သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာကို စစ်တပ်က တရားစွဲထားတာ ပြန်ရုပ်သိမ်းပေးဖို့ CPJ တောင်းဆို


(Zawgyi/Unicode)

မြန်မာစစ်တပ်က Reuters သတင်းဌာနအပေါ် တရားစွဲထားတာကို ရုပ်သိမ်းပေးဖို့နဲ့ သတင်းမီဒီယာတွေ အပေါ် ဥပဒေသုံးပြီး ခြိမ်းခြောက် နေတာတွေကို ရပ်တန့်ဖို့ နယူးယောက် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က အင်္ဂါနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ လက်နက်ကြီးကျည် ကျရောက်ရာက ရိုဟင်ဂျာအမျိုးသမီး ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ စစ်တပ်ရဲ့ လက်ချက်အဖြစ် ဒေသခံလွှတ်တော်ကိုယ်စားလှယ် တဦးကို ကိုးကားပြီး ရေးသားခဲ့တဲ့ Reuters သတင်းဌာနနဲ့ လွှတ်တော်အမတ်တို့ကို ဆက်သွယ်ရေးအက်ဥပဒေ ၆၆ (ဃ) နဲ့ စစ်တပ်က ဒီသီတင်းပတ်ထဲမှာပဲ တရားစွဲလိုက်တာပါ။ CPJ ကတော့ မြန်မာစစ်တပ်က တရားစွဲထားတာကို ပြန်လည် ရုပ်သိမ်းဖို့နဲ့ သတင်းမီဒီယာတွေအပေါ် ဥပဒေနဲ့ ခြိမ်းခြောက်နေတာတွေကိုလည်း ရပ်တန့်ဖို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာ အမျိုးသမီးတွေ သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ရဲ့ လက်ချက်အဖြစ် စွပ်စွဲထားသလို၊ AA အဖွဲ့ကလည်း စစ်တပ်ရဲ့ လက်ချက်အဖြစ်နဲ့ တန်ပြန်စွပ်စွဲထားတာပါ။ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ မကြာခဏ ကြုံရလေ့ရှိပြီး အပြန်အလှန် စွပ်စွဲလေ့ ရှိတတ်ပါတယ်။

CPJ ရဲ့ အရှေ့တောင်အာရှရေးရာ တာဝန်ခံ Shawn Crispin ကတော့ ရခိုင်ပြည်နယ်မှာ မှန်ကန်တဲ့ သတင်းတွေ ဖော်ပြနိုင်ဖို့ မြန်မာအာဏာပိုင်တွေအနေနဲ့ စစ်စစ်မှန်မှန် လိုလားတယ်ဆိုရင်၊ ထောင်ချအရေးယူဖို့ ခြိမ်းခြောက်နေမယ့်အစား သတင်းသမားတွေကို လွတ်လွတ်လပ်လပ်သွားရောက် သတင်းယူခွင့်ပေးသင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။ Reuters သတင်းဌာနကတော့ တရားစွဲခံခဲ့ရတဲ့ သတင်းအတွက် တာဝန်ယူကြောင်းနဲ့ တရားစွဲလောက်တဲ့ အကြောင်းရင်းတစုံတရာ မရှိကြောင်း ပြောဆိုထားသလို၊ အမှုနဲ့ ပတ်သက်လို့ တရားဝင် အကြောင်းကြားတာ မရှိသေးဘူးလို့လည်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)





XS
SM
MD
LG