သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာအမှုစီရင်ချက် HRW ဝေဖန်


ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီး တရားစွဲဆိုခံရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ဒီကနေ့ ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အခုလို ပြစ်ဒဏ်စီရင်လိုက်တာက သတင်းလွတ်လပ်ခွင့် အပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်သလို မြန်မာ သတင်းသမားတွေကိုပါ ခြိမ်းခြောက်လိုက်တာလို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ပြောဆိုလိုက်ပါတယ်။

"ဒီတရားစီရင်ချက်က တခြား မြန်မာ သတင်းထောက်တွေကိုပါ ခြိမ်းခြောက်ဖို့ ရည်ရွယ်တာပါ။ နိုင်ငံတွင်းက ထိလွယ်ရှလွယ်တဲ့ ဒီလို ကိစ္စမျိုးတွေကို စုံစမ်းဖော်ထုတ်ရင်တော့ အရေးယူရပါလိမ့်မယ်ဆိုတာကို စစ်တပ်နဲ့ အစိုးရက အသိပေးတဲ့ နည်းလမ်း ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။"

မြန်မာနိုင်ငံက တရားစီရင်ရေး စနစ်နဲ့ တရားရုံးတွေကလည်း သီးခြား လွတ်လပ်မှု မရှိသေးဘဲ စစ်တပ်နဲ့ အစိုးရဘက်က အလွယ်တကူ စွက်ဖက်နိုင်တယ်လို့လည်း HRW ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ဝေဖန်ပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စွဲချက်နဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး အပေါ် တရားရုံး စီရင်ချက်ဟာ ဆိုရင် အရင် စစ်အစိုးရခေတ်ကလို မီဒီယာ ဖိနှိပ်မှုဘက်ကို ပြန်ရောက်သွားတာလို့လည်း HRW က ကြေညာချက် ထုတ်ပါတယ်။

ရိုက်တာအမှုစီရင်ချက် HRW ဝေဖန်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG