မိုင်ယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အီတလီနိုင်ငံသား Jannik Sinner နဲ့ အမေရိကန်နိုင်ငံသူ Daniel Collins တို့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ လေဗာကူဆင်နည်းပြ အလွန်ဆိုဟာ လာမယ့် ဘောလုံးရာသီကျရင် ဘယ်အသင်းမှာ နည်းပြလုပ်မယ်ဆိုတာကို ဆုံးဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ စလိုဗက်ကီးယားနဲ့ သြစတြီးယားတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာတော့ နိုင်ငံတကာဘောလုံးပွဲတွေမှာ ကမ္ဘာ့အမြန်ဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။ လီဗာပူးအသင်းနည်းပြအဖြစ်လုပ်ခွင့်ရတာဟာ အိပ်မက်တွေလက်တွေ့ဖြစ်လာခဲ့တာလို့ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်က ပြောပါတယ်။
ဘရာဇီးနိုင်ငံက ကျောင်းသားလူငယ်တွေအတွက် ဘောလုံး အားကစားနဲ့ ဆက်စပ်ဖန်တီးထားပြီး ပညာသင်ကြားဖို့သာမက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေးအတွက်ပါ ရည်ရွယ်ထားတဲ့ Applications တခုကို ဘရာဇီးတိုက်စစ်မှူး Vinicius Jr. ရဲ့ ပညာရေးအင်စတီကျုက တီထွင်ဖန်တီးလိုက်ပါတယ်။
လူငယ်ကမ္ဘာ့ဖလားဘောလုံးပွဲကို နှစ်စဉ်ကျင်းပပြီး အသင်းအရေအတွက်ကို တိုးချဲ့သွားမယ်လို့ ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ပဲရစ်အိုလံပစ်ပြိုင်ပွဲကာလအတွင်း ယူကရိန်းစစ်ပွဲကို အပစ်ရပ်ဖို့ ရုရှားနိုင်ငံကို တောင်းဆိုသွားမယ်လို့ ပြင်သစ်သမ္မတ Macron က ပြောလိုက်ပါတယ်။ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ နှင်းလျှောစီး မာရသွန်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်သူ ၁ သောင်းကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊လီဗာပူးနဲ့ မန်စီးတီးတို့ အကျိတ်အနယ်ဖြစ်နေကြပြီး ၊ ချန်ပီယံဖြစ်သူဖြစ်မလဲဆိုတဲ့ သုံးသပ်ချက်တွေကို အခုတပတ်အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
ဘောလုံးပွဲတွေမှာ အပြာကတ်သုံးဖို့ကိစ္စကို အနီကတ်ပြပြီး ပယ်ချလိုက်ပါတယ်။ မြန်မာ့ဘောလုံးငွေခေတ်ရဲ့ လက်ရွေးစင်ဂိုးသမားဟောင်း ဦးစိုင်းမောင်မောင်ဦး ကွယ်လွန်သွားခဲ့ပါပြီ။ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် လီဗာပူးနဲ့ မန်စီးတီးပွဲအပေါ် ပွဲကြိုသုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် ကျရောက်လာမယ့် ဘယ်လိုလုံခြုံရေးခြိမ်းခြောက်မှုကိုမဆို ကာကွယ်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဗာဂျီနီးယားပြည်နယ် Alexandria မြို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေကို သင်တန်းပေးနေတဲ့အကြောင်း ပြောပြပေးမှာပါ။
ဘရာဇီး နဲ့ ဘာစီလိုနာ ကစားသမားဟောင်း Dani Alves ကို အဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် ၄ နှစ်ခွဲ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံက သဲကန္တာရထဲမှာ ကျင်းပတဲ့ ၁၀ ကီလိုမီတာ အခက်အခဲဖြတ်ကျော်ပြေးပွဲကိုတော့ နိုင်ငံစုံက အားကစားသမားတွေ ဝင်ပြိုင်ခဲ့ကြပါတယ်။
၂၁ ကြိမ်မြောက် ကမ္ဘာ့ရေကူးပြိုင်ပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပခဲ့ကြပြီး နိုင်ငံတကာ ရေကူးချန်ပီယံတွေ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အမေရိကန်က ကမ္ဘာကျော် ဂေါက်သီးချန်ပီယံ Tiger Woods ဟာ ပြီးခဲ့တဲ့ တပတ်က ကျင်းပတဲ့ Genesis ဂေါက်သီးပြိုင်ပွဲကနေ ဆက်မကစားဘဲ ဘာကြောင့်ထွက်လိုက်တာပါလဲ။
အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီမှာ လေထုညစ်ညမ်းမှုအလွန်ဆိုးဝါးနေတာကြောင့်၊ မြို့ခံတချို့ဟာ အဲဒီလေထုညစ်ညမ်းမှုကနေ ဖြစ်လာတဲ့ ကျန်းမာရေးအန္တရာယ်ကို ရှောင်နိုင်အောင် နယူးဒေလီမြို့ကို စွန့်ခွာလာနေကြပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရတာတွေရှိပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တန့်ဆည်မြို့ထဲက စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးတဲ့ အချိန်ကစလို့ တိုက်ပွဲတွေ မဖြစ်တော့တာ ၂ လနီးပါး ရှိလာပါပြီ။
အမေရိကန်ပြည်ထောင်စုက Las Vegas မြို့မှာကစားတဲ့ Super Bowl ဖိုင်နယ်မှာတော့ Kansas City Chiefs အသင်းက အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ မာရသွန်ပြိုင်ပွဲတွေမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ ကင်ညာနိုင်ငံကမာရသွန်အပြေးချန်ပီယံ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းကို ကိုရန်နိုင်ကစုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကိုနိုင်ငံ ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲရဲ့ ဖိုင်နယ်ကို နယူးယောက် / နယူးဂျာစီမှာ ကစားဖို့ (FIFA) က ရွေးချယ်လိုက်ပါတယ်။ အခုလို ရွေးချယ်လိုက်တဲ့အပေါ်မှာ ဘောလုံးဝါသနာရှင် ပရိသတ်တွေရဲ့ အမြင်တွေကို ကိုရန်နိုင်ကစုစည်းတင်ဆက်ထားပါတယ်။
အီတလီနိုင်ငံသား Jannik Sinner သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ဂရန်းစလမ်းချန်ပီယံဆုကို ပထမဆုံးအကြိမ်ရသွားပါတယ်။ လီဗာပူးနည်းပြ Jurgen Klopp ဒီဘောလုံးရာသီအကုန်မှာ လီဗာပူးအသင်းကနေ ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲက မြန်မာစစ်ဘေးရှောင်တွေကို မီဇိုရမ်ပြည်နယ်ထဲကို ရွှေ့ပြောင်းဖို့နဲ့ နယ်စပ်ခြံစည်းရိုးတွေခတ်ဖို့ အပါအဝင် တောင်းဆိုချက်တချို့ကို မဏိပူရ် (ကသည်း) လက်နက်ကိုင်အဖွဲ့က ပြည်နယ်အစိုးရကို ဖိအားပေး တောင်းဆိုလိုက်ပါတယ်။
Globe Soccer ရဲ့ တနှစ်တာအကောင်းဆုံးဆုပေးပွဲကို UAE နိုင်ငံ ဒူဘိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ဆောင်းရာသီလူငယ်အိုလံပစ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဟာ အလျှင်အမြန် ဖွံ့ဖြိုးလာနေပေမယ့်လည်း၊ တိုင်းပြည်ရဲ့ အလွန်များပြားတဲ့ လူငယ်တွေအတွက် အလုပ်အကိုင်တွေ လုံလောက်အောင် မဖန်တီးနိုင်သေးဘဲဖြစ်နေပါတယ်။
FIFA ရဲ့ တနှစ်တာ အကောင်းဆုံးဆုပေးပွဲကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီးတော့ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီကရသွားခဲ့ပါတယ်။ ရိုမားအသင်းက မိုရင်ညိုကို နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပါတယ်။ ကာတာမှာကျင်းပနေတဲ့ အာရှဖလားဘောလုံးပွဲမှာတော့ ပထမဆုံး အမျိုးသမီး ကွင်းလယ်ဒိုင်တဦး ထွက်ပေါ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံက ဟောင်ကောင်ကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်လာတာနဲ့အမျှ၊ ဟောင်ကောင်ဒေသခံထောင်ပေါင်းများစွာဟာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ထွက်ပြေးလာနေကြပြီး တချို့တွေကတော့ ထိုင်ဝမ်နိုင်ငံရေးထဲကို ဝင်ခဲ့ကြပါတယ်။ ထိုင်ဝမ်ရဲ့ဒီမိုကရေစီစနစ်နဲ့ ဟောင်ကောင်သားတွေအကြောင်း ကိုရန်နိုင်တင်ပြထားပါတယ်။
ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ဗိုလ်စွဲဖူးတဲ့ ဘက်ကင်ဘော်ဝါ နဲ့ မာရီယိုဇာဂါလိုတို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ စပိန်နိုင်ငံသား နဒါးလ်ကတော့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ ဝင်မကစားနိုင်တော့ပါဘူး။
နောက်ထပ်ကြည့်ရှုရန်