(Zawgyi/Unicode)
ျမန္မာႏို္င္ငံမွာရိွတဲ့ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာေတြကို သီးသန႔္ထားရိွၿပီး ကုသ ေဆာင္ရြက္ေပးေနတဲ့အေနအထားကို တင္ဆက္ေပးပါမယ္။
COVID-19 အတည္ျပဳလူနာေတြ ထားရိွဖို႔ ရန္ကုန္တိုင္းေဒသႀကီးမွာ ေနာက္ထပ္ ေနရာႏွစ္ေနရာ ျပင္ဆင္ေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။ ေနာက္ထပ္တိုးလာႏိုင္မယ့္ လူနာအေရအတြက္ေပၚ မူတည္ၿပီးေတာ့လည္း ေဆး႐ုံႀကီးေတြမွာ ျပင္ဆင္ေဆာင္႐ြက္ေနတယ္လို႔ က်န္းမာေရးဌာနတာဝန္ရွိသူက ေျပာပါတယ္။
ျမန္မာႏိုင္ငံတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူဟာ မေန႔က ညထုတ္ျပန္ခ်ိန္အထိဆို ၁၆ ဦးအထိ ရွိထားပါၿပီ။ အဲဒီထဲက လူနာ ၁၂ ဦးကို ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွာ သီးသန႔္ထားရွိၿပီး ကုသေပးေနတာပါ။ ျပည္တြင္းမွာ COVID-19 ေရာဂါျဖစ္လာသူ တိုးလာေနလို႔ ဒီလူနာေတြကို သီးသန႔္ထားၿပီး ကုသေပးမယ့္ ေနရာေတြကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုးခ်ဲ႕ေဆာင္႐ြက္ေနတာပါ။
ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ေစာင့္ၾကည့္လူနာေတြကို ေဝဘာဂီေဆး႐ုံမွာ အရင္က ကုသေပးေနေပမယ့္ အခုေနာက္ပိုင္းမွာ ဓာတ္ခြဲအတည္ျပဳလူနာေတြကိုပဲ လက္ခံဖို႔အတြက္ စီစဥ္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က ဗြီအိုေအကိုေျပာပါတယ္။
“လူနာ ၁၇ ေယာက္ကို လက္ခံၿပီးေတာ့ ICU Service ေပးႏိုင္တဲ့ စက္ပစၥည္းကိရိယာ၊ လူနာကုတင္၊ အခန္းေတြကို က်ေနာ္တို႔ စီစဥ္ထားပါတယ္။ ဓာတ္ခြဲအတည္ျပဳလူနာ အေနနဲ႔ ဆိုရင္ေတာ့ လက္ရွိျပင္ဆင္ထားတဲ့ အခန္းအေနအထားအရ လူနာ ၈၀ အထိ လက္ခံလို႔ရတဲ့ အေျခအေနမွာ ရွိပါတယ္။”
“အဲဒီေတာင္ဥကၠလာပေဆး႐ုံႀကီးမွာ အတည္ျပဳလူနာ အေယာက္ ၈၀ အတြက္ ေနရာထိုင္ခင္းစီစဥ္ၿပီး ျဖစ္ပါတယ္။ အဲဒီထဲကမွ ေရာဂါျပင္းထန္လာတဲ့လူနာေတြအတြက္ က်ေနာ္တို႔က အဲဒီမွာ ICU Service လို႔ေခၚတဲ့ တကယ့္ကို Intensive Care ေပးရမယ့္ Ventilator ေပးရမယ့္ လူနာ ၁၂ ေယာက္စာအတြက္ ျပင္ဆင္ထားၿပီး ျဖစ္ပါတယ္။”
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အခုျပင္ဆင္ေဆာင္႐ြက္ထားတဲ့ ေနရာႏွစ္ေနရာအရဆို အတည္ျပဳလူနာ ၂၀၀ နီးပါးအတြက္ အဆင္သင့္ေဆာင္႐ြက္ၿပီးတဲ့ အေျခအေနမွာ ရွိေနတာပါ။ အဲဒီျပင္ဆင္ထားတဲ့ ေနရာႏွစ္ေနရာလုံးမွာ လူနာေတြျပည့္သြားခဲ့ရင္လည္း ေနာက္ထပ္ထားရွိႏိုင္ဖို႔အတြက္ ေဆး႐ုံေတြမွာ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။
ေနရာႏွစ္ေနရာလုံးဟာ ရန္ကုန္ၿမိဳ႕မွာ တည္ရွိေနေပမယ့္ တျခားေဒသကလူနာေတြအတြက္ကိုလည္း ေဆး႐ုံႀကီးေတြမွာ လက္ခံကုသႏိုင္ေအာင္ သက္ဆိုင္ရာက်န္းမာေရးဦးစီးဌာနေတြကေန ျပင္ဆင္ထားတယ္လို႔ ေဒါက္တာသာထြန္းေက်ာ္က အခုလိုရွင္းျပပါတယ္။
“ရန္ကုန္လိုေနရာမ်ိဳးကေတာ့ လူဦးေရလည္းထူထပ္တယ္။ ဓာတ္ခြဲအတည္ျပဳလူနာေတြလည္း မ်ားမ်ားထြက္မယ္လို႔ ရည္႐ြယ္ထားတဲ့အတြက္ေၾကာင့္ ရန္ကုန္မွာ ဒီေရာဂါအတြက္ သီးျခားေဆး႐ုံေတြဖြင့္လွစ္ၿပီးေတာ့ ကုသဖို႔အတြက္ စီစဥ္ေနတာျဖစ္ပါတယ္။ ဒါတင္မကဘူး တျခားေသာျပည္နယ္နဲ႔ တိုင္းေတြမွာရွိတဲ့ အေထြေထြေရာဂါကုေဆး႐ုံမ်ားကလည္း ကိုယ့္ေဒသမွာ အတည္ျပဳလူနာရွိခဲ့ရင္ လက္ခံကုသလို႔ရေအာင္ က်ေနာ္တို႔ ဝန္ႀကီးဌာနကေနၿပီးေတာ့ ေဆး႐ုံေတြကို ျပင္ဆင္ထားပါတယ္။”
လတ္တေလာမွာ COVID-19 ေရာဂါျဖစ္ပြားေနသူ ၁၆ ဦးမွာ အမ်ားစုက ေရာဂါျဖစ္ပြားရာေဒသက ေရာက္လာသူေတြ ျဖစ္ပါတယ္။ ႏိုင္ငံတြင္းကို ျပည္ပကေန အစုလိုက္အၿပဳံလိုက္ ျပန္ေရာက္လာသူေတြ မ်ားတာေၾကာင့္ ျပည္သူေတြအေနနဲ႔ မလိုအပ္ဘဲ အျပင္ထြက္တာကို ေရွာင္ၾကဥ္ၾကဖို႔ က်န္းမာေရးတာဝန္ရွိသူေတြက သတိေပးထားပါတယ္။
အသြားအလာ ကန႔္သတ္ခံထားရသူေတြအေနနဲ႔ တာဝန္ရွိသူေတြက ထုတ္ျပန္ထားတဲ့အခ်က္ေတြကို တိတိက်က်လိုက္နာေပးဖို႔ကိုလည္း ေဒါက္တာသာထြန္းေက်ာ္က တိုက္တြန္းထားပါတယ္။
“ပိုၿပီးအေရးတႀကီးေျပာခ်င္တာက လက္ရွိမွာ Home Quarantine ၊ Facility Quarantine အလုပ္ခံထားရတဲ့ က်ေနာ္တို႔ ႏိုင္ငံသူ၊ ႏိုင္ငံသားတိုင္းကို ပိုၿပီးေတာ့ေျပာခ်င္ပါတယ္။ သက္ဆိုင္ရာေဒသေတြကေန စီစဥ္ေပးထားတဲ့ ေနရာေတြမွာ ၁၄ ရက္ကို ၫႊန္ၾကားခ်က္အတိုင္း ျပည့္ျပည့္ဝဝေနေပးဖို႔အတြက္ က်ေနာ္တို႔ ဝန္ႀကီးဌာနအေနနဲ႔ တိုက္လည္းတိုက္တြန္းသလို၊ ေတာင္းလည္းေတာင္းပန္လိုပါတယ္။”
ဒီကေန႔စာရင္းေတြအရ ႏိုင္ငံေပါင္း၂၀၃ ႏိုင္ငံကို ကူးစက္ခဲ့ၿပီး လူေပါင္း ၉၄၀,၀၀၀ ေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆုံးခဲ့သူ ၄၈,၀၀၀ ေက်ာ္ရွိခဲ့ေပမယ့္ ေရာဂါသက္သာလာသူ အေရအတြက္ဟာလည္း ၂၀၀,၀၀၀ ေက်ာ္အထိရွိထားၿပီး ျဖစ္ပါတယ္။
[Unicode Version]
COVID-19 အတည်ပြုလူနာ ၂၀၀ နီးပါး တပြိုင်ထဲကုသနိုင်ရေး ရန်ကုန်မှာပြင်ဆင်ထား
မြန်မာနိုင်ငံမှာရှိတဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေကို သီးသန့်ထားရှိပြီး ကုသ ဆောင်ရွက်ပေးနေတဲ့အနေအထားကို တင်ဆက်ပေးပါမယ်။
COVID-19 အတည်ပြုလူနာတွေ ထားရှိဖို့ ရန်ကုန်တိုင်းဒေသကြီးမှာ နောက်ထပ် နေရာနှစ်နေရာ ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ နောက်ထပ်တိုးလာနိုင်မယ့် လူနာအရေအတွက်ပေါ် မူတည်ပြီးတော့လည်း ဆေးရုံကြီးတွေမှာ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဟာ မနေ့က ညထုတ်ပြန်ချိန်အထိဆို ၁၆ ဦးအထိ ရှိထားပါပြီ။ အဲဒီထဲက လူနာ ၁၂ ဦးကို ဝေဘာဂီအထူးကုဆေးရုံကြီးမှာ သီးသန့်ထားရှိပြီး ကုသပေးနေတာပါ။ ပြည်တွင်းမှာ COVID-19 ရောဂါဖြစ်လာသူ တိုးလာနေလို့ ဒီလူနာတွေကို သီးသန့်ထားပြီး ကုသပေးမယ့် နေရာတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုးချဲ့ဆောင်ရွက်နေတာပါ။
ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ စောင့်ကြည့်လူနာတွေကို ဝေဘာဂီဆေးရုံမှာ အရင်က ကုသပေးနေပေမယ့် အခုနောက်ပိုင်းမှာ ဓာတ်ခွဲအတည်ပြုလူနာတွေကိုပဲ လက်ခံဖို့အတွက် စီစဉ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကိုပြောပါတယ်။
“လူနာ ၁၇ ယောက်ကို လက်ခံပြီးတော့ ICU Service ပေးနိုင်တဲ့ စက်ပစ္စည်းကိရိယာ၊ လူနာကုတင်၊ အခန်းတွေကို ကျနော်တို့ စီစဉ်ထားပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာ အနေနဲ့ ဆိုရင်တော့ လက်ရှိပြင်ဆင်ထားတဲ့ အခန်းအနေအထားအရ လူနာ ၈၀ အထိ လက်ခံလို့ရတဲ့ အခြေအနေမှာ ရှိပါတယ်။”
“အဲဒီတောင်ဥက္ကလာပဆေးရုံကြီးမှာ အတည်ပြုလူနာ အယောက် ၈၀ အတွက် နေရာထိုင်ခင်းစီစဉ်ပြီး ဖြစ်ပါတယ်။ အဲဒီထဲကမှ ရောဂါပြင်းထန်လာတဲ့လူနာတွေအတွက် ကျနော်တို့က အဲဒီမှာ ICU Service လို့ခေါ်တဲ့ တကယ့်ကို Intensive Care ပေးရမယ့် Ventilator ပေးရမယ့် လူနာ ၁၂ ယောက်စာအတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။”
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အခုပြင်ဆင်ဆောင်ရွက်ထားတဲ့ နေရာနှစ်နေရာအရဆို အတည်ပြုလူနာ ၂၀၀ နီးပါးအတွက် အဆင်သင့်ဆောင်ရွက်ပြီးတဲ့ အခြေအနေမှာ ရှိနေတာပါ။ အဲဒီပြင်ဆင်ထားတဲ့ နေရာနှစ်နေရာလုံးမှာ လူနာတွေပြည့်သွားခဲ့ရင်လည်း နောက်ထပ်ထားရှိနိုင်ဖို့အတွက် ဆေးရုံတွေမှာ ကြိုတင်ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
နေရာနှစ်နေရာလုံးဟာ ရန်ကုန်မြို့မှာ တည်ရှိနေပေမယ့် တခြားဒေသကလူနာတွေအတွက်ကိုလည်း ဆေးရုံကြီးတွေမှာ လက်ခံကုသနိုင်အောင် သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနတွေကနေ ပြင်ဆင်ထားတယ်လို့ ဒေါက်တာသာထွန်းကျော်က အခုလိုရှင်းပြပါတယ်။
“ရန်ကုန်လိုနေရာမျိုးကတော့ လူဦးရေလည်းထူထပ်တယ်။ ဓာတ်ခွဲအတည်ပြုလူနာတွေလည်း များများထွက်မယ်လို့ ရည်ရွယ်ထားတဲ့အတွက်ကြောင့် ရန်ကုန်မှာ ဒီရောဂါအတွက် သီးခြားဆေးရုံတွေဖွင့်လှစ်ပြီးတော့ ကုသဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။ ဒါတင်မကဘူး တခြားသောပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ အထွေထွေရောဂါကုဆေးရုံများကလည်း ကိုယ့်ဒေသမှာ အတည်ပြုလူနာရှိခဲ့ရင် လက်ခံကုသလို့ရအောင် ကျနော်တို့ ဝန်ကြီးဌာနကနေပြီးတော့ ဆေးရုံတွေကို ပြင်ဆင်ထားပါတယ်။”
လတ်တလောမှာ COVID-19 ရောဂါဖြစ်ပွားနေသူ ၁၆ ဦးမှာ အများစုက ရောဂါဖြစ်ပွားရာဒေသက ရောက်လာသူတွေ ဖြစ်ပါတယ်။ နိုင်ငံတွင်းကို ပြည်ပကနေ အစုလိုက်အပြုံလိုက် ပြန်ရောက်လာသူတွေ များတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်တာကို ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။
အသွားအလာ ကန့်သတ်ခံထားရသူတွေအနေနဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားတဲ့အချက်တွေကို တိတိကျကျလိုက်နာပေးဖို့ကိုလည်း ဒေါက်တာသာထွန်းကျော်က တိုက်တွန်းထားပါတယ်။
“ပိုပြီးအရေးတကြီးပြောချင်တာက လက်ရှိမှာ Home Quarantine ၊ Facility Quarantine အလုပ်ခံထားရတဲ့ ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသားတိုင်းကို ပိုပြီးတော့ပြောချင်ပါတယ်။ သက်ဆိုင်ရာဒေသတွေကနေ စီစဉ်ပေးထားတဲ့ နေရာတွေမှာ ၁၄ ရက်ကို ညွှန်ကြားချက်အတိုင်း ပြည့်ပြည့်ဝဝနေပေးဖို့အတွက် ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ တိုက်လည်းတိုက်တွန်းသလို၊ တောင်းလည်းတောင်းပန်လိုပါတယ်။”
ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း၂၀၃ နိုင်ငံကို ကူးစက်ခဲ့ပြီး လူပေါင်း ၉၄၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးခဲ့သူ ၄၈,၀၀၀ ကျော်ရှိခဲ့ပေမယ့် ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၂၀၀,၀၀၀ ကျော်အထိရှိထားပြီး ဖြစ်ပါတယ်။