(Zawgyi / Unicode)
ရခုိင္ျပည္နယ္ေျမာက္ပိုင္း အင္းဒင္ေက်းရြာမွာ ႐ုိဟင္ဂ်ာ ၁၀ ဦး သတ္ျဖတ္ခံရမႈ သတင္းထုတ္ေဖာ္ ေရးသားခဲ့ၾကတဲ့ ႐ုိက္တာသတင္းေထာက္ ကို၀လံုးနဲ႔ ကိုေက်ာ္စိုးဦးတုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres နဲ႔ ေတြ႔ဆုံခဲ့ပါတယ္။
ကုလသမဂၢ႐ုံးခ်ဳပ္ရွိရာ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕မွာ မေန႔ ေသာၾကာေန႔က ေတြ႔ဆုံၾကတာပါ။ ဘာေၾကာင့္ ခုလိုေတြ႔ဆုံတာလဲ ဆိုတာနဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ၾကတဲ့ အေၾကာင္းအရာေတြကိုေတာ့ မသိရပါဘူး။
သူတို႔ကို အႀကိမ္ႀကိမ္ ႐ုံးထုတ္စစ္ေဆးၿပီးတဲ့ေနာက္မွာေတာ့ ႏုိင္ငံေတာ္လွ်ိဳ႕၀ွက္ခ်က္ အက္ဥပေဒ ခ်ဳိးေဖာက္မႈနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္စီ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ေမလမွာေတာ့ ႏုိင္ငံေတာ္သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ သူတို႔ ၂ ဦးစလုံး ျပန္လြတ္ေျမာက္လာခဲ့ၾကတာလည္း ျဖစ္ပါတယ္။
႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ႏုိင္ငံတကာက စြပ္စြဲေနသေလာက္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာမ်ိဳး မရွိဘူးလို႔ ျငင္းဆိုထားသလို ခ်ိဳးေဖာက္တဲ့လူေတြကိုလည္း စုံစမ္းၿပီး အေရးယူသြားမယ္လို႔ ေျပာဆိုထားပါတယ္။
--------------------------
(Unicode)
ရိုက်တာသတင်းထောက် ၂ ဦး ကုလအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံ
ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းထုတ်ဖော် ရေးသားခဲ့ကြတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ တွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂရုံးချုပ်ရှိရာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မနေ့ သောကြာနေ့က တွေ့ဆုံကြတာပါ။ ဘာကြောင့် ခုလိုတွေ့ဆုံတာလဲ ဆိုတာနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကိုတော့ မသိရပါဘူး။
သူတို့ကို အကြိမ်ကြိမ် ရုံးထုတ်စစ်ဆေးပြီးတဲ့နောက်မှာတော့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မေလမှာတော့ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူတို့ ၂ ဦးစလုံး ပြန်လွတ်မြောက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားသလို ချိုးဖောက်တဲ့လူတွေကိုလည်း စုံစမ်းပြီး အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။