သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဓာတ်ငွေ့သိုက် အသစ်တခု ရခိုင်ကမ်းလွန်မှာ တွေ့ရှိ


 Posco International လုပ်ကိုင်နေတဲ့ ရွှေ သဘာ၀ ဓာတ်ငွေ့ စီမံကိန်း (POSCO INTERNATIONAL)
Posco International လုပ်ကိုင်နေတဲ့ ရွှေ သဘာ၀ ဓာတ်ငွေ့ စီမံကိန်း (POSCO INTERNATIONAL)

(Zawgyi/Unicode)

ရခိုင် ကမ်းလွန်ရေနံလုပ်ကွက် A-3 မှာ မဟာ (၁) အစမ်းတွင်းမှာ သဘာဝဓာတ်ငွေ့ အစမ်းတွင်း အောင်မြင်ကြောင်း တောင်ကိုရီးယား လုပ်ငန်းကြီး Posco International က တနလာၤနေ့မှာ ကြေညာပါတယ်။

မဟာ ၁ အစမ်းတွင်းမှာ တရက်ကို ဓာတ်ငွေ့ ကုဗပေ ၃၈ သန်းကျော်ထိ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းတဲ့ အကြောင်းလည်း ကုမ္ပဏီရဲ့ ကြေညာချက်ကို ကိုးကားပြီး Korea Joongang Daily က ဖော်ပြပါတယ်။

အခု အသစ်တွေ့တဲ့ မဟာ - ၁ သဘာ၀ ဓာတ်ငွေ့ အစမ်းတွင်းက Posco International လုပ်ကိုင်နေတဲ့ ရွှေ သဘာ၀ ဓာတ်ငွေ့ စီမံကိန်းနဲ့ ကီလိုမီတာ ၃၀ လောက်ဘဲ ကွာဝေးတာပါ။ အခု အသစ်တွေ့တဲ့ မဟာ - ၁ ကိုတော့ လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင် စမ်းသပ် တူးဖော်နိုင်ဖို့ Posco လုပ်ငန်းကြီးက ရည်မှန်းထားပြီး အနာဂတ် တူးဖော်ရေးနဲ့ ဓာတ်ငွေ့ ထုတ်ယူရေး အတွက် ၂ နှစ်ကြာ အချိန်ယူ သုံးသပ်မှာ ဖြစ်ပါတယ်။

ပြည်နယ်ထွက် သယံဇာတ ဒေသခံတွေ ခံစားခွင့်ရှိဖို့ ရခိုင်အမတ်တွေ ကြိုးပမ်းတဲ့သတင်း ကို ဖတ်ရှုနိုင်ပါပြီ။

ဓာတ်ငွေ့ရဲ့ သန့်စင်မှု၊ ထုတ်ယူရမယ့် အခြေအနေတွေကို မသိရသေးတာကြောင့် ဒီအသစ်တွေ့တဲ့ သဘာဝဓာတ်ငွေ့တွင်း မဟာ-၁ ရဲ့ တန်ဖိုးကို တွက်ချက်ဖို့တော့ မလွယ်သေးဘူးလို့လည်း ကုမ္ပဏီ တာဝန်ရှိသူကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ အခု ရခိုင်ကမ်းလွန် ရေနံလုပ်ကွက် A-3 မှာ နောက်ထပ် အစမ်းတွင်းတွေလည်း ရှိနေပါတယ်။ ကစ္စပနဒီ (၁)၊ ရန်အောင်မြင် (၁) တို့ကို ဆက်လက် ရှာဖွေသွားမှာပါ။

ဒီထဲက ရန်အောင်မြင် (၁) အစမ်းတွင်းကိုတော့ ဒီလထဲမှာဘဲ ဆက်လက် တူးဖော်မှာ ဖြစ်ပြီး ဒီအစမ်းတွင်းမှာလည်း သဘာ၀ ဓာတ်ငွေ့ ဖော်ထုတ်နိုင်ဖို့ Posco က မျှော်လင့်ထားပါတယ်။ ကမ်းလွန်လုပ်ကွက် A-1 နဲ့ A-3 မှာ မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းက ၁၅ ရာခိုင်နှုန်း ရယူပြီး Posco အပါအဝင် နိုင်ငံတကာ လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

................


(Unicode)






XS
SM
MD
LG