သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

RFE သတင္းေထာက္ ရုရွားမွာ အၾကမ္းဖက္မႈနဲ႔ တရားစြဲခံရ


Radio Free Europe ေခၚ လြတ္လပ္ေသာ ဥေရာပအသံေရဒီယုိ ရုရွားဘာသာ သတင္းေထာက္ Svetlana Prokopyeva

(Zawgyi/Unicode)

Radio Free Europe ေခၚ လြတ္လပ္ေသာ ဥေရာပအသံေရဒီယုိ ရုရွားဘာသာ သတင္းေထာက္ Svetlana Prokopyeva ကုိ အၾကမ္းဖက္မႈနဲ႔ ရုရွားႏုိင္ငံ Pskov ၿမိဳ႕ အစုိးရဥပေဒအက်ဳိးေဆာင္က တရား၀င္ စြဲခ်က္တင္လုိက္ပါတယ္။

REF ရုရွားဘာသာဌာန အလြတ္သတင္းေထာက္ Prokopyeva ကုိ မတ္လ ၁၆ ရက္ေန႔က အခုလုိ စြဲခ်က္တင္လုိက္တာဟာ ၂၀၁၈ တုန္းက ထုတ္လႊင့္ခဲ့တဲ့ သတင္းသုံးသပ္ခ်က္ တခုေၾကာင့္ ျဖစ္တယ္လုိ႔ စြဲခ်က္မွာ ေဖာ္ျပထားပါတယ္။ Prokopyeva ကေတာ့ ဒါကုိ ျငင္းဆန္ထားၿပီး ဒီစြဲခ်က္ကုိ လူ႔အခြင့္အေရးအဖြဲ႔ေတြ၊ မီဒီယာေစာင့္ၾကည့္ေရးအဖြဲ႔ေတြကလည္း ေ၀ဖန္ေနၾကပါတယ္။

ျပစ္မႈထင္ရွား စီရင္ခံရရင္ ဒီသတင္းေထာက္ အမ်ဳိးသမီးဟာ ေထာင္ဒဏ္ ၇ ႏွစ္ က်ခံရႏုိင္ပါတယ္။

REF ရုရွားဘာသာဌာနအႀကီးအကဲ Jamie Fly က Prokopyeva အေပၚ တင္လုိက္တဲ့ စြဲခ်က္ေတြဟာ အေျခအျမစ္မရွိဘဲ လြတ္လပ္တဲ့ သတင္းေထာက္တဦးကုိ တမင္သက္သက္ ႏႈတ္ပိတ္ဖုိ႔လုပ္ေဆာင္ခ်က္သာျဖစ္တယ္လုိ႔ ေျပာဆုိ ရႈတ္ခ်လုိက္ပါတယ္။

လြတ္လပ္တဲ့ သတင္းသမားေတြဟာ ျဖစ္ပ်က္ေနတဲ့ အေရးႀကီးသတင္းအခ်က္အလက္ေတြကုိ လူထုသိေအာင္ ေျပာျပဖုိ႔တာ၀န္ရွိၿပီး သူတုိ႔အလုပ္ကုိ သူတုိ႔လုပ္ေဆာင္ေနတဲ့အတြက္ ေလးစားရမွာျဖစ္ၿပီး ရာဇ၀တ္သားေတြကုိ မဆက္ဆံသင့္ဘူးလုိ႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

RFE သတင်းထောက် ရုရှားမှာ အကြမ်းဖက်မှုနဲ့ တရားစွဲခံရ

Radio Free Europe ခေါ် လွတ်လပ်သော ဥရောပအသံရေဒီယို ရုရှားဘာသာ သတင်းထောက် Svetlana Prokopyeva ကို အကြမ်းဖက်မှုနဲ့ ရုရှားနိုင်ငံ Pskov မြို့ အစိုးရဥပဒေအကျိုးဆောင်က တရားဝင် စွဲချက်တင်လိုက်ပါတယ်။

REF ရုရှားဘာသာဌာန အလွတ်သတင်းထောက် Prokopyeva ကို မတ်လ ၁၆ ရက်နေ့က အခုလို စွဲချက်တင်လိုက်တာဟာ ၂၀၁၈ တုန်းက ထုတ်လွှင့်ခဲ့တဲ့ သတင်းသုံးသပ်ချက် တခုကြောင့် ဖြစ်တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။ Prokopyeva ကတော့ ဒါကို ငြင်းဆန်ထားပြီး ဒီစွဲချက်ကို လူ့အခွင့်အရေးအဖွဲ့တွေ၊ မီဒီယာစောင့်ကြည့်ရေးအဖွဲ့တွေကလည်း ဝေဖန်နေကြပါတယ်။

ပြစ်မှုထင်ရှား စီရင်ခံရရင် ဒီသတင်းထောက် အမျိုးသမီးဟာ ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်ပါတယ်။

REF ရုရှားဘာသာဌာနအကြီးအကဲ Jamie Fly က Prokopyeva အပေါ် တင်လိုက်တဲ့ စွဲချက်တွေဟာ အခြေအမြစ်မရှိဘဲ လွတ်လပ်တဲ့ သတင်းထောက်တဦးကို တမင်သက်သက် နှုတ်ပိတ်ဖို့လုပ်ဆောင်ချက်သာဖြစ်တယ်လို့ ပြောဆို ရှုတ်ချလိုက်ပါတယ်။

လွတ်လပ်တဲ့ သတင်းသမားတွေဟာ ဖြစ်ပျက်နေတဲ့ အရေးကြီးသတင်းအချက်အလက်တွေကို လူထုသိအောင် ပြောပြဖို့တာဝန်ရှိပြီး သူတို့အလုပ်ကို သူတို့လုပ်ဆောင်နေတဲ့အတွက် လေးစားရမှာဖြစ်ပြီး ရာဇဝတ်သားတွေကို မဆက်ဆံသင့်ဘူးလို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG