သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိ္ုင္းမွာ ရက္၂၀ ၾကာ တိုက္ပဲြအျပင္းအထန္ျဖစ္ပြား


ရခိုင္ျပည္နယ္ ဘူးသီးေထာင္နား တပ္စဲြထားေသာ ျမန္မာစစ္တပ္ (သတင္းဓာတ္ပံု - ၾသဂုတ္၊ ၂၉၊ ၂၀၁၇)

(Zawgyi/Unicode)

အင္တာနက္လိုင္း ျဖတ္ေတာက္တာ ခံေနရတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္နဲ႔ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၃ ခုေလာက္မွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ ရက္ေပါင္း ၂၀ ၾကာ တိုက္ပြဲအျပင္းအထန္ ျဖစ္ေနၾကတယ္လို႔ AA အဖြဲ႔ က ေျပာပါတယ္။ ရခိုင္နဲ႔ ခ်င္းျပည္နယ္ထဲက မတည္ၿငိမ္တဲ့ ေဒသေတြရဲ့ အေျခအေနကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ဆက္သြယ္ ေမးျမန္းတင္ျပထားပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က မီးေခ်ာင္းတံတားအနီးမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ဟာ ရက္ေပါင္း ၂၀ ၾကာ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားေနတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"အေန႔က ပလက္ဝၿမိဳ႕နယ္ မီးေခ်ာင္းတံတားထိပ္က အရင္ရက္ေတြက တိုက္ပြဲျပင္းထန္ေနတဲ့ ျမန္မာစစ္တပ္ရဲ႕ လက္နက္ႀကီးစခန္းကို ၂၀ ရက္ေျမာက္အျဖစ္ တိုက္ပြဲကေတာ့ ဆက္ၿပီးရွိေနတာေပါ့။ အထူးသျဖင့္ အဲဒီဘက္မွာ ျမန္မာစစ္တပ္ရဲ႕ စစ္ကူေတြနဲ႔ ရခိုင့္တပ္မတာ္ ျဖတ္ေတာက္ေရး စစ္ေၾကာင္းေတြက ေန႔စဥ္ တိုက္ပြဲျပင္းထန္ေနတာ ရွိတယ္။

ရခိုင္ေျမာက္ပိုင္းက အမ္းေျမပံုနဲ႔ မင္းျပားၿမိဳ႕နယ္ေတြဟာ အင္တာနက္လိုင္း ျဖတ္ေတာက္တာ ခံေနရတာ ျဖစ္ၿပီး မေန႔ကလည္း တိုက္ပြဲ အျပင္းအထန္ ျဖစ္ပြားခဲ့သလို ႏွစ္ဘက္ အက်အဆံုးရွိတယ္လို႔လည္း ေျပာပါတယ္။

"ေနာက္တခုကေတာ့ ေျမပံု မင္းျပား အမ္း အဲဒီၿမိဳ႕နယ္ေတြမွာလည္း တိုက္ပြဲကေတာ့ ဆက္ၿပီးေတာ့ ရွိေနတယ္။ ေျမပံုၿမိဳ႕နယ္ စညင္းဘက္မွာလည္း မေန႔က တိုက္ပြဲ ႏွစ္ႀကိမ္ျဖစ္တာ ရွိတယ္။ ရန္သူဘက္က အက်အဆံုးမ်ားတယ္။ အေသးစိတ္ေတာ့ မသိရေသးဘူး။ ဒီေန႔မွာလည္း တိုက္ပြဲေတြ ရွိတယ္။ ပလက္ဝဘက္မွာလည္း ရွိတယ္။ မင္းျပား၊ အမ္း အဲဒီဘက္မွာလည္း ရွိေနတယ္။ အေသးစိတ္ေတာ့ မသိရေသးဘူးဗ်ာ။"

မင္းျပားၿမိဳ႕နယ္က ရန္ကုန္- စစ္ေတြ ကားလမ္းမွာအနီးမွာလည္း တိုက္ပြဲျဖစ္ပြားေနတာ ၃ ရက္ေလာက္ ရွိၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနၾကတယ္လို႔ မင္းျပားေဒသခံ တဦးက ေျပာပါတယ္။

"ရန္ကုန္စစ္ေတြ ကားလမ္းရဲ႕ ေဘးတဘက္ တခ်က္မွာ ရွိတဲ့ ငါးစရိုင္းေခ်ာင္းရဲ႕ အေရွ႕ဘက္မွာ ျမင့္မုိရ္ေတာင္ ဘုရားဆိုတာ ရွိတယ္။ အဲဒီဘုရားရဲ႕ ေဘးနားမွာ ျဖစ္တာေတာ့ ၃ ရက္ေလာက္ေတာ့ ရွိၿပီဗ်ာ။ လက္နက္ႀကီးနဲ႔ ပစ္တယ္ ေန႔တိုင္းလိုလို ေလယာဥ္နဲ႔ လာၿပီး ဗံုးႀကဲတာလည္း ရွိတယ္။ ဖားၿပိဳေက်းရြာသားေတြဆိုရင္ အမ္းသားရြာနဲ႔ နရင္း ကယ္ဆယ္ေရစခန္းေတြမွာ ေနၾကတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်းရြာအနီးမွာလည္း တိုက္ပြဲျဖစ္ပြားေနတာေတြရွိသလို ေက်းရြာအတြင္းကို တပ္မေတာ္သားေတြ ဝင္ေရာက္ၿပီး ၾကက္ေတြနဲ႔ စားစရာေတြကို ယူေဆာင္ေနတာေတြ ရွိတယ္လို႔ တင္းမ ေဒသခံ တဦးက ေျပာပါတယ္။

"က်ေနာ္တို႔ ေဒသခံေတြကို ရိုက္တာေတာ ့မရွိဘူး။ သူတို႔တင္းမကို ဝင္ေတာ့ ဆိုင္ေတြက စားစရာေတြ ယူတယ္။ ၾကက္ေတြကို ရိုက္ယူတယ္။ ပိုင္ရွင္ေတြ မရွိရင္ ယူတာေတြေတာ့ ရွိတယ္။ မေန႔ကလည္း လက္နက္ႀကီး ပစ္သံေတြ ၾကားေနရတယ္။"

ၿပီးခဲ့ရက္ပိုင္းေတြက တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားတာေၾကာင့္ ရေသ့ေတာင္ၿမိဳ႕ေပၚက ထြက္ေျပးလာၾကတဲ့ စစ္ေရွာင္စခန္းေတြကိုလည္း ဒီကေန႔မနက္ပိုင္းမွာ တပ္မေတာ္ဘက္က ဝင္ေရာက္ စစ္ေဆးတာေတြ လုပ္ေနတယ္လို႔ စစ္ေရွာင္ကူညီေရးအဖြဲ႔က ကိုဘကၠာက ေျပာပါတယ္။

"ၿမိဳ႕ေပၚေနၾကတဲ့ သူေတြရဲ႕ ေျပာၾကားခ်က္ အရကေတာ့ ဒီေန႔ မနက္ ၉ နာရီ ၁၀ မိနစ္ေလာက္က စၿပီးေတာ့ ၿမိဳ႕နယ္ထဲကို ဝင္လာတယ္။ ယူနီေဖာင္းအျပည့္ လက္နက္အျပည့္နဲ႔ ဝင္ၿပီးေတာ့ အလိုေတာ္ျပည့္ေက်ာင္းနားမွာ တဖြဲ႔ ၿမိဳ႕အဝင္အထြက္ေတြကို စစ္တယ္။ ေနာက္ၿပီးေတာ့ စစ္ေရွာင္စခန္းေတြ ေနာက္ၿပီးေတာ့ ေရႊပါရမီေက်ာင္းရယ္၊ ေနာက္ၿပီးေတာ့ ဓညဝတီေက်ာင္းေတြကို ဝင္ၿပီးေတာ့ သူတို႔ စစ္တယ္လို႔ ေျပာပါတယ္။"

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ပလက္ဝ ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲျဖစ္ပြားေနတာနဲ႔ ပတ္သတ္ၿပီး ေမးျမန္ဖို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔နဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးတို႔ကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံ ေျဖဆိုခဲ့ျခင္းမရွိပါဘူး။

ရခိုင္ျပည္နယ္အတြင္းမွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ အျပန္အလွန္ထိုးစစ္ေတြနဲ႔ တိုက္ပြဲျဖစ္ပြားေနတာေတြေၾကာင့္ ေဒသခံေက်းရြာသားေတြဟာလည္း အိုးအိမ္စြန္႔ခြာၿပီး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်းမှာ ရက်၂၀ ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား

အင်တာနက်လိုင်း ဖြတ်တောက်တာ ခံနေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၃ ခုလောက်မှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်နေကြတယ်လို့ AA အဖွဲ့ က ပြောပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ်ထဲက မတည်ငြိမ်တဲ့ ဒေသတွေရဲ့ အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်က မီးချောင်းတံတားအနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ဟာ ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"အနေ့က ပလက်ဝမြို့နယ် မီးချောင်းတံတားထိပ်က အရင်ရက်တွေက တိုက်ပွဲပြင်းထန်နေတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးစခန်းကို ၂၀ ရက်မြောက်အဖြစ် တိုက်ပွဲကတော့ ဆက်ပြီးရှိနေတာပေါ့။ အထူးသဖြင့် အဲဒီဘက်မှာ မြန်မာစစ်တပ်ရဲ့ စစ်ကူတွေနဲ့ ရခိုင့်တပ်တော် ဖြတ်တောက်ရေး စစ်ကြောင်းတွေက နေ့စဉ် တိုက်ပွဲပြင်းထန်နေတာ ရှိတယ်။

ရခိုင်မြောက်ပိုင်းက အမ်းမြေပုံနဲ့ မင်းပြားမြို့နယ်တွေဟာ အင်တာနက်လိုင်း ဖြတ်တောက်တာ ခံနေရတာ ဖြစ်ပြီး မနေ့ကလည်း တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သလို နှစ်ဘက် အကျအဆုံးရှိတယ်လို့လည်း ပြောပါတယ်။

"နောက်တခုကတော့ မြေပုံ မင်းပြား အမ်း အဲဒီမြို့နယ်တွေမှာလည်း တိုက်ပွဲကတော့ ဆက်ပြီးတော့ ရှိနေတယ်။ မြေပုံမြို့နယ် စညင်းဘက်မှာလည်း မနေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်တာ ရှိတယ်။ ရန်သူဘက်က အကျအဆုံးများတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ဒီနေ့မှာလည်း တိုက်ပွဲတွေ ရှိတယ်။ ပလက်ဝဘက်မှာလည်း ရှိတယ်။ မင်းပြား၊ အမ်း အဲဒီဘက်မှာလည်း ရှိနေတယ်။ အသေးစိတ်တော့ မသိရသေးဘူးဗျာ။"

မင်းပြားမြို့နယ်က ရန်ကုန်- စစ်တွေ ကားလမ်းမှာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားနေတာ ၃ ရက်လောက် ရှိပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်လို့ မင်းပြားဒေသခံ တဦးက ပြောပါတယ်။

"ရန်ကုန်စစ်တွေ ကားလမ်းရဲ့ ဘေးတဘက် တချက်မှာ ရှိတဲ့ ငါးစရိုင်းချောင်းရဲ့ အရှေ့ဘက်မှာ မြင့်မိုရ်တောင် ဘုရားဆိုတာ ရှိတယ်။ အဲဒီဘုရားရဲ့ ဘေးနားမှာ ဖြစ်တာတော့ ၃ ရက်လောက်တော့ ရှိပြီဗျာ။ လက်နက်ကြီးနဲ့ ပစ်တယ် နေ့တိုင်းလိုလို လေယာဉ်နဲ့ လာပြီး ဗုံးကြဲတာလည်း ရှိတယ်။ ဖားပြိုကျေးရွာသားတွေဆိုရင် အမ်းသားရွာနဲ့ နရင်း ကယ်ဆယ်ရေစခန်းတွေမှာ နေကြတယ်။

ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားနေတာတွေရှိသလို ကျေးရွာအတွင်းကို တပ်မတော်သားတွေ ဝင်ရောက်ပြီး ကြက်တွေနဲ့ စားစရာတွေကို ယူဆောင်နေတာတွေ ရှိတယ်လို့ တင်းမ ဒေသခံ တဦးက ပြောပါတယ်။

"ကျနော်တို့ ဒေသခံတွေကို ရိုက်တာတော့မရှိဘူး။ သူတို့တင်းမကို ဝင်တော့ ဆိုင်တွေက စားစရာတွေ ယူတယ်။ ကြက်တွေကို ရိုက်ယူတယ်။ ပိုင်ရှင်တွေ မရှိရင် ယူတာတွေတော့ ရှိတယ်။ မနေ့ကလည်း လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။"

ပြီးခဲ့ရက်ပိုင်းတွေက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားတာကြောင့် ရသေ့တောင်မြို့ပေါ်က ထွက်ပြေးလာကြတဲ့ စစ်ရှောင်စခန်းတွေကိုလည်း ဒီကနေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က ဝင်ရောက် စစ်ဆေးတာတွေ လုပ်နေတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့က ကိုဘက္ကာက ပြောပါတယ်။

"မြို့ပေါ်နေကြတဲ့ သူတွေရဲ့ ပြောကြားချက် အရကတော့ ဒီနေ့ မနက် ၉ နာရီ ၁၀ မိနစ်လောက်က စပြီးတော့ မြို့နယ်ထဲကို ဝင်လာတယ်။ ယူနီဖောင်းအပြည့် လက်နက်အပြည့်နဲ့ ဝင်ပြီးတော့ အလိုတော်ပြည့်ကျောင်းနားမှာ တဖွဲ့ မြို့အဝင်အထွက်တွေကို စစ်တယ်။ နောက်ပြီးတော့ စစ်ရှောင်စခန်းတွေ နောက်ပြီးတော့ ရွှေပါရမီကျောင်းရယ်၊ နောက်ပြီးတော့ ဓညဝတီကျောင်းတွေကို ဝင်ပြီးတော့ သူတို့ စစ်တယ်လို့ ပြောပါတယ်။"

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ပလက်ဝ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သတ်ပြီး မေးမြန်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ အပြန်အလှန်ထိုးစစ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေကြောင့် ဒေသခံကျေးရွာသားတွေဟာလည်း အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG