သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ COVID-19 ကာကွယ်ကုသရေး ကုလသမဂ္ဂ အကူအညီတိုးပေး


ရန်ကုန်မြို့ မီးရထားဘူတာ အဝင်ဂိတ်မှာ ကိုယ်အပူချိန်တိုင်းတာပေးနေတဲ့ ဝန်ထမ်းတဦး (မတ် ၂၇၊ ၂၀၂၀)
ရန်ကုန်မြို့ မီးရထားဘူတာ အဝင်ဂိတ်မှာ ကိုယ်အပူချိန်တိုင်းတာပေးနေတဲ့ ဝန်ထမ်းတဦး (မတ် ၂၇၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာပြည်တွင်း COVID-19 ကပ်ရောဂါ ကာကွယ်ဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို အထောက်အပံ့တွေ ထပ်ပြီး တိုးပေးသွားမယ်ဆိုတဲ့ သတင်း တင်ဆက်ပေးပါမယ်။

📌 COVID-19 ကာလ စားနပ်ရိက္ခာဖူလုံဖို့ ပြင်ဆင်ထားကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ သတင်းလည်း ဖတ်နိုင်ပါပြီ။

UNHCR, WFP, WHO, IOM, UNFPA စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် စုပေါင်းထောက်ပံ့သွားဖို့ စီစဉ်ထားရာမှာ COVID-19 ရောဂါ စောင့်ကြည့်ရေး ဂေဟာတွေမှာ လိုအပ်မယ့် အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်၊ ကျန်းမာရေးသုံး ပစ္စည်းနဲ့ မီးခိုချောင်သုံးပစ္စည်းစတဲ့ အရေအတွက် ၅,၀၀၀ ကို ရန်ကုန်ကျန်းမာရေးဌာနကို မကြာခင် ပေးပို့သွားမှာပါ။

ဒါက မြန်မာအစိုးရကို COVID-19 စမ်းသပ်ပစ္စည်း test kits ၅၀,၀၀၀ လှူဒါန်းမယ်ဆိုတဲ့ အစီအစဉ်ရဲ့ နောက်ဆက်တွဲ အစီအစဉ်လည်း ဖြစ်ပါတယ်။

မြန်မာပြည်ဌာနေ ကုလသမဂ္ဂ ကိုယ်စားလှယ် Ola Almgren
မြန်မာပြည်ဌာနေ ကုလသမဂ္ဂ ကိုယ်စားလှယ် Ola Almgren

ဒီကပ်ရောဂါ ခြိမ်းခြောက်တာကို ကာကွယ်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေတဲ့ မြန်မာအစိုးရကို အကူအညီတွေ အပြည့်အဝ ပေးသွားမယ်ဆိုတာ မြန်မာပြည်ဌာနေ ကုလသမဂ္ဂ ကိုယ်စားလှယ် Ola Almgren က ပြောကြားလိုက်တာပါ။

ပြည်တွင်းက COVID-19 ရောဂါစောင့်ကြည့်ရေးစခန်းတွေမှာ ဒီအကူအညီတွေကို အသုံးချသွားဖို့ရည်ရွယ်ထားတယ်လို့ မြန်မာနိုင်ငံကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းကပြောပါတယ်။

“ပထမပိုင်းမှာ ကျနော်တို့ Test Kits တွေလည်း မှာထားတာ ရှိတယ်။ ဒါတွေလည်း အချိန်တန်ရင် ရောက်လာပါလိမ့်မယ်။ အခု ပြည်ပကနေ ဝင်လာတဲ့သူတွေ အတော်များနေပြီ၊ တော်တော်များများလည်း quarantine လုပ်နေပြီ၊ သူတို့မှာ လိုအပ်ချက်တွေ ရှိတယ် နေစရာ၊ အိပ်စရာ၊ သူတို့အသုံး အဆောင်ပစ္စည်းတွေ၊ အမျိုးသမီးဆိုရင်လည်း သန့်ရှင်းရေးပစ္စည်းတွေ စသည်ဖြင့်ပေါ့ လိုအပ်လာပြီ။ အမြန်ဆုံး အကူအညီပေးရတော့မယ်ခင်ဗျ။ နောက်တခု သူတို့ စားနပ်ရိက္ခာလည်း လိုလာပြီဗျ။ ဆိုတော့ ဒီအဖွဲ့အစည်းတွေက အကုန်လုံးပေါင်းပြီးတော့ သူတို့ရဲ့ ကဏ္ဍအလိုက် ဖြည့်ဆည်းသွားတာပါ ခင်ဗျ။”

WFP ကလည်း ရောဂါစောင့်ကြည့်ရေး ဂေဟာတွေကို အစားအသောက်တွေ ထပ်ပြီးထောက်ပံ့သွားဖို့ရှိပါတယ်။ COVID-19 ရောဂါဟာ အခုဆိုရင် WHO ကိန်းဂဏန်းအရ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေ စုစုပေါင်း ၂၀၆ နေရာကို ကူးစက်ထားပါတယ်။ ကမ္ဘာ့လူဦးရည် ၉၅၀,၀၀၀ ကျော်ကို ကူးစက်ခဲ့ပြီး ၄၈,၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ နိုင်ငံတွေအားလုံး ဒီအခက်အခဲတွေကို အတူဖြေရှင်းဖို့ ကုလအတွင်းရေးမှူးချုပ်ကလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ COVID-19 ကာကွယ်ကုသရေး ကုလသမဂ္ဂ အကူအညီတိုးပေး
please wait

No media source currently available

0:00 0:02:08 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG