သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ဦးတိုက္ပဲြ အရပ္သားထိခိုက္ေသဆံုးမႈ ရွိ


ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနတဲ့ စစ္ပဲြေတြေၾကာင့္ ေသဆံုးခဲ့ရေသာ အမ်ိဳးသမီးတဦးကို ေျမျမွဳပ္ဖို႔ သယ္လာၾကေသာ အရပ္သားမ်ား (မွတ္တမ္းဓာတ္ပံု- ေဖေဖာ္၀ါရီ၊ ၂၁၊ ၂၀၁၉)

(Zawgyi/Unicode)

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲျဖစ္ပြားေနတဲ့ ေျမာက္ဦးၿမိဳ႕နယ္ထဲမွာ အခု ရက္ပိုင္းအတြင္း အရပ္သားေတြ ေသဆံုး ထိခိုက္ဒဏ္ရာရမႈေတြ ရွိေနသလို ေပ်ာက္ဆံုးေနသူေတြလည္း ရွိေနပါတယ္။ မေန႔ကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းေက်းရြာမွာ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာပါ။ ရခိုင္ေျမာက္ပိုင္းက စစ္ေရးတင္းမာေနတဲ့ အေျခေနေတြကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေမးျမန္းတင္ျပထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲျဖစ္ပြားေနတဲ့ ေျမာက္ဦးၿမိဳ႕နယ္ ရွမ္းေတာင္ေက်းရြာအနီး ရန္ကုန္-စစ္ေတြ ကားလမ္းအနီးမွာ ဒီကေန႔ပိုင္းက အေလာင္းသံုးေလာင္း ေတြ႔ရွိခဲတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးထြန္းသာစိန္က ေျပာပါတယ္။

"ဟုတ္ကဲ့ခင္ဗ်ာ။ ဒီေန႔ ေျမာက္ဦးမွာ ၁၁နာရီေလာက္ကေပါေနာ္... ရွမ္းေတာင္ ေက်းရြာအနီး ရန္ကုန္စစ္ေတြ ကားလမ္းနီးမွာ တံတားေအာက္မွာ အေလာင္း သံုးေလာင္းကို ေတြ႔ရတယ္လိုု႔ ေဒသခံေတြက ေျပာၾကတယ္။ အဲဒီအေလာင္း သံုးေလာင္းကေတာ့ အာေလာင္လို႔ေခၚတဲ့ အသက္ ၂၄ႏွစ္ ဘဂၤါလီတေယာက္ရယ္ ၿပီးေတာ့ ေမာင္ေက်ာ္ခိုင္ဆိုတဲ့ တေယာက္ရယ္ ေမာင္သန္းေဌးဆိုတဲ့ တစ္ေယာက္ရယ္ အဲဒီသံုးေယာက္ရဲ႕ အေလာင္းကို ဒီေန႔မနက္ ၁၁ နာရီေလာက္မွာ ေတြ႔ရတယ္လို႔ ေဒသခံေတြက ေျပာတယ္။"

ဖေဖာ္ဝါရီိလ ၂၉ ရက္ တနဂၤေႏြေန႔က ေျမာက္ဦးၿမိဳ႕နယ္ ေတာင္ပိုင္း ေျမာင္းေဘြေက်းရြာနဲ႔ ေရြလံေက်းရြာၾကား ရန္ကုန္စစ္ေတြ ကားလမ္းမွာ တပ္မေတာ္စစ္ေၾကာင္းတခု မိုင္းဆြဲခံခဲ့ရၿပီး ေနာက္မွာ နွစ္ဘက္ တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္းနဲ႔ ဒီတိုက္ပြဲ ေနာက္ပိုင္းမွာ အရပ္သား ေသဆံုးမႈေတြ ေပ်ာက္ဆံုးမႈေတြ ရွိေနတယ္လို႔လည္း ေျပာပါတယ္။

စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းကေျမာက္ဦးၿမိဳ႕နယ္မွာ ၃ ရက္အတြင္း အရပ္သားေသဆံုးသူ ၉ ဦး ထိခိုက္ဒဏ္ရာရသူ ၁၈ ဦးနဲ႔ ေပ်ာက္ဆံုးေနသူ ၁၃ ဦး ရွိတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အသည္းအရံုး REC က ထုတ္ျပန္ထားပါတယ္။

ကုလားတန္စီမံကိန္း ရိကၡာတင္ယာဥ္မ်ား ဖ်က္ဆီးခံရတဲ့ သတင္းကိုလည္း ဖတ္ရႈႏိုင္ပါၿပီ။

ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာေတာ့ ေက်ာက္တန္းေက်းရြာမွာ တုိက္ပြဲ ျဖစ္ပြါးမႈ မရွိေပမဲ့ မေန႔က ရြာထဲကို လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့ တဲ့အတြက္ ေနအိမ္ေတြ မီးေလာင္သြားခဲ့သလို ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရ တယ္လို႔ ေဒသခံ တဦးကေျပာပါတယ္။

"တိုက္ပြဲျဖစ္တာေတာ့ မရွိဘူးခင္ဗ်ာ။ ျမန္မာ့တပ္မေတာ္က အဲဒီထီးစြဲရြာက ေနၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ ပစ္ေနတာ။ မနက္ကလည္း ပစ္ေနတယ္။ ေလယာဥ္ႏွစ္စီးနဲ႔လည္း လာပစ္ေသးတယ္။ ရြာမွာေတာ့ လူေတြ မရွိေတာ့ဘူး ခင္မ်ာ အကုန္လံုးေၾကာက္ၿပီးေတာ့ ထြက္ေျပးသြားၾကပါၿပီခင္ဗ်ာ။ ေအးခ်မ္းမယ့္ေနရာေတြ သူတို႔ရဲ႕ အသက္ေတြ လံုၿခံဳမယ့္ေနရာေတြကိုေပါ့။အိမ္ အလံုး တဆယ္ေက်ာ္ေလာက္ မီးေလာင္သြားတယ္။ လက္ နက္ႀကီးနဲ႔ ပစ္လို႔ေလာင္တာလည္း ရွိတယ္။ ေလယာဥ္နဲ႔ ပစ္လို႔ေလာင္တာလည္း ရွိတယ္။"

AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခကလည္း ေက်ာက္တန္းေက်းရြာ အနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တာ မရွိဘူးလို႔ ေျပာပါတယ္။

"မတ္လ တစ္ရက္ေန႔မွာေတာ့ တိုက္ပြဲႀကီးႀကီးမားမား ျဖစ္တာ မရွိဘူးဗ်ာ။ အဲဒီမွာ ရေသ့ေတာင္ ၿမိဳ႕နယ္ ေက်ာက္တန္း ေက်းရြာကို ျမန္မာစစ္တပ္ဘက္က တဘတ္သတ္ ပစ္ခတ္တာေတြေတာ့ရွိတယ္။ ေက်ာက္တန္း ေက်းရြာကို ျမန္မာစစ္တပ္ဘက္က တိုက္ပြဲအတု ဖန္တီးၿပီးေတာ့ အဲဒီမွာ ရဟတ္ယာဥ္ေတြနဲ႔ လာၿပီးေတာ့ပစ္ ေျမျပင္ကလာၿပီးေတာ့ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ အဲလိုပစ္တာေၾကာင့္ ေက်ာက္တန္း ေက်းရြာ မီးေလာင္ေနတယ္ ဆိုၿပီးေတာ့ ေနာက္ဆံုး သတင္းရတာ ရွိတယ္။ အဲဒီမွာ က်ေနာ္တို႔နဲ႔ တိုက္ပြဲျဖစ္တာ လံုးဝမရွိဘူး။ ျမန္မာ စစ္တပ္ကေနၿပီးေတာ့ အရပ္သားေတြ ေနအိမ္ေတြကို မတရား မီးရိႈ႕ဖ်က္စီးေနတာပဲ ျဖစ္တယ္။"

ဒါေပမဲ့ တပ္မေတာ္ဘက္ကေတာ့ အဲဒီေက်ာက္တန္းေက်းရြာမွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

"ဒီေန႔အေျခအေနကိုေတာ့ က်ေနာ္တို႔လည္း ေသခ်ာမသိေသးဘူးဗ်ာ။ မေန႔ကေတာ့ ရေသ့ေတာင္ဘက္မွာ တိုက္ပြဲေတြ ရွိတယ္... ေက်ာက္တန္းဘက္မွာပါပဲ။ မီးေလာင္သြားတာကိုေတာ့ က်ေနာ္လည္း မၾကားမိဘူးဗ်ာ။"

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္း ရေသ့ေတာင္ၿမိဳ႕နယ္ဖက္မွာ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲေတြ ျပင္းထန္ခဲ့တာေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ဦးေရ ၄၀,၀၀၀ နီးပါး အထိရွိလာၿပီး ယခု လဆန္းပိုင္းမွာလည္း ေက်ာက္တန္းေက်းရြာ အနီးတဝိုက္က ေဒသခံအမ်ား အျပား ေဘးလြတ္ရာေတြကို ထြက္ေျပးေနၾကတာပါ။

ရခိုင္ေျမာက္ပိုင္းမွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲအတြင္းမွာ အရပ္သားထိခိုက္ေသဆံုး ဒဏ္ရာရရွိသူေတြ တစ္ေန႔ထက္တစ္ေန႔ မ်ားလာေနသလို အရပ္သားေတြ ေသဆံုးတိုင္းမွာလည္း တပ္နဲ႔ AA အဖြဲ႔တို႔ဟာ တဘက္နဲ႔ တဘက္ အျပန္အလွန္ စြပ္စြဲေနၾကတာလည္း ျဖစ္ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ဦးတိုက်ပွဲ အရပ်သားထိခိုက်သေဆုံးမှု ရှိ

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ဦးမြို့နယ်ထဲမှာ အခု ရက်ပိုင်းအတွင်း အရပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေသလို ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။ မနေ့ကတော့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ရခိုင်မြောက်ပိုင်းက စစ်ရေးတင်းမာနေတဲ့ အခြေနေတွေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က မေးမြန်းတင်ပြထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ဦးမြို့နယ် ရှမ်းတောင်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းအနီးမှာ ဒီကနေ့ပိုင်းက အလောင်းသုံးလောင်း တွေ့ရှိခဲတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောပါတယ်။

"ဟုတ်ကဲ့ခင်ဗျာ။ ဒီနေ့ မြောက်ဦးမှာ ၁၁နာရီလောက်ကပေါနော်... ရှမ်းတောင် ကျေးရွာအနီး ရန်ကုန်စစ်တွေ ကားလမ်းနီးမှာ တံတားအောက်မှာ အလောင်း သုံးလောင်းကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောကြတယ်။ အဲဒီအလောင်း သုံးလောင်းကတော့ အာလောင်လို့ခေါ်တဲ့ အသက် ၂၄နှစ် ဘင်္ဂါလီတယောက်ရယ် ပြီးတော့ မောင်ကျော်ခိုင်ဆိုတဲ့ တယောက်ရယ် မောင်သန်းဌေးဆိုတဲ့ တစ်ယောက်ရယ် အဲဒီသုံးယောက်ရဲ့ အလောင်းကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောတယ်။"

ဖဖော်ဝါရီလ ၂၉ ရက် တနင်္ဂနွေနေ့က မြောက်ဦးမြို့နယ် တောင်ပိုင်း မြောင်းဘွေကျေးရွာနဲ့ ရွေလံကျေးရွာကြား ရန်ကုန်စစ်တွေ ကားလမ်းမှာ တပ်မတော်စစ်ကြောင်းတခု မိုင်းဆွဲခံခဲ့ရပြီး နောက်မှာ နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဒီတိုက်ပွဲ နောက်ပိုင်းမှာ အရပ်သား သေဆုံးမှုတွေ ပျောက်ဆုံးမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းကမြောက်ဦးမြို့နယ်မှာ ၃ ရက်အတွင်း အရပ်သားသေဆုံးသူ ၉ ဦး ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃ ဦး ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အသည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

ကုလားတန်စီမံကိန်း ရိက္ခာတင်ယာဉ်များ ဖျက်ဆီးခံရတဲ့ သတင်းကိုလည်း ဖတ်ရှုနိုင်ပါပြီ။

ရသေ့တောင်မြို့နယ်ထဲမှာတော့ ကျောက်တန်းကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွါးမှု မရှိပေမဲ့ မနေ့က ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့ တဲ့အတွက် နေအိမ်တွေ မီးလောင်သွားခဲ့သလို ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရ တယ်လို့ ဒေသခံ တဦးကပြောပါတယ်။

"တိုက်ပွဲဖြစ်တာတော့ မရှိဘူးခင်ဗျာ။ မြန်မာ့တပ်မတော်က အဲဒီထီးစွဲရွာက နေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ မနက်ကလည်း ပစ်နေတယ်။ လေယာဉ်နှစ်စီးနဲ့လည်း လာပစ်သေးတယ်။ ရွာမှာတော့ လူတွေ မရှိတော့ဘူး ခင်မျာ အကုန်လုံးကြောက်ပြီးတော့ ထွက်ပြေးသွားကြပါပြီခင်ဗျာ။ အေးချမ်းမယ့်နေရာတွေ သူတို့ရဲ့ အသက်တွေ လုံခြုံမယ့်နေရာတွေကိုပေါ့။အိမ် အလုံး တဆယ်ကျော်လောက် မီးလောင်သွားတယ်။ လက် နက်ကြီးနဲ့ ပစ်လို့လောင်တာလည်း ရှိတယ်။ လေယာဉ်နဲ့ ပစ်လို့လောင်တာလည်း ရှိတယ်။"

AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကလည်း ကျောက်တန်းကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

"မတ်လ တစ်ရက်နေ့မှာတော့ တိုက်ပွဲကြီးကြီးမားမား ဖြစ်တာ မရှိဘူးဗျာ။ အဲဒီမှာ ရသေ့တောင် မြို့နယ် ကျောက်တန်း ကျေးရွာကို မြန်မာစစ်တပ်ဘက်က တဘတ်သတ် ပစ်ခတ်တာတွေတော့ရှိတယ်။ ကျောက်တန်း ကျေးရွာကို မြန်မာစစ်တပ်ဘက်က တိုက်ပွဲအတု ဖန်တီးပြီးတော့ အဲဒီမှာ ရဟတ်ယာဉ်တွေနဲ့ လာပြီးတော့ပစ် မြေပြင်ကလာပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ် အဲလိုပစ်တာကြောင့် ကျောက်တန်း ကျေးရွာ မီးလောင်နေတယ် ဆိုပြီးတော့ နောက်ဆုံး သတင်းရတာ ရှိတယ်။ အဲဒီမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ မြန်မာ စစ်တပ်ကနေပြီးတော့ အရပ်သားတွေ နေအိမ်တွေကို မတရား မီးရှို့ဖျက်စီးနေတာပဲ ဖြစ်တယ်။"

ဒါပေမဲ့ တပ်မတော်ဘက်ကတော့ အဲဒီကျောက်တန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"ဒီနေ့အခြေအနေကိုတော့ ကျနော်တို့လည်း သေချာမသိသေးဘူးဗျာ။ မနေ့ကတော့ ရသေ့တောင်ဘက်မှာ တိုက်ပွဲတွေ ရှိတယ်... ကျောက်တန်းဘက်မှာပါပဲ။ မီးလောင်သွားတာကိုတော့ ကျနော်လည်း မကြားမိဘူးဗျာ။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ရသေ့တောင်မြို့နယ်ဖက်မှာ AA အဖွဲ့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ ၄၀,၀၀၀ နီးပါး အထိရှိလာပြီး ယခု လဆန်းပိုင်းမှာလည်း ကျောက်တန်းကျေးရွာ အနီးတဝိုက်က ဒေသခံအများ အပြား ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြတာပါ။

ရခိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်းမှာ အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိသူတွေ တစ်နေ့ထက်တစ်နေ့ များလာ နေသလို အရပ်သားတွေ သေဆုံးတိုင်းမှာလည်း တပ်နဲ့ AA အဖွဲ့တို့ဟာ တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG