သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီးျခားခြဲထားသူမ်ား စိတ္ခ်မ္းေျမ့ေစေရး ပရဟိတသမားမ်ား ကူညီေပး


လိႈင္ၿမိဳ႕နယ္ရွိ Quarantine Center ေရွ႕တြင္ ေတြ႔ရသည့္ ပရဟိတလုပ္အားေပးအဖြဲ႔ (ဓာတ္ပံု - May Thinn Khaing (Tracy) Facebook) (ဧၿပီ ၃၊ ၂၀၂၀)

(Zawgyi/Unicode)

Quarantine Center ေတြမွာ ၁၄ ရက္ ေစာင့္ၾကည့္ခံေနၾကတဲ့သူေတြကို Volunteer ေတြက အစားအေသာက္ေကြၽးေမြးတာ လိုအပ္တဲ့ ကိစၥေတြ လုပ္ေဆာင္ေပးတာေတြအျပင္ သီးသန႔္ေနေနၾကရတဲ့ သူတို႔ေတြအတြက္ အၾကပ္အတည္းကာလမွာ စိတ္သက္သာရာ ေပ်ာ္စရာေတြကိုလည္း တတ္ႏိုင္သ၍ ဖန္တီးေပးေနၾကတယ္ဆိုတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

ႏိုင္ငံရပ္ျခားကေန ျပန္လာသူေတြကို သီးသန႔္ခြဲထားၿပီး ၁၄ ရက္ သတ္မွတ္ေနရာေတြမွာ ေစာင့္ၾကည့္ခံေနရခ်ိန္ အၾကပ္အတည္းကာလမွာ Volunteer ေတြက စိတ္သက္သာစရာေတြကို တတ္ႏိုင္သ၍ ဖန္တီးေပးေနၾကပါတယ္။

ေဆးေက်ာင္းသား Volunteer ေတြက လႈိင္ၿမိဳ႕နယ္က Facility Quarantine Center မွာ ေစာင့္ၾကည့္ခံေနရသူေတြအတြက္ မေန႔က သီခ်င္းေတြ သီဆိုၿပီး ေဖ်ာ္ေျဖေပးတာမ်ိဳးလုပ္ေပးခဲ့ပါတယ္။

သူတို႔ေတြက က်န္းမာေရးအတြက္ ကူညီလုပ္ေပးၾကတာေတြအျပင္ ေစာင့္ၾကည့္ခံေနရသူေတြ စိတ္ပ်က္ အားေလ်ာ့တာေတြ မျဖစ္ေအာင္ ေပ်ာ္႐ႊင္စရာေတြ လုပ္ေပးေနၾကတာပါ။

လိႈင္ၿမိဳ႕နယ္ရွိ Quarantine Center ေရွ႕တြင္ ေတြ႔ရသည့္ ပရဟိတလုပ္အားေပးအဖြဲ႔ (ဓာတ္ပံု - May Thinn Khaing (Tracy) Facebook) (ဧၿပီ ၃၊ ၂၀၂၀)
လိႈင္ၿမိဳ႕နယ္ရွိ Quarantine Center ေရွ႕တြင္ ေတြ႔ရသည့္ ပရဟိတလုပ္အားေပးအဖြဲ႔ (ဓာတ္ပံု - May Thinn Khaing (Tracy) Facebook) (ဧၿပီ ၃၊ ၂၀၂၀)

“စုစုေပါင္း က်ေနာ္တို႔ ေဆးေက်ာင္းသားေတြရယ္။ Volunteer ၃၅ ေယာက္ရယ္၊ ခုက်ေနာ္တို႔ ဆက္ၿပီးေတာ့ လႈိင္ Quarantine Center ကေနၿပီးေတာ့ ဒီဘက္ H အေဆာင္မွာရွိတဲ့ ျပည္ေတာ္ျပန္မ်ားကို ေဖ်ာ္ေျဖမွာျဖစ္ပါတယ္။ က်ေနာ္တို႔ ဒီေရာဂါႀကီးကို အတူတူေက်ာ္ျဖတ္ၾကရေအာင္ပါ။”

ဒီလိုပဲ ပအိုင္းေဒသ ေနာင္တရားျပည္နယ္က ျပည္ေတာ္ျပန္ေတြကို ေစာင့္ၾကည့္ထားရာ စာသင္ေက်ာင္းမွာ ခြဲျခားဆက္ဆံတယ္လို႔ မယူဆဖို႔ ကပ္ေရာဂါကာလမွာ က်န္းမာေရး ျပဌာန္းခ်က္ေတြအရ ခြဲထားရတာမို႔ စိတ္အားမငယ္ၾကဖို႔ ရည္႐ြယ္ၿပီး ေနာင္တရားလူငယ္ေတြက စတိတ္ရႈိးတခု စီစဥ္ၿပီး ေဖ်ာ္ေျဖေပးခဲ့ၾကပါတယ္။

Quarantine Center ေတြမွာ Volunteer အျဖစ္ ကူညီေပးေနတဲ့ မသင္ဇာခိုင္ကလည္း ေစာင့္ၾကည့္ခံသူေတြကို ကူညီးေပရတာနဲ႔ ပတ္သက္လို႔ သူ႔ရဲ႕ အေတြ႕အႀကဳံကို ခုလို ေျပာျပပါတယ္။

“ဒီမွာက အရမ္းေပ်ာ္ၾကတယ္။ ဒီမွာ ၁၄ ရက္ေတာင္ မဟုတ္ဘူး။ ၂၈ ရက္ဆိုလည္း ေပ်ာ္ေပ်ာ္ႀကီးေနမယ့္လူေတြခ်ည္းပဲ၊ အရမ္းစိတ္ခ်မ္းသာၾကတယ္။ ေပ်ာ္ၾကတယ္၊ လူနာလိုလည္း က်မတို႔ မဆက္ဆံဘူး။ စကတည္းက စည္းကမ္းခ်က္ေတြကိုေတာ့ လိုက္နာတယ္။ က်မတို႔ ၃ ေပခြာရမယ္ဆို ခြာတယ္ေပါ့ေႏွာ္။ သူတို႔ႏွင့္ က်မတို႔က မိသားစုလို ဒီမွာ ရင္းရင္း ႏွီးႏွီးေနတာ သူတိုနဲ႔ ဆက္ဆံေရးကိုပါ တခါတည္း တည္ေဆာက္တဲ့ အခါက်ေတာ့ Volunteer ေတြနဲ႔ Quarantine ဝင္တဲ့သူေတြနဲ႔က အရမ္းအဆင္ေျပတယ္။ ဆရာေတာ္ကလည္း လိုေလေသးမရွိေအာင္ ျဖည့္ဆည္းေပးတဲ့ခါက်ေတာ့ အရမ္းကို အဆင္ေျပေခ်ာေမြ႕တယ္။ ဒီမွာ ေနမေကာင္းတာတို႔လည္း လုံးဝမရွိဘူး။ က်န္းမာေနၾကတယ္၊ ေပ်ာ္႐ႊင္ေနၾကတယ္ အားလုံးက။”

Volunteer ေတြက Quarantine ေနေနၾကတဲ့သူေတြကို အစားအေသာက္ပို႔ေဆာင္ေပးတာ၊ လိုအပ္တဲ့ ပစၥည္းေတြ ပို႔ေပးတာေတြ လုပ္ေပးသလို သီးသန႔္ေနရတဲ အေတာအတြင္းမွာ စိတ္ေပ်ာ္႐ႊင္ဖို႔အတြက္ကိုလည္း တတ္ႏိုင္သမွ် ေဆာင္႐ြက္ေပးေနၾကပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါပိုးေတြ႔ရွိထားသူ စုစုေပါင္းက ၂၀ ဦးရွိေနၿပီး ေသဆုံးသူ ၁ ဦး ရွိပါတယ္။

ကမာၻမွာ ေရာဂါျဖစ္ပြားေနသူ စုစုေပါင္းက ၁ သန္းေက်ာ္ရွိေနၿပီး ေသဆုံးသူက ၅၅,၀၀၀ နီးပါးနဲ႔ ျပန္လည္သက္သာလာသူ စုစုေပါင္းက ၂၀၀,၀၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သီးခြားခွဲထားသူများ စိတ်ချမ်းမြေ့စေရေး ပရဟိတသမားများ ကူညီပေး

Quarantine Center တွေမှာ ၁၄ ရက် စောင့်ကြည့်ခံနေကြတဲ့သူတွေကို Volunteer တွေက အစားအသောက်ကျွေးမွေးတာ လိုအပ်တဲ့ ကိစ္စတွေ လုပ်ဆောင်ပေးတာတွေအပြင် သီးသန့်နေနေကြရတဲ့ သူတို့တွေအတွက် အကြပ်အတည်းကာလမှာ စိတ်သက်သာရာ ပျော်စရာတွေကိုလည်း တတ်နိုင်သ၍ ဖန်တီးပေးနေကြတယ်ဆိုတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

နိုင်ငံရပ်ခြားကနေ ပြန်လာသူတွေကို သီးသန့်ခွဲထားပြီး ၁၄ ရက် သတ်မှတ်နေရာတွေမှာ စောင့်ကြည့်ခံနေရချိန် အကြပ်အတည်းကာလမှာ Volunteer တွေက စိတ်သက်သာစရာတွေကို တတ်နိုင်သ၍ ဖန်တီးပေးနေကြပါတယ်။

ဆေးကျောင်းသား Volunteer တွေက လှိုင်မြို့နယ်က Facility Quarantine Center မှာ စောင့်ကြည့်ခံနေရသူတွေအတွက် မနေ့က သီချင်းတွေ သီဆိုပြီး ဖျော်ဖြေပေးတာမျိုးလုပ်ပေးခဲ့ပါတယ်။

သူတို့တွေက ကျန်းမာရေးအတွက် ကူညီလုပ်ပေးကြတာတွေအပြင် စောင့်ကြည့်ခံနေရသူတွေ စိတ်ပျက် အားလျော့တာတွေ မဖြစ်အောင် ပျော်ရွှင်စရာတွေ လုပ်ပေးနေကြတာပါ။

“စုစုပေါင်း ကျနော်တို့ ဆေးကျောင်းသားတွေရယ်။ Volunteer ၃၅ ယောက်ရယ်၊ ခုကျနော်တို့ ဆက်ပြီးတော့ လှိုင် Quarantine Center ကနေပြီးတော့ ဒီဘက် H အဆောင်မှာရှိတဲ့ ပြည်တော်ပြန်များကို ဖျော်ဖြေမှာဖြစ်ပါတယ်။ ကျနော်တို့ ဒီရောဂါကြီးကို အတူတူကျော်ဖြတ်ကြရအောင်ပါ။”

ဒီလိုပဲ ပအိုင်းဒေသ နောင်တရားပြည်နယ်က ပြည်တော်ပြန်တွေကို စောင့်ကြည့်ထားရာ စာသင်ကျောင်းမှာ ခွဲခြားဆက်ဆံတယ်လို့ မယူဆဖို့ ကပ်ရောဂါကာလမှာ ကျန်းမာရေး ပြဌာန်းချက်တွေအရ ခွဲထားရတာမို့ စိတ်အားမငယ်ကြဖို့ ရည်ရွယ်ပြီး နောင်တရားလူငယ်တွေက စတိတ်ရှိုးတခု စီစဉ်ပြီး ဖျော်ဖြေပေးခဲ့ကြပါတယ်။

Quarantine Center တွေမှာ Volunteer အဖြစ် ကူညီပေးနေတဲ့ မသင်ဇာခိုင်ကလည်း စောင့်ကြည့်ခံသူတွေကို ကူညီးပေရတာနဲ့ ပတ်သက်လို့ သူ့ရဲ့ အတွေ့အကြုံကို ခုလို ပြောပြပါတယ်။

“ဒီမှာက အရမ်းပျော်ကြတယ်။ ဒီမှာ ၁၄ ရက်တောင် မဟုတ်ဘူး။ ၂၈ ရက်ဆိုလည်း ပျော်ပျော်ကြီးနေမယ့်လူတွေချည်းပဲ၊ အရမ်းစိတ်ချမ်းသာကြတယ်။ ပျော်ကြတယ်၊ လူနာလိုလည်း ကျမတို့ မဆက်ဆံဘူး။ စကတည်းက စည်းကမ်းချက်တွေကိုတော့ လိုက်နာတယ်။ ကျမတို့ ၃ ပေခွာရမယ်ဆို ခွာတယ်ပေါ့နှော်။ သူတို့နှင့် ကျမတို့က မိသားစုလို ဒီမှာ ရင်းရင်း နှီးနှီးနေတာ သူတိုနဲ့ ဆက်ဆံရေးကိုပါ တခါတည်း တည်ဆောက်တဲ့ အခါကျတော့ Volunteer တွေနဲ့ Quarantine ဝင်တဲ့သူတွေနဲ့က အရမ်းအဆင်ပြေတယ်။ ဆရာတော်ကလည်း လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ခါကျတော့ အရမ်းကို အဆင်ပြေချောမွေ့တယ်။ ဒီမှာ နေမကောင်းတာတို့လည်း လုံးဝမရှိဘူး။ ကျန်းမာနေကြတယ်၊ ပျော်ရွှင်နေကြတယ် အားလုံးက။”

Volunteer တွေက Quarantine နေနေကြတဲ့သူတွေကို အစားအသောက်ပို့ဆောင်ပေးတာ၊ လိုအပ်တဲ့ ပစ္စည်းတွေ ပို့ပေးတာတွေ လုပ်ပေးသလို သီးသန့်နေရတဲ အတောအတွင်းမှာ စိတ်ပျော်ရွှင်ဖို့အတွက်ကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးနေကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးတွေ့ရှိထားသူ စုစုပေါင်းက ၂၀ ဦးရှိနေပြီး သေဆုံးသူ ၁ ဦး ရှိပါတယ်။

ကမ္ဘာမှာ ရောဂါဖြစ်ပွားနေသူ စုစုပေါင်းက ၁ သန်းကျော်ရှိနေပြီး သေဆုံးသူက ၅၅,၀၀၀ နီးပါးနဲ့ ပြန်လည်သက်သာလာသူ စုစုပေါင်းက ၂၀၀,၀၀၀ ကျော် ရှိနေပါတယ်။

XS
SM
MD
LG