သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းခြံဝင်း Kyrgyz အထူးလုံခြုံရေးတပ်များ စီးနင်း


Kyrgyzstan သမ္မတဟောင်း Almazbek Atambaev ရဲ့ ခြံဝန်းအတွင်း Kyrgyz အထူးရဲတပ်ဖွဲ့က ဒီကနေ့ အတင်း ဝင်ရောက် စီးနင်းပါတယ်။ သမ္မတဟောင်းကို ထိန်းသိမ်းဖို့ ဗုဒ္ဓဟူးနေ့ညဘက်က ပထမအကြိမ် ကြိုးစားတာမှာ သူ့ကိုထောက်ခံသူတွေနဲ့ ထိပ်တိုက်တွေ့ပြီး မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့ ဝင်စီးတာပါ။ ညဘက်ကဖြစ်ရပ်အတွင်း အထူးရဲတပ်ဖွဲ့ဝင်တဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရပါတယ်။

အသံအကျယ်ကြီးမြည်ပြီး မီးခိုးထွက် ပေါက်ကွဲတဲ့ လက်ပစ်ဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေကို ရဲတပ်ဖွဲ့က ဒီကနေ့သုံးပြီး ခြံဝန်းထဲကို ဝင်ခဲ့ကြတယ်လို့ အခင်းဖြစ်နေရာမှာရောက်နေတဲ့ Radio Free Europe/Radio Liberty RFE/RL သတင်းထောက်တွေက ပြောပါတယ်။ အဲဒီခြံဝန်းထဲမှာ သမ္မတဟောင်း Atambaev နဲ့ သူ့ကိုထောက်ခံသူတွေ ခိုလှုံနေကြတာပါ။ သေနတ်သံတွေကိုလည်း ကြားရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

သြဂုတ်လ ၇ ရက်နေ့မှာ သမ္မတဟောင်းကို ထောက်ခံသူတွေ ဖမ်းဆီးခဲ့တဲ့ အထူးရဲတပ်ဖွဲ့ဝင် ၆ ဦး ပြန်လွတ်လာပြီးတဲ့နောက် အခုလို ဝင်ရောက်စီးနင်းတာပါ။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ Kyrgyzstan သမ္မတဖြစ်ခဲ့သူ အသက် ၆၂ နှစ်အရွယ် Atambaev ဟာ လာဘ်စားမှု၊ အာဏာအလွဲသုံးမှု၊ တရားမဝင် ကြွယ်ဝချမ်းသာအောင် လုပ်မှုတွေအပါအဝင် သမ္မတအာဏာကို တရားမဝင် အသုံးချမှုဆိုင်ရာ စွဲချက် ၅ ခုနဲ့ ရင်ဆိုင်နေရတာပါ။ စွဲချက်တွေကို Atambaec က ပယ်ချပြီး သြဂုတ်လ ၇ ရက်နေ့မှာ အထူးတပ်ဖွဲ့က သူ့ကိုဖမ်းဖို့ ကြိုးစားတာကို အန်တုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG