သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁ ဦး ထပ္တိုး


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ကုိ႐ိုနာဗုိင္းရပ္စ္ မကူးစက္ႏုိင္ေရး ေဆးဖ်န္းေနသည့္ မီးသတ္ဝန္ထမ္းမ်ား။ (မတ္ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူေနာက္တဦး ဒီကေန႔ ထပ္ထြက္လာၿပီး အခုခ်ိန္အထိ ေရာဂါကူးစက္သူ စုစုေပါင္း ၂၁ ဦး ရွိသြားပါၿပီ။

ဒီကေန႔ ေရာဂါျဖစ္ေၾကာင္း အတည္ျပဳတဲ့လူနာဟာ အသက္ ၂၄ ႏွစ္အရြယ္ အမ်ဳိးသမီးျဖစ္ၿပီး သူက အေမရိကန္ျပည္ေထာင္စုကေန ကိုရီးယား၊ ထိုင္းႏိုင္ငံတုိ႔ကတဆင့္ ေလေၾကာင္းခရီးနဲ႔ မတ္ ၂၆ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ျပန္ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

မိခင္နဲ႔ ေမာင္ျဖစ္သူတို႔နဲ႔အတူ ေရာက္ကတည္းက သီးသန္႔ခြဲထားခံရတာျဖစ္ၿပီး ဧၿပီလ ၂ ရက္ေန႔မွာ ေရာဂါလကၡဏာေတြျပလာလို႔ ဓာတ္ခြဲစစ္ေဆးတာ ကို႐ိုနာဗိုင္းရပ္စ္ ကူးခံေနရေၾကာင္း ဒီကေန႔ပဲ က်န္းမာေရးဓာတ္ခြဲမႈဌာနက အတည္ျပဳပါတယ္။

လူနာအမ်ဳိးသမီးကို ေဝဘာဂီအထူးကုေဆး႐ံုကို ေျပာင္းေရႊ႕ထားၿပီး ေလာေလာဆယ္ က်န္းမာေရးအေျခအေန ေကာင္းမြန္တယ္လို႔ ဆိုပါတယ္။

COVID-19 ကူးစက္ခံရသူတဦး ထပ္တုိးသည့္ ေၾကညာခ်က္။
COVID-19 ကူးစက္ခံရသူတဦး ထပ္တုိးသည့္ ေၾကညာခ်က္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္သံသယနဲ႔ ေစာင့္ၾကည့္ေနသူ မေန႔က ၅၈ ဦး အသစ္တိုးတယ္လို႔ ျပည္သူ႔က်န္းမာေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံထဲ နယ္စပ္က ျပန္ေရာက္လာသူေတြကို ရပ္ရြာေဒသအလိုက္ စုၿပီး သီးျခားခြဲ ေစာင့္ၾကည့္တာေတြ လုပ္ေနပါတယ္။

အစိုးရရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ နယ္စပ္ကေန ျပန္ဝင္ေရာက္လာသူ ၂ ေသာင္းေက်ာ္လို႔ ဆိုေပမယ့္ ဒီအေရအတြက္ထက္ အမ်ားႀကီးပိုတယ္လို႔ ေလ့လာေစာင့္ၾကည့္သူေတြက ေျပာေနၾကပါတယ္။

ျမန္မာ COVID-19 ကူးစက္သူ ၁ ဦး ထပ္တိုး
please wait

No media source currently available

0:00 0:01:12 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

မြန်မာ COVID-19 ကူးစက်သူ ၁ ဦး ထပ်တိုး

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူနောက်တဦး ဒီကနေ့ ထပ်ထွက်လာပြီး အခုချိန်အထိ ရောဂါကူးစက်သူ စုစုပေါင်း ၂၁ ဦး ရှိသွားပါပြီ။

ဒီကနေ့ ရောဂါဖြစ်ကြောင်း အတည်ပြုတဲ့လူနာဟာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူက အမေရိကန်ပြည်ထောင်စုကနေ ကိုရီးယား၊ ထိုင်းနိုင်ငံတို့ကတဆင့် လေကြောင်းခရီးနဲ့ မတ် ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မိခင်နဲ့ မောင်ဖြစ်သူတို့နဲ့အတူ ရောက်ကတည်းက သီးသန့်ခွဲထားခံရတာဖြစ်ပြီး ဧပြီလ ၂ ရက်နေ့မှာ ရောဂါလက္ခဏာတွေပြလာလို့ ဓာတ်ခွဲစစ်ဆေးတာ ကိုရိုနာဗိုင်းရပ်စ် ကူးခံနေရကြောင်း ဒီကနေ့ပဲ ကျန်းမာရေးဓာတ်ခွဲမှုဌာနက အတည်ပြုပါတယ်။

လူနာအမျိုးသမီးကို ဝေဘာဂီအထူးကုဆေးရုံကို ပြောင်းရွှေ့ထားပြီး လောလောဆယ် ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်နေသူ မနေ့က ၅၈ ဦး အသစ်တိုးတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲ နယ်စပ်က ပြန်ရောက်လာသူတွေကို ရပ်ရွာဒေသအလိုက် စုပြီး သီးခြားခွဲ စောင့်ကြည့်တာတွေ လုပ်နေပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရဆိုရင် နယ်စပ်ကနေ ပြန်ဝင်ရောက်လာသူ ၂ သောင်းကျော်လို့ ဆိုပေမယ့် ဒီအရေအတွက်ထက် အများကြီးပိုတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောနေကြပါတယ်။

XS
SM
MD
LG