သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေရွာင္ေတြရဲ႕ အက်ပ္အတည္း


ဘူးသီးေတာင္ ဘုန္းေတာ္ႀကီးေက်ာင္းတခုတြင္ ေတြ႔ရသည့္ ေမာင္ေတာေဒသမွ ဒုကၡသည္တခ်ဳိ႕။ (ၾသဂုတ္ ၂၈၊ ၂၀၁၇) (AP Photo)

(Zawgyi/Unicode)

ရခုိင္ျပည္နယ္အတြင္း AA ရခုိင္လက္နက္ကုိင္အဖြဲ႔နဲ႔ တပ္မေတာ္တုိ႔အၾကား လအတန္ၾကာ တုိက္ပြဲေတြ ဆက္တုိက္ျဖစ္ေနတာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြ အုိးအိမ္မဲ့ျဖစ္ေနၾကရပါတယ္။ စစ္ေဘးေရွာင္ေတြအေနနဲ႔ စား၀တ္ေနေရးအခက္အခဲ ရွိတဲ့အျပင္ လူငယ္ ေက်ာင္းသားေတြ ပညာဆက္သင္ဖုိ႔အတြက္လည္း အခက္အခဲ ရွိေနတာပါ။ ရခုိင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ ဒုကၡသည္ေတြ ရင္ဆုိင္ေနတဲ့ အခက္အခဲေတြအေၾကာင္း ကုိေဇာ္၀င္းလႈိင္က စုစည္း တင္ျပေပးပါမယ္။

ရခိုင္တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ AA နဲ႔ တပ္မေတာ္တို႔အၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသတြင္းမွာ စစ္ေရွာင္ေတြ တေန႔တျခား တိုးလာေနၿပီး ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္ေတြထဲမွာတင္ စစ္ေဘးေရွာင္ဒုကၡသည္ ၄,၀၀၀ ေလာက္ ရွိေနတာပါ။

ျပန္ၾကားေရးဝန္ႀကီးဌာနရဲ့ ဖိတ္ၾကားခ်က္အရ ရခိုင္ျပည္နယ္တြင္း ေမာင္ေတာနဲ႔ ဘူးသီးေတာင္ ေဒသကို ေဖေဖၚဝါရီလ ၂၇ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိ ၃ ရက္ၾကာ သြားေရာက္ခဲ့တဲ့ ခရီးစဥ္မွာ ကိုယ္တုိင္လိုက္ပါသြားတဲ့ VOA သတင္းဌာနက ေဒၚခင္မ်ိဳးသက္က ေဒသခံေတြကုိ ေတြ႔ဆုံေမးျမန္းခြင့္ရခဲ့တာမွာ ေမာင္ေတာၿမိဳ႕နယ္၊ ဆည္ေတာ္ရြာကုိ မိသားစုနဲ႔အတူ ထြက္ေျပးလာတဲ့ စစ္ေရွာင္ မခင္ေစာမူက သူတုိ႔ရြာမွာရွိေနစဥ္ ႀကံဳေတြ႔ခဲ့ရတဲ့ တုိက္ပြဲအေျခအေနေတြကုိ အခုလုိ ေျပာျပပါတယ္။

“တြင္းထဲမွာ တညလံုးေနရတယ္ အဲဒီမွာ မိသားစုနဲ႔ တညလံုးေနၿပီးေတာ့ မနက္မိုးလင္းေတာ့ အေပၚတက္ေတာ့ သူတို႔က ပစ္ေသးတယ္။ မိုးလင္းရင္လည္း ပစ္ေသးတယ္။ အဲဒီေတာ့ သမီးတို႔ မေနရဲေတာ့ဘူး။ ထမင္းလည္း မစားရေသးဘူး ၊ ထမင္းလည္း မခ်က္ရေသးဘူး အဲဒီေတာ့ ေခ်ာင္းတဖက္ကမ္းကို အကုန္လံုး ရြာကေန အကုန္လံုးေျပးၾကတယ္။ အဲဒီေတာ့ ေခ်ာင္းတဖက္ကမ္းကိုေရာက္ေတာ့ အဲဒီမွာလည္း မေနရဲေတာ့ဘူး လွမ္းပစ္ရင္ စိုးရိမ္တာနဲ႔ သူတို႔ လွမ္းပစ္မွာ စိုးရိမ္စိတ္နဲ႔ စက္ေလွစီးၿပီးေတာ့ အျခားတရြာမွာသြားတယ္။”

နရုံေတာင္ရြာမွာ လာေရာက္ တိမ္းေရွာင္ေနတဲ့ မခင္ခင္၀င္းကလည္း တုိက္ပြဲေတြ ရပ္ေစခ်င္တဲ့ အေၾကာင္း အခုလုိ ေျပာပါတယ္။

“တုိက္ပြဲေတြကို ရပ္ေစခ်င္တယ္ သမီးတို႔ ရြာျပန္ခ်င္တယ္ ။ ဒီမွာေနရာတာ သမီးတို႔ စိတ္မလန္းဘူး မေပ်ာ္ရႊင္ဘူး။ ရြာမွာေနခ်င္တယ္လို႔။”

ဆည္ေတာ္ရြာက ဘုန္းေတာ္ႀကီးေက်ာင္းမွာ စစ္ေဘးေရွာင္ေနတဲ့ မလွျမတ္၀င္းဟာ အထက္တန္းစာေမးပြဲေျဖဖုိ႔ ႀကိဳးစားေနသူ တဦးျဖစ္ပါတယ္။ ဒါေပမယ့္ မိသားစုနဲ႔ ကြဲကြာေနတာေၾကာင့္ စာသင္ရတာ အဆင္မေျပဘူးလုိ႔ သူက ဗီြအုိေအကုိ အခုလုိ ရွင္းျပပါတယ္။

“စာေတာ့ က်က္ေတာ့ က်က္တယ္ ဒါေပမယ့္ စိတ္ထဲမွာ ရႈပ္ေနတယ္။ ရြာမွာ က်န္ေနခဲ့တဲ့အေဖ အေမေတြကို စိုးရိမ္တယ္ေပါေ့နာ္။ အေဖေတြ အေမေတြ အဆင္ေျပပါ့မလား ။ ၿပီးေတာ့ ဒီမွာလာေနတာ ကိုယ္ကေတာ့ အဆင္ေျပတယ္။ ဒါေပမယ့္ အေဖအေမကေတာ့ အဆင္ေျပမလား အကိုေတြကို စိုးရိမ္တယ္ေပါ့ေနာ္။ တခါတေလက်ရင္ ငိုမိတယ္။ ရြာကိုေရာ အေဖအေမ အကိုႀကီးေတြကိုေရာ လြမ္းၿပီး ငိုမိတယ္။ စာဘက္ကို စိတ္မေရာက္ဘူးေပါ့ေနာ္ စိတ္ေတြ ရႈပ္ေထြးေနတယ္ အဲလိုျဖစ္ပါတယ္။ ”

တေန႔တျခား ဒုကၡသည္အေရအတြက္ တုိးမ်ားလာေနတာေၾကာင့္ ဒီဒုကၡသည္ေတြကုိ လက္ခံေပးထားတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းေတြလည္း ေရရွည္ ေထာက္ပံ့ေပးႏုိင္ဖုိ႔ အခက္အခဲ ရွိလာေနတယ္လုိ႔ သူ႔ေက်ာင္းမွာေရာက္ေနၾကတဲ့ ေက်ာင္းသူ/ေက်ာင္းသားေတြကုိ အခမဲ့ ပညာဒါနျပဳေနတဲ့ ေမာင္ေတာၿမိဳ႕နယ္၊ သီရိမဂၤလာ ရြာမေက်ာင္းဆရာေတာ္ အရွင္ ၀ိကၡဏက မိန္႔ပါတယ္။

“နံပတ္ ၁ အခက္ခဲဆံုးကေတာ့ ေနရာပါပဲ။ ေနရာမရွိတဲ့အတြက္ေၾကာင့္ ဒီကေလးမေတြကို ဦးပဥၹင္း မွာထားဖို႔ ရြာထဲမွာ ရွိတဲ့ပုဂိၢဳလ္ေတြဆီက ေငြေၾကး တန္တဲ့အိမ္ေတြမွာ ဌားၿပီးေတာ့ ထားရတယ္။ ပထမဦးဆံုးေရာက္လာတဲ့ ေက်ာင္းသားေတြကလည္း ဦးပဥၹင္း မွာ ၃၀ ေလာက္ပဲ လက္ခံမယ္လို႔ရွိတဲ့အခါ မ်ားလာတဲ့အခါမွာ ေနဖို႔ထိုင္ဖို႔၊ အခက္အခဲျဖစ္တာေပါ့ ဒါက ပထမတခ်က္။ ဒုတိယအခ်က္က ဦးပဥၹင္း မွာ စားေရးေပါ့ေလ။ စားေရးအတြက္ ဦးပဥၹင္း မွာလည္း ဘယ္လိုေျပာမလဲဆိုေတာ့ ဌာနဆိုင္ရာေတြလည္း မလွဴဘူး ေနာက္ၿပီး ျပည္တြင္းျပည္ပ အဖြဲ႔အစည္းေတြကလည္း ဦးပဥၹင္း မွာ လွဴဒန္းတာေတြမရွိ ။ မရမက ရွာေဖြၿပီးေတာ့ ဦးပဥၹင္း တရားေတြဘာေတြနည္းနည္းလိုက္ေဟာ တာေပါ့ေလ။ တရားေဟာလို႔ရတဲ့ေငြနဲ႔ နည္းနည္းပါးပါး ဒီကေလးေတြကို အဆင္ေျပသလို ဒီလိုေကၽြးေမြးတာျဖစ္တယ္။

စစ္ေဘးေရွာင္ ဒုကၡသည္ေတြဟာ ဘက္ေပါင္းစုံက အခက္အခဲေတြနဲ႔ ရင္ဆုိင္ေနၾကရတယ္လုိ႔ လမ္းမဘုန္းေတာ္ႀကီးေက်ာင္း စစ္ေရွာင္စခန္းမွာ အိမ္ယာေတြ ေဆာက္လုပ္လွဴဒါန္းေနတဲ့ ေမယုေသာက္ေရသန္႔ အဖြဲ႔က ဦးေဇာ္၀င္းကလည္း ေျပာပါတယ္။

“စစ္ေဘးေရွာင္ ေတြရဲ႕အခက္အခဲက လူသားတေယာက္လိုအပ္ခ်က္အကုန္လံုးက ခက္ခဲတာပဲ။ ဘာမွအဆင္မေျပဘူး။ အဓိက သူတို႔ လံုၿခံဳေရး ၊ ပညာေရး လံုၿခံဳမႈ၊ က်န္းမာေရး လံုၿခံဳမႈေပါ့။ ဒါအလုပ္အကိုင္အခြင့္အေရး လံုၿခံဳမႈေပါ့။ ဒီ ၃ ခုစလံုးအတြက္ လံုၿခံဳမႈေတြ သူတို႔မွာ ေပ်ာက္ဆံုးေနရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုက်ေနာ္တို႔ ဒီ camp မွာရွိတဲ့ လူေတြရဲ႕ စား၀တ္ေနေရးအတြက္ က်ေနာ္တို႔ အစိုးရ လူကယ္ျပန္ကေန တေန႔ကို ဆန္ ၂ လံုးေပးတာေပါ့ေနာ္။ ဒီ ၂ လံုးနဲ႔ သူတုိ႔ ဒီမွာပဲ ျဖစ္သလို ႀကိဳးစားၿပီး ရုန္းကန္ ရပ္တည္ေနရတာေပါ့ေနာ္။”

ဘူးသီးေတာင္၊ ေမာင္ေတာနဲ႔ ရေသ့ေတာင္ေဒသ၀န္းက်င္မွာတင္ စစ္ေဘးေရွာင္ဒုကၡသည္ ၄,၀၀၀ ေထာင္ေက်ာ္ေလာက္ ရွိေနတယ္လုိ႔ ေမာင္ေတာခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးစုိးေအာင္ကလည္း ေျပာပါတယ္။ ရခုိင္ျပည္နယ္အတြင္း တုိက္ပြဲျဖစ္ပြားေနတဲ့ တျခားေဒသေတြမွာလည္း စစ္ေဘးေရွာင္ဒုကၡသည္ေတြ ေထာင္နဲ႔ခ်ီ ရွိေနေသးသလုိ၊ ခ်င္းျပည္နယ္၊ ပလက္၀ဘက္မွာလည္း ဒီတုိက္ပြဲေတြေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနသူ ေထာင္နဲ႔ၿပီး ရွိေနတာပါ။

အစုိးရတပ္ဖြဲေတြနဲ႔ AA တုိ႔အၾကားက တုိက္ပြဲေတြၾကားမွာ ေျမဇာပင္ျဖစ္ၿပီး ထိခုိက္ ဒဏ္ရာရ၊ ေသဆုံးရတဲ့ အရပ္သားျပည္သူေတြ အမ်ားအျပား ရွိေနေပမယ့္လည္း စာရင္းအတိအက်ေတာ့ မသိရေသးပါဘူး။ အခုခ်ိန္ထိ တုိက္ပြဲအရွိန္ေတြ ေလ်ာ့က်မလာေသးတာေၾကာင့္ စစ္ေဘးေရွာင္ဒုကၡသည္ေတြရဲ႕ ေနရပ္ျပန္ေရး အိပ္မက္ဟာလည္း အလွမ္းေ၀းေနဆဲျဖစ္သလုိ တုိက္ပြဲၾကားမွာ ပိတ္မိေနတဲ့ ကေလးငယ္ေတြရဲ႕ အနာဂတ္ပညာေရးအေျခအေနဟာလည္း မေသခ်ာ မေရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

ရခိုင္စစ္ေရွာင္ေတြရဲ႕ အက်ပ္အတည္း
please wait

No media source currently available

0:00 0:04:35 0:00
တိုက္႐ိုက္ လင့္ခ္


................

ရခိုင်စစ်ရှောင်တွေရဲ့ အကျပ်အတည်း

(Unicode)

ရခိုင်ပြည်နယ်အတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့အကြား လအတန်ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ အိုးအိမ်မဲ့ဖြစ်နေကြရပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ စားဝတ်နေရေးအခက်အခဲ ရှိတဲ့အပြင် လူငယ် ကျောင်းသားတွေ ပညာဆက်သင်ဖို့အတွက်လည်း အခက်အခဲ ရှိနေတာပါ။ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေ ရင်ဆိုင်နေတဲ့ အခက်အခဲတွေအကြောင်း ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါမယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာ စစ်ရှောင်တွေ တနေ့တခြား တိုးလာနေပြီး ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေထဲမှာတင် စစ်ဘေးရှောင်ဒုက္ခသည် ၄,၀၀၀ လောက် ရှိနေတာပါ။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ ရခိုင်ပြည်နယ်တွင်း မောင်တောနဲ့ ဘူးသီးတောင် ဒေသကို ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ကိုယ်တိုင်လိုက်ပါသွားတဲ့ VOA သတင်းဌာနက ဒေါ်ခင်မျိုးသက်က ဒေသခံတွေကို တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာမှာ မောင်တောမြို့နယ်၊ ဆည်တော်ရွာကို မိသားစုနဲ့အတူ ထွက်ပြေးလာတဲ့ စစ်ရှောင် မခင်စောမူက သူတို့ရွာမှာရှိနေစဉ် ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲအခြေအနေတွေကို အခုလို ပြောပြပါတယ်။

“တွင်းထဲမှာ တညလုံးနေရတယ် အဲဒီမှာ မိသားစုနဲ့ တညလုံးနေပြီးတော့ မနက်မိုးလင်းတော့ အပေါ်တက်တော့ သူတို့က ပစ်သေးတယ်။ မိုးလင်းရင်လည်း ပစ်သေးတယ်။ အဲဒီတော့ သမီးတို့ မနေရဲတော့ဘူး။ ထမင်းလည်း မစားရသေးဘူး ၊ ထမင်းလည်း မချက်ရသေးဘူး အဲဒီတော့ ချောင်းတဖက်ကမ်းကို အကုန်လုံး ရွာကနေ အကုန်လုံးပြေးကြတယ်။ အဲဒီတော့ ချောင်းတဖက်ကမ်းကိုရောက်တော့ အဲဒီမှာလည်း မနေရဲတော့ဘူး လှမ်းပစ်ရင် စိုးရိမ်တာနဲ့ သူတို့ လှမ်းပစ်မှာ စိုးရိမ်စိတ်နဲ့ စက်လှေစီးပြီးတော့ အခြားတရွာမှာသွားတယ်။”

နရုံတောင်ရွာမှာ လာရောက် တိမ်းရှောင်နေတဲ့ မခင်ခင်ဝင်းကလည်း တိုက်ပွဲတွေ ရပ်စေချင်တဲ့ အကြောင်း အခုလို ပြောပါတယ်။

“တိုက်ပွဲတွေကို ရပ်စေချင်တယ် သမီးတို့ ရွာပြန်ချင်တယ် ။ ဒီမှာနေရာတာ သမီးတို့ စိတ်မလန်းဘူး မပျော်ရွှင်ဘူး။ ရွာမှာနေချင်တယ်လို့။”

ဆည်တော်ရွာက ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ မလှမြတ်ဝင်းဟာ အထက်တန်းစာမေးပွဲဖြေဖို့ ကြိုးစားနေသူ တဦးဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုနဲ့ ကွဲကွာနေတာကြောင့် စာသင်ရတာ အဆင်မပြေဘူးလို့ သူက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“စာတော့ ကျက်တော့ ကျက်တယ် ဒါပေမယ့် စိတ်ထဲမှာ ရှုပ်နေတယ်။ ရွာမှာ ကျန်နေခဲ့တဲ့အဖေ အမေတွေကို စိုးရိမ်တယ်ပေါေ့နာ်။ အဖေတွေ အမေတွေ အဆင်ပြေပါ့မလား ။ ပြီးတော့ ဒီမှာလာနေတာ ကိုယ်ကတော့ အဆင်ပြေတယ်။ ဒါပေမယ့် အဖေအမေကတော့ အဆင်ပြေမလား အကိုတွေကို စိုးရိမ်တယ်ပေါ့နော်။ တခါတလေကျရင် ငိုမိတယ်။ ရွာကိုရော အဖေအမေ အကိုကြီးတွေကိုရော လွမ်းပြီး ငိုမိတယ်။ စာဘက်ကို စိတ်မရောက်ဘူးပေါ့နော် စိတ်တွေ ရှုပ်ထွေးနေတယ် အဲလိုဖြစ်ပါတယ်။ ”

တနေ့တခြား ဒုက္ခသည်အရေအတွက် တိုးများလာနေတာကြောင့် ဒီဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေလည်း ရေရှည် ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲ ရှိလာနေတယ်လို့ သူ့ကျောင်းမှာရောက်နေကြတဲ့ ကျောင်းသူ/ကျောင်းသားတွေကို အခမဲ့ ပညာဒါနပြုနေတဲ့ မောင်တောမြို့နယ်၊ သီရိမင်္ဂလာ ရွာမကျောင်းဆရာတော် အရှင် ဝိက္ခဏက မိန့်ပါတယ်။

“နံပတ် ၁ အခက်ခဲဆုံးကတော့ နေရာပါပဲ။ နေရာမရှိတဲ့အတွက်ကြောင့် ဒီကလေးမတွေကို ဦးပဉ္ဖင်း မှာထားဖို့ ရွာထဲမှာ ရှိတဲ့ပုဂ္ဂိုလ်တွေဆီက ငွေကြေး တန်တဲ့အိမ်တွေမှာ ဌားပြီးတော့ ထားရတယ်။ ပထမဦးဆုံးရောက်လာတဲ့ ကျောင်းသားတွေကလည်း ဦးပဉ္ဖင်း မှာ ၃၀ လောက်ပဲ လက်ခံမယ်လို့ရှိတဲ့အခါ များလာတဲ့အခါမှာ နေဖို့ထိုင်ဖို့၊ အခက်အခဲဖြစ်တာပေါ့ ဒါက ပထမတချက်။ ဒုတိယအချက်က ဦးပဉ္ဖင်း မှာ စားရေးပေါ့လေ။ စားရေးအတွက် ဦးပဉ္ဖင်း မှာလည်း ဘယ်လိုပြောမလဲဆိုတော့ ဌာနဆိုင်ရာတွေလည်း မလှူဘူး နောက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကလည်း ဦးပဉ္ဖင်း မှာ လှူဒန်းတာတွေမရှိ ။ မရမက ရှာဖွေပြီးတော့ ဦးပဉ္ဖင်း တရားတွေဘာတွေနည်းနည်းလိုက်ဟော တာပေါ့လေ။ တရားဟောလို့ရတဲ့ငွေနဲ့ နည်းနည်းပါးပါး ဒီကလေးတွေကို အဆင်ပြေသလို ဒီလိုကျွေးမွေးတာဖြစ်တယ်။

စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ဘက်ပေါင်းစုံက အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လမ်းမဘုန်းတော်ကြီးကျောင်း စစ်ရှောင်စခန်းမှာ အိမ်ယာတွေ ဆောက်လုပ်လှူဒါန်းနေတဲ့ မေယုသောက်ရေသန့် အဖွဲ့က ဦးဇော်ဝင်းကလည်း ပြောပါတယ်။

“စစ်ဘေးရှောင် တွေရဲ့အခက်အခဲက လူသားတယောက်လိုအပ်ချက်အကုန်လုံးက ခက်ခဲတာပဲ။ ဘာမှအဆင်မပြေဘူး။ အဓိက သူတို့ လုံခြုံရေး ၊ ပညာရေး လုံခြုံမှု၊ ကျန်းမာရေး လုံခြုံမှုပေါ့။ ဒါအလုပ်အကိုင်အခွင့်အရေး လုံခြုံမှုပေါ့။ ဒီ ၃ ခုစလုံးအတွက် လုံခြုံမှုတွေ သူတို့မှာ ပျောက်ဆုံးနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကျနော်တို့ ဒီ camp မှာရှိတဲ့ လူတွေရဲ့ စားဝတ်နေရေးအတွက် ကျနော်တို့ အစိုးရ လူကယ်ပြန်ကနေ တနေ့ကို ဆန် ၂ လုံးပေးတာပေါ့နော်။ ဒီ ၂ လုံးနဲ့ သူတို့ ဒီမှာပဲ ဖြစ်သလို ကြိုးစားပြီး ရုန်းကန် ရပ်တည်နေရတာပေါ့နော်။”

ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသဝန်းကျင်မှာတင် စစ်ဘေးရှောင်ဒုက္ခသည် ၄,၀၀၀ ထောင်ကျော်လောက် ရှိနေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကလည်း ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တခြားဒေသတွေမှာလည်း စစ်ဘေးရှောင်ဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိနေသေးသလို၊ ချင်းပြည်နယ်၊ ပလက်ဝဘက်မှာလည်း ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ ထောင်နဲ့ပြီး ရှိနေတာပါ။

အစိုးရတပ်ဖွဲတွေနဲ့ AA တို့အကြားက တိုက်ပွဲတွေကြားမှာ မြေဇာပင်ဖြစ်ပြီး ထိခိုက် ဒဏ်ရာရ၊ သေဆုံးရတဲ့ အရပ်သားပြည်သူတွေ အများအပြား ရှိနေပေမယ့်လည်း စာရင်းအတိအကျတော့ မသိရသေးပါဘူး။ အခုချိန်ထိ တိုက်ပွဲအရှိန်တွေ လျော့ကျမလာသေးတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ နေရပ်ပြန်ရေး အိပ်မက်ဟာလည်း အလှမ်းဝေးနေဆဲဖြစ်သလို တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးအခြေအနေဟာလည်း မသေချာ မရေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG