သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀လုံး နဲ့ ကျော်စိုးဦး လွတ်မြောက်ရေး သတင်းထောက်တွေတောင်းဆို


ရိုက်တာသတင်းထောက်နှစ်ဦးလွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှု (စက်တင်ဘာ ၁၊ ၂၀၁၈)
ရိုက်တာသတင်းထောက်နှစ်ဦးလွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှု (စက်တင်ဘာ ၁၊ ၂၀၁၈)

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပေါ် စွဲဆိုထားတဲ့အမှုကို စက်တင်ဘာ (၃) ရက် တနင်္လာနေ့မှာ စီရင်ချက်ချဖို့ရှိနေချိန်မှာပဲ စနေနေ့တုန်းကတော့ သတင်းထောက်တချို့နဲ့ သတင်း လွတ်လပ်ခွင့်ရရှိရေး လှုပ်ရှားသူတွေစုပေါင်းပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆို ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ဒီဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တဲ့ “အသံအဖွဲ့” ကို တည်ထောင်သူ ကဗျာဆရာ မောင်ဆောင်းခက -

“ဒီလို သတင်းအမှန်တခုကိုလိုက်ပြီးတော့ ပြည်သူသိအောင် ဖော်ထုတ်ခဲ့တဲ့လူတွေဟာ အမှန် တကယ် က ကျနော်တို့နိုင်ငံတော်အနေနဲ့ ဆုတံဆိပ်တောင် ချီးမြှင့်ရမယ့်အချိန်မှာ သူတို့ကို ဆု တံဆိပ် အစား ထောင်ထဲမှာ နှစ်ရှည်လများထည့်ဖို့အတွက် အစိုးရက ကြိုးစားနေတာကို ကျနော်တို့ တွေ့ရှိနေရပါတယ်။ ..ဆိုတော့ ဒီဟာဟာ မတရားဘူးဆိုတာ ကျနော်တို့အနေနဲ့ လက်ခံယုံကြည်ပါ တယ်။ သူတို့ဟာလည်း လုံးဝ အပြစ်မရှိဘူးဆိုတာ ကျနော်တို့ ယုံကြည်ပြီးသားဖြစ်ပါတယ်။ အဲဒီ အတွက် ကျနော်တို့ဟာ အခုလို လမ်းပေါ်ထွက်ပြီးတော့ သူတို့လွတ်မြောက်ရေးအတွက် ကျနော် တို့ရဲ့ ပြည်သူတွေ သတင်းအမှန်ရရှိရေးအတွက် ကျနော်တို့ ဒီနေ့ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ပါတယ်။”

ရိုက်တာ သတင်းထောက်တွေအမှုကို သြဂုတ်လ (၂၇) ရက်နေ့မှာ အမိန့်ချဖို့ စီစဉ်ခဲ့ပေမယ့် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံး တရားသူကြီးက ကျန်းမာရေး မကောင်းလို့ဆိုပြီး စက်တင်ဘာ (၃) ရက်နေ့ကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေး ကင်းစခန်းတွေကို ဝင်တိုက်ခဲ့ပြီး နောက်ပိုင်း အစိုးရလုံခြုံရေးတပ်ဖွဲ့က ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာ သတင်းရယူဖို့ ကြိုးပမ်းခဲ့တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အစိုးရက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ ဖမ်းဆီ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG