သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်ချခံရိုက်တာသတင်းထောက်နှစ်ဦး မိသားစုဝင်တွေပူဆွေး


ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုဝင်များ
ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုဝင်များ

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လ ျှို့ဝှက်အက် ဥပဒေနဲ့ ထောင် ၇နှစ်ချမှတ် လိုက်ပြီးနောက်မှာတော့ သတင်းထောက်တချို့နဲ့ သတင်း လွတ်လပ်ခွင့်ရရှိရေး လှုပ်ရှားသူတွေနဲ့အတူ နိုင်ငံတကာကပါ သူတို့ကို ပြန်လွှတ်ပေးဖို့ အစိုးရကို ဆန္ဒပြတောင်းဆိုတာတွေ ရန်ကုန်မြို့အပြင် တခြားဒေသတွေမှာပါ လုပ်လာတာတွေ ရှိနေပါတယ်။ ပြစ်ဒဏ်ချခံခဲ့ရသူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ ဇနီးတွေကတော့ ကလေးတွေဟာ ဖခင်မဲ့ အနေနဲ့ စိတ်ဒဏ်ရာရ ကြီးပြင်းလာရမှာကို စိုးရိမ် နေရတာကို ကိုယ်ချင်းစာသနားပေးပြီး သမီးတွေ ရဲ့ ဖခင် တွေကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ မေခက ပေးပို့ထားပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ (၁) (ဂ) နဲ့ တရားစွဲဆိုခံနေရတဲ့ ရိုက်တားစ် သတင်းထောက် ၂ ဦးမှာ အပြစ်ရှိတယ်လို တနင်္လာနေ့က မြောက်ပိုင်းခရိုင် တရားရုံးက ဆုံးဖြတ်ပြီး ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက် ပါတယ်။ သူတို့ဟာ အပြစ်မရှိပဲ ထောင်ခြောက်ဆင် ဖမ်းခံခဲ့ရတာသာဖြစ်ပြီး အစိုးရဘက်က စွပ်စွဲခဲ့သလို နိုင်ငံရဲ့ လုံခြုံရေးကိုချိုး ဖောက်ပြီး သစ္စာဖောက်ဖျက်တဲ့ လုပ်ရပ် လုပ်ခဲ့တာ မရှိခဲ့ဘူးလို့ သူ့တို့တွေရဲ့ မိသားစုဝင်တွေ က ဆိုလိုက်ပါတယ်။ နိုင်ငံရဲ့တည်ဆဲ ဥပဒေတခုခုကို ချိုးဖောက်ကာ ပြစ်မှုတစုံ တရာကျူးလွန်တာမျိုး အရင်ကကော အခုကောပါ ဖောက်ဖျက်ခဲ့တာမရှိသူခင်ပွန်းအ တွက် တရားမ ျှတမှုပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ အစိုးရတွေကို ကိုဝလုံးဇနီးသည် မပန်းအိမွန်ကတောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ Orchid ဟော်တယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

"ဒီလိုပြစ်ဒဏ်ကြီးကြီးမားမားချလိမ့်မယ်လို့ ကျမတို့ မျော်လင့်မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၂ ယောက်လုံးက အမှားမလုပ်ခဲ့ဘူးဆိုတာကို အကုန်လုံးလည်းသိတယ်။ သူတို့ကိုယ်တိုင်လည်းသိတယ်။ သူတို့ကို အခုလိုဖမ်းဆီးခဲ့တဲ့လူတွေလည်း သူတို့တကယ်အမှားလုပ်လားမလုပ်ဘူးလားဆိုတာကို ကာယကံရှင်တွေအသိဆုံးပါပဲ။ ဘဝမှာ ရိုးရိုးတန်းတန်းနဲ့ ဖြတ်သန်းလာပြီးတော့ သူတို့အိမ်မက်ကိုယ်စီကို အကောင်အထည်ဖော်နေတဲ့ လူငယ် ၂ ယောက်အနေနဲ့ ဒီနိုင်ငံတော်ကနေပြီးတော့ သူတို့အပေါ်မှာ သက်ညှာပေးလိမ့်မယ်ဆိုတာကို အပြည့်အ၀ မိသားစုဝင်တယောက်အနေနဲ့ ယုံကြည်ပါတယ်။ ပြီးတော့ အမြန်ဆုံးလည်း အပြစ်မရှိဘူးဆိုတာ သိစေချင်တယ်၊ အမြန်ဆုံးလည်းပြန်လွတ်စေချင်တယ်။"

မိခင်တဦးဖြစ်နေတာချင်း အတူမို့ ကလေးတွေ ဖခင်မဲ့အနေနဲ့နှစ်ကာလ ရှည်စွာ စိတ် ဒဏ်ရာတွေနဲ့ ကြီးပြင်းလာ ရမှာကို ပူပန်နေရတဲ့ မိခင်တဦးရဲ့ခံစားချက်ကို နားလည်ပေးကာ ကလေးတွေရဲ့ ဖခင် တွေကို လွှတ်ပေးဖို့ ကိုကျော်စိုးဦး ရဲ့ဇနီးမချစ်စုက အခုလို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တောင်းဆိုလိုက်ပါတယ်။

"သမီးက အခုဆို ၃ နှစ်ကျော်ပါပြီ၊ ၇ နှစ်ဆိုရင် သူက ၁၀ နှစ်လောက်ရှိသွားပြီ ကလေးကို မူကြိုထားကတည်းက အတူတူထားမယ်လို့ ယုံကြည်ထားတယ် မဖြစ်လာခဲ့ဘူး ။ အတူတူပျော်ရွှင်သောမိသားစုဘဝကို ဖြတ်သန်းချင်တယ်။ သမီးလေး စိတ်ဒဏ်ရာရမှာအရမ်းကြောက်ပါတယ်။ စိတ်ဒဏ်ရာရမှာမလိုလားပါဘူး။ သူ့အဖေဆိုရင်လည်း ငိုရတယ်၊ သူ့သမီးလေးနဲ့ အမြန်ဆုံးတွေ့ချင်တယ် ကလေးက စကားပြောတတ်ချင်ပြီ သူ့အနားမှာ မရှိတဲ့အတွက် တေ်ာတော်စိတ်မကောင်းဖြစ်ရပါတယ်။"

အိမ်ထောင်ဦးစီး လင်ယောက်ကျားတွေဖမ်းခံထားရတဲ့ အပြင် လူမမယ်အရွယ်ကလေးတွေသာ ရှိသေးတဲ့ ရင်သွေး တွေပိုင်ဆိုင်ထားရတာမို့ အင်မတန်ကြပ်တည်းအဆင်မပြေပေမယ့် အားတင်းထားကြောင်း မပန်းအိမွန်က ဆိုပါတယ်။

မပန်းအိမွန်ဟာ ကိုဝလုံးရဲ့ ပထမဆုံးရင်သွေးကို မကြာသေးခင်ကမှ မွေးဖွားထားသူပါ။ ကိုဝလုံးဖမ်းခံရပြီးနောက်မှ ကိုယ်ဝန်ရှိကြောင်းသိခဲ့ရပြီး မွေးဖွားပြီးချိန်ထိ ကိုဝလုံးဟာ အနားမှာမရှိခဲ့ရသလို ဖခင်ဖြစ်သူမှာလည်း ပထမဆုံး သူ့ရင်သွေးကို ခုချိန်ထိ မမြင်ရသေးပါဘူး။

အပြစ်မရှိဘဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ကျူးလွန်တယ်ဆိုပြီး ထောင် ချခံခဲ့ရသလို နိုင်ငံသစ္စာဖောက်လို့ စွပ်စွဲခံနေရတဲ့အတွက် ဝမ်းနည်းမိတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။ ကိုဝလုံး တို့ ကိုကျော်စိုးဦးတို့ အပါအဝင်မိမိတို့ကပါ ချစ်ခင်ကြည်ညိုရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီဥပဒေကို သတင်းသမားတွေ ဖောက်ဖျက် ကျူးလွန်ခဲ့လို့ အခုလိုအရေးယူ ကာ တရားရုံးတင် စစ်ဆေးတာလို့ မကြာသေးခင် သီတင်းပတ်တွေအတွင်း NHK သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့တာမို့ဖမ်းဆီးခံ သတင်းထောက်တွေ ကော သူတို့ကိုယ်တိုင် ဝမ်းနည်းမိရတယ်လို့ ကိုဝလုံးဇနီး မပန်းအိမွန်က ဆိုပါတယ်။ အဖြစ်မှန်ကို နိုင်ငံတော် အတိုင်ပင်ခံကို သိစေချင်တယ်လို့လည်းဆိုလိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဆိုတာက အမတို့အရမ်းကို အထင်ကြီးလေးစားခဲ့ရတဲ့ ပုဂ္ဂိုလ် ပေါ့နော်။ သူတို့၂ ယောက်သတင်သမားမဟုတ်ဘူး၊ လျို့ဝှက်ချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့အခါကျတော့ ရင်ထဲမှာတော်တော်စိတ်မကောင်းဘူး ဝမ်းနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ခေါင်းဆောင်တယောက်က သူတို့အကြောင်းသေချာမသိပါလားပေါ့နော်။ ကိုယ်အထင်ကြီးလေးစားခဲ့ရတဲ့သူက ကိုယ့်အပေါ်မှာ အမြင်လွဲနေတဲ့အတွက် အရမ်းဝမ်းနည်းပါတယ်။'

အပြစ်ပေးခံရတဲ့ သတင်းထောက် မိသားစုဝင်တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးဌာန အချို့ဆီကို အဖြစ်မှန်ကို ရှင်းပြတဲ့ အသနားခံစာ တင်သွားဖို့ လုပ်သွား မယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG