သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုက္တာသတင္းဌာန နဲ႔ ဘူးသီးေတာင္ အမတ္ကို စစ္တပ္ တရားစြဲ


ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္သားမ်ား လံုၿခံဳေရး ကင္းလွည့္ေနစဥ္ (မွတ္တမ္းဓါတ္ပံု- ေအာက္တိုဘာလ ၂၁ ရက္ေန႔ ၂၀၁၆ )

(Zawgyi/Unicode)

ျမန္မာစစ္တပ္က ရုိက္တာသတင္းဌာနနဲ႔ လႊတ္ေတာ္အမတ္တဦးတုိ႔ကုိ ရာဇ၀တ္မႈေျမာက္တဲ့ အသေရဖ်က္မႈနဲ႔ စစ္တပ္က တရားစြဲလုိက္ေၾကာင္း ရဲတပ္ဖြဲ႔က ေျပာပါတယ္။ စစ္တပ္ပစ္လုိက္တဲ့ အေျမာက္က်ည္ဆံေတြ ထိမွန္ၿပီး ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္က ရုိဟင္ဂ်ာအမ်ဳိးသမီး ၂ ဦး ေသဆုံးခဲ့တယ္လုိ႔ ဘူးသီးေတာင္ၿမိဳ႕နယ္က လႊတ္ေတာ္အမတ္ေျပာတာကုိ ကုိးကားၿပီး ရုိက္တာသတင္္းမွာ ဇန္န၀ါရီလ ၂၅ ရက္ေန႔က ေဖာ္ျပခဲ့ၿပီး သီတင္းပတ္အနည္းငယ္အၾကာမွာ စစ္တပ္က တရားစြဲလုိက္တာလုိ႔ ဆုိပါတယ္။

စစ္တပ္ကပစ္လုိက္တဲ့ အေျမာက္က်ည္ဆံထိန္မွန္ၿပီး အဲဒီအမ်ဳိးသမီး ေသဆုံးတာနဲ႔ တျခားအရပ္သားေတြ ထိခုိက္ ဒဏ္ရာရခဲ့တယ္ဆုိတာ မဟုတ္မွန္ေၾကာင္း၊ အဲဒီျဖစ္စဥ္ေတြဟာ ရခုိင္လက္နက္ကုိင္အဖြဲ႔ AA ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း ရုိက္တာရဲ႕ သတင္းထြက္လာအၿပီးမွာ စစ္တပ္ဘက္က ျပန္လည္ ေခ်ပခဲ့ပါတယ္။ AA ကေတာ့ သူတုိ႔လက္ခ်က္ေၾကာင့္ မဟုတ္ေၾကာင္း ျငင္းဆုိၿပီး စစ္တပ္ေၾကာင့္ အဲဒီလုိ ေသဆုံး၊ ထိခုိက္ဒဏ္ရာရခဲ့တာလုိ႔ ေျပာပါတယ္။

ရုိက္တာသတင္းဌာနနဲ႔ ေဒသခံလႊတ္ေတာ္အမတ္တုိ႔ကုိ အေ၀းဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၆(ဃ) နဲ႔ တပ္မေတာ္က စြဲခ်က္တင္ထားေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ ယာယီစခန္းမွဴး ေက်ာ္သူက ေျပာပါတယ္။

အစုိးရကုိေ၀ဖန္သူေတြ၊ အြန္လုိင္းေပၚမွာ အသေရဖ်က္သူေတြကုိ ဒီပုဒ္မနဲ႔ စြဲဆုိ ေထာင္ခ်ေလ့ရွိၿပီး အမ်ားဆုံး ေထာင္ဒဏ္ ၃ ႏွစ္အထိ က်ခံရႏုိင္တယ္လုိ႔ ရုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီစြဲဆုိခ်က္နဲ႔ ပတ္သက္လုိ႔ အခုခ်ိန္ထိ ရုိက္တာသတင္းဌာနကုိ အသိေပးရျခင္းမရွိေသးေၾကာင္း၊ မၾကာခင္မွာ အေၾကာင္းၾကားသြားမွာ ျဖစ္ေၾကာင္း ယာယီစခန္းမွဴးက ေျပာပါတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံကုိ တရားစြဲႏုိင္ေရးအတြက္ အမ်ဳိးသားလႊတ္ေတာ္ဥကၠဌထံ အေၾကာင္းၾကားတယ္လုိ႔ ဆုိပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ ေဖေဖာ္၀ါရီလ ၄ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း တပ္မေတာ္ဘက္က ရုိက္တာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္ကုိ မေက်နပ္ေၾကာင္း ထုတ္ေဖာ္ေျပာဆုိခဲ့ပါတယ္။ စစ္တပ္ရဲ႕ သေဘာထားကုိ ထင္ဟပ္ေစဖုိ႔ ရုိက္တာဘက္က သူတုိ႔သတင္းကုိ ျပင္ဆင္ေရးသားခဲ့တယ္လုိ႔ ဆုိပါတယ္။ေနာက္ပုိင္းမွာ စစ္တပ္က သူတုိ႔ရဲ႕မေက်နပ္ခ်က္ကုိ ျမန္မာသတင္းမီဒီယာေကာင္စီထံ တုိင္ၾကားခဲ့တယ္လုိ႔ ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ရိုက်တာသတင်းဌာန နဲ့ ဘူးသီးတောင်အမတ်ကို စစ်တပ် တရားစွဲ

(Unicode)

မြန်မာစစ်တပ်က ရိုက်တာသတင်းဌာနနဲ့ လွှတ်တော်အမတ်တဦးတို့ကို ရာဇဝတ်မှုမြောက်တဲ့ အသရေဖျက်မှုနဲ့ စစ်တပ်က တရားစွဲလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ စစ်တပ်ပစ်လိုက်တဲ့ အမြောက်ကျည်ဆံတွေ ထိမှန်ပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာအမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ်က လွှတ်တော်အမတ်ပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဇန်နဝါရီလ ၂၅ ရက်နေ့က ဖော်ပြခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ စစ်တပ်က တရားစွဲလိုက်တာလို့ ဆိုပါတယ်။

စစ်တပ်ကပစ်လိုက်တဲ့ အမြောက်ကျည်ဆံထိန်မှန်ပြီး အဲဒီအမျိုးသမီး သေဆုံးတာနဲ့ တခြားအရပ်သားတွေ ထိခိုက် ဒဏ်ရာရခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ အဲဒီဖြစ်စဉ်တွေဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ လက်ချက်ဖြစ်ကြောင်း ရိုက်တာရဲ့ သတင်းထွက်လာအပြီးမှာ စစ်တပ်ဘက်က ပြန်လည် ချေပခဲ့ပါတယ်။ AA ကတော့ သူတို့လက်ချက်ကြောင့် မဟုတ်ကြောင်း ငြင်းဆိုပြီး စစ်တပ်ကြောင့် အဲဒီလို သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ပြောပါတယ်။

ရိုက်တာသတင်းဌာနနဲ့ ဒေသခံလွှတ်တော်အမတ်တို့ကို အဝေးဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တပ်မတော်က စွဲချက်တင်ထားကြောင်း ဘူးသီးတောင်မြို့နယ် ယာယီစခန်းမှူး ကျော်သူက ပြောပါတယ်။

အစိုးရကိုဝေဖန်သူတွေ၊ အွန်လိုင်းပေါ်မှာ အသရေဖျက်သူတွေကို ဒီပုဒ်မနဲ့ စွဲဆို ထောင်ချလေ့ရှိပြီး အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီစွဲဆိုချက်နဲ့ ပတ်သက်လို့ အခုချိန်ထိ ရိုက်တာသတင်းဌာနကို အသိပေးရခြင်းမရှိသေးကြောင်း၊ မကြာခင်မှာ အကြောင်းကြားသွားမှာ ဖြစ်ကြောင်း ယာယီစခန်းမှူးက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို တရားစွဲနိုင်ရေးအတွက် အမျိုးသားလွှတ်တော်ဥက္ကဌထံ အကြောင်းကြားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော်ဘက်က ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကို မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စစ်တပ်ရဲ့ သဘောထားကို ထင်ဟပ်စေဖို့ ရိုက်တာဘက်က သူတို့သတင်းကို ပြင်ဆင်ရေးသားခဲ့တယ်လို့ ဆိုပါတယ်။နောက်ပိုင်းမှာ စစ်တပ်က သူတို့ရဲ့မကျေနပ်ချက်ကို မြန်မာသတင်းမီဒီယာကောင်စီထံ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG