အမေရိကန်မှာကျင်းပနေတဲ့ ကိုပါအမေရိကဖလားအပေါ်ခန့်မှန်းချက်တွေနဲ့အတူ ယူရို ၂၀၂၄ ဥရောပဖလားဘက်က နာမည်ကြီး အင်္ဂလန်အသင်းရဲ့ အလားအလာ နဲ့ ဘယ်အသင်းဗိုလ်စွဲမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ယူရို ၂၀၂၄ ဥရောပဖလားဘောလုံးပွဲတွေကို ဂျာမနီမှာ စတင်လိုက်ပြီး ဒီနှစ် ဥရောပဖလားဘောလုံးပွဲအပေါ် ဘယ်အသင်းဗိုလ်စွဲနိုင်ချေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့အတူ မြောက်ကယ်ရိုလိုင်းနားမှာ ကစားခဲ့တဲ့ အမေရိကန်အိုးပင်း ဂေါက်သီးပြိုင်ပွဲအကြောင်းတွေကို ကိုရန်နိုင်က အခုတပတ်အားကစားကဏ္ဍမှာ စုစည်းတင်ဆက်ပေးထားပါတယ်။
ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာတော့ ချန်ပီယံသစ်တယောက်နဲ့ နှစ်အတော်ကြာဘယ်သူမှမလုပ်နိုင်တဲ့ စံချိန်တခုကို ပြန်တင်နိုင်ခဲ့ပါတယ်။ ဆာဘီးယားနိုင်ငံသား နိုဘက်ဂျိုကိုဗစ်ချ်ကတော့ သူ့ရဲ့ ဒူးဒဏ်ရာခွဲစိတ်ကုသမှုအောင်မြင်တယ်လို့ပြောလိုက်ပါတယ်။ ဒီလိုတပတ်အတွင်းအားကစားသတင်းတွေကို ကိုရန်နိုင်ကစုစည်းတင်ပြထားပါတယ်။
စပိန်က နာမည်ကြီး ရီးယဲလ်မက်ဒရစ်အသင်း ဥရောပချန်ပီယံလိဂ်ဖလားကို ၁၅ ကြိမ်မြောက် ဗိုလ်စွဲပြီး အများဆုံး စံချိန်တင်လိုက်ပါတယ်။ ပြင်သစ်တိုက်စစ်မှူး Mbappe က သူ့ရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တယ်လို့ ပြောလိုက်ပါတယ်။ ချယ်ဆီးနည်းပြဟောင်း မိုရင်ညိုကတော့ တူရကီကလပ်အသင်းကို နည်းပြလုပ်ဖို့ သဘောတူလိုက်ပါတယ်။
အင်္ဂလန် FA ဖလားဘောလုံးပွဲမှာတော့ မန်ချက်စတာယူနိုက်တက်က မန်စီးတီးကို အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ စပိန်က နာမည်ကြီး ဘာစီလိုနာအသင်းက နည်းပြ Xavi ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကိုတော့ တနင်္ဂနွေနေ့က စတင်လိုက်ပါပြီ။
အင်္ဂလန်ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးအသင်းက ဗိုလ်စွဲပြီး ၄ ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်၊ ပရီမိယာလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ မန်စီးတီးတိုက်စစ်မှူးဖိုဒန်က ရသွားခဲ့ပါတယ်။ အမေရိကန် PGA ဂေါက်ရိုက်ပြိုင်ပွဲမှာ မေဂျာဆုဖလားကို ပထမဆုံးအနိုင်ရတဲ့ ချန်ပီယံသစ်တယောက်ထွက်ပေါ်လာခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူး Kylian Mbappe ဟာ PSG အသင်းကနေ ဒီဘောလုံးရာသီအကုန်မှာ ပြောင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို အများဆုံးဗိုလ်စွဲထားတဲ့ နဒါးလ်အနေနဲ့လာမယ့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ အလားအလာ ဘယ်လိုရှိပါသလဲ။
ယူရို ၂၀၂၄ ဥရောပဖလားဘောလုံးပွဲမှာ အသင်းတွေမှာပါမယ့် ကစားသမားအရေအတွက်ကိုတိုးဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်၊ နိုင်ငံတကာအိုလံပစ်ကော်မတီဝင်တဦးကို ကျင့်ဝတ်တွေချိုးဖောက်မှုနဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီကနေ ၁၅ နှစ် တားမြစ်ပိတ်ပင်၊ စသည်
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲအတွက် အိုလံပစ်မီးရှုးတိုင်ကိုတော့ ဂရိနိုင်ငံကနေ ပြင်သစ်နိုင်ငံကို သယ်ဆောင်သွားပါပြီ။ ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးကြီး အသက် ၆၀ ပြည့်ခါနီးမှ ဘောလုံး ပြန်ကန်တော့မှာဖြစ်ပါတယ်။ လီဗာပူးအသင်း ရာဂင်ကလော့ပ်နေရာ အစားထိုးမယ့်သူကို ရွေးလိုက်ပါတယ်။
Laureus တနှစ်တာ ကမ္ဘာ့အကောင်းဆုံး အားကစားသမားဆုပေးပွဲအခမ်းအနားကို တနင်္လာနေ့က ကျင်းပ၊ တရုတ်နိုင်ငံတုတ်ထောက်ခုန်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ်တင်သွား၊ စပိန်က ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမားဟောင်းကတော့ တင်းနစ်ကစားတာကနေ အနားယူ၊ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ဂျာမနီမှာတော့ ဘေယာလေဗာကူဆင်အသင်းဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ရသွားခဲ့ပါတယ်။ အမေရိကန်မှာကျင်းပတဲ့ The Masters ဂေါက်သီးပြိုင်ပွဲမှာတော့ Scottie Scheffler က အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
လူမျိုးရေးခွဲခြားမှုတွေကို ရင်ဆိုင်နေရတဲ့ ဘရာဇီး နဲ့ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး Vinicius Jr. ရဲ့ ပညာရေးအင်စတီကျူက လူငယ်တွေပညာသင်ကြားရေး နဲ့ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့အတွက် ရည်ရွယ်ပြီး ကွန်ပျူတာနည်းပညာ တခုကို ဖန်တီးလိုက်တဲ့အကြောင်းကို အားကစားကဏ္ဍမှာ စုစည်းတင်ဆက်ပေးထားပါတယ်။
မိုင်ယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အီတလီနိုင်ငံသား Jannik Sinner နဲ့ အမေရိကန်နိုင်ငံသူ Daniel Collins တို့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ လေဗာကူဆင်နည်းပြ အလွန်ဆိုဟာ လာမယ့် ဘောလုံးရာသီကျရင် ဘယ်အသင်းမှာ နည်းပြလုပ်မယ်ဆိုတာကို ဆုံးဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ စလိုဗက်ကီးယားနဲ့ သြစတြီးယားတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာတော့ နိုင်ငံတကာဘောလုံးပွဲတွေမှာ ကမ္ဘာ့အမြန်ဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။ လီဗာပူးအသင်းနည်းပြအဖြစ်လုပ်ခွင့်ရတာဟာ အိပ်မက်တွေလက်တွေ့ဖြစ်လာခဲ့တာလို့ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်က ပြောပါတယ်။
ဘရာဇီးနိုင်ငံက ကျောင်းသားလူငယ်တွေအတွက် ဘောလုံး အားကစားနဲ့ ဆက်စပ်ဖန်တီးထားပြီး ပညာသင်ကြားဖို့သာမက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေးအတွက်ပါ ရည်ရွယ်ထားတဲ့ Applications တခုကို ဘရာဇီးတိုက်စစ်မှူး Vinicius Jr. ရဲ့ ပညာရေးအင်စတီကျုက တီထွင်ဖန်တီးလိုက်ပါတယ်။
လူငယ်ကမ္ဘာ့ဖလားဘောလုံးပွဲကို နှစ်စဉ်ကျင်းပပြီး အသင်းအရေအတွက်ကို တိုးချဲ့သွားမယ်လို့ ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲကာလအတွင်း ယူကရိန်းစစ်ပွဲကို အပစ်ရပ်ဖို့ ရုရှားနိုင်ငံကို တောင်းဆိုသွားမယ်လို့ ပြင်သစ်သမ္မတ Macron က ပြောလိုက်ပါတယ်။ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ နှင်းလျှောစီး မာရသွန်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်သူ ၁ သောင်းကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊လီဗာပူးနဲ့ မန်စီးတီးတို့ အကျိတ်အနယ်ဖြစ်နေကြပြီး ၊ ချန်ပီယံဖြစ်သူဖြစ်မလဲဆိုတဲ့ သုံးသပ်ချက်တွေကို အခုတပတ်အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ဘောလုံးပွဲတွေမှာ အပြာကတ်သုံးဖို့ကိစ္စကို အနီကတ်ပြပြီး ပယ်ချလိုက်ပါတယ်။ မြန်မာ့ဘောလုံးငွေခေတ်ရဲ့ လက်ရွေးစင်ဂိုးသမားဟောင်း ဦးစိုင်းမောင်မောင်ဦး ကွယ်လွန်သွားခဲ့ပါပြီ။ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးနဲ့ မန်စီးတီးပွဲအပေါ် ပွဲကြိုသုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ကျရောက်လာမယ့် ဘယ်လိုလုံခြုံရေးခြိမ်းခြောက်မှုကိုမဆို ကာကွယ်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဗာဂျီနီးယားပြည်နယ် Alexandria မြို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေကို သင်တန်းပေးနေတဲ့အကြောင်း ပြောပြပေးမှာပါ။
ဘရာဇီး နဲ့ ဘာစီလိုနာ ကစားသမားဟောင်း Dani Alves ကို အဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် ၄ နှစ်ခွဲ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံက သဲကန္တာရထဲမှာ ကျင်းပတဲ့ ၁၀ ကီလိုမီတာ အခက်အခဲဖြတ်ကျော်ပြေးပွဲကိုတော့ နိုင်ငံစုံက အားကစားသမားတွေ ဝင်ပြိုင်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်