ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးဟာ ဒီနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေရပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ရှုံးသွားခဲ့ပါတယ်။ မန်စီးတီးအသင်း ဒီနှစ်မှာ ဘယ်လိုကြောင့် အခုလို ရုန်းကန်နေရပြီး အသင်းရဲ့ အဓိကပြဿနာတွေက ဘာတွေပါလဲ။ ဒီတပတ်အားကစားကဏ္ဍမှာ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
အမေရိကန် မေဂျာလိဂ်ဖလားဘောလုံးပွဲမှာတော့ LA Galaxy အသင်း ဗိုလ်စွဲပြီး ၆ ကြိမ်မြောက် ချန်ပီယံဖြစ်သွားပါတယ်။ AFF အာဆီယံ မစ်ဆူဘီရှီဖလားဘောလုံးပွဲတွေကို တနင်္လာနေ့က စတင်လိုက်ပြီး မြန်မာအသင်း ပွဲဦးထွက် အိမ်ကွင်းမှာ ရှုံးသွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ဘရာဇီးက ဘိုတာဖိုဂိုဘောလုံးအသင်းဟာ တောင်အမေရိကတိုက်ရဲ့ လီဘာတာဒိုဖလားဘောလုံးပွဲကို ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပါတယ်။ ၂၀၂၄ ခုနှစ်အတွက် တနှစ်တာ ကမ္ဘာ့အကောင်းဆုံး ပြေးခုန်ပစ် အားကစားသမားဆုပေးပွဲကို မိုနာကိုမြို့မှာ ချီးမြှင့်ခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ဆက်ပေးထားပါတယ်။
Davis ဖလား တင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံအီတလီက နယ်သာလန်ကို အနိုင်ရပြီး ၂ နှစ် ဆက်တိုက် ဗိုလ်စွဲသွားပါတယ်။ အင်တာမိုင်ယာမီအသင်းက တာတာမာတီနိုကို နည်းပြအဖြစ်က ထုတ်ပယ်ပြီး အာဂျင်တီးနားကွင်းလယ်ကစားသမားဟောင်းကို နည်းပြအဖြစ်ခန့်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင် တင်ဆက်ပေးမှာပါ။
အီတလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ATP တင်းနစ်ပြိုင်ပွဲမှာတော့ ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား Jannik Sinner က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ် တော့တင်ဟမ်ဟော့စပါးအသင်းမှာ ကစားနေတဲ့ ဥရုဂွေးလက်ရွေးစင် Rodigo Bentancur ကို ပရီမီးယားလိဂ်ပြိုင်ပွဲ ၇ ပွဲ ပိတ်ပင်လိုက်ပါတယ်။
ကမ္ဘာကျော် ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း Mike Tyson ဟာ အသက် ၆၀ ပြည့်ခါနီးမှ လက်ဝှေ့ကြိုးဝိုင်းထဲကို တကျော့ပြန်ဝင်လာပါပြီ။ ဂရိနိုင်ငံမှာ အဖိုးအိုတဦးဟာ အသက် ၈၈ နှစ်အရွယ်မှာ မာရသွန်ပြိုင်ပွဲကို ပန်းဝင်အောင် ပြေးနိုင်ခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
Ballon d'Or ဘောလုံးထူးချွန်ဆုပေးပွဲကို ပြင်သစ်နိုင်ငံမှာကျင်းပခဲ့ပြီး အမျိုးသား အကောင်းဆုံးဘောလုံးသမားဆုကို ပြင်သစ်နဲ့မန်စီးတီးကွင်းလယ်လူ ရိုဒရီရရှိခဲ့ပါတယ်။ မန်ယူနည်းပြ အဲရစ်တန်ဟက်ခ်ကို ရာထူးကထုတ်ပယ်လိုက်ပြီး နည်းပြသစ်တရားဝင်ခန့်အပ်ဖို့ နီးစပ်နေပါပြီ။
FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဆော်ဒီရေနံကုမ္ပဏီနဲ့ အကျိုးတူဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့ အမျိုးသမီး ဘောလုံးသမား ၁၀၀ ကျော်က အိတ်ဖွင့်ပေးစာပေးပို့လိုက်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီကို လာမယ့် ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံများဖလားမှာ တွေ့ရတော့မှာဖြစ်ပါတယ်။
စပိန် နဲ့ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်ဘောလုံးသမား အန်ဒရေ အီနီယက်စ်တာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပါပြီ။ ဘရာဇီးအသင်းရဲ့ တိုက်စစ်မှူး Vinicius Jr. ဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ပဲရစ်အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဝင်ခဲ့တဲ့ အမေရိကန်အားကစားသမားတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော်မှာ ဂုဏ်ပြုခဲ့ပါတယ်။ ၂၀၂၅ ဖီဖာ ကမ္ဘာ့ကလပ်ချန်ပီယံများဖလားဘောလုံးဖိုင်နယ် ကစားမယ့်ကွင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ပြိုင်ပွဲမှာတော့ Daniel Dubois က Anthony Joshua ကို အလဲထိုးပြီး အနိုင်ရသွားပါတယ်။ ပရီမီးယာလိဂ်မှာတော့ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာသွင်းတဲ့ ဂိုးနဲ့ မန်စီးတီး နဲ့ အာဆင်နယ်တို့ သရေကျသွားပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ ရွေးကောက်ပွဲကိုတော့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ အပါအဝင် ၇ ယောက်ဝင်အရွေးခံမှာဖြစ်ပါတယ်။ ပရီမီးယာလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် မန်စီးတီးအသင်းကို လွတ်လပ်တဲ့ကော်မရှင်က စတင်စစ်ဆေးနေပါပြီ။
ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနာလ်ဒိုကတော့ ကစားသမားသက်တမ်းတလျှောက်သွင်းယူခဲ့တဲ့ ဂိုးပေါင်း ၉၀၀ ပြည့်သွားပါပြီ။ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာတော့ ချန်ပီယံသစ်တွေထွက်ပေါ်လာခဲ့ပါတယ်။ One Championship ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသား အောင်လအန်ဆန် ရှုံးသွားခဲ့ပါတယ်။
၂၀၂၄ ပဲရစ်မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို ပဲရစ်မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်လိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး သောမတ်စ်မူလာဟာ အသင်းအတွက် စံချိန်သစ်တခုကို တင်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အင်္ဂလန်နည်းပြဟောင်း ဆဗန်ဂိုရန်အဲရစ်ဆင် ကွယ်လွန်သွားခဲ့ပါပြီ။ ပိုလန် Diamond League ပြေးခုန်ပစ်ပြိုင်ပွဲမှာတော့ ကမ္ဘာ့စံချိန်သစ်တွေ ထပ်တင်လိုက်ကြပါတယ်။ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ နယူးယောက်မြို့မှာစတင်လိုက်ပါပြီ။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာတော့ အမေရိကန်က ဘတ်စကတ်ဘောပြိုင်ပွဲမှာ အမျိုးသားရော အမျိုးသမီးပြိုင်ပွဲမှာပါဗိုလ်စွဲပြီး ပြိုင်ပွဲတခုလုံးမှာလည်း ဆုတံဆိပ်အများဆုံးရခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ဆုရတဲ့သူတွေကို ဆုကြေးငွေအဖြစ် ဘယ်နိုင်ငံတွေက ဘယ်လောက်ပေးမလဲဆိုတာတွေကို ကိုရန်နိုင်ကစုစည်းတင်ဆက်ပေးထားပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာတော့ ပြင်သစ်နိုင်ငံသား Leon Marchand က ရွှေတံဆိပ်တွေ အများဆုံးရထားပါတယ်။ အမေရိကန်ကျွမ်းဘားကစားသမား Simone Biles ကတော့ အမေရိကန်အသင်းအတွက် ဒီနှစ်မှာ ရွှေတံဆိပ်တွေ ပြန်ယူနိုင်ခဲ့ပါတယ်။ တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ဆက်ပေးထားပါတယ်။
အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံမှားယွင်းကြေညာခဲ့တဲ့အပေါ် နိုင်ငံတကာအိုလံပစ်ကော်မတီ IOC က တောင်းပန် လိုက်ပါတယ်။ Seine မြစ်မှာ ရေထုညစ်ညမ်းမှုကြောင့် အိုလံပစ်ပွဲစဉ်တချို့ ပြိုင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲဘက်က အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
ပြင်သစ်နိုင်ငံမှာကျင်းပမယ့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ဗြိတိသျှအိုးပင်း ဂေါက်သီးပြိုင်ပွဲမှာ အမေရိကန် ဂေါက်သီးသမားက ပထမဆုံးအကြိမ် အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ အမေရိကန် မေဂျာလိဂ်မှာသမိုင်းမှာတော့ အသက်ငယ်ဆုံးဘောလုံးသမားတဦး ပေါ်ထွက်လာခဲ့ပါတယ်။
ယူရို ၂၀၂၄ ဥရောပဖလားဘောလုံးပွဲမှာတော့ စပိန်အသင်း ဗိုလ်စွဲပြီး ဥရောပဖလားကို အများဆုံးရတဲ့အသင်းအဖြစ် စံချိန်တင်လိုက်ပါတယ်။ ၂၀၂၄ ကိုပါအမေရိကဖလားဘောလုံးပွဲမှာလည်း အာဂျင်တီးနားအသင်းက ၂ ကြိမ် ဆက်ဗိုလ်စွဲပြီးနောက်ထပ်စံချိန်တင်လိုက်ပါတယ်။ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်တင်ဆက်ပေးမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်