အမေရိကန်သမ္မတထရမ့်အစိုးရက ရုရှားနဲ့ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်ဖို့ လုပ်လာချိန်မှာပဲ သူတို့ရဲ့ နေစရာနေအိမ်တွေ ဆုံးရှုံးလိုက်ရတဲ့ ယူကရိန်းနိုင်ငံသားအများအပြားဟာလည်း ဘဝကို အသစ်ကနေ ပြန်စဖို့အတွက် လုပ်လာနေကြရပါတယ်။ ယူကရိန်းပြည်သူ ၃ သန်းခွဲလောက် ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါပေမဲ့ စီမံကိန်းတခုကတော့ ကျေးရွာလေးတွေဖြစ်လာအောင် အကူအညီပေးနေတဲ့တချိန်တည်းမှာ အဲဒီလူတွေကို နေစရာအိမ်အသစ်တွေနဲ့ အလုပ်အကိုင်တွေ ရအောင် ကူညီပေးနေပါတယ်။ ကိဗ်ဒေသကနေ Lesia Bakalets သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
Forum