွဴးက က်ေနာ့္ကို ေျပာတယ္။ ေက်ာင္းထြက္ လက္မွတ္ဆိုတာကလည္း အခုအခ်ိန္မွာ ထုတ္ဖို႔ေတာ့ ခက္တယ္။ အဲေတာ့ ပညာေရးဌာနက ကုိယ့္နည္းကိုယ့္ဟန္နဲ႔ လုပ္ေပးရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းမယ္လို႔ ထင္ပါတယ္။"
ဘူးသီးေတာင္ဘက္မွာလည္းရွိတဲ့ စစ္ေဘးေရွာင္ေတြထဲမွာလည္း မူလတန္းနဲ႔ အလယ္တန္းေက်ာင္းသားေတြ ပါဝင္တာေၾကာင့္ သူတို႔ စာေမးပြဲေျဖဆိုႏိုင္ဖို႔အတြက္ အခက္အခဲရွိေနတယ္လို႔ ေမာင္ေတာခရိုင္ ပညာေရးမွဴး ဦးခင္ေအာင္က ေျပာပါတယ္။
ရေသ့ေတာင္၊ ပလက္ဝ တုိက္ပြဲေတြေၾကာင့္ အရပ္သားထိခိုက္မႈ ျမင့္တက္ တဲ့ သတင္းကိုလည္းဒီမွာ ဖတ္ရႈႏိုင္ပါျပီ။
"အခက္အခဲကေတာ့ ၿမိဳ႕ေပၚမွာ ေရာက္ေနတဲ့ ေနရာ ၃ ခု ရွိတယ္လို႔ ေျပာတယ္။ ေနရာ ၃ ခုမွာ ေက်ာင္းသား စာရင္းေတြ ေကာက္ၾကည့္လိုက္ေတာ့ စစ္ေဘးေရွာင္ေတြ ထဲမွာ ၄ တန္းတို႔၊ ၈ တန္းတို႔ ပါၾကတယ္ ၈တန္း ေတြကိုေတာ့ ၿမိဳ႕ေပၚ စာစစ္ဌာနကိုပို႔မယ္။ ၄ တန္းေတြကိုေတာ့ အဲဒီသူတို႔ေနတဲ့ ဘုန္းႀကီးေက်ာင္းမွာ စာစစ္ဌာနဖြင့္ဖို႔ စီစဥ္ထားတယ္။"
ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာလည္း တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ႏွစ္ပတ္ေက်ာ္ အတြင္း စစ္ေရွာင္ဦးေရ ၄၀,၀၀၀ နီးပါးအထိ ရွိေနပါတယ္။ အဲဒီထဲမွာ မူလတန္းနဲ႔ အလယ္တန္း ေျဖဆိုရမယ့္ ေက်ာင္းသူ၊ ေက်ာင္းသား ၄၀၀ ေက်ာ္ပါဝင္ၿပီး သူတို႔ရဲ႕ စာေမးပြဲအေျခအေနနဲ႔ ပတ္သတ္ၿပီး စစ္ေဘးေရွာင္ ကူညီေရးအဖြဲ႔က ကိုဘကၠာက အခုလို ေျပာပါတယ္။
"စစ္ေရွာင္မိဘေတြမွာ ပါလာတဲ့ သာသမီးေတြရဲ႕ ပညာေရး အခက္အခဲေပါ့ေနာ္ နဂိုကတည္းကေတာင္ သူတို႔က ခက္ခက္ခဲခဲနဲ႔ ပညာသင္ေနရတာ အခုေျခအေနဆိုရင္ ပိုဆိုးတာေပါ့။ ေအးေအးေဆးေဆးနဲ႔ အရင္လို စာက်က္ၿပီးေတာ့ ေျဖရမယ့္ အေနအထားမ်ိဳး မဟုတ္ေတာ့ဘူးေလ။"
၂၀၁၉ -၂၀၂၀ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္တန္းစာေမးပြဲကို မတ္လ ၁၁ရက္ေန႔မွာ စတင္က်င္းပမွာ ျဖစ္လည္းျဖစ္ပါတယ္။ လက္ရွိစစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ စာစစ္ဌာန ၁၂၇ ခု ရွိၿပီး တကၠသိုလ္ဝင္ တန္းစာေမးပြဲ ဝင္းေရာက္ေျဖ ဆိုမယ့္ ေက်ာင္းသူ ေက်ာင္းသား ၄၀,၀၀၀ ေက်ာ္ရွိတယ္လို႔လည္း ျပည္နယ္ ပညာေရးမွဴးက ေျပာဆိုထားတာ ရွိပါတယ္။
လက္ရွိအခ်ိန္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနၿပီး စားေမးပြဲ ကာလအတြင္းမွာလည္း တိုက္ပြဲေတြ ျပင္းထန္ေနမွာကို ျပည္သူေတြက စိုးရိမ္ေနၾကတာလည္း ျဖစ္ပါတယ္။
[Unicode Version]
ရခိုင်၊ ချင်း အိုးအိမ်စွန့်ကျောင်းသားများ စာမေးပွဲဖြေရေး အခက်တွေ့နေဆဲ
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲအသီးသီးဖြေဆိုဖို့ အခက်တွေ့နေကြရပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ စာမေးပွဲတွေ ဖြေကြရတော့မှာ ဖြစ်ပေမယ့် အခုချိန်ထိ အဲဒီကျောင်းသားအားလုံးအတွက် အဆင်ပြေမယ့် အခြေအနေ မရှိသေးပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ မနေ့ကအထိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် မူလတန်းနဲ့ အလယ်တန်းစာမေးပွဲအတွက် အခက်အခဲရှိနေတယ်လို့ ပလက်ဝမြို့နယ်က ကျောင်းဆရာ အောင်ကျော်လွင်က ပြောပါတယ်။
အမ်းမြို့နယ် ကဇုကိုင်းကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင် ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲဖြေဆိုနိုင်ဖို့အတွက် ပြည်နယ်ပညာရေးမှူးကို တင်ပြထားတယ်လို့လည်း ကဇုကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးခင်သောင်းက ပြောပါတယ်။
"ကျနော်တို့ ကဇုကိုင်းထဲမှာ ဆိုရင်တော့ တိုက်ပွဲရှောင်ဖို့ ရောက်လာတဲ့ ကလေးတွေကို ကဇုကိုင်းကျေးရွာ အထက ခွဲမှာပဲ။ သူတို့ကို သင်ကြားပေးတာ ရှိတယ် တွဲပြီးတော့ပေါ့။ နောက်ပြီးတော့ စညင်းတို့၊ ရွာဟောင်းတို့ဘက်က ရောက်လာတဲ့ ကလေးတွေပေါ့။ အဲ့ကလေးတွေ စာမေးပွဲ ဖြေဆိုနိုင်ဖို့အတွက်ကို မြို့နယ်အုပ်ချုပ်ရေး မှူးနဲ့ ပြည်နယ်ပညာရေးမှူးကို တင်ပြထားတာရှိတယ်။ ဒါပေမဲ့ ကျောင်းထွက်လက်မှတ်တွေ လိုမယ်လို့တော့ ပညာရေးမှူးက ကျနော့်ကို ပြောတယ်။ ကျောင်းထွက် လက်မှတ်ဆိုတာကလည်း အခုအချိန်မှာ ထုတ်ဖို့တော့ ခက်တယ်။ အဲတော့ ပညာရေးဌာနက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ပေးရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်။"
ဘူးသီးတောင်ဘက်မှာလည်းရှိတဲ့ စစ်ဘေးရှောင်တွေထဲမှာလည်း မူလတန်းနဲ့ အလယ်တန်းကျောင်းသားတွေ ပါဝင်တာကြောင့် သူတို့ စာမေးပွဲဖြေဆိုနိုင်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ မောင်တောခရိုင် ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။
"အခက်အခဲကတော့ မြို့ပေါ်မှာ ရောက်နေတဲ့ နေရာ ၃ ခု ရှိတယ်လို့ ပြောတယ်။ နေရာ ၃ ခုမှာ ကျောင်းသား စာရင်းတွေ ကောက်ကြည့်လိုက်တော့ စစ်ဘေးရှောင်တွေ ထဲမှာ ၄ တန်းတို့၊ ၈ တန်းတို့ ပါကြတယ် ၈တန်း တွေကိုတော့ မြို့ပေါ် စာစစ်ဌာနကိုပို့မယ်။ ၄ တန်းတွေကိုတော့ အဲဒီသူတို့နေတဲ့ ဘုန်းကြီးကျောင်းမှာ စာစစ်ဌာနဖွင့်ဖို့ စီစဉ်ထားတယ်။"
ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နှစ်ပတ်ကျော် အတွင်း စစ်ရှောင်ဦးရေ ၄၀,၀၀၀ နီးပါးအထိ ရှိနေပါတယ်။ အဲဒီထဲမှာ မူလတန်းနဲ့ အလယ်တန်း ဖြေဆိုရမယ့် ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်ပါဝင်ပြီး သူတို့ရဲ့ စာမေးပွဲအခြေအနေနဲ့ ပတ်သတ်ပြီး စစ်ဘေးရှောင် ကူညီရေးအဖွဲ့က ကိုဘက္ကာက အခုလို ပြောပါတယ်။
"စစ်ရှောင်မိဘတွေမှာ ပါလာတဲ့ သာသမီးတွေရဲ့ ပညာရေး အခက်အခဲပေါ့နော် နဂိုကတည်းကတောင် သူတို့က ခက်ခက်ခဲခဲနဲ့ ပညာသင်နေရတာ အခုခြေအနေဆိုရင် ပိုဆိုးတာပေါ့။ အေးအေးဆေးဆေးနဲ့ အရင်လို စာကျက်ပြီးတော့ ဖြေရမယ့် အနေအထားမျိုး မဟုတ်တော့ဘူးလေ။"
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်လည်းဖြစ်ပါတယ်။ လက်ရှိစစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၁၂၇ခု ရှိပြီး တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဝင်းရောက်ဖြေ ဆိုမယ့် ကျောင်းသူ ကျောင်းသား ၄၀,၀၀၀ ကျော်ရှိတယ်လို့လည်း ပြည်နယ် ပညာရေးမှူးက ပြောဆိုထားတာ ရှိပါတယ်။
လက်ရှိအချိန် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စားမေးပွဲ ကာလအတွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေမှာကို ပြည်သူတွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။