သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Reuters သတင်းထောက် ၂ ယောက် ပြန်လည် လွတ်မြောက်


Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး (မေ၊ ၀၇၊ ၂၀၁၉)

သမ္မတ ဦးဝင်းမြင့်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဒီကနေ့ ပြန်လွတ်လာသူတွေထဲမှာ ရိုက်တာသတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ စတင်ဖမ်းဆီးခံရတဲ့ အချိန်ကနေ ရက်ပေါင်း ၅၀၀ ကျော်အကြာမှာ သတင်းထောက် ၂ ဦး ပြန်လွတ်လာတာပါ။

သူတို့ကို ပြန်လွှတ်ပေးတဲ့အပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ပါမောက္ခ ယန်ဟီးလီက ကြိုဆိုပြီး သူတို့အလုပ်ကို လုပ်တဲ့အတွက် ဒီလို ဆိုးရွားတဲ့ အခြေအနေမျိုး မကြုံခဲ့ရသင့်ပါဘူးလို့ Twitter မှာရေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ဗြိတိန်သံအမတ်ကြီးတို့ကလည်း ဝမ်းမြောက်တဲ့အကြောင်းနဲ့ ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွေမှာ ပြောထားပါတယ်။

ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ ပြောခွင့်ရကလည်း ထုတ်ပြန်ချက်တခုနဲ့ ဝမ်းမြောက်ကြောင်း ပြောဆိုပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို အားပေး ထောက်ခံပြီးတဲ့နောက် မြန်မာအစိုးရနဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ရဲ့ အာရှဒေသခွဲဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က တရား မမျှတတဲ့ အကျဉ်းချခံရမှုကနေ ပြန်လွတ်မြောက်လာတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ချီးကျူးပြောဆိုပြီး သူတို့ ၂ ဦးဟာ အကျဉ်းချခံရဖို့ကိုထား ဘယ်တုန်းကမှ အဖမ်းမခံရသင့်ပါဘူးလို့ ထုတ်ပြန် ပြောဆိုပါတယ်။

ဒီကနေ့ပြန်လွှတ်ပေးတဲ့ အကျဉ်းသား အကျဉ်းသူ ၆၅၂၀ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားသူ အခုချိန်ထိသိထား ရသမျှ ၂၀ ကျော်သွားပြီဖြစ်ပြီး အဲဒီထဲမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်သူတွေလည်း ပါဝင်ပါတယ်။

Reuters သတင်းထောက် ၂ ယောက် ပြန်လည် လွတ်မြောက်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG